ပထမဆုံးအႀကိမ္ ျမန္မာႏိုင္ငံလံုးဆိုင္ရာ Cloud ႏွင့္ AI နည္းပညာၿပိဳင္ပြဲ က်င္းပ

0
70

ျမန္မာႏိုင္ငံလံုးဆိုင္ရာ Cloud ႏွင့္ AI နည္းပညာၿပိဳင္ပြဲျဖစ္သည့္ Myanmar National Cloud & AI Contest ကို နည္းပညာနယ္ပယ္တြင္ အလားအလာရွိသူမ်ား ေမြးထုတ္ရန္ ႏွင့္ ျမန္မာႏိုင္ငံကို AI ကမၻာႏွင့္ ခ်ိတ္ဆက္ေပးရန္ ရည္ရြယ္ခ်က္ျဖင့္ ပထမဆံုးအႀကိမ္ ျပဳလုပ္က်င္းပသြား မည္ျဖစ္သည္။ အဆိုပါၿပိဳင္ပြဲကို Huawei Myanmar ၏ ကူညီေထာက္ပ့ံမႈျဖင့္   ျမန္မာႏိုင္ငံပါေမာကၡခ်ဳပ္မ်ား  ေကာ္မတီ၊ ျမန္မာႏိုင္ငံကြန္ပ်ဴတာအသင္းခ်ဳပ္၊ ပညာေရးဝန္ႀကီးဌာန မွ သုေတသနႏွင့္ဆန္းသစ္တီထြင္မႈ ဦးစီး ဌာနတို႔ ပူးေပါင္းက်င္းပျခင္းျဖစ္သည္။

ႏိုင္ငံတ၀န္းမွ တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူမ်ား ပါ၀င္ယွဥ္ၿပိဳင္ႏိုင္မည့္ Myanmar National Cloud & AI Contest ကို ဇူလိုင္လမွ စက္တင္ဘာလအထိ က်င္းပသြားမည္ျဖစ္သည္။ စာရင္းေပးသြင္းရမည့္ကာလကို ဇူလုိင္ ၅ ရက္ေန႔မွ ႀသဂုတ္ ၁၀ ရက္ေန႔အထိ သတ္မွတ္ထားၿပီး၊ ၿပိဳင္ပြဲ၀င္အဖြဲ႕မ်ားအေနျဖင့္ ၾသဂုတ္လ ၂၅ ရက္ေန႔ ေနာက္ဆုံးထားကာ ၿပိဳင္ပြဲ၀င္ Cloud နဲ႔ AI နည္းပညာ Solutions ေပးပို႔ရမည္ျဖစ္သည္။

စကာတင္အဆင့္ ၿပိဳင္ပြဲ ၀င္အဖြဲ႕ ၁၀ ဖြဲ႕၏ အမည္စာရင္းကို ၾသဂုတ္လကုန္တြင္ ေၾကညာသြားမည္ျဖစ္ကာ ၿပိဳင္ပြဲ၀င္အဖြဲ႕၀င္ လက္ေတြ႕သ႐ုပ္ျပယွဥ္ၿပိဳင္ျခင္းႏွင့္ ဆုေရြးခ်ယ္ေပးအပ္ျခင္း အခမ္းအနားကို ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ ၇ ရက္ေန႔တြင္ က်င္းပသြားမည္ျဖစ္သည္။ စိုက္ပ်ိဳးေရး၊ ပညာေရး၊ က်န္းမာေရးေစာင့္ေရွာက္မႈ၊ အျခားစီးပြားေရးလုပ္ငန္းမ်ား စသျဖင့္ ႀကိဳက္ႏွစ္သက္ရာက႑အတြက္ ၀င္ေရာက္ယွဥ္ၿပိဳင္ႏိုင္ၿပီး၊ ၿပိဳင္ပြဲ၀င္ Solutions မ်ားကို Windows၊ Linux၊ Android၊ iOS ႏွင့္ အျခားသင့္ေလ်ာ္သည့္ OS မ်ားအသံုးျပဳကာ အဂၤလိပ္ ဘာသာျဖင့္ ျဖစ္ေစ၊ ျမန္မာဘာသာျဖင့္ျဖစ္ေစ ေရးသားႏိုင္သည္။

Myanmar National Cloud & AI Contest ႏွင့္ ပတ္သက္၍ ပိုမိုျပည့္စံုစြာ သိရွိလိုပါက Huawei Myanmar Facebookစာမ်က္ႏွာ https://www.facebook.com/huaweitechmm/ ၊ ပင္မစာမ်က္ႏွာ https://intl.huawei cloud.com တို႔တြင္ ဝင္ေရာက္ေလ့လာၾကည့္ရႈႏိုင္ၿပီး အီးေမးလ္ [email protected] သို႔လည္း ဆက္သြယ္ေမးျမန္းႏိုင္ပါသည္။

(Unicode Version)

ပထမဆုံးအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ Cloud နှင့် AI နည်းပညာပြိုင်ပွဲ ကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာ Cloud နှင့် AI နည်းပညာပြိုင်ပွဲဖြစ်သည့် Myanmar National Cloud & AI Contest ကို နည်းပညာနယ်ပယ်တွင် အလားအလာရှိသူများ မွေးထုတ်ရန် နှင့် မြန်မာနိုင်ငံကို AI ကမ္ဘာနှင့် ချိတ်ဆက်ပေးရန် ရည်ရွယ်ချက်ဖြင့် ပထမဆုံးအကြိမ် ပြုလုပ်ကျင်းပသွား မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို Huawei Myanmar ၏ ကူညီထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံပါမောက္ခချုပ်များ ကော်မတီ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ပညာရေးဝန်ကြီးဌာနမှ သုတေသနနှင့်ဆန်းသစ်တီထွင်မှု ဦးစီး ဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

နိုင်ငံတဝန်းမှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်မည့် Myanmar National Cloud & AI Contest ကို ဇူလိုင်လမှ စက်တင်ဘာလအထိ ကျင်းပသွားမည်ဖြစ်သည်။ စာရင်းပေးသွင်းရမည့်ကာလကို ဇူလိုင် ၅ ရက်နေ့မှ သြဂုတ် ၁၀ ရက်နေ့အထိ သတ်မှတ်ထားပြီး၊ ပြိုင်ပွဲဝင်အဖွဲ့များအနေဖြင့် သြဂုတ်လ ၂၅ ရက်နေ့ နောက်ဆုံးထားကာ ပြိုင်ပွဲဝင် Cloud နဲ့ AI နည်းပညာ Solutions ပေးပို့ရမည်ဖြစ်သည်။

စကာတင်အဆင့် ပြိုင်ပွဲ ဝင်အဖွဲ့ ၁၀ ဖွဲ့၏ အမည်စာရင်းကို သြဂုတ်လကုန်တွင် ကြေညာသွားမည်ဖြစ်ကာ ပြိုင်ပွဲဝင်အဖွဲ့ဝင် လက်တွေ့သရုပ်ပြယှဉ်ပြိုင်ခြင်းနှင့် ဆုရွေးချယ်ပေးအပ်ခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အခြားစီးပွားရေးလုပ်ငန်းများ စသဖြင့် ကြိုက်နှစ်သက်ရာကဏ္ဍအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး၊ ပြိုင်ပွဲဝင် Solutions များကို Windows၊ Linux၊ Android၊ iOS နှင့် အခြားသင့်လျော်သည့် OS များအသုံးပြုကာ အင်္ဂလိပ် ဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာဖြင့်ဖြစ်စေ ရေးသားနိုင်သည်။

Myanmar National Cloud & AI Contest နှင့် ပတ်သက်၍ ပိုမိုပြည့်စုံစွာ သိရှိလိုပါက Huawei Myanmar Facebookစာမျက်နှာ https://www.facebook.com/huaweitechmm/
၊ ပင်မစာမျက်နှာ https://intl.huawei cloud.com တို့တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး အီးမေးလ် [email protected] သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။