အနောက်ကင်မရာ ၁ လုံးသာ ပါပေမယ့် DxOMark မှာ ရမှတ် ကောင်းသွားတဲ့ iPhone XR

0
159

Apple ရဲ့ iPhone အသစ် ၃ လုံးမှာ iPhone XR ဟာ တန်ဖိုး အသက်သာဆုံး ဖြစ်ပါတယ်။ အဲဒီအတွက် သူ့မှာ ကုန်ကျစားရိတ် သက်သာစေဖို့ အနောက် ကင်မရာ ၁ လုံးသာ ထည့်သွင်းထားပါတယ်။ ကင်မရာ အပိုင်းမှာတော့ သူဟာ iPhone XS Series နဲ့ ကင်မရာ ၂ လုံးတပ် အန်းဒရွိုက်ဖုန်းများထက် အားနည်းတယ်လို့ ယူဆလို့ရပါတယ်။ ဒါပေမယ့် DxOMark ရဲ့ ကင်မရာ စမ်းသပ်မှုမှာတော့ သူ့ရဲ့ ရမှတ်များဟာ အလွန် အထင်ကြီးစရာ ကောင်းနေပါတယ်။ သူဟာ ရုပ်သေ ဓာတ်ပုံ အပိုင်းမှာ ၁၀၃ မှတ်နဲ့ ဗီဒီယို အပိုင်းမှာ ၁၀၁ မှတ် ရရှိသွားပါတယ်။ စုစုပေါင်း ရမှတ်က ၁၀၁ ဖြစ်ပါတယ်။ အနောက်ကင်မရာ ၁ လုံးပါတဲ့ ဖုန်းများထဲမှာတော့ သူဟာ ရမှတ် အများဆုံး ဖြစ်သွားပါတယ်။ ဒါ့အပြင် အနောက်ကင်မရာ  ၂ လုံးတပ် ဖုန်းများကိုတောင် ယှဉ်ပြိုင်နိုင်ပါတယ်။ ဓာတ်ပုံ အပိုင်းမှာ သူ့ရဲ့ Auto Focus ဟာ ထိပ်တန်း အဆင့် ရှိပါတယ်။ Portrait Mode မှာ Edge Detection အလွန် ကောင်းပါတယ်။ အလင်းရောင် အခြေအနေမျိုးစုံမှာ Exposure ကောင်းမွန်ခြင်း၊ Noise ကို လျှော့ချမှုနဲ့ အသေးစိတ် ဖမ်းယူမှု အပိုင်းများမှာ Balance ကောင်းခြင်း စတဲ့ စွမ်းရည်များ ပိုင်ဆိုင်ထားပါတယ်။ ကောင်းမွန်တဲ့ Wide Dynamic Range ပါပါတယ်။ ဒါပေမယ့် Telephoto Lens မပါတဲ့ အတွက် Zoom အပိုင်းမှာ အားနည်းပါတယ်။ ဒါ့အပြင် အလင်းရောင် နည်းပါးတဲ့ အခြေအနေနဲ့ Indoor များမှာ Noise နဲ့ Blur ပြဿနာများ အနည်းငယ် ရှိပါတယ်။ ဗီဒီယိုအပိုင်းမှာ ကင်မရာရဲ့ Image Stabilization ဟာ အလွန် ကောင်းပါတယ်။ Dynamic Range ကလည်း ပြောစရာ မလိုပါဘူး။ စွမ်းရည်မြင့်တဲ့ Auto Focus ကို ပိုင်ဆိုင်ထားပါတယ်။ White Balance နဲ့ Noise များက Indoor မှာ အားနည်းပါတယ်။ အနောက်ကင်မရာ ၁ လုံးတပ် ဖုန်းများထဲမှာ အရမ်းကောင်းတဲ့ Google Pixel 2 ထက်လည်း ရမှတ် သာလွန်နေပါတယ်။ ဒါပေမယ့် အနောက် ကင်မရာ ၁ လုံးတပ် ဖုန်းများ ဖြစ်တဲ့ Google Pixel 3 ရဲ့ ရမှတ်များကို စောင့်ကြည့်ရဦးမှာပါ။

မင်းသုခ

LEAVE A REPLY

Please enter your comment!
Please enter your name here