အမျိုးသမီးတွေ အသက် ၉၀ အထိ အသက်ရှည်နေနိုင်ဖို့ သတိပြုရမယ့်အချက်

0
620

ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ပါး ဖြစ်ပါတယ်။ ကျန်းမာရေးဟာ ဘ၀ရဲ့ အရေးအပါဆုံးအစိတ်အပိုင်းဖြစ်ပြီး လူတစ်ယောက်ဟာ ကျန်းမာမှသာလျှင် စိတ်သွားတိုင်းကိုယ်ပါ လုပ်ချင်တာတွေကို လုပ်လို့ရမှာဖြစ်သလို ကိုယ်ချစ်တဲ့သူတွေနဲ့ ဘ၀တစ်ခုကို တည်ဆောက်နိုင်မှာပါ။

ဒါကြောင့်လည်း ယနေ့အခါမှာ လူငယ်တွေ၊ လူလတ်ပိုင်းတွေရော သက်ကြီးပိုင်းတွေပါ ကျန်းမာရေးကို အထူးဂရုပြုပြီး နေထိုင်စားသောက်မှုတွေ၊ ကိုယ်လက်လှုပ်ရှားမှုတွေပြုလုပ်လာခဲ့ကြပါတယ်။ တန်ဆေး၊လွန်ဘေးဆိုတဲ့ စကားအတိုင်း ဘယ်အရာမှာမဆို အကန့်အသတ်တွေရှိပါတယ်။ လူတစ်ယောက်ရဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်ဟာ 100 ရာခိုင်နှုန်းရှိတယ်ဆိုပါစို့၊ အဲဒါကို လောဘကြီးပြီး 150 ရာခိုင်နှုန်းပြင်းပြင်းထန်ထန်လုပ်ခဲ့မယ်ဆိုရင် အဲဒီရဲ့ အကျိုးဆက်ကို ခံစားရပါလိမ့်မယ်။

ကျန်းမာရေးလိုက်စားနဲ့ပတ်သက်ပြီး မကြာသေးမီကမှ သိပ္ပံပညာရှင်တွေဟာ ရှာဖွေတွေ့ရှိမှုတစ်ခုကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒါကတော့ အမျိုးသမီးတွေဟာ တစ်နေ့ကို ကိုယ်လက်လှုပ်ရှားမှု တစ်နာရီထက်ပိုမလုပ်သင့်ဘူးဆိုတာပါပဲ။ Epidemiology & Community Health ဂျာနယ်မှာ ပင်တိုင်ဆောင်းပါးရေးနေတဲ့ သိပ္ပံပညာရှင်တွေဟာ အသက် 22 နှစ်ကနေ အသက် 60 ၀န်းကျင် အမျိုးသား၊ အမျိုးသမီးပေါင်း 8000 ကျော်ကို စစ်တမ်းပြုလုပ်ခဲ့ပြီး ရှာဖွေတွေ့ရှိခဲ့တာပါ။

အဲဒီစစ်တမ်းအရ အမျိုးသမီးတွေအနေနဲ့ လူ့ဘ၀သက်တမ်း 90 အထိ အသက်ရှည်ချင်ရင် တစ်နေ့ တစ်နာရီထက် ပိုပြီး ကိုယ်လက်လှုပ်ရှားမှုမပြုလုပ်ရဘူးလို့ ဆိုပါတယ်။ဒါပေမယ့် အမျိုးသားတွေကတော့ ကိုယ်လက်လှုပ်ရှားမှုများများလုပ်လေ အသက်ရှည်လေပါပဲ။

အမျိုးသမီးတွေ ကိုယ်လက်လှုပ်ရှားမှုဆိုတာ Gym ကစားတာတစ်မျိုးတည်းကို ဆိုလိုတာတော့ မဟုတ်ပါဘူး။ ကိုယ့်နေအိမ်ခြံရှင်းတာ၊ ခွေးကျောင်းတာ၊ အလုပ်ကို စက်ဘီစီးသွားတာနဲ့ အခြားအားကစားအသင်းတွေမှာ ကစားတာတွေလည်လည်းပါဝင်ပါတယ်။

အမျိုးသား၊ အမျိုးသမီး 8000 ကျော်ကို စစ်တမ်းကောက်ယူမှုအရ တစ်နေ့ကို နာရီဝက်ကနေ မိနစ် 60 အတွင်း လေ့ကျင့်ပြုလုပ်တဲ့ အမျိုသမီးတွေဟာ အသက် 90 အထိနေရဖို့ 21 ရာခိုင်နှုန်း အခွင့်အရေးပိုများပါတယ်။ တစ်နေ့ကို မိနစ်60ကြာ လေ့ကျင့်ခန်းပြုလုပ်တဲ့အမျိုးသားတွေကတော့ အသက် 90 အထိ နေရာဖို့ ပုံမှန်ထက် 34 ရာခိုင်နှုန်းပိုလာတယ်လို့ဆိုပါတယ်။ မိနစ် 60 ထက်ပိုပြီး ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တဲ့ အမျိုးသားတွေကတော့ အသက် 90 အထိနေရဖို့ ရာခိုင်နှုန်း 39 ရာခိုင်နှုန်းအထိ ရှိလာတာကိုတွေ့ရတယ်။

“ကိုယ်လက်လှုပ်ရှားမှုဟာ ဖို၊မ နှစ်မျိုးစလုံးရဲ့ အသက်ရှည်ကျန်းမာမှုနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်။ အမျိုးသားတွေဟာ ကိုယ်လက်လှုပ်ရှားမှု များများလုပ်လေ အသက်ရှည်ဖို့ အခွင့်အရေးများလေပါပဲ။ ဒါပေမယ့် အမျိုးသမီးတွေကတော့ တစ်နေ့ကို မိနစ် 60 ထက်ပိုပြီး လေ့ကျင့်ခန်းမလုပ်သင့်ပါဘူး” လို့ စစ်တမ်းကောက်ယူသူ သိပ္ပံပညာရှင်တစ်ဦးက ဆိုပါတယ်။

ကိုယ်လက်လှုပ်ရှားမှုဟာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကြား ဘာကြောင့် မတူကွဲပြားပြီး သက်ရောက်မှုရှိနေတယ်ဆိုတာကိုတော့ အဖြေမရှာနိုင်ခဲ့ကြပါဘူး။ သိပ္ပံပညာရှင်အချို့ရဲ့ အဆိုအရတော့ ခန္ဓာကိုယ်ပိန်ပြီး အရပ်ရှည်တဲ့အမျိုးသမီးတွေဟာ အသက် 90 အထိနေရဖို့ အခွင့်အရေးပိုများတယ်လို့ဆိုပါတယ်။ အတိအကျပြောရရင် အရပ် 5 ပေ၊ 9 လက်အထက် ရှည်တဲ့အမျိုးသမီးတွေဟာ အရပ် 5 ပေ 3 လက်မအောက် ပုတဲ့ အမျိုးသမီးတွေထက် အသက်ပိုရှည်ကြပါတယ်။ ဒါပေမယ့် အမျိုးသားတွေမှာတော့ အရပ်အမောင်နဲ့ ခန္ဓာကိုယ်အရွယ်အစားက အသက်ရှည်ကျန်းမာခြင်းနဲ့ မသက်ဆိုင်ပြန်ပါဘူး။

===============

Unicode Version

အမျိုးသမီးတွေ အသက် 90 အထိ အသက်ရှည်နေနိုင်ဖို့ သတိပြုရမယ့်အချက်

================

LEAVE A REPLY

Please enter your comment!
Please enter your name here