အာဆင္နယ္ရဲ႕ လူငယ္ၾကယ္ပြင့္ ကစားသမားေတြဟာ စိန္ေခၚမႈေတြကို ရင္ဆိုင္ဖို႔ အသင့္ျဖစ္ေနေၾကာင္း ဘူကာယိုဆာကာ ေျပာၾကား

0
89

Photo Credit-getty

လူငယ္ေတြဟာ လူႀကီးေတြရဲ႕ေနရာကို တစ္ခ်ိန္မဟုတ္တစ္ခ်ိန္မွာေတာ့ အစားထိုးေနရာယူၾကမွာျဖစ္ပါတယ္။ ေခတ္ေတြေျပာင္းလဲလာတာနဲ႔အမွ် လူငယ္ေတြဟာ ပိုၿပီးရဲရင့္လာၾကကာ၊ စိန္ေခၚမႈေတြကိုလည္း ပိုမိုရင္ဆိုင္ လာႏိုင္ၾကပါတယ္။ အခုလည္း ေဘာလုံးေလာကမွာ လူငယ္ကစားသမားအေတာ္မ်ားမ်ား ေနရာရလာၾကပါ တယ္။ အာဆင္နယ္အကယ္ဒမီရဲ႕ ၾကယ္ပြင့္ကစားသမားတစ္ဦးျဖစ္သူ ဘူကာယိုဆာကာ ကေတာ့ သူအပါအ၀င္ လူငယ္ကစားသမားေတြဟာ ရာသီသစ္ပြဲေတြအတြက္ စိန္ေခၚမႈေတြကို ရင္ဆုိင္ဖို႔အသင့္ျဖစ္ ေနေၾကာင္း ေျပာဆိုလာပါတယ္။

Photo Credit-Getty

အသက္ 17 ႏွစ္အရြယ္ အဂၤလန္သားေလး ဆာကာဟာ ဒီႏွစ္ရာသီႀကိဳေျခစမ္းပြဲေတြမွာ အာဆင္နယ္အသင္း အတြက္ သြင္းဂိုးေတြ ရယူေပးထားႏိုင္ပါတယ္။ အေမရိကန္ကိုသြားေရာက္ခဲ့တဲ့ ေျခစမ္းခရီးစဥ္မွာ အာဆင္နယ္ရဲ႕လူငယ္ေျခတက္ အမ်ားအျပားပါ၀င္သြားခဲ့ပါတယ္။ အသက္ 19 ႏွစ္အရြယ္ ၀ီေလာ့၊ နစ္ဆင္ နဲ႔ အသက္ 18 ႏွစ္အရြယ္ စမတ္စတဲ့ လူငယ္ကစားသမားေလးေတြ လုိက္ပါသြားခဲ့ၾကၿပီး သူတို႔ဟာ နည္းျပ အူႏိုင္းေက်နပ္ေစတဲ့ အေနအထားေရာက္ေအာင္ ကစားႏိုင္ခဲ့ၾကပါတယ္။

“အာဆင္နယ္အကယ္ဒမီကိုေရာက္ေနၾကတဲ့ လူငယ္ကစားသမားေတြဟာ တကယ္ကိုေတာ္ၾကပါတယ္။ ကၽြန္ေတာ္တို႔ေတြဟာ အာဆင္နယ္အသင္းအတြက္ ေအာင္ျမင္မႈေတြကို ရယူေပးၾကမယ့္ မ်ဳိးဆက္သစ္လူငယ္ ေလးေတြပါ”လို႔ ဆာကာ ကေျပာပါတယ္။

Photo Credit-Internet

“သူေဌးက တကယ္ေတာ္ပါတယ္။ အစစအရာရာပံ့ပိုးကူညီေပးပါတယ္။ ကၽြန္ေတာ္တို႔ကို အေကာင္းဆုံးျဖစ္ ေအာင္ထိန္းေက်ာင္းေပးပါတယ္။ ေန႔တုိင္းမွာလည္း ကၽြန္ေတာ္တို႔အတြက္ အေထာက္အကူရမယ့္ သင္ခန္းစာေတြ သင္ၾကားေပးပါတယ္။ဒါေၾကာင့္ ကၽြန္ေတာ္တို႔ဘက္ကလည္း ဘာေတြအေကာင္းဆုံးလုပ္ႏိုင္တယ္ဆုိတာကို သူေဌးကိုျပန္ျပသေပးမွာပါ။ ကၽြန္ေတာ္တို႔အတြက္ အခြင့္အေရးေတြရလာတာနဲ႔ အေကာင္းဆုံးေတြ ျပန္ေပးႏိုင္ေအာင္ ႀကိဳးစားမွာပါ”လို႔ ဆာကာက ဆိုပါေသးတယ္။

Photo Credit-the sun

“ကၽြန္ေတာ္တို႔အတြက္ ဖိအားကေတာ့ အနည္းနဲ႔အမ်ားရိွပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္အာဆင္နယ္မွာ ရိွေနရတာ ေပ်ာ္ပါတယ္”လို႔ ဆာကာကေျပာပါတယ္။ အျခားၿပိဳင္ဘက္အသင္းေတြမွာလည္း တကယ္ေတာ္တဲ့ ၊ထက္တဲ့လူငယ္ကစားသမားေတြရိွတာေၾကာင့္ ဘယ္အသင္းရဲ႕လူငယ္ကစားသမားေတြက ေနာက္တစ္ခ်ိန္ ရဲ႕ေဘာလုံးေလာကကိုႀကီးစုိးႏုိင္မလဲဆုိတာကေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

Photo Credit-Metro

(Unicode Version)

အာဆင်နယ်ရဲ့ လူငယ်ကြယ်ပွင့်ကစားသမားတွေဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေကြောင်း ဘူကာယိုဆာကာ ပြောကြား

လူငယ်တွေဟာ လူကြီးတွေရဲ့နေရာကို တစ်ချိန်မဟုတ်တစ်ချိန်မှာတော့ အစားထိုးနေရာယူကြမှာဖြစ်ပါတယ်။ ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ လူငယ်တွေဟာ ပိုပြီးရဲရင့်လာကြကာ၊ စိန်ခေါ်မှုတွေကိုလည်း ပိုမိုရင်ဆိုင် လာနိုင်ကြပါတယ်။ အခုလည်း ဘောလုံးလောကမှာ လူငယ်ကစားသမားအတော်များများ နေရာရလာကြပါ တယ်။ အာဆင်နယ်အကယ်ဒမီရဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်သူ ဘူကာယိုဆာကာ ကတော့ သူအပါအဝင် လူငယ်ကစားသမားတွေဟာ ရာသီသစ်ပွဲတွေအတွက် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အသင့်ဖြစ် နေကြောင်း ပြောဆိုလာပါတယ်။

အသက် 17 နှစ်အရွယ် အင်္ဂလန်သားလေး ဆာကာဟာ ဒီနှစ်ရာသီကြိုခြေစမ်းပွဲတွေမှာ အာဆင်နယ်အသင်း အတွက် သွင်းဂိုးတွေ ရယူပေးထားနိုင်ပါတယ်။ အမေရိကန်ကိုသွားရောက်ခဲ့တဲ့ ခြေစမ်းခရီးစဉ်မှာ အာဆင်နယ်ရဲ့လူငယ်ခြေတက် အများအပြားပါဝင်သွားခဲ့ပါတယ်။ အသက် 19 နှစ်အရွယ် ဝီလော့၊ နစ်ဆင် နဲ့ အသက် 18 နှစ်အရွယ် စမတ်စတဲ့ လူငယ်ကစားသမားလေးတွေ လိုက်ပါသွားခဲ့ကြပြီး သူတို့ဟာ နည်းပြ အူနိုင်းကျေနပ်စေတဲ့ အနေအထားရောက်အောင် ကစားနိုင်ခဲ့ကြပါတယ်။

“အာဆင်နယ်အကယ်ဒမီကိုရောက်နေကြတဲ့ လူငယ်ကစားသမားတွေဟာ တကယ်ကိုတော်ကြပါတယ်။ ကျွန်တော်တို့တွေဟာ အာဆင်နယ်အသင်းအတွက် အောင်မြင်မှုတွေကို ရယူပေးကြမယ့် မျိုးဆက်သစ်လူငယ် လေးတွေပါ”လို့ ဆာကာ ကပြောပါတယ်။

“သူဌေးက တကယ်တော်ပါတယ်။ အစစအရာရာပံ့ပိုးကူညီပေးပါတယ်။ ကျွန်တော်တို့ကို အကောင်းဆုံးဖြစ် အောင်ထိန်းကျောင်းပေးပါတယ်။ နေ့တိုင်းမှာလည်း ကျွန်တော်တို့အတွက် အထောက်အကူရမယ့် သင်ခန်းစာတွေ သင်ကြားပေးပါတယ်။ဒါကြောင့် ကျွန်တော်တို့ဘက်ကလည်း ဘာတွေအကောင်းဆုံးလုပ်နိုင်တယ်ဆိုတာကို သူဌေးကိုပြန်ပြသပေးမှာပါ။ ကျွန်တော်တို့အတွက် အခွင့်အရေးတွေရလာတာနဲ့ အကောင်းဆုံးတွေ ပြန်ပေးနိုင်အောင် ကြိုးစားမှာပါ”လို့ ဆာကာက ဆိုပါသေးတယ်။

“ကျွန်တော်တို့အတွက် ဖိအားကတော့ အနည်းနဲ့အများရှိပါတယ်။ ဒါပေမယ့် ကျွန်တော်အာဆင်နယ်မှာ ရှိနေရတာ ပျော်ပါတယ်”လို့ ဆာကာကပြောပါတယ်။ အခြားပြိုင်ဘက်အသင်းတွေမှာလည်း တကယ်တော်တဲ့ ၊ထက်တဲ့လူငယ်ကစားသမားတွေရှိတာကြောင့် ဘယ်အသင်းရဲ့လူငယ်ကစားသမားတွေက နောက်တစ်ချိန်ရဲ့ဘောလုံးလောကကိုကြီးစိုးနိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။