
0
100






(Unicode Version)

ကျပ်ငွေ တစ်သိန်းခွဲဝန်းကျင် တန်ဖိုးရှိတဲ့ POP 2s Pro စမတ်ဖုန်းရဲ့ ထူးခြားချက်တွေ

ဈေးသက်သာတဲ့စမတ်ဖုန်းဖြစ်ပေမယ့် POP 2s Pro မှာ 13MP နဲ့ 2MP Dual Real ကင်မရာ ၂ ခုပါရှိပြီး ဖုန်းရဲ့ နောက်ကျောဘက်မှာ ဒေါင်လိုက်ထည့်ထားပါတယ်။ ကင်မရာ ၂ ခုရဲ့ အလယ်မှာ ပုံရိပ်တွေကို ၅၀% ပိုမို လင်းလက်စေတဲ့ QUAD Flash ပါပါတယ်။ အရှေ့ကင်မရာရဲ့အားသာချက်ကတော့ ဆဲလ်ဖီရိုက်ဖို့ 8MP AI Bokeh Selfie ကင်မရာ ဖြစ်နေတာပါပဲ။

သုံးစွဲသူတွေအနေနဲ့ ၅.၅ လက်မအကျယ် မျက်နှာပြင်အပြည့် ပုံရိပ်ပြတ်သားမှု resolution 1440×720 ပြသ နိုင်တဲ့ မြင်ကွင်းကျယ်ဒီဇိုင်းကို နှစ်သက်ခံစားနိုင်မှာပါ။ ကြည်လင်ပြတ်သားတဲ့ မျက်နှာပြင်မြင်ကွင်း အချိုးအဆ က ၁၆း၉ ရှိတာကြောင့် သုံးစွဲသူတွေအနေနဲ့ စာဖတ်တာ ရုပ်ရှင်ကြည့်တာတွေကို ဖုန်းမျက်နှာပြင်အပြည့် ကြည့် ရှုနိုင်မှာဖြစ်ပါတယ်။

Android 8.1 စနစ်ကို အခြေပြုတဲ့ HiOS version 4.1 နဲ့အတူ 32GB ROM နဲ့ 2GB RAM တို့ ပါရှိပါတယ်။ ဒေတာသိမ်းဆည်းမှုကို 128GB ROM အထိ တိုးမြှင့်နိုင်လို့ သုံးစွဲသူတွေအနေနဲ့ ရိုက်ထားတဲ့ဓာတ်ပုံတွေ၊ မှတ်တမ်းမှတ်ရာတွေ၊ ရုပ်ရှင်တွေကို အများကြီးသိမ်းထားနိုင်ပါတယ်။ MediaTek’s MT 6761 chipset နဲ့ Quad-Core Processor က အမြန်နှုန်း 2.0GHz နဲ့ လုပ်ဆောင်နိုင်တာကြောင့် နှောင့်နှေးကြန့်ကြာ မှုမရှိ ဘဲ ချောချောမွေ့မွေ့လုပ်ဆောင်နိုင်ပါလိမ့်မယ်။ GSM / WCDMA / LTE တွေအားလုံးသုံးနိုင်ပြီး micro sim card ၂ ခု တစ်ပြိုင်တည်း ထည့်နိုင်ပါတယ်။

ဒါ့အပြင် နောက်ဘက်မှာပါတဲ့ လက်ဗွေမှတ် sensor က ဖုန်းကို စက္ကန့်မခြား ဖွင့်လို့ရနိုင်ပြီး ပိုပြီးလုံခြုံစိတ်ချရစေဖို့ သုံးစွဲသူမျက်နှာကိုဖတ်ပြီး ပွင့်တဲ့စနစ် face unlock system လည်း ပါဝင်ပါတယ်။ POP 2s Pro မှာ တစ်ခါအားသွင်းထားရင် ၁၆ နာရီအထိအသုံးခံတဲ့ 3050mAh ဘက္ထရီပါရှိပါတယ်။ တန်ုဖိုးကတော့ 153,000 ks ဖြစ်ပါတယ်။

TECNO POP 2s Pro ကို အဖြူရောင်နဲ့အပြာရောင်ရောစပ်ထားတဲ့ စတိုင်လ်ကျကျဘူးလှလှလေးထဲမှာ သပ်သပ် ယပ်ယပ် ထည့်သွင်းထုပ်ပိုးထားပေးပါတယ်။ ဝယ်ယူသူတွေအနေနဲ့ သတိပြုရမှာကတော့ ညာဘက်ထိပ်ထောင့် မှာ အာမခံတံဆိပ်တုံးထုထားတာ ပါမပါ စစ်ကြည့်ဖို့ပါပဲ။ ဘူးထဲမှာ POP 2s Pro ဟန်းဆက်၊ ၁၂ လ + အပို ၁ လပေးထားတဲ့ အာမခံကတ်၊ ဖုန်းကာဗာအကြည်၊ ဝယ်ယူသုံးစွဲသူ အာမခံဖြတ်ပိုင်း၊ 5V 12A ဖုန်းအားသွင်း ကြိုး၊ USB ကြိုး၊ နားကြပ်နဲ့ သုံးစွဲသူလမ်းညွှန်တို့ ပါရှိပါတယ်။