ဖိလစ္ပိုင္ဆီးဂိမ္းစာရင္းမွာမပါဝင္ေတာ့တဲ့ ျမန္မာကို အခ်ိန္မီျပန္လည္ပါဝင္ခြင့္ရရွိႏိုင္ရန္ ႀကိဳးပမ္းေန

0
14542

(Zawgyi Version)

Myanmar Esports Federation ျဖစ္ေျမာက္ေရး ေကာ္မတီဝင္မ်ားႏွင့္ ေတြ႔ဆံုေမးျမန္းျခင္း

ျပည္တြင္းမွာ မၾကာေသးခင္က Esports ၿပိဳင္ပြဲေတြေခတ္စားလာခဲ့ၿပီး မၾကာခင္ျပဳလုပ္မယ့္ ဖိလစ္ပိုင္ဆီးဂိမ္းမွာ Esports ေတြပါဝင္ခြင့္ရလာေတာ့မယ္လို႔ သိရခ်ိန္မွာလည္း ျမန္မာႏုိင္ငံက ပါဝင္ယွဥ္ၿပိဳင္ခြင့္ ရရွိမယ္လို႔ အားလံုးက ေမွ်ာ္လင့္ခဲ႔ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ မထင္မွတ္ပဲ အား/ကာ ဘက္ကေနၿပီး ျပည္တြင္းမွာ Esports ၿပိဳင္ပြဲအတြက္ အဆင္သင့္မျဖစ္ေသးဘူးလို႔ ဖိလစ္ပိုင္ဘက္ကို အေၾကာင္းျပန္ခဲ႔တယ္လို႔ သတင္းေတြထြက္ေပၚလာခဲ႔ပါတယ္။ ဒီလိုဘာေၾကာင့္ျဖစ္ရသလဲဆုိတဲ႔ ရင္းျမစ္ကို ေလ့လာၾကရင္း မႏၱေလးေအာင္ေျမသာဇံ လႊတ္ေတာ္အမတ္တစ္ဦးရဲ႕အကူအညီနဲ႔ အခုအခ်ိန္မွာေတာ့ Myanmar Esports Federation ျဖစ္ေျမာက္ေရး ေကာ္မတီရယ္လို႔ ျဖစ္တည္လာခဲ့ၿပီလို႔ သိရပါတယ္။ ဒီေကာ္မတီက ဘာေတြလုပ္ေဆာင္ေနတယ္၊ ဘာဆက္လုပ္သြားမယ္၊ ဖိလစ္ပိုင္ဆီးဂိမ္းမွာ ျမန္မာပါဝင္ခြင့္ ရႏိုင္မရႏုိင္ဆိုတဲ႔ အေၾကာင္းအရာေတြကို Myanmar Esports Federation ျဖစ္ေျမာက္ေရး ေကာ္မတီဝင္ေတြနဲ႔ ေတြ႔ဆံုေမးျမန္းျဖစ္ခဲ႔ပါတယ္။ ကဲ…..သူတို႔ဘာေတြဆက္လုပ္သြားမယ္ဆုိတာ ေလ့လာၾကည့္ရေအာင္ပါ…..

ကိုၾကည္သာေမာင္

(Myanmar Esports Federation ျဖစ္ေျမာက္ေရး ေကာ္မတီဝင္)

အခုဖိလစ္ပိုင္မွာလုပ္မယ့္ sea game မွာအစက ျမန္မာပါမယ္လုိ႔ သတင္းၾကားတယ္၊ အခုတစ္ခါက်ေတာ့ ဒီႏွစ္မျပိဳင္ျဖစ္ေတာ့ဘူးလုိ႔ သတင္းထြက္လာတယ္ဆုိေတာ့ အဲဒါနဲ႔ပတ္သက္ၿပီး လက္ရွိၾကားထားတာေလး ေျပာေပးပါဦး။

ကၽြန္ေတာ္သိထားသေလာက္ေျပာရမယ္ဆုိရင္ ဖိလစ္ပိုင္ 2019 ဆီးဂိမ္းအတြက္ Esports အမ်ိဳးအစားထည့္ၿပီး က်င္းပေပးဖို႔ Razer ကုမၸဏီကၾကိဳးစားခဲ႔တာမွာေအာင္ျမင္ခဲ႔တယ္။  ဖိလစ္ပိုင္မွာက Esports ထြန္းကားတယ္၊ တျခားႏုိင္ငံေတြမွာလည္း ျပိဳင္ပြဲေတြသတ္မွတ္ျပီး လုပ္ေပးေနတာဆုိေတာ့ ဆီးဂိမ္းမွာထည့္ျပီးဆုေပးဖို႔လုပ္တယ္၊ သူကေရႊတံဆိပ္ ၆ခုေပးမွာ၊ သူ႔ရဲ႔ ဆုပမာဏကမနည္းဘူးေလ။ ျမန္မာပါမယ္လို႔ပဲအားလံုးကထင္ထားၾကတယ္၊ ဒါေပမယ့္ တကယ္တမ္း Countdown Clock ထြက္လာေတာ့ ျမန္မာႏုိင္ငံကပါမလာဘူး၊ အဲဒီမွာ ကၽြန္ေတာ္တုိ႔လည္း နည္းနည္းလန္႔သြားတယ္၊ မႏၱေလးက လႊတ္ေတာ္အမတ္ ကိုညီမင္းဟန္က ကၽြန္ေတာ္တုိ႔နဲ႔ အရင္ကတည္းကခင္တယ္၊ သူက Esports ထဲကအလႊာစံုပါတဲ႔ သူေတြန႔ဲ အဖြဲ႔အစည္းဖြဲ႔ခ်င္တယ္ဆုိျပီး လုပ္လာတဲ႔အတြက္ ကၽြန္ေတာ္တုိ႔ကို ကမ္းလွမ္းတယ္၊သူနဲ႔အတူ မႏၱေလးနဲ႔ ရန္ကုန္က Esports ခ်စ္ျမတ္ႏိုးသူေတြ၊ အဖြဲ႕အစည္းေတြ၊ ဂိမ္းဆုိင္ပိုင္ရွင္ေတြ၊ တကယ့္ Gamer ေတြေပါင္းျပီး ရန္ကုန္မွာဒီဇင္ဘာ ၂၇ ၊ ၂၈ ရက္ေတြမွာ Esports အဖြဲ႕ခ်ဳပ္တစ္ခုေထာင္မယ္ဆုိျပီး အစည္းအေဝးလုပ္ခဲ႔ပါတယ္။

ၿပိဳင္ပြဲ ၆မ်ိဳးက ဘာေတြလဲ။

ကြန္ပ်ဴတာနဲ႔ေဆာ့ရတာက ၂ပြဲ၊ မိုဘုိင္းဖုန္းနဲ႔ ေဆာ့ရတာက ၂ပြဲ၊ ေနာက္ၿပီးေတာ့ Console ဂိမ္းစက္နဲ႔ေဆာ့ရတာက ၂ပြဲ၊ အားလံုးေပါင္း ၆ပြဲပါ။

ဒီၿပိဳင္ပြဲ ၆မ်ိဳးလံုးကို ျပည္တြင္းက ျပိဳင္ႏိုင္မယ္လုိ႔ေရာထင္လား။

မိုဘုိင္းဂိမ္းထဲမွာပါတဲ႔ Mobile Legend ၿပိဳင္ပြဲေတြမွာဆုိရင္ ျမန္မာကအေရွ႕ေတာင္အာရွအေနနဲ႔ ပထမမဟုတ္ရင္ေတာင္ ဒုတိယအဆင့္ေလာက္လုိက္တယ္လို႔ ေျပာလုိ႔ရတယ္။ ၿပီးေတာ့ ၿပီးခဲ့တဲ့ WESG ၿပိဳင္ပြဲမွာ ျမန္မာႏုိင္ငံကုိယ္စားျပဳDota 2 အသင္းကတတိယရခဲ့တယ္။ ျမန္မာၿပိဳင္ပြဲဝင္မယ္ဆုိရင္ ပထမမဟုတ္ေတာင္ ေငြနဲ႔ ေၾကးကေတာ့ က်ိန္းေသမွန္းလို႔ရတယ္။ ဒါေၾကာင့္ ဆီးဂိမ္းမွာ ျမန္မာမပါဘူးၾကားလိုက္ေတာ့ ပိုၿပီးလန္႔သြားတာပါ။

ဒါဆုိရင္ ႏုိင္ႏုိင္ေျခမရွိတဲ့ ဂိမ္းေတြမွာေရာျဖည့္ၿပီးသြားၿပိဳင္မွာေပါ့။

ဒါေပါ့၊ ၆ မ်ိဳးလံုးႏုိင္ဖုိ႔ကေတာ့ မလြယ္ဘူးေလ၊ ၄မ်ိဳးၿပိဳင္ႏိုင္တယ္၊ ဆုတစ္ခုခုရတယ္ဆိုရင္ မဆုိးဘူးေလ။

Myanmar Esports Federation ဖြဲ႔ဖို႔အတြက္ ျဖစ္ေျမာက္ေရးေကာ္မတီဖြဲ႔ထားတယ္လို႔ၾကားတယ္၊ အဲဒီမွာ ျပည္တြင္းမွာရွိၿပီးသားအဖြဲ႔ေတြနဲ႔ အဆင္မေျပတာမ်ိဳးရွိေသးလား။

အဲဒါကၾကေတာ့ ကၽြန္ေတာ္တုိ႔ အစည္းအေဝးဒုတိယေန႔မွာရန္ကုန္မွာရွိတဲ့ ၿပိဳင္ပြဲက်င္းပသူေတြ အကုန္နီးပါးတက္တယ္၊ ဒီအသင္းခ်ဳပ္ ရွိသင့္မရွိသင့္ဆုိတာကိုမဲခြဲေတာ့ ေထာက္ခံမဲ ၁၆မဲ၊ ကန္႔ကြက္မဲမရွိဘူးဆိုေတာ့ ဒါက conflict ရွိတယ္လို႔ မထင္ဘူး။ ၿပီးေတာ့ ကၽြန္ေတာ္တုိ႔လုပ္တာက ပုဂၢလိကအေနနဲ႔ လုပ္တာမဟုတ္ဘူး၊ တုိင္းေဒသႀကီးလႊတ္ေတာ္အမတ္ ေဒါက္တာညီမင္းဟန္ကေနျပီးေတာ့ ဒီလမ္းေၾကာင္းကိုစတာ၊ သူကအစိုးရပိုင္းနဲ႔ ပတ္သက္ၿပီးေသခ်ာသိလို႔ ျပည္တြင္းမွာ ဒီလုိအဖြဲ႔အစည္းမရွိဘူးဆိုတာ ေသခ်ာလို႔သာ Myanmar Esports Federation ဖြဲ႔ဖို႔လုပ္ေနတာလို႔ ျမင္ပါတယ္။ ရွိေနတယ္ဆုိတဲ႔ အဖြဲ႔အစည္းကလည္းလြန္ခဲ႔တဲ႔ ၁ႏွစ္ေက်ာ္ေလာက္ကလွည္းတန္းမွာHOG စင္တာဆုိျပီး ဂိမ္းဆုိင္အၾကီးၾကီးဖြင့္တယ္၊ သူတို႔ကဖြင့္ပြဲေန႔မွာ Myanmar e-Sport Federation ဆုိျပီးတံဆိပ္တင္တယ္။ အဲဒီတုန္းကလည္း ကၽြန္ေတာ္အံ႔ၾသတယ္၊ ကၽြန္ေတာ္ဆုိရင္ ဂိမ္းနဲ႔ပတ္သက္တဲ႔ပြဲေတြ ေတာ္ေတာ္မ်ားမ်ားပါဝင္ဖူးတယ္၊ ဂိမ္းနဲ႔ပတ္သက္တဲ႔ ကိစၥေတြလုပ္ဖူးတယ္၊ ဒါေပမယ့္ သူတို႔ကို ကၽြန္ေတာ္မသိဘူး၊ သူတို႔ကဘာ Activity မွ မလုပ္ဖူးပဲဆိုင္းဘုတ္တင္တာေလ။ ဒီလိုနာမည္ယူတယ္ဆုိရင္ သူတို႔ကဘယ္သူ႔ကို ကိုယ္စားျပဳတာလည္း တစ္ႏုိင္ငံလံုးကကိုယ္စားျပဳလူေတြပါလား၊ အကုန္လံုးအသိအမွတ္ျပဳလား ဆုိတာေတြလိုပါတယ္။ တစ္ႏုိင္ငံလံုးကိုယ္စားမျပဳရင္ေတာ့ Myanmar ဆိုတဲ႔နာမ္စားသံုးတာက သိပ္အဆင္မေျပဘူးေလ။ ဒီနာမည္တပ္တာကိုဘယ္သူခြင့္ျပဳလဲဆိုတာကိုလည္း ကၽြန္ေတာ္အခုအခ်ိန္အထိသိခ်င္ေသးတယ္။

အခုေရွ႕ဆက္ၿပီးလုပ္မယ့္အစီအစဥ္ေတြကေရာ ဘာေတြျဖစ္မလဲ၊ ဇန္နဝါရီလကုန္မွာ Proposal တင္ၿပီး အဖြဲ႔ခ်ဳပ္ တရားဝင္ျဖစ္လာဖို႔ေရာယံုၾကည္မႈရွိလား။

ဖစ္ေျမာက္ေရးေကာ္မတီမွာ အရင္တုန္းက အခ်င္းခ်င္း ၿပိဳင္ဆုိင္ခဲ့ၾကတဲ့သူေတြပါတယ္၊ ဒါေပမယ့္ အခုၾကေတာ့ အကုန္လံုးက ႏုိင္ငံအက်ိဳးအတြက္ဆုိတာနဲ႔ပဲ အကုန္အဆင္ေျပတယ္။ ဒီလူေတြစုေပါင္းအားနဲ႔ အား/ကာ ကို Proposal တင္ရမွာျဖစ္လို႔ ေရးေနတာေတာ္ေတာ္ ခရီးေရာက္ေနပါျပီ။ Proposal က ဇန္နဝါရီ ဒုတိယပတ္ေလာက္ တင္ႏုိင္မယ္လို႔မွန္းတယ္၊ သူတို႔ဘက္ကခြင့္ျပဳမယ္ဆုိရင္ ဇန္နဝါရီလကုန္အမီ ဖိလစ္ပိုင္ကေပးထားတဲ႔ Countdown အတုိင္းကိုယ္စားလွယ္တစ္ေယာက္ကိုလႊတ္ႏုိင္ဖို႔ ၾကိဳးစားမွာပါ။

ကိုယ္စားလွယ္အေနနဲ႔ ပါဝင္ႏိုင္ျပီဆုိရင္ေရာဘာဆက္လုပ္လုိ႔ရျပီလဲ။

လက္ေရြးစင္အသင္းေတြေရြးေပးရမွာေပါ့၊ အကုန္လံုးဝိုင္းဝန္းျပီး Training ေကာင္းေကာင္းေပးရမွာပါ။

ဘာမ်ားျဖည့္စြက္ေျပာခ်င္ပါေသးလဲ။

အခုဖိလစ္ပိုင္ဆီးဂိမ္းမွာလည္း ပထမဆံုး Esports ပါလာတယ္၊ ျမန္မာကလည္း ပထမဆံုး အေတြ႔အၾကံဳယူႏိုင္မယ္ဆုိရင္ေတာ့ ေဒသတြင္းမွာေရွ႔ေရာက္ေနမွာပါ။ ျမန္မာကစားသမားလြႊတ္ႏိုင္မယ္ ေရႊတံဆိပ္၊ ေငြတံဆိပ္ယူႏိုင္မယ္ဆုိရင္ေတာ့ ႏုိင္ငံေကာင္းက်ိဳးရတယ္လို႔ပဲ ျမင္ပါတယ္။

ေက်းဇူးတင္ပါတယ္။

 

ကိုေအာင္ရဲေမာ္

Myanmar Esports အဖြဲ႔ခ်ဳပ္ ျဖစ္ေျမာက္ေရးေကာ္မတီဝင္

နာမည္ေလးနဲ႔ လက္ရွိ လုပ္ငန္းတာဝန္ေလး မိတ္ဆက္ေပးပါဦး။

ကၽြန္ေတာ္က ကိုေအာင္ရဲေမာ္ပါ။ အြန္လိုင္းမွာေတာ့ Ko Boo ဆိုျပီး လူသိတယ္၊ ကၽြန္ေတာ္က Esports နယ္ပယ္မွာဆိုရင္ Dota အထူးျပဳနဲ႔ ေဆာင္းပါးေတြေရးတယ္။ အင္တာနက္ဂ်ာနယ္မွာလည္း ၂ႏွစ္ခြဲေလာက္ေဆာင္းပါးေတြ ပင္တုိင္ေရးခဲ့ပါတယ္။ ေနာက္ပိုင္း ကိုယ္ပိုင္ Page ေတြမွာ ဂိမ္းအေၾကာင္းနဲ႔ပတ္သက္ျပီး Knowledge Sharing လုပ္ရင္းနဲ႔ လူသိမ်ားပါတယ္။

အခုအသစ္ဖြဲ႔လိုက္တဲ့ Myanmar Esports အဖြဲ႔ခ်ဳပ္ ျဖစ္ေျမာက္ေရးေကာ္မတီဆုိတာနဲ႔ပတ္သက္ျပီး ေျပာျပေပးပါဦး။

အခုအသစ္ဖြဲ႔လိုက္တဲ႔ဟာက Myanmar Esports အဖြဲ႔ခ်ဳပ္ ျဖစ္ေျမာက္ေရးေကာ္မတီပါ။ ကၽြန္ေတာ္တုိ႔က ေလာေလာဆယ္မွာ ျဖစ္ေျမာက္ေရးေကာ္မတီျဖစ္လို႔ တကယ္တမ္းအဖြဲ႔ခ်ဳပ္ရယ္လို႔ ျဖစ္လာရင္ ဘာေတြလုုပ္မလဲ၊ အဖြဲ႔ခ်ဳပ္တစ္ခုအေနနဲ႔ အမ်ားအသိအမွတ္ျပဳဖို႔ဆုိရင္ Esports Community ထဲမွာ ရွိတဲ႔ အလႊာစံုကသူေတြ ကိုယ္စားျပဳတာမ်ိဳး ျဖစ္ရမယ္၊ ဒါမွလည္း အဖြဲ႔ခ်ဳပ္ဆုိျပီး နာမည္တပ္လို႔ရမယ္ေလ။ အဖြဲ႔ခ်ဳပ္ထဲမွာက သက္ဆုိင္ရာ အဖြဲ႔အစည္းေတြပါမယ္၊  Player ေတြပါမယ္၊ ကၽြန္ေတာ္တုိ႔လိုမ်ိဳး မီဒီယာဘက္ကိုသြားတဲ႔သူေတြပါမယ္။ ကၽြန္ေတာ္ကၾကေတာ့ ကိုယ္တုိင္နားလည္ၿပီး Content ေတြကို သတင္းအေနနဲ႔ျပန္ထုတ္ျပန္ေပးဖို႔၊ Community နဲ႔ ျပန္ျပီးခ်ိတ္ဆက္ေပးဖို႔တို႔ သြားေနပါတယ္။

ဖိလစ္ပိုင္ Sea game မွာ ျမန္မာဘက္က Esports ဝင္မျပိဳင္ျဖစ္ဘူးလို႔ သတင္းထြက္လာေသးတာဆုိေတာ့ အခုက ဘယ္လိုျဖစ္မွာပါလဲ။

အစကေတာ့ Sea game မွာ Esports ကို ျမန္မာႏိုင္ငံက ဝင္မၿပိဳင္ျဖစ္ေတာ့ဘူးလို႔ အသံထြက္လာေသးတာဟုတ္တယ္။ အဲဒါက ဟိုဘက္ကေန sea game မွာ Esports ပါမယ္ဆုိၿပီး အား/ကာကိုပို႔လိုက္တယ္။ အား/ကာကၾကေတာ့ ျပည္တြင္းမွာ esports အဖြဲ႕ခ်ဳပ္ရယ္လို႔ မရွိတဲ႔အတြက္ ဒီႏွစ္မျပိဳင္ပါဘူးဆိုျပီး ဟိုဘက္ကိုအေၾကာင္းျပန္လုိက္တယ္လို႔ၾကားပါတယ္။ အဓိက,ကေတာ့ အခု Sea Game အတြက္ ႏုိင္ငံစာရင္းေတြက ထြက္လာၿပီ။ အဲဒီထဲမွာ ျမန္မာႏုိင္ငံက ပါမလာဘူး။ Esports အဖြဲ႕ခ်ဳပ္ အေနနဲ႔ အတည္ျပဳၿပီး ၿပိဳင္ဖို႔လုပ္ေနပါတယ္ဆုိတာကို ဟိုဘက္အဖြဲ႔အစည္းက Information မရလိုက္တဲ႔အတြက္ ဟိုဘက္က ျမန္မာႏုိင္ငံကိုမထည့္လိုက္ဘူး။ အဲဒါေၾကာင့္မို႔လို႔ ကၽြန္ေတာ္တုိ႔ႏုိင္ငံအတြက္ နစ္နာမႈေတြ အမ်ားႀကီးရွိတယ္၊ ျမန္မာမွာ Esportsအဖြဲ႕ခ်ဳပ္အေနနဲ႔ ဘာလို႔မရွိရမွာလဲ၊ ဒါေၾကာင့္ အလႊာေပါင္းစံု၊ လူေပါင္းစံုပါဝင္တဲ႔ အဖြဲ႔အစည္းတည္ေထာင္မယ္ဆုိၿပီးလုပ္တယ္။ ျဖစ္ေျမာက္ေရးေကာ္မတီဖြဲ႔တယ္၊ ေကာ္မတီမွာ ကၽြန္ေတာ္တို႔လည္း ပါလာတာပါ။

အခုေလာေလာဆယ္ ျဖစ္ေျမာက္ေရးေကာ္မတီအေနနဲ႔ အစည္းအေဝး ၂ ရက္လုပ္ၿပီးၿပီလို႔ၾကားတယ္။ အဲဒီကေန ဘာေတြဆက္လုပ္သြားမယ္ဆုိတာ သိရၿပီလား။

ဦးဆံုးကေတာ့ အဖြဲ႔အစည္းျဖစ္ေျမာက္ေရးက အေရးႀကီးဆံုးပဲ။ ဒီေနာက္မွာမွ Development ပိုင္းေတြ လုပ္သြားဖို႔ရွိတယ္။ အဖြဲ႔အစည္းျဖစ္ေျမာက္ဖို႔ လက္ရွိဖြဲ႔ထားတဲ႔ ျဖစ္ေျမာက္ေရးေကာ္မတီမွာပါတဲ့သူေတြက ဖိလစ္ပိုင္ဘက္က တာဝန္ရွိတဲ႔သူေတြနဲ႔ အဆက္အသြယ္လုပ္ၾကည့္တယ္။ ဖိလစ္ပိုင္ဘက္က ဟုတ္ၿပီ။ ဒါဆုိရင္ ျမန္မာဘက္က အဖြဲ႔အစည္းတာဝန္ခံတစ္ေယာက္ကို သူတို႔ဆီကို ၂၀၁၉ ဇန္နဝါရီလကုန္အမီ လႊတ္ေပးႏိုင္တယ္၊  သူတို႔နဲ႔ အစည္းအေဝးထုိင္ေပးႏုိင္တယ္ဆုိရင္ ဝင္ျပိဳင္မယ့္ ႏုိင္ငံစာရင္းမွာ ျမန္မာကို ျပန္ထည့္ေပးမယ္လို႔ ေျပာတယ္၊ သူတို႔အသိအမွတ္ျပဳၿပီဆုိတာနဲ႔ ကၽြန္ေတာ္တုိ႔ ၂၀၁၉ ေမလအထိ အသင္းသားေရြးတာေတြ ျပင္ဆင္တာေတြလုပ္လို႔ရမယ္၊ ၿပီးတာနဲ႔ ႏိုဝင္ဘာ sea game မွာ ဝင္ၿပိဳင္လို႔ရမွာပါ။ ဒါေၾကာင့္လည္း အခ်ိန္မီ အစိုးရအသိအမွတ္ျပဳ အဖြဲ႕ခ်ဳပ္တစ္ခုအေနနဲ႔ ရပ္တည္ႏုိင္ေအာင္လုိ႔ အကုန္လံုးႀကိဳးစားၿပီး လုပ္ေနၾကတာပါ။

အစိုးရအဖြဲ႔ဘက္က လူၾကီးေတြနဲ႔ေရာ ခ်ိတ္ဆက္ၿပီးၿပီလား။

အစိုးရအဖြဲ႔လူႀကီးေတြနဲ႔ခ်ိတ္ဆက္ဖို႔ဆုိတာမွာက မႏၱေလးတုိင္း၊ ေအာင္ေျမသာဇံၿမိဳ႕နယ္ရဲ႕ တုိင္းေဒသႀကီး ကိုယ္စားလွယ္ လႊတ္ေတာ္အမတ္ ေဒါက္တာကိုညီမင္းဟန္က သူလူငယ္ဘဝက ကိုယ္တုိင္လည္း Esports မွာပါဝင္ခဲ႔တယ္၊ အခု sea game မွာ ျမန္မာအသင္းမပါဘူးဆုိတဲ႔သတင္းထြက္လာေတာ့ ဘာလို႔မပါရလဲဆုိၿပီး အားကစားဝန္ႀကီးဌာနဘက္က လူႀကီးေတြဆီ စံုစမ္းေပးတယ္၊ အဲဒီဘက္က ကိုညီမင္းဟန္ကို ျပည္တြင္းမွာ Myanmar Esports အဖြဲ႔ခ်ဳပ္ရယ္လို႔ တရားဝင္မရွိဘူးလို႔ ျပန္ေျပာတယ္။ ဒါနဲ႔ ကိုညီမင္းဟန္က ကၽြန္ေတာ္တုိ႔ ဒီလိုအဖြဲ႔အစည္းျဖစ္လာေအာင္လုပ္မယ္၊ ကူညီေပးပါလို႔ ေျပာခဲ႔တယ္။ သူတုိ႔ကလည္း ဒီ community တစ္ခုလံုးက လူေတြလက္ခံတဲ႔ အဖြဲ႔အစည္းတစ္ခုအေနနဲ႔ Proposal တင္ပါ လို႔ေျပာတယ္။ ၿပီးေတာ့ ကိုညီမင္းဟန္ရန္ကုန္ဆင္းလာတယ္၊ သူနဲ႔အတူ မႏၱေလးက Esports အဖြဲ႔အစည္းကသူေတြလည္း ပါလာတယ္။ ၿပီးေတာ့ ရန္ကုန္ဘက္က အခုကၽြန္ေတာ္တုိ႔နဲ႔ပူးေပါင္းၿပီး ဒီလို အဖြဲ႔အစည္းတစ္ခု တရားဝင္ရွိလာဖို႔ လုပ္ေဆာင္ေနတာပါ။

အစည္းအေဝးတက္တဲ႔သူေတြထဲမွာ ဘယ္သူေတြပါလဲ။

အစည္းအေဝးကို ပါဝင္တက္ေရာက္သူေတြထဲမွာ ဂိမ္းကစားတဲ႔သူေတြပါတယ္၊ Live လႊင့္ၿပီး ဂိမ္းေဆာ့တဲ႔သူ (Streamer) ေတြပါတယ္၊ Esports နဲ႔ ပတ္သက္ၿပီး မီဒီယာပိုင္းေတြပါပါတယ္။ အစည္းအေဝးပထမရက္မွာ Proposal အတြက္ ပလန္ေတြခ်တယ္။ ဒုတိယရက္မွာ အဲဒါကို ကန္႔ကြက္တဲ႔သူ ရွိမရွိ မဲထည့္ခုိင္းတယ္။ ၁၆ မဲမွာ ကန္႔ကြက္မဲမရွိဘဲ အဖြဲ႔အစည္းဖြဲ႔မယ္ဆုိၿပီးျဖစ္လာတယ္။

ဒီအဖြဲ႔အစည္းကိုေရာ တစ္ႏုိင္ငံလုံးအတုိင္းအတာနဲ႔ အသိအမွတ္ျပဳမယ္လုိ႔ ထင္မိလား။

အသိအမွတ္ျပဳမလားဆုိတာက ကၽြန္ေတာ္တုိ႔ရဲ႕ Proposal ကို လူၾကီးေတြဖတ္ၾကည့္လိုက္တဲ႔အခါ Esports ဆိုတာ တကမၻာလံုးမွာ ဘယ္လုိလည္ပတ္ေနၿပီ၊ ျပည္တြင္းမွာ ဘယ္လိုရွိသင့္တယ္၊ sea game မွာလည္း ေရႊ၊ေငြ၊ ေၾကးေတြ Esports ကေန တစ္ဖက္တလမ္းယူေပးႏိုင္မယ္ဆုိတာမ်ိဳးေတြ ျပသႏိုင္မယ္ဆုိရင္ အဖြဲ႔အစည္းကို လက္ခံမယ္လုိ႔ ယံုၾကည္ပါတယ္။

ေမာင္ေလးတုိ႔က အဖဲြ႔ဖြဲ႔ဖို႔လုပ္ေနတယ္၊ ဒါေပမယ့္ ျပည္တြင္းမွာက Myanmar e-Sport Federation ဆိုျပီး သပ္သပ္ရွိထားၿပီးၿပီဆုိတာကေရာ။

အဲဒါက ျပည္တြင္းမွာ အဲဒီလုိေခါင္းစဥ္တပ္ထားတဲ႔ ဂိမ္းဆုိင္အႀကီးႀကီးရွိေနတယ္၊ သူကေခါင္းစဥ္တပ္ထားေပမယ့္ တကယ္ကဂိမ္းဆုိင္ပါပဲ။ အဖြဲ႔ခ်ဳပ္ဆုိတာက ဘာကိုကိုယ္စားျပဳလဲ ကၽြန္ေတာ္တုိ႔မသိႏုိင္ဘူး။ တကယ္တမ္း Federation တစ္ခုဆုိရင္ လူစံု၊ အလႊာစံုပါရမယ္၊ ၿပီးေတာ့ ပြင့္လင္းျမင္သာမႈရွိရမယ္ေလ။ ေနာက္ၿပီး Federation တစ္ခုအေနနဲ႔ ျပည္တြင္း Esports တုိးတက္ဖို႔ ဘာမွမလုပ္ေပးထားပဲ ဆိုင္းဘုတ္တစ္ခုအေနနဲ႔ပဲ ရွိေနတာမ်ိဳးက ဘာမွထပ္ၿပီးျဖစ္မလာႏိုင္ဘူးေလ။ ကၽြန္ေတာ္တုိ႔အစည္းေဝးလုပ္တဲ႔ ဒုတိယရက္မွာလည္း အဲဒီဂိမ္းဆုိင္ကသူေတြကိုယ္တုိင္တက္တယ္၊ ကၽြန္ေတာ္တုိ႔ Federation အေနနဲ႔ ဖြဲ႔စည္းထားတာမွန္တယ္၊ ဒါေပမယ့္ သူတို႔ဘာမွ မလုပ္ျဖစ္ေသးဘူးလုိ႔လည္း ဝန္ခံသြားပါတယ္။ တကယ္ေတာ့ Federation ဆိုတာက ဒီ community ၾကီးတစ္ခုလံုးတိုးတက္ဖို႔ လုပ္ေဆာင္ေပးသင့္တာပါ။ သူတို႔က ေခါင္းစဥ္တပ္ျပီးတာမွန္ေပမယ့္ ဒီ Community ကို အက်ိဳးျပဳတာမရွိလုိ႔ ကၽြန္ေတာ္တုိ႔အခုလို စုေပါင္းျပီး လုပ္ဖို႔ ျဖစ္လာတာပါ။

ဘာမ်ားျဖည့္စြက္ေျပာခ်င္ပါေသးလဲ။

ကၽြန္ေတာ္တုိ႔ကေတာ့ အလႊာစံုအသိအမွတ္ျပဳတဲ႔ အဖြဲ႔အစည္းျဖစ္ေအာင္ ႀကိဳးစားေနတယ္၊ ကၽြန္ေတာ္တုိ႔ႀကိဳးစားမႈကလည္း ျမန္မာႏုိင္ငံရဲ႕ Esports က႑ တုိးတက္ဖို႔ပါပဲ။

ေက်းဇူးတင္ပါတယ္။

ရဲလင္းလင္းသန္း

=====

(Unicode Version)

ဖိလစ်ပိုင်ဆီးဂိမ်းစာရင်းမှာမပါဝင်တော့တဲ့ မြန်မာကို အချိန်မီပြန်လည်ပါဝင်ခွင့်ရရှိနိုင်ရန် ကြိုးပမ်းနေ

Myanmar Esports Federation ဖြစ်မြောက်ရေး ကော်မတီဝင်များနှင့် တွေ့ဆုံမေးမြန်းခြင်း

ပြည်တွင်းမှာ မကြာသေးခင်က Esports ပြိုင်ပွဲတွေခေတ်စားလာခဲ့ပြီး မကြာခင်ပြုလုပ်မယ့် ဖိလစ်ပိုင်ဆီးဂိမ်းမှာ Esports တွေပါဝင်ခွင့်ရလာတော့မယ်လို့ သိရချိန်မှာလည်း မြန်မာနိုင်ငံက ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမယ်လို့ အားလုံးက မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် မထင်မှတ်ပဲ အား/ကာ ဘက်ကနေပြီး ပြည်တွင်းမှာ Esports ပြိုင်ပွဲအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ဖိလစ်ပိုင်ဘက်ကို အကြောင်းပြန်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒီလိုဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ ရင်းမြစ်ကို လေ့လာကြရင်း မန္တလေးအောင်မြေသာဇံ လွှတ်တော်အမတ်တစ်ဦးရဲ့အကူအညီနဲ့ အခုအချိန်မှာတော့ Myanmar Esports Federation ဖြစ်မြောက်ရေး ကော်မတီရယ်လို့ ဖြစ်တည်လာခဲ့ပြီလို့ သိရပါတယ်။ ဒီကော်မတီက ဘာတွေလုပ်ဆောင်နေတယ်၊ ဘာဆက်လုပ်သွားမယ်၊ ဖိလစ်ပိုင်ဆီးဂိမ်းမှာ မြန်မာပါဝင်ခွင့် ရနိုင်မရနိုင်ဆိုတဲ့ အကြောင်းအရာတွေကို Myanmar Esports Federation ဖြစ်မြောက်ရေး ကော်မတီဝင်တွေနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ ကဲသူတို့ဘာတွေဆက်လုပ်သွားမယ်ဆိုတာ လေ့လာကြည့်ရအောင်ပါ။

ကိုကြည်သာမောင်
(Myanmar Esports Federation ဖြစ်မြောက်ရေး ကော်မတီဝင်)

အခုဖိလစ်ပိုင်မှာလုပ်မယ့် sea game မှာအစက မြန်မာပါမယ်လို့ သတင်းကြားတယ်၊ အခုတစ်ခါကျတော့ ဒီနှစ်မပြိုင်ဖြစ်တော့ဘူးလို့ သတင်းထွက်လာတယ်ဆိုတော့ အဲဒါနဲ့ပတ်သက်ပြီး လက်ရှိကြားထားတာလေး ပြောပေးပါဦး။

ကျွန်တော်သိထားသလောက်ပြောရမယ်ဆိုရင် ဖိလစ်ပိုင် 2019 ဆီးဂိမ်းအတွက် Esports အမျိုးအစားထည့်ပြီး ကျင်းပပေးဖို့ Razer ကုမ္ပဏီကကြိုးစားခဲ့တာမှာအောင်မြင်ခဲ့တယ်။  ဖိလစ်ပိုင်မှာက Esports ထွန်းကားတယ်၊ တခြားနိုင်ငံတွေမှာလည်း ပြိုင်ပွဲတွေသတ်မှတ်ပြီး လုပ်ပေးနေတာဆိုတော့ ဆီးဂိမ်းမှာထည့်ပြီးဆုပေးဖို့လုပ်တယ်၊ သူကရွှေတံဆိပ် ၆ခုပေးမှာ၊ သူ့ရဲ့ ဆုပမာဏကမနည်းဘူးလေ။ မြန်မာပါမယ်လို့ပဲအားလုံးကထင်ထားကြတယ်၊ ဒါပေမယ့် တကယ်တမ်း Countdown Clock ထွက်လာတော့ မြန်မာနိုင်ငံကပါမလာဘူး၊ အဲဒီမှာ ကျွန်တော်တို့လည်း နည်းနည်းလန့်သွားတယ်၊ မန္တလေးက လွှတ်တော်အမတ် ကိုညီမင်းဟန်က ကျွန်တော်တို့နဲ့ အရင်ကတည်းကခင်တယ်၊ သူက Esports ထဲကအလွှာစုံပါတဲ့ သူတွေနဲ့ အဖွဲ့အစည်းဖွဲ့ချင်တယ်ဆိုပြီး လုပ်လာတဲ့အတွက် ကျွန်တော်တို့ကို ကမ်းလှမ်းတယ်၊သူနဲ့အတူ မန္တလေးနဲ့ ရန်ကုန်က Esports ချစ်မြတ်နိုးသူတွေ၊ အဖွဲ့အစည်းတွေ၊ ဂိမ်းဆိုင်ပိုင်ရှင်တွေ၊ တကယ့် Gamer တွေပေါင်းပြီး ရန်ကုန်မှာဒီဇင်ဘာ ၂၇ ၊ ၂၈ ရက်တွေမှာ Esports အဖွဲ့ချုပ်တစ်ခုထောင်မယ်ဆိုပြီး အစည်းအဝေးလုပ်ခဲ့ပါတယ်။

ပြိုင်ပွဲ ၆မျိုးက ဘာတွေလဲ။

ကွန်ပျူတာနဲ့ဆော့ရတာက ၂ပွဲ၊ မိုဘိုင်းဖုန်းနဲ့ ဆော့ရတာက ၂ပွဲ၊ နောက်ပြီးတော့ Console ဂိမ်းစက်နဲ့ဆော့ရတာက ၂ပွဲ၊ အားလုံးပေါင်း ၆ပွဲပါ။

ဒီပြိုင်ပွဲ ၆မျိုးလုံးကို ပြည်တွင်းက ပြိုင်နိုင်မယ်လို့ရောထင်လား။

မိုဘိုင်းဂိမ်းထဲမှာပါတဲ့ Mobile Legend ပြိုင်ပွဲတွေမှာဆိုရင် မြန်မာကအရှေ့တောင်အာရှအနေနဲ့ ပထမမဟုတ်ရင်တောင် ဒုတိယအဆင့်လောက်လိုက်တယ်လို့ ပြောလို့ရတယ်။ ပြီးတော့ ပြီးခဲ့တဲ့ WESG ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုDota 2 အသင်းကတတိယရခဲ့တယ်။ မြန်မာပြိုင်ပွဲဝင်မယ်ဆိုရင် ပထမမဟုတ်တောင် ငွေနဲ့ ကြေးကတော့ ကျိန်းသေမှန်းလို့ရတယ်။ ဒါကြောင့် ဆီးဂိမ်းမှာ မြန်မာမပါဘူးကြားလိုက်တော့ ပိုပြီးလန့်သွားတာပါ။

ဒါဆိုရင် နိုင်နိုင်ခြေမရှိတဲ့ ဂိမ်းတွေမှာရောဖြည့်ပြီးသွားပြိုင်မှာပေါ့။

ဒါပေါ့၊ ၆ မျိုးလုံးနိုင်ဖို့ကတော့ မလွယ်ဘူးလေ၊ ၄မျိုးပြိုင်နိုင်တယ်၊ ဆုတစ်ခုခုရတယ်ဆိုရင် မဆိုးဘူးလေ။

Myanmar Esports Federation ဖွဲ့ဖို့အတွက် ဖြစ်မြောက်ရေးကော်မတီဖွဲ့ထားတယ်လို့ကြားတယ်၊ အဲဒီမှာ ပြည်တွင်းမှာရှိပြီးသားအဖွဲ့တွေနဲ့ အဆင်မပြေတာမျိုးရှိသေးလား။

အဲဒါကကြတော့ ကျွန်တော်တို့ အစည်းအဝေးဒုတိယနေ့မှာရန်ကုန်မှာရှိတဲ့ ပြိုင်ပွဲကျင်းပသူတွေ အကုန်နီးပါးတက်တယ်၊ ဒီအသင်းချုပ် ရှိသင့်မရှိသင့်ဆိုတာကိုမဲခွဲတော့ ထောက်ခံမဲ ၁၆မဲ၊ ကန့်ကွက်မဲမရှိဘူးဆိုတော့ ဒါက conflict ရှိတယ်လို့ မထင်ဘူး။ ပြီးတော့ ကျွန်တော်တို့လုပ်တာက ပုဂ္ဂလိကအနေနဲ့ လုပ်တာမဟုတ်ဘူး၊ တိုင်းဒေသကြီးလွှတ်တော်အမတ် ဒေါက်တာညီမင်းဟန်ကနေပြီးတော့ ဒီလမ်းကြောင်းကိုစတာ၊ သူကအစိုးရပိုင်းနဲ့ ပတ်သက်ပြီးသေချာသိလို့ ပြည်တွင်းမှာ ဒီလိုအဖွဲ့အစည်းမရှိဘူးဆိုတာ သေချာလို့သာ Myanmar Esports Federation ဖွဲ့ဖို့လုပ်နေတာလို့ မြင်ပါတယ်။ ရှိနေတယ်ဆိုတဲ့ အဖွဲ့အစည်းကလည်းလွန်ခဲ့တဲ့ ၁နှစ်ကျော်လောက်ကလှည်းတန်းမှာHOG စင်တာဆိုပြီး ဂိမ်းဆိုင်အကြီးကြီးဖွင့်တယ်၊ သူတို့ကဖွင့်ပွဲနေ့မှာ Myanmar e-Sport Federation ဆိုပြီးတံဆိပ်တင်တယ်။ အဲဒီတုန်းကလည်း ကျွန်တော်အံ့သြတယ်၊ ကျွန်တော်ဆိုရင် ဂိမ်းနဲ့ပတ်သက်တဲ့ပွဲတွေ တော်တော်များများပါဝင်ဖူးတယ်၊ ဂိမ်းနဲ့ပတ်သက်တဲ့ ကိစ္စတွေလုပ်ဖူးတယ်၊ ဒါပေမယ့် သူတို့ကို ကျွန်တော်မသိဘူး၊ သူတို့ကဘာ Activity မှ မလုပ်ဖူးပဲဆိုင်းဘုတ်တင်တာလေ။ ဒီလိုနာမည်ယူတယ်ဆိုရင် သူတို့ကဘယ်သူ့ကို ကိုယ်စားပြုတာလည်း တစ်နိုင်ငံလုံးကကိုယ်စားပြုလူတွေပါလား၊ အကုန်လုံးအသိအမှတ်ပြုလား ဆိုတာတွေလိုပါတယ်။ တစ်နိုင်ငံလုံးကိုယ်စားမပြုရင်တော့ Myanmar ဆိုတဲ့နာမ်စားသုံးတာက သိပ်အဆင်မပြေဘူးလေ။ ဒီနာမည်တပ်တာကိုဘယ်သူခွင့်ပြုလဲဆိုတာကိုလည်း ကျွန်တော်အခုအချိန်အထိသိချင်သေးတယ်။

အခုရှေ့ဆက်ပြီးလုပ်မယ့်အစီအစဉ်တွေကရော ဘာတွေဖြစ်မလဲ၊ ဇန်နဝါရီလကုန်မှာ Proposal တင်ပြီး အဖွဲ့ချုပ် တရားဝင်ဖြစ်လာဖို့ရောယုံကြည်မှုရှိလား။

ဖစ်မြောက်ရေးကော်မတီမှာ အရင်တုန်းက အချင်းချင်း ပြိုင်ဆိုင်ခဲ့ကြတဲ့သူတွေပါတယ်၊ ဒါပေမယ့် အခုကြတော့ အကုန်လုံးက နိုင်ငံအကျိုးအတွက်ဆိုတာနဲ့ပဲ အကုန်အဆင်ပြေတယ်။ ဒီလူတွေစုပေါင်းအားနဲ့ အား/ကာ ကို Proposal တင်ရမှာဖြစ်လို့ ရေးနေတာတော်တော် ခရီးရောက်နေပါပြီ။ Proposal က ဇန်နဝါရီ ဒုတိယပတ်လောက် တင်နိုင်မယ်လို့မှန်းတယ်၊ သူတို့ဘက်ကခွင့်ပြုမယ်ဆိုရင် ဇန်နဝါရီလကုန်အမီ ဖိလစ်ပိုင်ကပေးထားတဲ့ Countdown အတိုင်းကိုယ်စားလှယ်တစ်ယောက်ကိုလွှတ်နိုင်ဖို့ ကြိုးစားမှာပါ။

ကိုယ်စားလှယ်အနေနဲ့ ပါဝင်နိုင်ပြီဆိုရင်ရောဘာဆက်လုပ်လို့ရပြီလဲ။

လက်ရွေးစင်အသင်းတွေရွေးပေးရမှာပေါ့၊ အကုန်လုံးဝိုင်းဝန်းပြီး Training ကောင်းကောင်းပေးရမှာပါ။

ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။

အခုဖိလစ်ပိုင်ဆီးဂိမ်းမှာလည်း ပထမဆုံး Esports ပါလာတယ်၊ မြန်မာကလည်း ပထမဆုံး အတွေ့အကြုံယူနိုင်မယ်ဆိုရင်တော့ ဒေသတွင်းမှာရှေ့ရောက်နေမှာပါ။ မြန်မာကစားသမားလွှတ်နိုင်မယ် ရွှေတံဆိပ်၊ ငွေတံဆိပ်ယူနိုင်မယ်ဆိုရင်တော့ နိုင်ငံကောင်းကျိုးရတယ်လို့ပဲ မြင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

ကိုအောင်ရဲမော်
Myanmar Esports အဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီဝင်

နာမည်လေးနဲ့ လက်ရှိ လုပ်ငန်းတာဝန်လေး မိတ်ဆက်ပေးပါဦး။

ကျွန်တော်က ကိုအောင်ရဲမော်ပါ။ အွန်လိုင်းမှာတော့ Ko Boo ဆိုပြီး လူသိတယ်၊ ကျွန်တော်က Esports နယ်ပယ်မှာဆိုရင် Dota အထူးပြုနဲ့ ဆောင်းပါးတွေရေးတယ်။ အင်တာနက်ဂျာနယ်မှာလည်း ၂နှစ်ခွဲလောက်ဆောင်းပါးတွေ ပင်တိုင်ရေးခဲ့ပါတယ်။ နောက်ပိုင်း ကိုယ်ပိုင် Page တွေမှာ ဂိမ်းအကြောင်းနဲ့ပတ်သက်ပြီး Knowledge Sharing လုပ်ရင်းနဲ့ လူသိများပါတယ်။

အခုအသစ်ဖွဲ့လိုက်တဲ့ Myanmar Esports အဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီဆိုတာနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

အခုအသစ်ဖွဲ့လိုက်တဲ့ဟာက Myanmar Esports အဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီပါ။ ကျွန်တော်တို့က လောလောဆယ်မှာ ဖြစ်မြောက်ရေးကော်မတီဖြစ်လို့ တကယ်တမ်းအဖွဲ့ချုပ်ရယ်လို့ ဖြစ်လာရင် ဘာတွေလုပ်မလဲ၊ အဖွဲ့ချုပ်တစ်ခုအနေနဲ့ အများအသိအမှတ်ပြုဖို့ဆိုရင် Esports Community ထဲမှာ ရှိတဲ့ အလွှာစုံကသူတွေ ကိုယ်စားပြုတာမျိုး ဖြစ်ရမယ်၊ ဒါမှလည်း အဖွဲ့ချုပ်ဆိုပြီး နာမည်တပ်လို့ရမယ်လေ။ အဖွဲ့ချုပ်ထဲမှာက သက်ဆိုင်ရာ အဖွဲ့အစည်းတွေပါမယ်၊  Player တွေပါမယ်၊ ကျွန်တော်တို့လိုမျိုး မီဒီယာဘက်ကိုသွားတဲ့သူတွေပါမယ်။ ကျွန်တော်ကကြတော့ ကိုယ်တိုင်နားလည်ပြီး Content တွေကို သတင်းအနေနဲ့ပြန်ထုတ်ပြန်ပေးဖို့၊ Community နဲ့ ပြန်ပြီးချိတ်ဆက်ပေးဖို့တို့ သွားနေပါတယ်။

ဖိလစ်ပိုင် Sea game မှာ မြန်မာဘက်က Esports ဝင်မပြိုင်ဖြစ်ဘူးလို့ သတင်းထွက်လာသေးတာဆိုတော့ အခုက ဘယ်လိုဖြစ်မှာပါလဲ။

အစကတော့ Sea game မှာ Esports ကို မြန်မာနိုင်ငံက ဝင်မပြိုင်ဖြစ်တော့ဘူးလို့ အသံထွက်လာသေးတာဟုတ်တယ်။ အဲဒါက ဟိုဘက်ကနေ sea game မှာ Esports ပါမယ်ဆိုပြီး အား/ကာကိုပို့လိုက်တယ်။ အား/ကာကကြတော့ ပြည်တွင်းမှာ esports အဖွဲ့ချုပ်ရယ်လို့ မရှိတဲ့အတွက် ဒီနှစ်မပြိုင်ပါဘူးဆိုပြီး ဟိုဘက်ကိုအကြောင်းပြန်လိုက်တယ်လို့ကြားပါတယ်။ အဓိက,ကတော့ အခု Sea Game အတွက် နိုင်ငံစာရင်းတွေက ထွက်လာပြီ။ အဲဒီထဲမှာ မြန်မာနိုင်ငံက ပါမလာဘူး။ Esports အဖွဲ့ချုပ် အနေနဲ့ အတည်ပြုပြီး ပြိုင်ဖို့လုပ်နေပါတယ်ဆိုတာကို ဟိုဘက်အဖွဲ့အစည်းက Information မရလိုက်တဲ့အတွက် ဟိုဘက်က မြန်မာနိုင်ငံကိုမထည့်လိုက်ဘူး။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့နိုင်ငံအတွက် နစ်နာမှုတွေ အများကြီးရှိတယ်၊ မြန်မာမှာ Esportsအဖွဲ့ချုပ်အနေနဲ့ ဘာလို့မရှိရမှာလဲ၊ ဒါကြောင့် အလွှာပေါင်းစုံ၊ လူပေါင်းစုံပါဝင်တဲ့ အဖွဲ့အစည်းတည်ထောင်မယ်ဆိုပြီးလုပ်တယ်။ ဖြစ်မြောက်ရေးကော်မတီဖွဲ့တယ်၊ ကော်မတီမှာ ကျွန်တော်တို့လည်း ပါလာတာပါ။

အခုလောလောဆယ် ဖြစ်မြောက်ရေးကော်မတီအနေနဲ့ အစည်းအဝေး ၂ ရက်လုပ်ပြီးပြီလို့ကြားတယ်။ အဲဒီကနေ ဘာတွေဆက်လုပ်သွားမယ်ဆိုတာ သိရပြီလား။

ဦးဆုံးကတော့ အဖွဲ့အစည်းဖြစ်မြောက်ရေးက အရေးကြီးဆုံးပဲ။ ဒီနောက်မှာမှ Development ပိုင်းတွေ လုပ်သွားဖို့ရှိတယ်။ အဖွဲ့အစည်းဖြစ်မြောက်ဖို့ လက်ရှိဖွဲ့ထားတဲ့ ဖြစ်မြောက်ရေးကော်မတီမှာပါတဲ့သူတွေက ဖိလစ်ပိုင်ဘက်က တာဝန်ရှိတဲ့သူတွေနဲ့ အဆက်အသွယ်လုပ်ကြည့်တယ်။ ဖိလစ်ပိုင်ဘက်က ဟုတ်ပြီ။ ဒါဆိုရင် မြန်မာဘက်က အဖွဲ့အစည်းတာဝန်ခံတစ်ယောက်ကို သူတို့ဆီကို ၂၀၁၉ ဇန်နဝါရီလကုန်အမီ လွှတ်ပေးနိုင်တယ်၊  သူတို့နဲ့ အစည်းအဝေးထိုင်ပေးနိုင်တယ်ဆိုရင် ဝင်ပြိုင်မယ့် နိုင်ငံစာရင်းမှာ မြန်မာကို ပြန်ထည့်ပေးမယ်လို့ ပြောတယ်၊ သူတို့အသိအမှတ်ပြုပြီဆိုတာနဲ့ ကျွန်တော်တို့ ၂၀၁၉ မေလအထိ အသင်းသားရွေးတာတွေ ပြင်ဆင်တာတွေလုပ်လို့ရမယ်၊ ပြီးတာနဲ့ နိုဝင်ဘာ sea game မှာ ဝင်ပြိုင်လို့ရမှာပါ။ ဒါကြောင့်လည်း အချိန်မီ အစိုးရအသိအမှတ်ပြု အဖွဲ့ချုပ်တစ်ခုအနေနဲ့ ရပ်တည်နိုင်အောင်လို့ အကုန်လုံးကြိုးစားပြီး လုပ်နေကြတာပါ။

အစိုးရအဖွဲ့ဘက်က လူကြီးတွေနဲ့ရော ချိတ်ဆက်ပြီးပြီလား။

အစိုးရအဖွဲ့လူကြီးတွေနဲ့ချိတ်ဆက်ဖို့ဆိုတာမှာက မန္တလေးတိုင်း၊ အောင်မြေသာဇံမြို့နယ်ရဲ့ တိုင်းဒေသကြီး ကိုယ်စားလှယ် လွှတ်တော်အမတ် ဒေါက်တာကိုညီမင်းဟန်က သူလူငယ်ဘဝက ကိုယ်တိုင်လည်း Esports မှာပါဝင်ခဲ့တယ်၊ အခု sea game မှာ မြန်မာအသင်းမပါဘူးဆိုတဲ့သတင်းထွက်လာတော့ ဘာလို့မပါရလဲဆိုပြီး အားကစားဝန်ကြီးဌာနဘက်က လူကြီးတွေဆီ စုံစမ်းပေးတယ်၊ အဲဒီဘက်က ကိုညီမင်းဟန်ကို ပြည်တွင်းမှာ Myanmar Esports အဖွဲ့ချုပ်ရယ်လို့ တရားဝင်မရှိဘူးလို့ ပြန်ပြောတယ်။ ဒါနဲ့ ကိုညီမင်းဟန်က ကျွန်တော်တို့ ဒီလိုအဖွဲ့အစည်းဖြစ်လာအောင်လုပ်မယ်၊ ကူညီပေးပါလို့ ပြောခဲ့တယ်။ သူတို့ကလည်း ဒီ community တစ်ခုလုံးက လူတွေလက်ခံတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ Proposal တင်ပါ လို့ပြောတယ်။ ပြီးတော့ ကိုညီမင်းဟန်ရန်ကုန်ဆင်းလာတယ်၊ သူနဲ့အတူ မန္တလေးက Esports အဖွဲ့အစည်းကသူတွေလည်း ပါလာတယ်။ ပြီးတော့ ရန်ကုန်ဘက်က အခုကျွန်တော်တို့နဲ့ပူးပေါင်းပြီး ဒီလို အဖွဲ့အစည်းတစ်ခု တရားဝင်ရှိလာဖို့ လုပ်ဆောင်နေတာပါ။

အစည်းအဝေးတက်တဲ့သူတွေထဲမှာ ဘယ်သူတွေပါလဲ။

အစည်းအဝေးကို ပါဝင်တက်ရောက်သူတွေထဲမှာ ဂိမ်းကစားတဲ့သူတွေပါတယ်၊ Live လွှင့်ပြီး ဂိမ်းဆော့တဲ့သူ (Streamer) တွေပါတယ်၊ Esports နဲ့ ပတ်သက်ပြီး မီဒီယာပိုင်းတွေပါပါတယ်။ အစည်းအဝေးပထမရက်မှာ Proposal အတွက် ပလန်တွေချတယ်။ ဒုတိယရက်မှာ အဲဒါကို ကန့်ကွက်တဲ့သူ ရှိမရှိ မဲထည့်ခိုင်းတယ်။ ၁၆ မဲမှာ ကန့်ကွက်မဲမရှိဘဲ အဖွဲ့အစည်းဖွဲ့မယ်ဆိုပြီးဖြစ်လာတယ်။

ဒီအဖွဲ့အစည်းကိုရော တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသိအမှတ်ပြုမယ်လို့ ထင်မိလား။

အသိအမှတ်ပြုမလားဆိုတာက ကျွန်တော်တို့ရဲ့ Proposal ကို လူကြီးတွေဖတ်ကြည့်လိုက်တဲ့အခါ Esports ဆိုတာ တကမ္ဘာလုံးမှာ ဘယ်လိုလည်ပတ်နေပြီ၊ ပြည်တွင်းမှာ ဘယ်လိုရှိသင့်တယ်၊ sea game မှာလည်း ရွှေ၊ငွေ၊ ကြေးတွေ Esports ကနေ တစ်ဖက်တလမ်းယူပေးနိုင်မယ်ဆိုတာမျိုးတွေ ပြသနိုင်မယ်ဆိုရင် အဖွဲ့အစည်းကို လက်ခံမယ်လို့ ယုံကြည်ပါတယ်။

မောင်လေးတို့က အဖွဲ့ဖွဲ့ဖို့လုပ်နေတယ်၊ ဒါပေမယ့် ပြည်တွင်းမှာက Myanmar e-Sport Federation ဆိုပြီး သပ်သပ်ရှိထားပြီးပြီဆိုတာကရော။

အဲဒါက ပြည်တွင်းမှာ အဲဒီလိုခေါင်းစဉ်တပ်ထားတဲ့ ဂိမ်းဆိုင်အကြီးကြီးရှိနေတယ်၊ သူကခေါင်းစဉ်တပ်ထားပေမယ့် တကယ်ကဂိမ်းဆိုင်ပါပဲ။ အဖွဲ့ချုပ်ဆိုတာက ဘာကိုကိုယ်စားပြုလဲ ကျွန်တော်တို့မသိနိုင်ဘူး။ တကယ်တမ်း Federation တစ်ခုဆိုရင် လူစုံ၊ အလွှာစုံပါရမယ်၊ ပြီးတော့ ပွင့်လင်းမြင်သာမှုရှိရမယ်လေ။ နောက်ပြီး Federation တစ်ခုအနေနဲ့ ပြည်တွင်း Esports တိုးတက်ဖို့ ဘာမှမလုပ်ပေးထားပဲ ဆိုင်းဘုတ်တစ်ခုအနေနဲ့ပဲ ရှိနေတာမျိုးက ဘာမှထပ်ပြီးဖြစ်မလာနိုင်ဘူးလေ။ ကျွန်တော်တို့အစည်းဝေးလုပ်တဲ့ ဒုတိယရက်မှာလည်း အဲဒီဂိမ်းဆိုင်ကသူတွေကိုယ်တိုင်တက်တယ်၊ ကျွန်တော်တို့ Federation အနေနဲ့ ဖွဲ့စည်းထားတာမှန်တယ်၊ ဒါပေမယ့် သူတို့ဘာမှ မလုပ်ဖြစ်သေးဘူးလို့လည်း ဝန်ခံသွားပါတယ်။ တကယ်တော့ Federation ဆိုတာက ဒီ community ကြီးတစ်ခုလုံးတိုးတက်ဖို့ လုပ်ဆောင်ပေးသင့်တာပါ။ သူတို့က ခေါင်းစဉ်တပ်ပြီးတာမှန်ပေမယ့် ဒီ Community ကို အကျိုးပြုတာမရှိလို့ ကျွန်တော်တို့အခုလို စုပေါင်းပြီး လုပ်ဖို့ ဖြစ်လာတာပါ။

ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။

ကျွန်တော်တို့ကတော့ အလွှာစုံအသိအမှတ်ပြုတဲ့ အဖွဲ့အစည်းဖြစ်အောင် ကြိုးစားနေတယ်၊ ကျွန်တော်တို့ကြိုးစားမှုကလည်း မြန်မာနိုင်ငံရဲ့ Esports ကဏ္ဍ တိုးတက်ဖို့ပါပဲ။

ကျေးဇူးတင်ပါတယ်။

ရဲလင်းလင်းသန်း

LEAVE A REPLY

Please enter your comment!
Please enter your name here