လာမယ့္ႏွစ္မွာ ကမၻာ့အျပင္ဘက္ ထြက္လည္ႏိုင္ေတာ့မွာလား

0
242

ကိုယ့္ႏိုင္ငံအတြင္းမွာေတာင္ေနရာအစုံေရာက္ေအာင္လည္ပတ္ဖုိ႔အခက္အခဲရိွသူေတြအမ်ားႀကီးပါ။ႏိုင္ငံျခားခရီးထြက္ဖို႔ကလည္းလူတိုင္းအတြက္အဆင္မေျပႏိုင္ပါဘူး။ဒီလုိကမၻာေပၚမွာရိွတဲ့ေနရာေဒသအမ်ားႀကီးကိုသြားေရာက္လည္ပတ္ဖုိ႔ အခက္အခဲရိွေနၾကေပမယ့္ အခ်ဳိ႕ခ်မ္းသာသူေတြကေတာ့ အာကာသထဲကိုလည္ပတ္ဖုိ႔ႀကံေဆာင္ေနၾကပါတယ္။ အာကာသကိုသြားေရာက္လည္ပတ္ႏိုင္ဖို႔ နည္းပညာဆုိင္ရာကုမၸဏီႀကီးေတြ၊ေလယာဥ္ပ်ံ တည္ေဆာက္ေရး လုပ္ငန္းေတြဟာလြန္ခဲ့တဲ့ ေလး၊ငါးႏွစ္၀န္းက်င္ကတည္းကအေကာင္အထည္ေဖာ္ေနၾကတာျဖစ္ပါတယ္။အခုအခါမွာေတာ့ Elon Musk ရဲ႕အာကာသအလည္အပတ္သြားခရီးစဥ္ထက္ Virgin Galactic ကုမၸဏီရဲ႕ ကမၻာ့အျပင္ဘက္ အလည္ခရီးကပိုၿပီးရုပ္လုံးေပၚလာတဲ့အေျခအေနရိွလာပါၿပီ။

ဘာေၾကာင့္လဲဆုိရင္ Virgin Galactic ကုမၸဏီရဲ႕ယာဥ္ပ်ံဟာၿပီးခဲ့တဲ့တစ္ပတ္က အာကာသထဲကိုပ်ံသန္းႏိုင္ခဲ့ ၿပီးေျမျပင္ေပၚကို အႏၱရာယ္ကင္းကင္းျပန္လည္ဆင္းသက္ႏိုင္ခဲ့လုိ႔ျဖစ္ပါတယ္။ ထုိကုမၸဏီရဲ႕ SpaceShipTwo ယာဥ္ပံ်ဒီဇုိင္းဟာ အာကာသထဲကိုပစ္လႊတ္တဲ့ဒုံးပ်ံပုံစံမ်ဳိးမဟုတ္ဘဲ ေလယာဥ္ငယ္တစ္စင္းပုံစံမ်ဳိးျဖစ္ပါတယ္။ စတင္ပံ်တက္တဲ့အခ်ိန္မွာေတာ့ အျခားယာဥ္ပ်ံတစ္ခုရဲ႕ကိုယ္ထည္နဲ႔ယွဥ္တြဲလိုက္ပါရတာျဖစ္ပါတယ္။ ကိုယ္ထည္ႏွစ္ခုတြဲထားတဲ့ယာဥ္ပ်ံႀကီးရဲ႕အလယ္ေကာင္ေနရာမွာ SpaceShipTwo ကလုိက္ပါရတာျဖစ္ၿပီး သတ္မွတ္အကြာအေ၀းေရာက္မွ SpaceShipTwo ကို ကိုယ္ထည္ႏွစ္ခုတြဲယာဥ္ပံ်ႀကီးကေနခြဲထုတ္လိုက္ တာျဖစ္ပါတယ္။

SpaceShipTwo ယာဥ္ပံ်ေလာင္စာအားေကာင္းေကာင္းနဲ႔ အာကာသထဲသို႔၀င္ေရာက္တဲ့အေျခအေနကို  ေျမျပင္မွာရိွတဲ့ပရိသတ္ေတြအေနနဲ႔ စကၠန္႔60စာေလာက္ျမင္ေတြ႕ရပါတယ္။ SpaceShipTwo ရဲ႕ပ်ံသန္းေနမႈျမင္ကြင္းကိုၾကည့္ၿပီး Virgin Group ကိုတည္ေထာင္သူ Richard Branson ၊ယာဥ္ပ်ံေမာင္းသူေတြ ရဲ႕မိသားစု၀င္မ်ားႏွင့္အျခားပရိသတ္မ်ားဟာ ၀မ္းသာအားရနဲ႔လက္ခုပ္တီးအားေပးခဲ့ၾက ပါတယ္။ SpaceShipTwo ဟာအာကာသထဲမွာလွည့္လည္ၿပီးေျမျပင္ကိုျပန္လည္ဆင္းသက္လာခဲ့တဲ့အခါမွာလည္း ေလယာဥ္ပံ်မ်ား ကဲ့သုိ႔ပင္ေလယာဥ္ေျပးလမ္းေပၚဆင္းသက္ခဲ့တာျဖစ္ပါတယ္။ ယာဥ္ပံ်ေျပးလမ္းေပၚရပ္နားသြားတဲ့အခါမွာေတာ့ ေရွ႕ကေနကားတစ္စီးကယာဥ္ပ်ံနဲ႔ခ်ိတ္ဆက္ကာ ဆြဲယူေပးခဲ့ပါတယ္။

အာကာသထဲကိုဘာေၾကာင့္ခရီးသြားဖို႔လုပ္ေဆာင္ရသလဲဆုိတာနဲ႔ပတ္သက္လုိ႔ေတာ့ Virgin Group ရဲ႕တည္ေထာင္သူ Richard Branson က “21ရာစုရဲ႕အာကာသခရီးနယ္ပယ္နဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္တို႔ဟာေရွ႕ေျပးျဖစ္ေနဖုိ႔လိုပါတယ္။ ဒါမွသာလူေတြအတြက္ အာကာသနယ္ပယ္နဲ႔ပတ္သက္ၿပီး တံခါးဖြင့္ေပးသလုိျဖစ္ပါမယ္။ကမၻာႀကီးကိုေကာင္း တဲ့ေျပာင္းလဲမႈေတြလုပ္ေပးႏိုင္ပါလိမ့္မယ္”လုိ႔သူကေျပာပါ တယ္။အသံထက္3ဆျမန္တဲ့အာကာသခရီးသြား ယာဥ္ပ်ံကိုစီးခ်င္တဲ့သူေတြအမ်ားအျပားရိွမယ္လို႔ေတာ့ Virgin Galactic ကုမၸဏီမွာအလုပ္လုပ္ေနသူေတြကထင္ျမင္ ယူဆထားပါတယ္။

ေန႔စဥ္စီးနင္းသြားလာေနရတဲ့ ယာဥ္မ်ဳိးစုံကိုၿငီးေငြ႕ေနသူေတြအတြက္ အလြန္ျမန္ဆန္တဲ့အာကာသယာဥ္မ်ား ကိုစီးနင္းခ်င္စိတ္ျဖစ္ေပၚႏိုင္သလုိ၊ ကမၻာအျပင္ဘက္ကေန ကမၻာကိုျပန္ၾကည့္ရမယ့္ အရသာကို ခံစားခ်င္သူမ်ားလည္း ရိွႏိုင္ပါတယ္။ အသစ္အဆန္းကိုေမွ်ာ္လင့္တတ္တဲ့လူသားမ်ားအတြက္ အာကာသ နဲ႔ဆိုင္တဲ့ ခရီးသြားအစီအစဥ္မ်ား ဟာ၀င္ေငြရွာေဖြႏိုင္မယ့္အေနအထားရိွပါတယ္။ဒါေၾကာင့္လည္း နာမည္ေက်ာ္ကုမၸဏီမ်ားက ထိုလုပ္ငန္းမ်ားကို အၿပိဳင္အဆိုင္အေကာင္အထည္ေဖာ္ေနၾကတာျဖစ္ပါတယ္။ ထိုအာကာသလည္ပတ္ေရးခရီးမ်ားဟာအျခားခရီးမ်ားထက္ ေဘးအႏၱရာယ္ပိုမ်ားတဲ့အေနအထားလည္းရိွပါ တယ္။စြန္႔စားတာကိုႀကိဳက္သူမ်ားအတြက္အာကာသအျပင္သြားဖုိ႔ဟာ လာမယ့္ႏွစ္မွာပိုမိုနီးစပ္လာေနၿပီလားဆုိတာကေတာ့ေစာင့္ၾကည့္ၾကရပါဦးမယ္။

(Unicode Version)

လာမယ့်နှစ်မှာ ကမ္ဘာ့အပြင်ဘက်ထွက်လည်နိုင်တော့မှာလား

ကိုယ့်နိုင်ငံအတွင်းမှာတောင်နေရာအစုံရောက်အောင်လည်ပတ်ဖို့အခက်အခဲရှိသူတွေအများကြီးပါ။နိုင်ငံခြားခရီးထွက်ဖို့ကလည်းလူတိုင်းအတွက်အဆင်မပြေနိုင်ပါဘူး။ဒီလိုကမ္ဘာပေါ်မှာရှိတဲ့နေရာဒေသအများကြီးကိုသွားရောက်လည်ပတ်ဖို့ အခက်အခဲရှိနေကြပေမယ့် အချို့ချမ်းသာသူတွေကတော့ အာကာသထဲကိုလည်ပတ်ဖို့ကြံဆောင်နေကြပါတယ်။ အာကာသကိုသွားရောက်လည်ပတ်နိုင်ဖို့ နည်းပညာဆိုင်ရာကုမ္ပဏီကြီးတွေ၊လေယာဉ်ပျံ တည်ဆောက်ရေး လုပ်ငန်းတွေဟာလွန်ခဲ့တဲ့ လေး၊ငါးနှစ်ဝန်းကျင်ကတည်းကအကောင်အထည်ဖော်နေကြတာဖြစ်ပါတယ်။အခုအခါမှာတော့ Elon Musk ရဲ့အာကာသအလည်အပတ်သွားခရီးစဉ်ထက် Virgin Galactic ကုမ္ပဏီရဲ့ ကမ္ဘာ့အပြင်ဘက် အလည်ခရီးကပိုပြီးရုပ်လုံးပေါ်လာတဲ့အခြေအနေရှိလာပါပြီ။

ဘာကြောင့်လဲဆိုရင် Virgin Galactic ကုမ္ပဏီရဲ့ယာဉ်ပျံဟာပြီးခဲ့တဲ့တစ်ပတ်က အာကာသထဲကိုပျံသန်းနိုင်ခဲ့ ပြီးမြေပြင်ပေါ်ကို အန္တရာယ်ကင်းကင်းပြန်လည်ဆင်းသက်နိုင်ခဲ့လို့ဖြစ်ပါတယ်။ ထိုကုမ္ပဏီရဲ့ SpaceShipTwo ယာဉ်ပံျဒီဇိုင်းဟာ အာကာသထဲကိုပစ်လွှတ်တဲ့ဒုံးပျံပုံစံမျိုးမဟုတ်ဘဲ လေယာဉ်ငယ်တစ်စင်းပုံစံမျိုးဖြစ်ပါတယ်။ စတင်ပံျတက်တဲ့အချိန်မှာတော့ အခြားယာဉ်ပျံတစ်ခုရဲ့ကိုယ်ထည်နဲ့ယှဉ်တွဲလိုက်ပါရတာဖြစ်ပါတယ်။ ကိုယ်ထည်နှစ်ခုတွဲထားတဲ့ယာဉ်ပျံကြီးရဲ့အလယ်ကောင်နေရာမှာ SpaceShipTwo ကလိုက်ပါရတာဖြစ်ပြီး သတ်မှတ်အကွာအဝေးရောက်မှ SpaceShipTwo ကို ကိုယ်ထည်နှစ်ခုတွဲယာဉ်ပံျကြီးကနေခွဲထုတ်လိုက် တာဖြစ်ပါတယ်။

SpaceShipTwo ယာဉ်ပံျလောင်စာအားကောင်းကောင်းနဲ့ အာကာသထဲသို့ဝင်ရောက်တဲ့အခြေအနေကို မြေပြင်မှာရှိတဲ့ပရိသတ်တွေအနေနဲ့ စက္ကန့်60စာလောက်မြင်တွေ့ရပါတယ်။ SpaceShipTwo ရဲ့ပျံသန်းနေမှုမြင်ကွင်းကိုကြည့်ပြီး Virgin Group ကိုတည်ထောင်သူ Richard Branson ၊ယာဉ်ပျံမောင်းသူတွေ ရဲ့မိသားစုဝင်များနှင့်အခြားပရိသတ်များဟာ ဝမ်းသာအားရနဲ့လက်ခုပ်တီးအားပေးခဲ့ကြ ပါတယ်။ SpaceShipTwo ဟာအာကာသထဲမှာလှည့်လည်ပြီးမြေပြင်ကိုပြန်လည်ဆင်းသက်လာခဲ့တဲ့အခါမှာလည်း လေယာဉ်ပံျများ ကဲ့သို့ပင်လေယာဉ်ပြေးလမ်းပေါ်ဆင်းသက်ခဲ့တာဖြစ်ပါတယ်။ ယာဉ်ပံျပြေးလမ်းပေါ်ရပ်နားသွားတဲ့အခါမှာတော့ ရှေ့ကနေကားတစ်စီးကယာဉ်ပျံနဲ့ချိတ်ဆက်ကာ ဆွဲယူပေးခဲ့ပါတယ်။

အာကာသထဲကိုဘာကြောင့်ခရီးသွားဖို့လုပ်ဆောင်ရသလဲဆိုတာနဲ့ပတ်သက်လို့တော့ Virgin Group ရဲ့တည်ထောင်သူ Richard Branson က “21ရာစုရဲ့အာကာသခရီးနယ်ပယ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာရှေ့ပြေးဖြစ်နေဖို့လိုပါတယ်။ ဒါမှသာလူတွေအတွက် အာကာသနယ်ပယ်နဲ့ပတ်သက်ပြီး တံခါးဖွင့်ပေးသလိုဖြစ်ပါမယ်။ကမ္ဘာကြီးကိုကောင်း တဲ့ပြောင်းလဲမှုတွေလုပ်ပေးနိုင်ပါလိမ့်မယ်”လို့သူကပြောပါ တယ်။အသံထက်3ဆမြန်တဲ့အာကာသခရီးသွား ယာဉ်ပျံကိုစီးချင်တဲ့သူတွေအများအပြားရှိမယ်လို့တော့ Virgin Galactic ကုမ္ပဏီမှာအလုပ်လုပ်နေသူတွေကထင်မြင် ယူဆထားပါတယ်။

နေ့စဉ်စီးနင်းသွားလာနေရတဲ့ ယာဉ်မျိုးစုံကိုငြီးငွေ့နေသူတွေအတွက် အလွန်မြန်ဆန်တဲ့အာကာသယာဉ်များ ကိုစီးနင်းချင်စိတ်ဖြစ်ပေါ်နိုင်သလို၊ ကမ္ဘာအပြင်ဘက်ကနေ ကမ္ဘာကိုပြန်ကြည့်ရမယ့် အရသာကို ခံစားချင်သူများလည်း ရှိနိုင်ပါတယ်။ အသစ်အဆန်းကိုမျှော်လင့်တတ်တဲ့လူသားများအတွက် အာကာသ နဲ့ဆိုင်တဲ့ ခရီးသွားအစီအစဉ်များ ဟာဝင်ငွေရှာဖွေနိုင်မယ့်အနေအထားရှိပါတယ်။ဒါကြောင့်လည်း နာမည်ကျော်ကုမ္ပဏီများက ထိုလုပ်ငန်းများကို အပြိုင်အဆိုင်အကောင်အထည်ဖော်နေကြတာဖြစ်ပါတယ်။ ထိုအာကာသလည်ပတ်ရေးခရီးများဟာအခြားခရီးများထက် ဘေးအန္တရာယ်ပိုများတဲ့အနေအထားလည်းရှိပါ တယ်။စွန့်စားတာကိုကြိုက်သူများအတွက်အာကာသအပြင်သွားဖို့ဟာ လာမယ့်နှစ်မှာပိုမိုနီးစပ်လာနေပြီလားဆိုတာကတော့စောင့်ကြည့်ကြရပါဦးမယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here