ထိုင္းႏုိင္ငံကနည္းပညာေတြကိုအေျခခံဝန္ေဆာင္မႈေပးေနတဲ႔ Professional Hair salon ဆိုင္ေတြ ဖြင့္ထားသလိုဆံပင္ဆုိင္ရာပစၥည္းေတြအလွကုန္ေတြပါ တင္သြင္းေရာင္းခ်ေနတဲ့ အမ်ိဳးသမီးလုပ္ငန္းရွင္ မနန္းဆီဝိုးဖတ္ ႏွင့္ ေတြ႔ဆံုျခင္း

0
1000

ညီမေလးတာဝန္ယူထားတဲ့ လုပ္ငန္းေလးေတြ မိတ္ဆက္ေပးပါဦး။

အလွကုန္ပစၥည္းေတြလည္းသြင္းတယ္၊The Spa by CS နဲ႔ Hair Salon by CS (၃) ဆိုင္လည္းဖြင့္ထားပါတယ္။ ရာထူးကေတာ့ Crystal Shine Beauty Division ရဲ႕မန္းေနးဂ်င္းဒါရိုက္တာပါ။

ညီမေလးတို႔ CS Sales & Distribution မွာ ဒီလိုမ်ိဳး hair Care ေတြ စၿပီး တင္သြင္းျဖန္႔ျဖဴးျဖစ္ပံုေလး ေျပာျပေပးပါဦး။

Hair Care ကိုလုပ္ျဖစ္တာက ညီမအလုပ္စလုပ္ကတည္းက Beauty Salon မွာစလုပ္တယ္။ ဘန္ေကာက္မွာ ၂၀၀၂ ခုႏွစ္ကတည္းက သင္တန္းသြားတက္တယ္၊ ၂၀၀၄ အလယ္ေလာက္ေရာက္ေတာ့ ဘန္ေကာက္မွာပဲဆရာေတြနဲ႔ တြဲလုပ္ေနရင္း ဆိုင္ခန္းတစ္ခန္းငွားျပီး ကိုယ္ပိုင္ဆုိင္ေလးဖြင့္ျဖစ္တယ္။ ၂၀၀၉ ေလာက္မွာ ရန္ကုန္ျပန္လာျဖစ္တယ္။ ပါရမီ စိန္ေဂဟာဖြင့္ခါစေလးမွာဆိုင္ခန္းတစ္ခန္းယူျပီး Salon ဆိုင္ေလးစျဖစ္တယ္။ ဆိုင္စဖြင့္ေတာ့ ကိုယ္တိုင္လည္းဘန္ေကာက္မွာသံုးဖူးတဲ႔ Cab’s Brand ကိုသြင္းဖို႔ စီစဥ္ျဖစ္တယ္။ အဲဒီတုန္းက ျပည္တြင္းမွာဆံပင္ပိုင္းဆိုင္ရာ Professional အေနနဲ႔ ပစၥည္းရယ္လို႔ တင္သြင္းတာရွားေသးတယ္။ Cab’s Brand ကိုလည္း ျပည္တြင္းမွာ ကိုယ္စားလွယ္ယူထားတဲ႔သူမရွိေသးတဲ့အခါၾကေတာ့ ဟိုဘက္ကုမၸဏီကို ေမးလ္ကေနတစ္ဆင့္ျပည္တြင္းကိုယ္စားလွယ္လုပ္ခ်င္တယ္ဆုိျပီး ဆက္သြယ္ျဖစ္တယ္။ Salon ဆိုင္ စဖြင့္ကတည္းကဒီ Brand ကိုပါ Distributor အေနနဲ႔ျဖန္႔ျဖစ္ခဲ႔တာပါ။

Cab’sအျပင္ လက္ရွိမွာ ခ်ဲ႔ထြင္ျပီးသြင္းေနတာမ်ိဳးရွိေသးလား။

ရွိပါတယ္။ Cabs ျပီးေတာ့ Glam palm ဆိုတဲ႔ ကိုရီးယားႏုိင္ငံထုတ္ ဆံပင္ပိုင္းဆုိင္ရာေျဖာင့္စက္၊ ေကာက္စက္၊ Dryer စတာေတြလုပ္ျဖစ္တယ္၊ ျပီးေတာ့ Karajaဆုိတဲ႔ အီတလီထုတ္ အလွကုန္ Brand တစ္ခုလည္းထပ္သြင္းျဖစ္တယ္။ မိတ္ကပ္၊ ႏႈတ္ခမ္းနီအစံုေပါ့။ ေနာက္ျပီးေတာ့ Skin Care Productအေနနဲ႔ဆိုရင္ ဂ်ပန္ႏုိင္ငံထုတ္ Organic ပစၥည္းသံုး Coran ဆုိတဲ႔နာမည္နဲ႔ Brand လည္းသြင္းတယ္၊ သူက Spa ပိုင္းေပါ့၊ ေနာက္ဆံုးကေတာ့ Aurane ဆိုတဲ႔ ဆံပင္သံုးပစၥည္းတစ္ခုလည္းထပ္သြင္းျဖစ္ထားပါတယ္။

ဆံပင္နဲ႔ပတ္သက္တာကိုပိုျပီးအားသန္တဲ႔သေဘာလား။

ညီမက စကတည္းက ဆံပင္ပိုင္းပိုအားသန္တယ္၊ သင္တန္းေတြလည္းတက္ခဲ႔တယ္၊ ဒါပဲဆက္တုိက္လုပ္ခဲ႔ေတာ့ ပစၥည္းတင္သြင္းတဲ႔အခါက်ေတာ့လည္း Hair ပိုင္းကိုပဲပိုျပီးေတာ့ အားသန္တဲ႔သေဘာပါ။

ျပည္တြင္းကိုပစၥည္းတင္သြင္းတဲ႔အခါမွာအခက္အခဲေတြဘာေတြ ႀကံဳရတာမ်ိဳးရွိေသးလား။

အေစာပိုင္းတုန္းကေတာ့ အစိမ္းသက္သက္ဝင္သလိုျဖစ္ေတာ့ ပစၥည္းကိုလည္း ေတာ္ေတာ္ေလးကိုမိတ္ဆက္ယူရတယ္၊ ေၾကာ္ျငာပိုင္းေတြဘာေတြ လုပ္ရတယ္။ Salon ေတြကိုလည္း ဒီပစၥည္းဘယ္လုိသံုးရတယ္ဆုိတာကို ကိုယ္တုိင္လက္ေတြ႔သံုးျပရတယ္၊ သင္တန္းေပးသလိုပါပဲ၊ သူတို႔သေဘာက်ၿပီးဝယ္ေတာ့ ေနာက္ပိုင္းက်ေတာ့ နာမည္တစ္ခုရလာတယ္၊ အခုဆိုရင္ Salon ေတာ္ေတာ္မ်ားမ်ားက Cab’s ကိုမသိတဲ႔သူသိပ္မရွိေတာ့ပါဘူး။

ျပည္တြင္းက Salon ေတြကညီမေလးတို႔ရဲ႕ Hair Care Product ေတြထဲမွာဘယ္လိုပစၥည္းကို အဝယ္အမ်ားဆံုးလဲ။

ျပည္တြင္းအေနနဲ႔ကေခါင္းေလွ်ာ္ရည္ရယ္၊ ဆံပင္လိမ္းလိုက္ရင္ ကပ္စီးစီးျဖစ္မေနတဲ႔ Oxygen Silk Oil နဲ႕ Argan Oil ကိုသေဘာက်ၾကတယ္။ ေယာက္က်ားေလးသံုးထဲကဆုိရင္ ဆံပင္ျဖန္းတဲ႔ Spray ကိုသေဘာက်တယ္။ Salon ဆုိင္ေတြကတစ္ဆုိင္နဲ႔တစ္ဆိုင္ေတာ့မတူဘူး၊ ေကာက္ေဆး၊ ေျဖာင့္ေဆးကိုေတာ့ ဆိုင္ေတြကပိုသံုးၾကတယ္။ ဒီတုိင္းဆိုင္မဟုတ္ဘဲ အိမ္သံုးဝယ္တဲ႔သူေတြက ေခါင္းေလွ်ာ္ရည္တုိ႔ ေပါင္းေဆးတို႔ ပိုဝယ္တယ္။

Cab’s အျပင္ တျခားဘရန္းေတြလည္း သြင္းတာဆိုေတာ့ အဲဒါေတြရဲ႕ေရာင္းအားကေရာဘယ္လိုိရွိပါသလဲ။

ဒီမွာၾကတာ့သက္သာတဲ့ပစၥည္းေတြကမ်ားတာလည္းပါတယ္။ ကိုယ္တင္သြင္းတဲ့ပစၥည္းက ကြာလတီကလည္းေကာင္း ေစ်းကလည္ေကာင္းဆုိေတာ့ ဒီမွာက ေသာင္းေက်ာ္ေလးေတြကို ပိုလိုခ်င္ၾကတယ္ေလ။ ျပီးေတာ့ ေနာက္တစ္ခုအလွကုန္ကလည္း ေစ်းကြက္ျပိဳင္ဆိုင္မႈက တအားမ်ားတယ္၊ ေစ်းကလည္းသိပ္မျမင့္ဘူး၊ ကြာလတီေတာ့ ေတာ္ေတာ္ေကာင္းတယ္၊ ကိုယ္ကေစ်းကြက္ထဲကိုေၾကာ္ျငာအတြက္ အမ်ားၾကီးမသံုးခ်င္ဘူး၊ ေၾကာ္ျငာလိုက္လုိ႔ ပစၥည္းေပၚမွာေၾကာ္ျငာခတင္ရမွာစိုးတာလည္းပါတယ္။

ညီမေလးအေနနဲ႔ ေၾကာ္ျငာပိုင္းသိပ္မလုပ္ျဖစ္ေတာ့ Facebook တုိ႔ ဘာတို႔မွာေရာ ဒီဘရန္းေတြအတြက္ Page ေလးေတြ ေသခ်ာထိုးေဖာက္တာမ်ိဳးေရာလုပ္ျဖစ္လား။

အဲဒီအပိုင္းလည္း သိပ္မလုပ္ျဖစ္ပါဘူး။

စိန္ေဂဟာကေနစလိုက္တာမွာ အခုဆိုဆုိင္ခြဲဘယ္ေလာက္ရွိေနပါျပီလဲ။

စိန္ေဂဟာကေန ပထမစစခ်င္းဖြင့္တာကေန ဒုတိယဆုိင္က ဂႏၶမာလမ္းမွာဖြင့္ထားတယ္၊ သံုးဆုိင္ေျမာက္က ေဝဇယႏၱာမွာဖြင့္ထားတဲ့ဆိုင္ပါ၊ အဲဒါက အခုေတာ့ Ocean ပုဇြန္ေတာင္ (၃)လႊာကိုေျပာင္းဖြင့္ထားတယ္။ ျပီးေတာ့ ဝိတိုရိယမွာက ဆံပင္ပိုင္းတစ္ဆုိင္နဲ႔ Spa တစ္ဆိုင္ မ်က္ႏွာခ်င္းဆုိင္ ဖြင့္ထားတယ္။

ညီမေလးအေနနဲ႔ ဆုိင္ကိုစဖြင့္တုန္းကဝန္ထမ္း ၃ေယာက္နဲ႔စခဲ႔တာဆုိေတာ့ ဘယ္လိုအခက္အခဲေတြ ျဖတ္ေက်ာ္ခဲ႔ရေသးလဲ။

ညီမစိန္ေဂဟာမွာ စဖြင့္ခါစဆုိရင္ shopping mall ကလည္း ဖြင့္ခါစျဖစ္ေနတယ္၊ လူကလည္းမရွိ၊ ညီမကိုယ္တိုင္ကလည္း ျမန္မာစကားသိပ္ျပီးေရေရလည္လည္မေျပာတတ္ေသးေတာ့ အခက္အခဲေတြေတာ္ေတာ္ ႀကံဳရတယ္။ အမ်ိဳးသားကလည္း ကိုယ့္ကိုကူညီရံုသက္သက္ဖြင့္ေပးတာေလ။ ဆိုင္ေရွ႕မွာလူေခၚစာကပ္ထားတယ္၊ လာေလွ်ာက္တဲ႔ထဲကခန္႔ျပီးျပီ Train ေနျပီဆုိရင္ တစ္ဝက္မွာတင္ ျပန္ထြက္သြားတယ္၊ ဆုိင္ဖြင့္စကေတာ့ ေတာ္ေတာ္ အခက္အခဲျဖစ္တယ္။ အခုေနာက္ပိုင္းက်ေတာ့ ကိုယ္လည္း ေတာ္ေတာ္သိလာျပီဆုိေတာ့ အဆင္ေျပသြားပါတယ္။ အခုက ဆုိင္ခြဲလည္း ၄ဆိုင္ျဖစ္လာျပီ၊ တစ္ဆုိင္မွာဝန္ထမ္း ၁၅ ေယာက္နီးပါး ရွိလာပါျပီ။ အခုဆိုရင္ ဆံပင္ပိုင္းဆိုင္ရာ သင္တန္းေရာ၊ မ်က္ခံုးထိုးတာပါ ဝန္ေဆာင္မႈေရာ၊ သင္တန္းေရာေပးေနပါတယ္။

High Five နဲ႔ Hair Salon by CS ဆိုျပီးဆုိင္နာမည္ ႏွစ္မ်ိဳးရွိေတာ့ အဲဒီႏွစ္ခုကဘာကြာလဲရွင့္။

ဆုိင္ကေတာ့ အတူတူပါပဲ။ နာမည္ေလးကသာ ႏွစ္မ်ိဳးကြဲသြားတာအကုန္လံုးက by CS ေအာက္ကေနပဲသြားတာပါ။

ညီမေလးအေနနဲ႔ ထပ္ျပီးသြင္းခ်င္တဲ႔ product ေတြဘာေတြရွိေသးလား။

စဥ္းစားထားတာေတြေတာ့ရွိတယ္၊ ဒါေပမယ့္ လက္ရွိေတာ့ လုပ္ထားတာေတြလည္းမ်ားေနေတာ့ ထပ္ေတာ့မသြင္းျဖစ္ေလာက္ေသးပါဘူး။

ျပည္တြင္းcustomerနဲ႔ ျပည္ပ customer ဆုိရင္ ဘယ္သူကပိုမ်ားလဲ၊ ပစၥည္းကို ျပန္ေရာင္းတဲ႔သူမဟုတ္ဘဲသံုးဖို႔ဝယ္တဲ႔သူေတြဆီကေရာဘယ္လို Feed Back မ်ိဳး ျပန္ၾကားရပါသလဲ။

ဆိုင္တစ္ဆုိင္နဲ႔တစ္ဆိုင္ေတာ့သိပ္မတူဘူး။ တခ်ိဳ႕ေနရာေတြဆုိရင္ ႏုိင္ငံျခားသားသိပ္မရွိဘူး၊ ဝိတိုရိယမွာၾကေတာ့ ႏုိင္ငံျခားသားမ်ားတယ္။

ျပည္တြင္းမွာအရင္ကဆိုရင္ ဆံပင္အေရာင္ဆုိးတာကအစသိပ္ၿပီးအသစ္အဆန္းလက္ခံတာမ်ိဳးမရိွဘူးဆုိေတာ့ အခုေရာဒီအေလ့အက်င့္ေတြကေျပာင္းလဲလာတာမ်ိဳးႀကံဳရေသးလား။

အရင္ကဆိုရင္ အေရာင္အသစ္အဆန္းဆိုရင္ မေနရဲဘူး၊ မဆုိးရဲဘူး ျဖစ္ၾကတယ္။ အခုကေတာ့ ႏိုင္ငံျခားမွာဒီလိုအေရာင္ေတြေခတ္စားေနတယ္ဆုိရင္ သူတို႔လိုက္ဆုိးရဲလာျပီ၊ ႏိုင္ငံျခားကဆံပင္စတုိင္ေတြအေရာင္ဆုိးတာေတြနဲ႔ အရမ္းကြာျခားတာမ်ိဳးသိပ္မရွိေတာ့ဘူး။ အခုကေတာ့ ေတာ္ေတာ္ေလးေျပာင္းလဲလာၾကပါတယ္။

ညီမေလးရဲ႕အေတြ႕အႀကံဳအရ ဆံပင္ဆုိတာက ဘယ္လိုအရာေတြေၾကာင့္ ပ်က္စီးတတ္တယ္လို႔ ေျပာလို႔ရပါသလဲ။

ဆံပင္ကေတာ့ အေရာင္ဆုိးရင္ပ်က္စီးတယ္လို႔ ထင္ၾကတယ္၊ တကယ္တမ္းကဆံပင္ဆိုးတာကသိပ္မပ်က္စီးဘူး၊ ဆံသားေတာ့ေျခာက္တယ္၊ အဲဒါက ျပန္ေကာင္းေအာင္လုပ္လို႔လြယ္တယ္ ေကာက္ေဆးေျဖာင့္ေဆးထိရင္ဆံပင္ကပိုပ်က္စီးလြယ္တယ္။ ဆံပင္ပ်က္စီးသြားတယ္ဆိုရင္လည္း ဆံပင္ကို ျပန္ျပီးေပါင္းေပးတာမ်ိဳး ဆံသားေကာင္းေအာင္ျပန္လုပ္တာမ်ိဳး လုပ္ေပးသင့္တယ္။ ဆံပင္ေျဖာင့္ထားတယ္ဆုိရင္ အနည္းဆံုး ၄ လေလာက္ေတာ့ ထားထားသင့္တယ္၊ အဲဒီၾကားထဲမွာထပ္ေျပာင္းခ်င္တယ္ဆုိရင္ ေျပာင္းမေပးဘူး။ တခ်ိဳ႕ဆံပင္က်ေတာ့လည္း ခံႏိုင္ရည္အားသိပ္ျပီးမတူဘူး။ ဆံလံုးႀကီးတာေသးတာေပၚမူတည္ျပီး ဆံပင္ကိုေဆးထိတာအေပၚ  ခံႏိုင္ရည္အားလည္း ကြာတယ္။

ဦးေရျပားကိုေဆးထိလို႔ ဆံပင္ေရာဦးေရျပားေရာထိခိုက္တာမ်ိဳးေရာ ၾကံဳဖူးလား။

တခ်ိဳ႕ဆံပင္ဆုိရင္ ဦးေရျပားထိခိုက္မခံတာေတြ၊ ေဘာက္ထတဲ႔သူေတြ ႀကံဳဖူးတယ္၊ ဆံပင္ေပၚ၊ ဦးေရျပားေပၚမူတည္ျပီးတခ်ိဳ႕ကိုဆုိရင္ အရမ္းျပင္းတာေတြ မထိေအာင္ သတိထားေပးရတယ္။ တခ်ိဳ႕ေဆးေတြကလည္း Chemical ေတြမ်ားတာရွိတတ္လို႔ ကိုယ့္ဘာသာဆိုးတာမ်ိဳးထက္ ဆုိင္မွာဆုိးတာမ်ိဳးက ပ်က္စီးမႈပိုနည္းမယ္ထင္ပါတယ္။ ဆံပင္ေဆးဆုိးတာပဲျဖစ္ျဖစ္ ေကာက္တာေျဖာင့္တာပဲ ျဖစ္ျဖစ္ ဦးေရကိုမထိေအာင္လုပ္ႏုိင္ရင္ေတာ့ အေကာင္းဆံုးပါပဲ။ တခ်ဳိ႕ႏုတဲ႔ဆံပင္ေတြဆုိရင္ ေဆးဒဏ္ေၾကာင့္ က်ိဳးသြားတာမ်ိဳးလည္းရွိတတ္တယ္။

ပ်က္စီးေနတဲ႔ဆံပင္ေတြဦးေရျပားေတြကို ျပန္ေကာင္းလာေအာင္လုပ္လုိ႔ရတဲ႔နည္းလမ္းေတြ ေဆးေတြရွိလား။

ဟုတ္ကဲ႔ရွိပါတယ္။ ဆံလံုးေသးတာၾကီးတာေပၚမူတည္ျပီး ဘယ္လိုေဆးနဲ႔လုပ္သင့္တယ္ဆုိတာေရြးရပါတယ္။

ဆုိင္ကိုလာေနက် Customer ေတြက ဘယ္လိုဆံပင္ပံုစံမ်ိဳးပိုၿပီးေတာင္းဆုိလာၾကလဲ။

အခုေနာက္ပိုင္းက အရင္တုန္းကလိုရိုးရိုးၾကီးမၾကိဳက္ေတာ့ဘူး၊ ပံုစံဆန္းဆန္းေလးေတြ လုပ္တတ္လာတယ္။ လူၾကီးပိုင္းမွာလည္း ဆံပင္အေရာင္ဆုိးရဲလာတာေတြ႔ရတယ္။

တခ်ိဳ႕ Sensitive ျဖစ္တတ္တဲ႔သူေတြဆုိရင္ ဘယ္လိုလုပ္ေပးေလ့ရွိလဲ။

ရွိတယ္။ တခ်ိဳ႕ဆုိရင္ သူတို႔ကအလာဂ်ီရွိေတာ့ အနီစက္ေတြထြက္တတ္တာဘာညာေျပာျပတယ္၊ အဲဒီအခါမ်ိဳးဆိုရင္ သူတို႔ရဲ႔ အသားေပၚမွာအရင္ Test လုပ္ၿပီးမွ ဆံပင္ကိုတင္တယ္္။ မ်ားေသာအားျဖင့္ ဆုိင္မွာသံုးတဲ႔ေဆးေတြကေတာ့ ဓါတ္မတည့္တာမ်ိဳးမရွိသေလာက္ပါပဲ။

ညီမေလးရဲ႕ဆိုင္က တျခားဆုိင္ေတြနဲ႔မတူတဲ႔အခ်က္ေတြဘာေတြ ရွိေသးလားရွင့္။

တျခားဆုိင္ေတြက Shampoo ဆို Shampoo သပ္သပ္ထားေပးတယ္။ ညီမတို႔ဆီမွာေတာ့ အကုန္လံုးကိုတန္းတူတတ္ေအာင္ သင္ေပးထားတယ္။ customer ေတြလာၿပီဆုိရင္ ဝန္ထမ္းတစ္ေယာက္ကေနအကုန္လုပ္ေပးရတာ၊ လုပ္တတ္ေနတာျဖစ္လုိ႔ ဝန္ထမ္းေတြကို customer က ေစာင့္ေနစရာမလိုဘူး၊ ဆိုင္မွာကေျခေထာက္သမား၊ ဆံပင္သမားရယ္လို႔မခြဲထားဘူး၊ ဝန္ထမ္းတစ္ေယာက္ကို အစံုသင္ေပးထားပါတယ္။

ဒီလုပ္ငန္းမဟုတ္ဘဲ တျခားလုပ္ငန္းဘက္မွာလုပ္ထားတာရွိပါေသးလား။

လက္ရွိေတာ့ မရွိေသးဘူး၊ ေနာက္ပိုင္းက်ရင္ေတာ့ Skin Care Product လုပ္သြားဖို႔ေတာ့ စဥ္းစားထားပါတယ္။ ဒီႏွစ္ထဲမွာဆုိင္ခြဲေတြထပ္ဖြင့္ဖို႔ေတာ့ရည္ရြယ္ထားတာရွိပါတယ္၊ ေနရာရွာေနတုန္းပါပဲ။

အခုလိုေျဖေပးတာေက်းဇူးတင္ပါတယ္။

ရဲလင္းလင္းသန္း

(Unicode Version)

ထိုင်းနိုင်ငံကနည်းပညာတွေကိုအခြေခံဝန်ဆောင်မှုပေးနေတဲ့ Professional Hair salon ဆိုင်တွေ ဖွင့်ထားသလိုဆံပင်ဆိုင်ရာပစ္စည်းတွေအလှကုန်တွေပါ တင်သွင်းရောင်းချနေတဲ့ အမျိုးသမီးလုပ်ငန်းရှင် မနန်းဆီဝိုးဖတ် နှင့် တွေ့ဆုံခြင်း

ညီမလေးတာဝန်ယူထားတဲ့ လုပ်ငန်းလေးတွေ မိတ်ဆက်ပေးပါဦး။

အလှကုန်ပစ္စည်းတွေလည်းသွင်းတယ်၊The Spa by CS နဲ့Hair Salon by CS (၃) ဆိုင်လည်းဖွင့်ထားပါတယ်။ ရာထူးကတော့ Crystal Shine Beauty Division ရဲ့မန်းနေးဂျင်းဒါရိုက်တာပါ။

ညီမလေးတို့ CS Sales & Distributionမှာဒီလိုမျိုး hair Care တွေ စပြီး တင်သွင်းဖြန့်ဖြူးဖြစ်ပုံလေး ပြောပြပေးပါဦး။

Hair Care ကိုလုပ်ဖြစ်တာက ညီမအလုပ်စလုပ်ကတည်းက Beauty Salon မှာစလုပ်တယ်။ ဘန်ကောက်မှာ ၂၀၀၂ ခုနှစ်ကတည်းက သင်တန်းသွားတက်တယ်၊ ၂၀၀၄ အလယ်လောက်ရောက်တော့ ဘန်ကောက်မှာပဲဆရာတွေနဲ့ တွဲလုပ်နေရင်း ဆိုင်ခန်းတစ်ခန်းငှားပြီး ကိုယ်ပိုင်ဆိုင်လေးဖွင့်ဖြစ်တယ်။ ၂၀၀၉ လောက်မှာ ရန်ကုန်ပြန်လာဖြစ်တယ်။ ပါရမီ စိန်ဂေဟာဖွင့်ခါစလေးမှာဆိုင်ခန်းတစ်ခန်းယူပြီး Salon ဆိုင်လေးစဖြစ်တယ်။ ဆိုင်စဖွင့်တော့ ကိုယ်တိုင်လည်းဘန်ကောက်မှာသုံးဖူးတဲ့ Cab’s Brand ကိုသွင်းဖို့ စီစဉ်ဖြစ်တယ်။ အဲဒီတုန်းက ပြည်တွင်းမှာဆံပင်ပိုင်းဆိုင်ရာ Professional အနေနဲ့ ပစ္စည်းရယ်လို့ တင်သွင်းတာရှားသေးတယ်။ Cab’s Brand ကိုလည်း ပြည်တွင်းမှာ ကိုယ်စားလှယ်ယူထားတဲ့သူမရှိသေးတဲ့အခါကြတော့ ဟိုဘက်ကုမ္ပဏီကို မေးလ်ကနေတစ်ဆင့်ပြည်တွင်းကိုယ်စားလှယ်လုပ်ချင်တယ်ဆိုပြီး ဆက်သွယ်ဖြစ်တယ်။ Salon ဆိုင် စဖွင့်ကတည်းကဒီ Brand ကိုပါ Distributor အနေနဲ့ဖြန့်ဖြစ်ခဲ့တာပါ။

Cab’sအပြင် လက်ရှိမှာ ချဲ့ထွင်ပြီးသွင်းနေတာမျိုးရှိသေးလား။

ရှိပါတယ်။ Cabs ပြီးတော့ Glam palm ဆိုတဲ့ ကိုရီးယားနိုင်ငံထုတ် ဆံပင်ပိုင်းဆိုင်ရာဖြောင့်စက်၊ ကောက်စက်၊ Dryer စတာတွေလုပ်ဖြစ်တယ်၊ ပြီးတော့ Karajaဆိုတဲ့ အီတလီထုတ် အလှကုန် Brand တစ်ခုလည်းထပ်သွင်းဖြစ်တယ်။ မိတ်ကပ်၊ နှုတ်ခမ်းနီအစုံပေါ့။ နောက်ပြီးတော့ Skin Care Productအနေနဲ့ဆိုရင် ဂျပန်နိုင်ငံထုတ် Organic ပစ္စည်းသုံး Coran ဆိုတဲ့နာမည်နဲ့ Brand လည်းသွင်းတယ်၊ သူက Spa ပိုင်းပေါ့၊ နောက်ဆုံးကတော့ Aurane ဆိုတဲ့ ဆံပင်သုံးပစ္စည်းတစ်ခုလည်းထပ်သွင်းဖြစ်ထားပါတယ်။

ဆံပင်နဲ့ပတ်သက်တာကိုပိုပြီးအားသန်တဲ့သဘောလား။

ညီမက စကတည်းက ဆံပင်ပိုင်းပိုအားသန်တယ်၊ သင်တန်းတွေလည်းတက်ခဲ့တယ်၊ ဒါပဲဆက်တိုက်လုပ်ခဲ့တော့ ပစ္စည်းတင်သွင်းတဲ့အခါကျတော့လည်း Hair ပိုင်းကိုပဲပိုပြီးတော့ အားသန်တဲ့သဘောပါ။

ပြည်တွင်းကိုပစ္စည်းတင်သွင်းတဲ့အခါမှာအခက်အခဲတွေဘာတွေ ကြုံရတာမျိုးရှိသေးလား။

အစောပိုင်းတုန်းကတော့ အစိမ်းသက်သက်ဝင်သလိုဖြစ်တော့ ပစ္စည်းကိုလည်း တော်တော်လေးကိုမိတ်ဆက်ယူရတယ်၊ ကြော်ငြာပိုင်းတွေဘာတွေ လုပ်ရတယ်။ Salon တွေကိုလည်း ဒီပစ္စည်းဘယ်လိုသုံးရတယ်ဆိုတာကို ကိုယ်တိုင်လက်တွေ့သုံးပြရတယ်၊ သင်တန်းပေးသလိုပါပဲ၊ သူတို့သဘောကျပြီးဝယ်တော့ နောက်ပိုင်းကျတော့ နာမည်တစ်ခုရလာတယ်၊ အခုဆိုရင် Salon တော်တော်များများက Cab’s ကိုမသိတဲ့သူသိပ်မရှိတော့ပါဘူး။

ပြည်တွင်းက Salon တွေကညီမလေးတို့ရဲ့ Hair Care Product တွေထဲမှာဘယ်လိုပစ္စည်းကို အဝယ်အများဆုံးလဲ။

ပြည်တွင်းအနေနဲ့ကခေါင်းလျှော်ရည်ရယ်၊ ဆံပင်လိမ်းလိုက်ရင် ကပ်စီးစီးဖြစ်မနေတဲ့ Oxygen Silk Oil နဲ့ Argan Oil ကိုသဘောကျကြတယ်။ ယောက်ကျားလေးသုံးထဲကဆိုရင် ဆံပင်ဖြန်းတဲ့ Spray ကိုသဘောကျတယ်။ Salon ဆိုင်တွေကတစ်ဆိုင်နဲ့တစ်ဆိုင်တော့မတူဘူး၊ ကောက်ဆေး၊ ဖြောင့်ဆေးကိုတော့ ဆိုင်တွေကပိုသုံးကြတယ်။ ဒီတိုင်းဆိုင်မဟုတ်ဘဲ အိမ်သုံးဝယ်တဲ့သူတွေက ခေါင်းလျှော်ရည်တို့ ပေါင်းဆေးတို့ ပိုဝယ်တယ်။

Cab’s အပြင် တခြားဘရန်းတွေလည်း သွင်းတာဆိုတော့ အဲဒါတွေရဲ့ရောင်းအားကရောဘယ်လိုရှိပါသလဲ။

ဒီမှာကြတာ့သက်သာတဲ့ပစ္စည်းတွေကများတာလည်းပါတယ်။ ကိုယ်တင်သွင်းတဲ့ပစ္စည်းက ကွာလတီကလည်းကောင်း ဈေးကလည်ကောင်းဆိုတော့ ဒီမှာက သောင်းကျော်လေးတွေကို ပိုလိုချင်ကြတယ်လေ။ ပြီးတော့ နောက်တစ်ခုအလှကုန်ကလည်း ဈေးကွက်ပြိုင်ဆိုင်မှုက တအားများတယ်၊ ဈေးကလည်းသိပ်မမြင့်ဘူး၊ ကွာလတီတော့ တော်တော်ကောင်းတယ်၊ ကိုယ်ကဈေးကွက်ထဲကိုကြော်ငြာအတွက် အများကြီးမသုံးချင်ဘူး၊ ကြော်ငြာလိုက်လို့ ပစ္စည်းပေါ်မှာကြော်ငြာခတင်ရမှာစိုးတာလည်းပါတယ်။

ညီမလေးအနေနဲ့ ကြော်ငြာပိုင်းသိပ်မလုပ်ဖြစ်တော့ Facebook တို့ ဘာတို့မှာရော ဒီဘရန်းတွေအတွက် Page လေးတွေ သေချာထိုးဖောက်တာမျိုးရောလုပ်ဖြစ်လား။

အဲဒီအပိုင်းလည်း သိပ်မလုပ်ဖြစ်ပါဘူး။

စိန်ဂေဟာကနေစလိုက်တာမှာ အခုဆိုဆိုင်ခွဲဘယ်လောက်ရှိနေပါပြီလဲ။

စိန်ဂေဟာကနေ ပထမစစချင်းဖွင့်တာကနေ ဒုတိယဆိုင်က ဂန္ဓမာလမ်းမှာဖွင့်ထားတယ်၊ သုံးဆိုင်မြောက်က ဝေဇယန္တာမှာဖွင့်ထားတဲ့ဆိုင်ပါ၊ အဲဒါက အခုတော့ Ocean ပုဇွန်တောင် (၃)လွှာကိုပြောင်းဖွင့်ထားတယ်။ ပြီးတော့ ဝိတိုရိယမှာက ဆံပင်ပိုင်းတစ်ဆိုင်နဲ့ Spa တစ်ဆိုင် မျက်နှာချင်းဆိုင် ဖွင့်ထားတယ်။

ညီမလေးအနေနဲ့ ဆိုင်ကိုစဖွင့်တုန်းကဝန်ထမ်း ၃ယောက်နဲ့စခဲ့တာဆိုတော့ ဘယ်လိုအခက်အခဲတွေ ဖြတ်ကျော်ခဲ့ရသေးလဲ။

ညီမစိန်ဂေဟာမှာ စဖွင့်ခါစဆိုရင် shopping mall ကလည်း ဖွင့်ခါစဖြစ်နေတယ်၊ လူကလည်းမရှိ၊ ညီမကိုယ်တိုင်ကလည်း မြန်မာစကားသိပ်ပြီးရေရေလည်လည်မပြောတတ်သေးတော့ အခက်အခဲတွေတော်တော် ကြုံရတယ်။ အမျိုးသားကလည်း ကိုယ့်ကိုကူညီရုံသက်သက်ဖွင့်ပေးတာလေ။ ဆိုင်ရှေ့မှာလူခေါ်စာကပ်ထားတယ်၊ လာလျှောက်တဲ့ထဲကခန့်ပြီးပြီ Train နေပြီဆိုရင် တစ်ဝက်မှာတင် ပြန်ထွက်သွားတယ်၊ ဆိုင်ဖွင့်စကတော့ တော်တော် အခက်အခဲဖြစ်တယ်။ အခုနောက်ပိုင်းကျတော့ ကိုယ်လည်း တော်တော်သိလာပြီဆိုတော့ အဆင်ပြေသွားပါတယ်။ အခုက ဆိုင်ခွဲလည်း ၄ဆိုင်ဖြစ်လာပြီ၊ တစ်ဆိုင်မှာဝန်ထမ်း ၁၅ ယောက်နီးပါး ရှိလာပါပြီ။ အခုဆိုရင် ဆံပင်ပိုင်းဆိုင်ရာ သင်တန်းရော၊ မျက်ခုံးထိုးတာပါ ဝန်ဆောင်မှုရော၊ သင်တန်းရောပေးနေပါတယ်။

High Five နဲ့ Hair Salon by CS ဆိုပြီးဆိုင်နာမည် နှစ်မျိုးရှိတော့ အဲဒီနှစ်ခုကဘာကွာလဲရှင့်။

ဆိုင်ကတော့ အတူတူပါပဲ။ နာမည်လေးကသာ နှစ်မျိုးကွဲသွားတာအကုန်လုံးက by CS အောက်ကနေပဲသွားတာပါ။

ညီမလေးအနေနဲ့ ထပ်ပြီးသွင်းချင်တဲ့ product တွေဘာတွေရှိသေးလား။

စဉ်းစားထားတာတွေတော့ရှိတယ်၊ ဒါပေမယ့် လက်ရှိတော့ လုပ်ထားတာတွေလည်းများနေတော့ ထပ်တော့မသွင်းဖြစ်လောက်သေးပါဘူး။

ပြည်တွင်းcustomerနဲ့ ပြည်ပ customer ဆိုရင် ဘယ်သူကပိုများလဲ၊ ပစ္စည်းကို ပြန်ရောင်းတဲ့သူမဟုတ်ဘဲသုံးဖို့ဝယ်တဲ့သူတွေဆီကရောဘယ်လို Feed Back မျိုး ပြန်ကြားရပါသလဲ။

ဆိုင်တစ်ဆိုင်နဲ့တစ်ဆိုင်တော့သိပ်မတူဘူး။ တချို့နေရာတွေဆိုရင် နိုင်ငံခြားသားသိပ်မရှိဘူး၊ ဝိတိုရိယမှာကြတော့ နိုင်ငံခြားသားများတယ်။

ပြည်တွင်းမှာအရင်ကဆိုရင် ဆံပင်အရောင်ဆိုးတာကအစသိပ်ပြီးအသစ်အဆန်းလက်ခံတာမျိုးမရှိဘူးဆိုတော့ အခုရောဒီအလေ့အကျင့်တွေကပြောင်းလဲလာတာမျိုးကြုံရသေးလား။

အရင်ကဆိုရင် အရောင်အသစ်အဆန်းဆိုရင် မနေရဲဘူး၊ မဆိုးရဲဘူး ဖြစ်ကြတယ်။ အခုကတော့ နိုင်ငံခြားမှာဒီလိုအရောင်တွေခေတ်စားနေတယ်ဆိုရင် သူတို့လိုက်ဆိုးရဲလာပြီ၊ နိုင်ငံခြားကဆံပင်စတိုင်တွေအရောင်ဆိုးတာတွေနဲ့ အရမ်းကွာခြားတာမျိုးသိပ်မရှိတော့ဘူး။ အခုကတော့ တော်တော်လေးပြောင်းလဲလာကြပါတယ်။

ညီမလေးရဲ့အတွေ့အကြုံအရ ဆံပင်ဆိုတာက ဘယ်လိုအရာတွေကြောင့် ပျက်စီးတတ်တယ်လို့ ပြောလို့ရပါသလဲ။

ဆံပင်ကတော့ အရောင်ဆိုးရင်ပျက်စီးတယ်လို့ ထင်ကြတယ်၊ တကယ်တမ်းကဆံပင်ဆိုးတာကသိပ်မပျက်စီးဘူး၊ ဆံသားတော့ခြောက်တယ်၊ အဲဒါက ပြန်ကောင်းအောင်လုပ်လို့လွယ်တယ် ကောက်ဆေးဖြောင့်ဆေးထိရင်ဆံပင်ကပိုပျက်စီးလွယ်တယ်။ ဆံပင်ပျက်စီးသွားတယ်ဆိုရင်လည်း ဆံပင်ကို ပြန်ပြီးပေါင်းပေးတာမျိုး ဆံသားကောင်းအောင်ပြန်လုပ်တာမျိုး လုပ်ပေးသင့်တယ်။ ဆံပင်ဖြောင့်ထားတယ်ဆိုရင် အနည်းဆုံး ၄ လလောက်တော့ ထားထားသင့်တယ်၊ အဲဒီကြားထဲမှာထပ်ပြောင်းချင်တယ်ဆိုရင် ပြောင်းမပေးဘူး။ တချို့ဆံပင်ကျတော့လည်း ခံနိုင်ရည်အားသိပ်ပြီးမတူဘူး။ ဆံလုံးကြီးတာသေးတာပေါ်မူတည်ပြီး ဆံပင်ကိုဆေးထိတာအပေါ်  ခံနိုင်ရည်အားလည်း ကွာတယ်။

ဦးရေပြားကိုဆေးထိလို့ ဆံပင်ရောဦးရေပြားရောထိခိုက်တာမျိုးရော ကြုံဖူးလား။

တချို့ဆံပင်ဆိုရင် ဦးရေပြားထိခိုက်မခံတာတွေ၊ ဘောက်ထတဲ့သူတွေ ကြုံဖူးတယ်၊ ဆံပင်ပေါ်၊ ဦးရေပြားပေါ်မူတည်ပြီးတချို့ကိုဆိုရင် အရမ်းပြင်းတာတွေ မထိအောင် သတိထားပေးရတယ်။ တချို့ဆေးတွေကလည်း Chemical တွေများတာရှိတတ်လို့ ကိုယ့်ဘာသာဆိုးတာမျိုးထက် ဆိုင်မှာဆိုးတာမျိုးက ပျက်စီးမှုပိုနည်းမယ်ထင်ပါတယ်။ ဆံပင်ဆေးဆိုးတာပဲဖြစ်ဖြစ် ကောက်တာဖြောင့်တာပဲ ဖြစ်ဖြစ် ဦးရေကိုမထိအောင်လုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ တချို့နုတဲ့ဆံပင်တွေဆိုရင် ဆေးဒဏ်ကြောင့် ကျိုးသွားတာမျိုးလည်းရှိတတ်တယ်။

ပျက်စီးနေတဲ့ဆံပင်တွေဦးရေပြားတွေကို ပြန်ကောင်းလာအောင်လုပ်လို့ရတဲ့နည်းလမ်းတွေ ဆေးတွေရှိလား။

ဟုတ်ကဲ့ရှိပါတယ်။ ဆံလုံးသေးတာကြီးတာပေါ်မူတည်ပြီး ဘယ်လိုဆေးနဲ့လုပ်သင့်တယ်ဆိုတာရွေးရပါတယ်။

ဆိုင်ကိုလာနေကျ Customer တွေက ဘယ်လိုဆံပင်ပုံစံမျိုးပိုပြီးတောင်းဆိုလာကြလဲ။

အခုနောက်ပိုင်းက အရင်တုန်းကလိုရိုးရိုးကြီးမကြိုက်တော့ဘူး၊ ပုံစံဆန်းဆန်းလေးတွေ လုပ်တတ်လာတယ်။ လူကြီးပိုင်းမှာလည်း ဆံပင်အရောင်ဆိုးရဲလာတာတွေ့ရတယ်။

တချို့ Sensitive ဖြစ်တတ်တဲ့သူတွေဆိုရင် ဘယ်လိုလုပ်ပေးလေ့ရှိလဲ။

ရှိတယ်။ တချို့ဆိုရင် သူတို့ကအလာဂျီရှိတော့ အနီစက်တွေထွက်တတ်တာဘာညာပြောပြတယ်၊ အဲဒီအခါမျိုးဆိုရင် သူတို့ရဲ့ အသားပေါ်မှာအရင် Test လုပ်ပြီးမှ ဆံပင်ကိုတင်တယ်။ များသောအားဖြင့် ဆိုင်မှာသုံးတဲ့ဆေးတွေကတော့ ဓါတ်မတည့်တာမျိုးမရှိသလောက်ပါပဲ။

ညီမလေးရဲ့ဆိုင်က တခြားဆိုင်တွေနဲ့မတူတဲ့အချက်တွေဘာတွေ ရှိသေးလားရှင့်။

တခြားဆိုင်တွေက Shampoo ဆို Shampoo သပ်သပ်ထားပေးတယ်။ ညီမတို့ဆီမှာတော့ အကုန်လုံးကိုတန်းတူတတ်အောင် သင်ပေးထားတယ်။ customer တွေလာပြီဆိုရင် ဝန်ထမ်းတစ်ယောက်ကနေအကုန်လုပ်ပေးရတာ၊ လုပ်တတ်နေတာဖြစ်လို့ ဝန်ထမ်းတွေကို customer က စောင့်နေစရာမလိုဘူး၊ ဆိုင်မှာကခြေထောက်သမား၊ ဆံပင်သမားရယ်လို့မခွဲထားဘူး၊ ဝန်ထမ်းတစ်ယောက်ကို အစုံသင်ပေးထားပါတယ်။

ဒီလုပ်ငန်းမဟုတ်ဘဲ တခြားလုပ်ငန်းဘက်မှာလုပ်ထားတာရှိပါသေးလား။

လက်ရှိတော့ မရှိသေးဘူး၊ နောက်ပိုင်းကျရင်တော့ Skin Care Product လုပ်သွားဖို့တော့ စဉ်းစားထားပါတယ်။ ဒီနှစ်ထဲမှာဆိုင်ခွဲတွေထပ်ဖွင့်ဖို့တော့ရည်ရွယ်ထားတာရှိပါတယ်၊ နေရာရှာနေတုန်းပါပဲ။

အခုလိုဖြေပေးတာကျေးဇူးတင်ပါတယ်။

ရဲလင်းလင်းသန်း

LEAVE A REPLY

Please enter your comment!
Please enter your name here