ဂိုးျပတ္ရႈံးတဲ့ဖရန္႔လမ္းပတ္အတြက္ ဖီးလ္နဗီးလ္ရဲ႕ အႀကံျပဳခ်က္

0
62

Photo Credit-goal.com

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ကစားခဲ့တဲ့ မန္ယူနဲ႔ခ်ယ္လ္ဆီးအသင္းတို႔ရဲ႕ပြဲမွာ မန္ယူဟာ 4 ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တာေၾကာင့္ ခ်ယ္လ္ဆီးနည္းျပအေနနဲ႔ မ်က္ႏွာပန္းမလွျဖစ္ခဲ့ရပါတယ္။ အဲဒီပြဲမွာ ခ်ယ္လ္ဆီးအေနနဲ႔ လူငယ္ကစားသမား ႏွစ္ေယာက္ထုတ္သုံးခဲ့ေပမယ့္ အေရးမလွခဲ့ပါဘူး။ ဒါေၾကာင့္ နည္းျပ လမ္းပတ္အတြက္ အႀကံေပးခ်က္ေတြရိွလာပါတယ္။ သူ႔ကို အႀကံေပးတဲ့သူကေတာ့ အဂၤလန္အမ်ဳိးသမီးအသင္း ရဲ႕နည္းျပျဖစ္သူ ဖီးလ္နဗီးလ္ ျဖစ္ပါတယ္။

Photo Credit the independent

“ကၽြန္ေတာ့္အျမင္ကေတာ့ သူတို႔ေကာင္းေကာင္းကစားခဲ့တယ္လုိ႔ ျမင္ပါတယ္။ ဒါဟာ 4-0 ပြဲမဟုတ္ပါဘူး။ တကယ္လုိ႔ ခင္ဗ်ာသာ လမ္းပတ္ျဖစ္မယ္ဆုိရင္ အိမ္ျပန္လမ္းမွာ စဥ္းစားသြားပါ။ သူတို႔ေကာင္းေကာင္းကစားခဲ့တယ္လို႔” ဖီးလ္နဗီးလ္က ေျပာပါတယ္။ ခ်ယ္လ္ဆီး ဟာအခုႏွစ္ရာသီမွာ ကစားသမားအသစ္ေခၚယူခြင့္မရိွသလုိ၊ အခ်ဳိ႕ကစားသမားေတြ ဒဏ္ရာရေနတာေၾကာင့္ ဒီလုိအျဖစ္မ်ဳိးေတြ႕ရတာပါ။ ခံစစ္ကစားပုံဆိုးရြားသြားတာေၾကာင့္ ရလဒ္ဆိုးကို ပိုင္ဆုိင္လုိက္ရတာျဖစ္ပါတယ္။

Photo Credit the-straits-times

“ကန္ေတ ၊ ရူဒီဂါ ၊ ဝီလီယံ တို႔အသင္းမွာ ျပန္ျပီး ပါဝင္ကစားႏိုင္မယ္ဆိုရင္ ပိုျပီးအေတြ႕အၾကံဳ ေကာင္းေတြရႏိုင္ပါတယ္။ အခုအခ်ိန္မွာေတာ့ လမ္းပတ္ အေနနဲ႕ ရွိရင္းစြဲ လူငယ္ကစားသမား ေတြကို အားထားရဖို႕ ရွိပါတယ္။ အေျပာင္းအေရႊ႕တားျမစ္ခံရတာကလည္း ရလဒ္အတြက္တစ္မ်ဳိးတစ္ဖုံပတ္သက္ႏိုင္ပါ တယ္”လို႔  ဖီးလ္နဗီးလ္က ေျပာပါတယ္။

Photo Credit internet

“လမ္းပတ္အေနနဲ႔ နည္းလမ္းအသစ္ရွာေဖြရပါမယ္။ ဒါမွပဲ ဂိုးေတြသြင္းဖို႔အတြက္ အဆင္ေျပမွာပါ။ ပထမပိုင္း 45 မိနစ္ေလာက္ကေတာ့ အခြင့္အေရးေတြဖန္တီးႏိုင္တယ္လို႔ ကၽြန္ေတာ္ျမင္ပါတယ္။ ဒါေပမယ့္ တစ္ေယာက္ေယာက္က ျပည့္စုံတဲ့ကစားကြက္ျဖစ္ေအာင္ဖန္တီးေပးဖို႔လုိေနတာျဖစ္ပါတယ္”လို႔ သူက ေျပာပါတယ္။

Photo Credit-evening-standard

(Unicode Version)

ဂိုးပြတ်ရှုံးတဲ့ဖရန့်လမ်းပတ်အတွက် ဖီးလ်နဗီးလ်ရဲ့ အကြံပြုချက်

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ မန်ယူနဲ့ချယ်လ်ဆီးအသင်းတို့ရဲ့ပွဲမှာ မန်ယူဟာ 4 ဂိုးပြတ်နဲ့အနိုင်ရခဲ့တာကြောင့် ချယ်လ်ဆီးနည်းပြအနေနဲ့ မျက်နှာပန်းမလှဖြစ်ခဲ့ရပါတယ်။ အဲဒီပွဲမှာ ချယ်လ်ဆီးအနေနဲ့ လူငယ်ကစားသမား နှစ်ယောက်ထုတ်သုံးခဲ့ပေမယ့် အရေးမလှခဲ့ပါဘူး။ ဒါကြောင့် နည်းပြ လမ်းပတ်အတွက် အကြံပေးချက်တွေရှိလာပါတယ်။ သူ့ကို အကြံပေးတဲ့သူကတော့ အင်္ဂလန်အမျိုးသမီးအသင်း ရဲ့နည်းပြဖြစ်သူ ဖီးလ်နဗီးလ် ဖြစ်ပါတယ်။

“ကျွန်တော့်အမြင်ကတော့ သူတို့ကောင်းကောင်းကစားခဲ့တယ်လို့ မြင်ပါတယ်။ ဒါဟာ 4-0 ပွဲမဟုတ်ပါဘူး။ တကယ်လို့ ခင်ဗျာသာ လမ်းပတ်ဖြစ်မယ်ဆိုရင် အိမ်ပြန်လမ်းမှာ စဉ်းစားသွားပါ။ သူတို့ကောင်းကောင်းကစားခဲ့တယ်လို့” ဖီးလ်နဗီးလ်က ပြောပါတယ်။ ချယ်လ်ဆီး ဟာအခုနှစ်ရာသီမှာ ကစားသမားအသစ်ခေါ်ယူခွင့်မရှိသလို၊ အချို့ကစားသမားတွေ ဒဏ်ရာရနေတာကြောင့် ဒီလိုအဖြစ်မျိုးတွေ့ရတာပါ။ ခံစစ်ကစားပုံဆိုးရွားသွားတာကြောင့် ရလဒ်ဆိုးကို ပိုင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။

“ကန်တေ ၊ ရူဒီဂါ ၊ ဝီလီယံ တို့အသင်းမှာ ပြန်ပြီး ပါဝင်ကစားနိုင်မယ်ဆိုရင် ပိုပြီးအတွေ့အကြုံ ကောင်းတွေရနိုင်ပါတယ်။ အခုအချိန်မှာတော့ လမ်းပတ် အနေနဲ့ ရှိရင်းစွဲ လူငယ်ကစားသမား တွေကို အားထားရဖို့ ရှိပါတယ်။ အပြောင်းအရွှေ့တားမြစ်ခံရတာကလည်း ရလဒ်အတွက်တစ်မျိုးတစ်ဖုံပတ်သက်နိုင်ပါ တယ်”လို့ ဖီးလ်နဗီးလ်က ပြောပါတယ်။

“လမ်းပတ်အနေနဲ့ နည်းလမ်းအသစ်ရှာဖွေရပါမယ်။ ဒါမှပဲ ဂိုးတွေသွင်းဖို့အတွက် အဆင်ပြေမှာပါ။ ပထမပိုင်း 45 မိနစ်လောက်ကတော့ အခွင့်အရေးတွေဖန်တီးနိုင်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က ပြည့်စုံတဲ့ကစားကွက်ဖြစ်အောင်ဖန်တီးပေးဖို့လိုနေတာဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။