0
174
(Unicode Version)
ရုရှားမှာမိတ်ဆက်လိုက်တဲ့ ဒေါ်လာ 130 တန် Honor 8S
ရုရှားမှာမိတ်ဆက်လိုက်တဲ့ Honor 8S ဟာတန်ဖိုးအားဖြင့်သက်သာတယ်လို့ဆိုနိုင်ပါတယ်။ ဖုန်းဟာ ပိုလီကာဗွန်နိတ်ကိုယ်ထည်နဲ့ဖြစ်ပြီး၊ 146g ပဲလေးပါတယ်။ မျက်နှာပြင်ကတော့ 5.71 inch အကျယ်အဝန်းရှိမှာဖြစ်ပြီး၊ drop notch နဲ့ Eye Protection Mode ပါရှိပါတယ်။
MediaTek Helio A22 processor ထည့်သွင်းပေးထားပြီး၊ RAM ကတော့ 2GB ပါဝင်ပါတယ်။ ROM မှာ 32GB ဖြစ်ပါတယ်။ အနောက်ဘက်ကင်မရာဟာ 13MP,f/1.8 စွမ်းရည်ရှိပြီး၊ အရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည်ဖြစ်ပါတယ်။
3020mAh ဘက်ထရီကိုအားသွင်းရမှာဖြစ်ကာ၊ Android 9 Pie ကိုသုံးစွဲရပါမယ်။ မျက်နှာသိမှတ်မှုစနစ်ကို ဖုန်းလုံခြုံရေးအတွက်သုံးနိုင်ပါမယ်။ ရွှေ၊အနက်နဲ့အပြာဆိုပြီး အရောင်သုံးမျိုးရှိပါမယ်။ Dual SIM (nano + nano + microSD) ထည့်သွင်းသုံးနိုင်ပါမယ်။