တန္ဖုိးသက္သာတဲ့ ဖုန္း၀ယ္ခ်င္သူေတြ အတြက္ Realme ကေရာင္းခ်ေပးလိုက္တဲ့ C2 New Version ဟန္းဆက္

0
4607

ဟန္းဆက္တစ္လုံးကို အျမတ္အစြန္းမၾကည့္ဘဲ ေရာင္းခ်ေပးဖို႔ဆုိတာ သိပ္ေတာ့မလြယ္ပါဘူး။ ဒါေပမယ့္ Realme ကေတာ့ အျမတ္အစြန္းလုံး၀မၾကည့္ဘဲ သူ႔ရဲ႕ဟန္းဆက္အသစ္ကို တန္ဖုိးသက္သက္သာသာ နဲ႔ေရာင္းခ်ေပးေနပါတယ္။ ဘာေၾကာင့္လဲဆိုရင္ လြန္ခဲ့တဲ့ ၆လအတြင္းက sale data ေတြကို survey စစ္ေဆးၿပီးေတာ့ ျမန္မာႏုိင္ငံက စမတ္ဖုန္းသံုးစြဲခ်င္ေနၾကတဲ့ လူငယ္ေတြအတြက္ အရည္အေသြးေကာင္းတဲ့ ထုတ္ကုန္ေတြကို တန္ဖိုးသင့္တင့္မွ်တစြာ ပိုမိုအသံုးျပဳႏုိင္ေစဖို႔အတြက္ ရည္ရြယ္တာျဖစ္ပါတယ္။ ဒါ့အျပင္ Realme ဖုန္းေတြနဲ႔ ထိေတြ႕သံုးစြဲရာမွာ ရရွိလာမယ့္ best smartphone experience ေတြကိုလည္း ေပးခ်င္တဲ့အတြက္ Profit Mergin ကိုလုံးဝျဖဳတ္ခ်ၿပီး ေရာင္းခ်ေပး တာျဖစ္ေၾကာင္း Realme ရဲ႕ Head of Brand Communications ျဖစ္သူ ကိုေ၀ၿဖိဳးေအာင္က ေျပာပါတယ္။

Photo Credit-Internet

Realme က အခု Profit Mergin ကိုလုံးဝျဖဳတ္ခ်ၿပီး အခြန္တံဆပ္ေခါင္းတန္ဖိုး အပါအဝင္ သက္သာတ့ဲ ႏႈန္းနဲ႔ေရာင္းခ်ေပးတဲ့ ဟန္းဆက္ကေတာ့ Realme C2 New Version ျဖစ္ပါတယ္။ သာမန္version နဲ႔ အခု C2 New Version မွာ အဓိက ကြာျခားတာကေတာ့ RAM နဲ႔ ROM အပုိင္းပဲျဖစ္ၿပီး၊ က်န္တဲ့ အရည္အေသြးပိုင္း ကေတာ့ အားလုံးနီးပါးတူညီပါတယ္။  Realme C2 New Version ကေတာ့ 2GB RAM + 16 GB ROM အမ်ဳိး အစားျဖစ္ကာ၊တန္ဖုိးကေတာ့ 139,900 ks ပါ။ ဇြန္လ 19 ရက္ေန႔က မိတ္ဆက္ထားတဲ့ C2 Version က 3GB RAM + 32 GB ROM ျဖစ္ၿပီး တန္ဖုိးက 189,000 ks ျဖစ္ပါတယ္။ အဓိက ကြာျခားတာက RAM လို႔ေျပာလုိ႔ ရပါတယ္။ ဘာေၾကာင့္လဲဆုိရင္ ROM အပုိင္းမွာ ဘယ္လုိပဲျဖစ္ျဖစ္ 256GB အထိတုိးခ်ဲ႕သုံးလုိ႔ရႏိုင္ တာေၾကာင့္ျဖစ္ ပါတယ္။

Photo Credit- Internet

Realme က ထုတ္ကုန္အရည္အေသြးနဲ႔ပတ္သက္လာရင္ Leap of Quality ဆိုတဲ့အတိုင္း အေကာင္းဆံုး၊ ျဖစ္ေစဖို႔ အေလးထားလုပ္ေဆာင္ေနတာေၾကာင့္ အခုလိုေစ်းကြာသြားတဲ့အေပၚမွာလည္း မ်ားမ်ားစားစား ေလွ်ာ့ခ်ထားတာမ်ဳိးမရိွ ပါဘူး။ အခု Realme C2 New Version ဖုန္းရဲ႕ ေနာက္ေက်ာဘက္ဒီဇိုင္းက စိန္ပံုစံနဲ႔တကယ့္ကို လွပဆြဲေဆာင္မႈရွိၿပီး ၊ မ်က္ႏွာျပင္ကေတာ့ HD+ ႐ုပ္ထြက္အရည္အေသြးရွိကာ၊ အက်ယ္အ၀န္းကေတာ့ 6.1-inch ျဖစ္ပါတယ္။ Dewdrop ဆိုတဲ့ႏွင္းစက္ပံုစံမ်က္ႏွာျပင္ဒီဇိုင္းနဲ႔ဖန္တီး ေပးထားပါတယ္။

Realme C2 New Version ဟာေစ်းႏႈန္း သက္သာေပမယ့္လည္း အဓိက , ကင္မရာကိုေတာ့ ပံုမွန္ ကင္မရာ တစ္လုံုးထက္ပိုေကာင္းတဲ့ 13MP+2MP AI Dual Camera ကိုတပ္ဆင္ေပးထားပါတယ္။ ၾကည္လင္ျပတ္သား တဲ့ပံုရိပ္ေတြအျပင္ ေနာက္ခံအဝါးနဲ႔ Bokeh effect ပံုမ်ဳိးေတြကိုပါ ႐ိုက္ယူႏိုင္ပါတယ္။ AI (Artificial Intelligent) စနစ္ပါဝင္တာဆိုေတာ့ ျမင္ကြင္းအေပၚလိုက္ၿပီး အေရာင္အေသြးစိုေျပလိုက္ဖက္ ေစမယ့္ ဓာတ္ပံုေတြကို ရရွိေစဦးမွာျဖစ္ပါတယ္။ Selfie ရိုက္တာကို ႏွစ္သက္သူေတြအတြက္ကိုေတာ့ 5MP Selfie ကင္မရာကို တပ္ဆင္ေပးထားပါတယ္။

အျခားစြမ္းေဆာင္ရည္အပိုင္းမွာေတာ့ 12nm ကိုအေျခခံထားတဲ့ Helio P22 Chipset ကိုအသံုးျပဳေပးထားၿပီး၊ CPU ကေတာ့ Octa core 2 GHz Clock Speed ျဖစ္ပါတယ္။ ဖုန္းနဲ႔ ဂိမ္းေဆာ့တတ္သူေတြအတြက္လည္း အဆင္ေျပေစမယ့္ဖုန္းျဖစ္ပါတယ္။ Mobile Legends လိုဂိမ္းမ်ဳိးအျပင္ Low-frame rate နဲ႔ထားၿပီးကစားရင္ PUBG ဂိမ္းမ်ဳိးကိုပါ ေဆာ့ကစားႏိုင္ပါတယ္။ Battery အပိုင္းမွာေတာ့ စြမ္းရည္မ်ားတဲ့ 4000 mAh အမ်ဳိးအစား ကိုသံုးေပးထားလို႔ တစ္ေန႔တာအတြက္ လံုးဝလံုေလာက္ေစပါတယ္။ ဒါ့အျပင္ 4G ကြန္ရက္သံုး ဆင္းကဒ္ (၂) ကဒ္နဲ႔အတူ data အခ်က္အလက္ကို 256GB အထိ ထပ္တိုးသိုေလွာင္ႏုိင္ေစမယ့္ extra SD ကဒ္ slot ကိုပါေထာက္ပံ့ေပးထားပါတယ္။ OS အပိုင္းမွာေတာ့ Android 9 ကိုအေျခခံထားတဲ့ ColorOS 6 (UI) ကိုတစ္ပါတည္းထိေတြ႕အသံုးျပဳရမွာျဖစ္ပါတယ္။ ဖုန္းအသုံးျပဳတဲ့အခါ ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြ  လုံၿခံဳေစဖို႔အတြက္လည္း Facial Unlock စနစ္ကိုအသုံးျပဳႏိုင္ပါမယ္။

အခုလို သက္သာတဲ့ႏႈန္းနဲ႔ ေရာင္းေပးတာဟာ ျမန္မာျပည္ကို realme ဝင္ေရာက္လာခဲ့ၿပီး ၆ လေက်ာ္မွာ အထူးျခားဆံုးအျဖစ္နဲ႔ ေရာင္းခ်ေပးတဲ့ေစ်းႏႈန္းလည္း ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဒီေစ်းႏႈန္းက ေျပာင္းလဲသြားတာမ်ဳိး ရွိႏိုင္ပါတယ္။ ဘယ္ေတာ့ေျပာင္းမယ္ဆိုတာကိုေတာ့  ေလာေလာ ဆယ္မွာမေျပာႏုိင္ေသးပါဘူးလုိ႔ ကိုေ၀ၿဖိဳးေအာင္က ေျပာပါတယ္။ အာမခံအပိုင္းအေနနဲ႔ Realme ရဲ႕ Accessory ပစၥည္းေတြ (အားသြင္းႀကိဳး၊ အားသြင္းေခါင္း) ကို ၆လအာမခံနဲ႔ ဖုန္းအတြက္ တစ္ႏွစ္တိတိအာမခံ တို႔ကို ေပးထားပါတယ္။ Software ပိုင္းအတြက္ကေတာ့ တစ္သက္တာအထိ အာမခံေပးထားလို႔ အခ်ိန္မေရြး Service Center ေတြမွာျပသျပဳျပင္စစ္ေဆးႏုိင္ပါတယ္။ ေစ်းႏႈန္းပိုင္းသက္သာသလုိ၊ ဖုန္းစြမ္းရည္နဲ႔ အာမခံအပိုင္းတို႔ဟာလည္း သုံးစြဲသူေတြကို ဆြဲေဆာင္ႏိုင္တဲ့ အေနအထားရိွပါတယ္။

Photo Credit-Internet

Realme Smartphone အေနနဲ႔ Global Market ကို အိႏၵိယႏိုင္ငံကေနစတင္ၿပီး ၂၀၁၈ ေမလမွာ ဝင္ေရာက္ ခဲ့တာျဖစ္လုိ႔ သက္တမ္းအားျဖင့္ၾကည့္ရင္ ၁ႏွစ္ေက်ာ္႐ံုပဲရွိပါေသးတယ္။ ဒါေပမယ့္ အရည္အေသြးေကာင္းၿပီး တန္ဖိုးသင့္တင္တဲ့အားသာခ်က္ေတြေၾကာင့္ အခုဆိုရင္ ဥေရာပေစ်းကြက္ေတြျဖစ္တဲ့ အဂၤလန္၊ ျပင္သစ္၊ စပိန္နဲ႔ အီတလီ ႏုိင္ငံတို႔အျပင္ ႏုိင္ငံေပါင္း၂၀ေလာက္မွာ က်ယ္က်ယ္ျပန္႔ျပန္႔ေရာင္းခ်ေပးေနၿပီျဖစ္ပါတယ္။ နည္းပညာအသစ္ အဆန္းေတြထည့္သြင္းေပးထားတဲ့ realme X ကိုလည္း အျခားေသာေစ်းကြက္ေတြမွာ ေရာင္းခ်ေပးေနၿပီျဖစ္သလို 64MP အရည္အေသြးရွိကင္မရာသံုးထားတဲ့ ေနာက္ထပ္အံ့အားသင့္စရာ ထုတ္ကုန္ကိုလည္း သိပ္မၾကာခင္မွာ မိတ္ဆက္ေပးေတာ့မွာျဖစ္ပါတယ္။ Type-C အသံုးျပဳထားတဲ့ အရည္အေသြးအေသြးျမင့္ဖုန္းေတြကိုလည္း ေနာက္ပိုင္းမွာ ျမန္မာျပည္ေစ်းကြက္အတြက္ပါ တင္သြင္းေပးသြားဖို႔ရွိေနပါတယ္။

Photo Credit-Internet

(Unicode Version)

တန်ဖိုးသက်သာတဲ့ ဖုန်းဝယ်ချင်သူတွေအတွက် Realme ကရောင်းချပေးလိုက်တဲ့ C2 New Version ဟန်းဆက်

ဟန်းဆက်တစ်လုံးကို အမြတ်အစွန်းမကြည့်ဘဲ ရောင်းချပေးဖို့ဆိုတာ သိပ်တော့မလွယ်ပါဘူး။ ဒါပေမယ့် Realme ကတော့ အမြတ်အစွန်းလုံးဝမကြည့်ဘဲ သူ့ရဲ့ဟန်းဆက်အသစ်ကို တန်ဖိုးသက်သက်သာသာ နဲ့ရောင်းချပေးနေပါတယ်။ ဘာကြောင့်လဲဆိုရင် လွန်ခဲ့တဲ့ ၆လအတွင်းက sale data တွေကို survey စစ်ဆေးပြီးတော့ မြန်မာနိုင်ငံက စမတ်ဖုန်းသုံးစွဲချင်နေကြတဲ့ လူငယ်တွေအတွက် အရည်အသွေးကောင်းတဲ့ ထုတ်ကုန်တွေကို တန်ဖိုးသင့်တင့်မျှတစွာ ပိုမိုအသုံးပြုနိုင်စေဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်။ ဒါ့အပြင် Realme ဖုန်းတွေနဲ့ ထိတွေ့သုံးစွဲရာမှာ ရရှိလာမယ့် best smartphone experience တွေကိုလည်း ပေးချင်တဲ့အတွက် Profit Mergin ကိုလုံးဝဖြုတ်ချပြီး ရောင်းချပေးတာဖြစ်ကြောင်း Realme ရဲ့ Head of Brand Communications ဖြစ်သူ ကိုဝေဖြိုးအောင်က ပြောပါတယ်။

Realme က အခု Profit Mergin ကိုလုံးဝဖြုတ်ချပြီး အခွန်တံဆပ်ခေါင်းတန်ဖိုး အပါအဝင် သက်သာတဲ့ နှုန်းနဲ့ရောင်းချပေးတဲ့ ဟန်းဆက်ကတော့ Realme C2 New Version ဖြစ်ပါတယ်။ သာမန်version နဲ့ အခု C2 New Version မှာ အဓိက ကွာခြားတာကတော့ RAM နဲ့ ROM အပိုင်းပဲဖြစ်ပြီး၊ ကျန်တဲ့ အရည်အသွေးပိုင်း ကတော့ အားလုံးနီးပါးတူညီပါတယ်။ Realme C2 New Version ကတော့ 2GB RAM + 16 GB ROM အမျိုးအစားဖြစ်ကာ၊တန်ဖိုးကတော့ 139,900 ks ပါ။ ဇွန်လ 19 ရက်နေ့က မိတ်ဆက်ထားတဲ့ C2 Version က 3GB RAM + 32 GB ROM ဖြစ်ပြီး တန်ဖိုးက 189,000 ks ဖြစ်ပါတယ်။ အဓိက ကွာခြားတာက RAM လို့ပြောလို့ ရပါတယ်။ ဘာကြောင့်လဲဆိုရင် ROM အပိုင်းမှာ ဘယ်လိုပဲဖြစ်ဖြစ် 256GB အထိတိုးချဲ့သုံးလို့ရနိုင် တာကြောင့်ဖြစ်ပါတယ်။

Realme က ထုတ်ကုန်အရည်အသွေးနဲ့ပတ်သက်လာရင် Leap of Quality ဆိုတဲ့အတိုင်း အကောင်းဆုံး၊ ဖြစ်စေဖို့ အလေးထားလုပ်ဆောင်နေတာကြောင့် အခုလိုဈေးကွာသွားတဲ့အပေါ်မှာလည်း များများစားစား လျှော့ချထားတာမျိုးမရှိပါဘူး။ အခု Realme C2 New Version ဖုန်းရဲ့ နောက်ကျောဘက်ဒီဇိုင်းက စိန်ပုံစံနဲ့တကယ့်ကို လှပဆွဲဆောင်မှုရှိပြီး ၊ မျက်နှာပြင်ကတော့ HD+ ရုပ်ထွက်အရည်အသွေးရှိကာ၊ အကျယ်အဝန်းကတော့ 6.1-inch ဖြစ်ပါတယ်။ Dewdrop ဆိုတဲ့နှင်းစက်ပုံစံမျက်နှာပြင်ဒီဇိုင်းနဲ့ဖန်တီး ပေးထားပါတယ်။
Realme C2 New Version ဟာဈေးနှုန်း သက်သာပေမယ့်လည်း အဓိက , ကင်မရာကိုတော့ ပုံမှန် ကင်မရာတစ်လုံးထက်ပိုကောင်းတဲ့ 13MP+2MP AI Dual Camera ကိုတပ်ဆင်ပေးထားပါတယ်။ ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေအပြင် နောက်ခံအဝါးနဲ့ Bokeh effect ပုံမျိုးတွေကိုပါ ရိုက်ယူနိုင်ပါတယ်။ AI (Artificial Intelligent) စနစ်ပါဝင်တာဆိုတော့ မြင်ကွင်းအပေါ်လိုက်ပြီး အရောင်အသွေးစိုပြေလိုက်ဖက် စေမယ့် ဓာတ်ပုံတွေကို ရရှိစေဦးမှာဖြစ်ပါတယ်။ Selfie ရိုက်တာကို နှစ်သက်သူတွေအတွက်ကိုတော့ 5MP Selfie ကင်မရာကို တပ်ဆင်ပေးထားပါတယ်။

အခြားစွမ်းဆောင်ရည်အပိုင်းမှာတော့ 12nm ကိုအခြေခံထားတဲ့ Helio P22 Chipset ကိုအသုံးပြုပေးထားပြီး၊ CPU ကတော့ Octa core 2 GHz Clock Speed ဖြစ်ပါတယ်။ ဖုန်းနဲ့ ဂိမ်းဆော့တတ်သူတွေအတွက်လည်း အဆင်ပြေစေမယ့်ဖုန်းဖြစ်ပါတယ်။ Mobile Legends လိုဂိမ်းမျိုးအပြင် Low-frame rate နဲ့ထားပြီးကစားရင် PUBG ဂိမ်းမျိုးကိုပါ ဆော့ကစားနိုင်ပါတယ်။ Battery အပိုင်းမှာတော့ စွမ်းရည်များတဲ့ 4000 mAh အမျိုးအစားကိုသုံးပေးထားလို့ တစ်နေ့တာအတွက် လုံးဝလုံလောက်စေပါတယ်။ ဒါ့အပြင် 4G ကွန်ရက်သုံး ဆင်းကဒ် (၂) ကဒ်နဲ့အတူ data အချက်အလက်ကို 256GB အထိ ထပ်တိုးသိုလှောင်နိုင်စေမယ့် extra SD ကဒ် slot ကိုပါထောက်ပံ့ပေးထားပါတယ်။ OS အပိုင်းမှာတော့ Android 9 ကိုအခြေခံထားတဲ့ ColorOS 6 (UI) ကိုတစ်ပါတည်းထိတွေ့အသုံးပြုရမှာဖြစ်ပါတယ်။ ဖုန်းအသုံးပြုတဲ့အခါ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ လုံခြုံစေဖို့အတွက်လည်း Facial Unlock စနစ်ကိုအသုံးပြုနိုင်ပါမယ်။

အခုလို သက်သာတဲ့နှုန်းနဲ့ ရောင်းပေးတာဟာ မြန်မာပြည်ကို realme ဝင်ရောက်လာခဲ့ပြီး ၆ လကျော်မှာ အထူးခြားဆုံးအဖြစ်နဲ့ ရောင်းချပေးတဲ့ဈေးနှုန်းလည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဒီဈေးနှုန်းက ပြောင်းလဲသွားတာမျိုး ရှိနိုင်ပါတယ်။ ဘယ်တော့ပြောင်းမယ်ဆိုတာကိုတော့ လောလော ဆယ်မှာမပြောနိုင်သေးပါဘူးလို့ ကိုဝေဖြိုးအောင်က ပြောပါတယ်။ အာမခံအပိုင်းအနေနဲ့ Realme ရဲ့ Accessory ပစ္စည်းတွေ (အားသွင်းကြိုး၊ အားသွင်းခေါင်း) ကို ၆လအာမခံနဲ့ ဖုန်းအတွက် တစ်နှစ်တိတိအာမခံ တို့ကို ပေးထားပါတယ်။ Software ပိုင်းအတွက်ကတော့ တစ်သက်တာအထိ အာမခံပေးထားလို့ အချိန်မရွေး Service Center တွေမှာပြသပြုပြင်စစ်ဆေးနိုင်ပါတယ်။ ဈေးနှုန်းပိုင်းသက်သာသလို၊ ဖုန်းစွမ်းရည်နဲ့ အာမခံအပိုင်းတို့ဟာလည်း သုံးစွဲသူတွေကို ဆွဲဆောင်နိုင်တဲ့ အနေအထားရှိပါတယ်။

Realme Smartphone အနေနဲ့ Global Market ကို အိန္ဒိယနိုင်ငံကနေစတင်ပြီး ၂၀၁၈ မေလမှာ ဝင်ရောက် ခဲ့တာဖြစ်လို့ သက်တမ်းအားဖြင့်ကြည့်ရင် ၁နှစ်ကျော်ရုံပဲရှိပါသေးတယ်။ ဒါပေမယ့် အရည်အသွေးကောင်းပြီး တန်ဖိုးသင့်တင်တဲ့အားသာချက်တွေကြောင့် အခုဆိုရင် ဥရောပဈေးကွက်တွေဖြစ်တဲ့ အင်္ဂလန်၊ ပြင်သစ်၊ စပိန်နဲ့ အီတလီ နိုင်ငံတို့အပြင် နိုင်ငံပေါင်း၂၀လောက်မှာ ကျယ်ကျယ်ပြန့်ပြန့်ရောင်းချပေးနေပြီဖြစ်ပါတယ်။ နည်းပညာအသစ်အဆန်းတွေထည့်သွင်းပေးထားတဲ့ realme X ကိုလည်း အခြားသောဈေးကွက်တွေမှာ ရောင်းချပေးနေပြီဖြစ်သလို 64MP အရည်အသွေးရှိကင်မရာသုံးထားတဲ့ နောက်ထပ်အံ့အားသင့်စရာ ထုတ်ကုန်ကိုလည်း သိပ်မကြာခင်မှာ မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။ Type-C အသုံးပြုထားတဲ့ အရည်အသွေးအသွေးမြင့်ဖုန်းတွေကိုလည်း နောက်ပိုင်းမှာ မြန်မာပြည်ဈေးကွက်အတွက်ပါ တင်သွင်းပေးသွား ဖို့ရှိနေပါတယ်။