စီးပြားေရးမွာ သူမ်ားအိတ္ထဲကပိုက္ဆံ ကိုယ့္အိတ္ထဲေရာက္ေအာင္ ဘယ္လုိလုပ္မလဲဆုိတာႀကီးက ေတာ္ေတာ္လူမဆန္တဲ့ စိတ္ကူးစိတ္သန္းပါဆိုတဲ႔ B2B မဂၢဇင္း၏ CEO ေဒါက္တာထက္ဇံလင္း ႏွင့္ ေတြ႔ဆံုျခင္း

0
1493

(Zawgyi Version)

“ကၽြန္ေတာ္က မာကက္တင္းသမားေလ၊ မာကက္တင္းကို မဟုတ္တာလုပ္ရင္ သိပ္မႀကိဳက္ဘူး၊ တခ်ိဳ႕ေတြကေျပာတယ္။ စီးပြားေရးတစ္ခုဆုိတာ သူမ်ားအိတ္ထဲက ပိုက္ဆံ ကိုယ့္အိတ္ထဲေရာက္ေအာင္ ဘယ္လိုလုပ္မလဲဆိုတဲ့ဟာ အဲဒီ Concept ႀကီးက ေတာ္ေတာ္ဆုိးတာ၊ ေတာ္ေတာ္လူမဆန္တ႔ဲ စိတ္ကူးစိတ္သန္းပဲေလ။ စီးပြားေရးလုပ္တယ္ဆုိတာ သူမ်ားအိတ္ထဲက ပိုက္ဆံကိုယ့္အိတ္ထဲေရာက္ေအာင္ လုပ္တာမဟုတ္ပါဘူး”

B2B မဂၢဇင္းစၿပီးလုပ္ျဖစ္ပံုကိုေျပာျပေပးပါဦး။

၂၀၀၈ ၊ ၂၀၀၉ မွာ ကၽြန္ေတာ္ဆရာဝန္ဘြဲ႔ရတယ္၊ ဒါေပမယ့္ ကၽြန္္ေတာ္ဆရာဝန္မလုပ္ျဖစ္ဘူး၊ မလုပ္ျဖစ္တာကလည္း ကၽြန္ေတာ္က Final Part 1 အၿပီးမွာ အိမ္ေထာင္က်တာ၊ ေက်ာင္းမၿပီးေသးဘူး။ Part 2 ေျဖၿပီး ဆရာဝန္ဘြဲ႔ယူေတာ့ ကေလးရေနၿပီ။ အမ်ိဳးသမီးကလည္း ဆရာဝန္ေလ၊ ကၽြန္ေတာ္စဥ္းစားတာက ႏွစ္ေယာက္လံုး Medical Fields ထဲဝင္သြားရင္ ဘယ္သူက ပိုက္ဆံရွာမလဲေပ့ါ။ ကၽြန္ေတာ္က ငယ္ငယ္တည္းက စီးပြားေရးပညာဘက္အားသန္တယ္။ ကၽြန္ေတာ့အေဖက စာေတြဘာေတြသင္ေတာ့ အေဖ့သင္တန္းေတြတက္တယ္။ ဆရာႀကီးေဒါက္တာေအာင္ထြန္းသက္ သင္တန္းေတြလိုက္တယ္တယ္၊ အဲဒီကေနမွ အေဖ့ဆီမွာဝင္လုပ္တယ္။ ၂၀၁၂ မွာ ကိုယ္ပိုင္အလုပ္လုပ္မယ္ဆုိၿပီး စက္တင္ဘာလထဲမွာ B2B မဂၢဇင္းဆုိၿပီး စထုတ္ခဲ႔တယ္။ အဲဒီကေနမွ မဂၢဇင္းက တစ္ႏွစ္အတြင္း အရမ္းေအာင္ျမင္လာတယ္။ ဆရာၾကီးေဒါက္တာေအာင္ထြန္းသက္နဲ႔ ဆရာဦးတင္ဇံေက်ာ္က အႀကံေပးလုပ္တယ္။ ကၽြန္ေတာ္ကေတာ့ CEO အေနနဲ႔ တာဝန္ယူူၿပီးလုပ္ခဲ႔တယ္။

မဂၢဇင္းစတဲ့အခ်ိန္မွာ အခက္အခဲေတြဘာေတြရွိခဲ႔ေသးလား။

အဲဒီ မဂၢဇင္း တကယ္စတဲ႔အခ်ိန္မွာ လက္ထဲ သိန္း ၃၀ ေလာက္ပဲရွိတာ။ သိန္း ၃၀ က ဝန္ထမ္းလစာေပးလိုက္တာ ၃လေလာက္ေနေတာ့ ကုန္သြားေရာ။ အဲဒီမွာ ကၽြန္ေတာ္စဥ္းစားတယ္၊ လူေတြစာမဖတ္ၾကဘူးလားေပါ့၊ တခ်ိဳ႕ကလည္းေျပာၾကတယ္၊ ပရင့္ေတြက မေကာင္းေတာ့တာေပါ့။ တကယ္က လူေတြစာမဖတ္ေတာ့တာမဟုတ္ဘူး။ စာဖတ္တဲ႔အေလ့အက်င့္ေျပာင္းသြားတယ္ဆုိတာ ကၽြန္ေတာ္သတိထားမိလာတယ္။

B2B မဂၢဇင္းက အြန္လိုင္းနဲ႔ App မွာလည္း နာမည္ေတာ္ေတာ္ရတယ္ေနာ္။

ကၽြန္ေတာ္က ၂၀၁၂ မဂၢဇင္း စထြက္ကတည္းက မဂၢဇင္းမွာ ပါတဲ႔ content ေတြအကုန္လံုးကို ေဖ့ဘုတ္မွာတင္ေပးတယ္၊ ဒီလထြက္တဲ့ မဂၢဇင္းကို ဒီလမွာပဲ ေဖ့ဘုတ္ေပၚမွာ ဖတ္လို႔ရတယ္။ တခ်ဳိ႕ေျပာတယ္ အဲလိုလုပ္ရင္ မဂၢဇင္းဘယ္ေရာင္းရမလဲဆုိၿပီး တကယ္က မဟုတ္ဘူးဗ်၊ အဲဒီလိုဖတ္လို႔ရတဲ႔အတြက္ကိုမွ မဂၢဇင္းရဲ႕တန္ဖိုးက ပိုတက္လာတာ။ မဂၢဇင္းစထြက္တည္းက Video အေနနဲ႔ပါ တစ္ခါတည္းထြက္ခဲ႔တာ၊ မဂၢဇင္းမွာပါတဲ႔ ေဆာင္းပါးေတြ၊ အင္တာဗ်ဴးေတြကို မဂၢဇင္းနဲ႔အတူ Video CD ေလးနဲ႔ တြဲၿပီးေပးတာ။ အခုေနာက္ပိုင္းကေတာ့ B2B Android ေရာ၊ iOS App ကေနေရာ အကုန္ဝင္ဖတ္လို႔ရေနၿပီေပါ့။ ၿပီးေတာ့ ကၽြန္ေတာ္က မဂၢဇင္းကို မဂၢဇင္းအုပ္လိုက္ PDF ေပးလိုက္တာမ်ိဳး မဟုတ္ဘူး။ Facebook ကိုလူေတြသံုးေနတာက သတင္းေတြ တစ္ခုၿပီးတစ္ခု ဆက္ဖတ္သြားတဲ႔ပံုစံကို သေဘာက်တာေလ၊ စာရြက္ၾကီးလွန္ဖတ္ေနရသလိုမ်ိဳးဆို ပ်င္းမွာပဲ။ ဒါေၾကာင့္ ကၽြန္ေတာ္က App မွာ Facebook ပံုစံမ်ိဳးလုပ္ေပးထားတယ္၊ စာအုပ္ထက္လည္း Content အေရအတြက္ပိုစံုေအာင္လုပ္ေပးထားတယ္။ Video ေတြလည္း လုပ္ထားတယ္၊ Video ေတြက ေၾကာ္ျငာျပန္ရတယ္။

မဂၢဇင္းအျပင္ တျခားလုပ္ေနတာေတြရွိပါေသးလား။

အခုေနာက္ပိုင္းဆုိရင္ မဂၢဇင္းက Content ေတြကို အြန္လိုင္းဗားရွင္းေျပာင္းဖုိ႔ လုပ္ထားတယ္၊ App မွာ တစ္ရက္ကို Content ၁၀ ဂဏန္းေလာက္တင္ႏိုင္ေအာင္ ႀကိဳုးစားတယ္၊ ေနာက္တစ္ခုက ကၽြန္ေတာ္ Event ေတြလုပ္တယ္၊ သူမ်ားေတြရဲ႔ Event ကို Management လုပ္တာေတာ့မဟုတ္ဘူး၊ ကိုယ္ပိုင္တာဝန္ယူထားတဲ႔ Business Seminar ေတြ၊ Business Event ေတြကို လုပ္တာ။ Business Event မွာမွ Better Future Better Myanmar ဆုိတဲ႔ေခါင္းစဥ္နဲ႔ အခမဲ႔ေဟာေျပာပြဲေတြကို ရန္ကုန္၊ မႏၱေလး၊ ေတာင္ႀကီး စတဲ့ၿမိဳ႕ေတြမွာ လုိက္လုပ္ေပးတယ္။ တစ္ခါတစ္ေလမွာ ဖိလစ္ေကာ့တလာ တုိ႔လိုပြဲမ်ိဳးေတြလုပ္ေတာ့ အဲဒီကေတာ့ ဝင္ေငြရတာေပါ့။ အဲလိုေတြစီစဥ္ရင္းနဲ႔ ကၽြန္ေတာ္အားသန္တာက မာကက္တင္းျဖစ္ေနလို႔ ေနာက္ပိုင္းမွာ လုပ္ငန္းေတြက ကၽြန္ေတာ့ကိုစာလာသင္ေပးဖို႔ ေျပာေတာ့ သင္ေပးရင္းနဲ႔ မာကက္တင္းသင္တန္းဖြင့္ေပးဖု႔ိ ေတာင္းဆုိလာၾကတယ္၊ အဲဒီမွာ မာကက္တင္းနဲ႔ ပတ္သက္တဲ႔သင္တန္းေတြပါ ဖြင့္ျဖစ္လာတယ္။ သင္တန္းဖြင့္တာက B2B နဲ႔တုိက္ရိုက္မသက္ဆုိင္ေပမယ့္ ကၽြန္ေတာ့ကိုသိလာတာကေတာ့ B2B မဂၢဇင္းကေနပဲ သိလာတာပါ။

မာကက္တင္းဆုိတဲ႔ေနရာမွာ ျပည္တြင္းနဲ႔ကိုက္ညီတဲ့ မာကက္တင္းက ဘယ္လိုမ်ိဳးေတြျဖစ္မလဲ။

ကၽြန္ေတာ္တုိ႔ မာကက္တင္းဆုိတာမွာ ဗ်ဴဟာေတြ၊ ပလန္ေတြ ရွိတယ္။ ဒါေတြဘယ္ကေရးထားလဲဆိုရင္ US တို႔ UK တို႔ ၊ အိႏၵိယတို႔က လာတာ၊ ဒါေပမယ့္ သီအုိရီကက်ေတာ့ လက္ေတြ႔ကိုပဲ အေျခခံတာ။ လက္ေတြ႔ေတြလုပ္တာကို ျပန္မွတ္တမ္းတင္တာက သီအိုရီျဖစ္လာတာေလ။ ျပႆနာက ဘာလဲဆိုေတာ့ သီအိုရီေတြယူတာမ်ားသြားရင္ ေဝဟင္စီမံကိန္းျဖစ္သြားေရာ လက္ေတြ႔ေျမျပင္အေနအထားနဲ႔ အရမ္းကြာသြားတာေလ။ ပလန္ႀကီးကတစ္အားေကာင္းျပီး ဘာမွသံုးမရတာမ်ိဳးေပါ့။ ျပည္တြင္းမွာလည္းရွိပါတယ္၊ ႏိုင္ငံျခားသားမာကက္တင္းပညာရွင္ေတြေခၚခ်လာတယ္၊ Product အသစ္ကို အၾကီးအက်ယ္လုပ္တယ္၊ ဒါေပမယ့္ လံုးဝမေပါက္သြားတဲ႔ Product ေတြအမ်ားၾကီးပဲ။ ကၽြန္ေတာ္တို႔က Local ရဲ႕အေနအထားကို သိဖို႔လိုတယ္။ အခုဆို ကၽြန္ေတာ္တို႔တစ္ဖက္မွာလုပ္ေနတဲ႔ OnDoctor က က်န္းမာေရး ဗဟုသုတေတြေျဖေပးေနတယ္ဆုိတာ သိေပမယ့္ ဒီ App ကို ဖုန္းထဲမွာ ေဒါင္းလုပ္လုပ္သြားတဲ႔အထိ ျဖစ္ဖို႔က်ေတာ့ ကၽြန္ေတာ္တုိ႔က အမ်ားႀကီးၾကိဳးစားရတယ္။ လူေတြဖုန္းဘယ္လိုသံုးလဲ ၊ ဖုန္းကို သူတို႔သိထားတဲ႔အျမင္အေခၚအေဝၚေတြက ဘယ္လိုလဲ သိဖို႔လိုတယ္။ စာသင္ရင္ သီအိုရီေတြျပန္ရွင္းရတာေလ၊ အဓိကကေတာ့ Context ကိုပဲ အဓိကသိေအာင္လုပ္ရတာပါပဲ။ ကၽြန္ေတာ္တုိ႔ နယ္ေတြမွာ ေဟာေျပာပြဲလုပ္ရင္ လူမ်ားတယ္ ၊ ဘာလို႔လည္းဆုိေတာ့ ကၽြန္ေတာ္တုိ႔က သူတို႔ေဒသနဲ႔ ကိုက္ညီတဲ႔နည္းအတုိင္းပဲ ေၾကာ္ျငာတာမို႔လို႔ပါ။ တခ်ိဳ႕ေနရာေတြမွာ ေဘလ္ဘုတ္ေထာင္တာ ဆုိရွယ္မီဒီယာမွာေၾကာ္ျငာတာေတြအသံုးမဝင္ဘူး၊ တကယ္လူလာဖို႔ ဆုိက္ကားနဲ႔ ေအာ္လံနဲ႔ ပတ္ေအာ္ရတာ။ ရပ္ကြက္အတြင္းမွာရွိသည့္ မိဘျပည္သူအေပါင္းတို႔ခင္ဗ်ာ ဆိုၿပီးေအာ္ရင္လူလာတယ္။ ဒါပဲေလ အဓိကက လူလာဖို႔ပဲ။ လူလာမယ့္နည္းလမ္းေတြကိုပဲ အဓိကရွာရတာေပါ့။ တခ်ိဳ႕မာကက္တင္း မန္ေနဂ်ာနဲ႔မတည့္လို႔ အလုပ္ထြက္တယ္ ဆုိတာေတြရိွတယ္၊ သူက စာအုပ္ၾကီးအတိုင္းသီအုိရီအတိုင္းလုပ္ေနေတာ့ က်န္တဲ႔လက္ေတြ႔လုပ္ရတဲ႔သူေတြ ခက္တာေပါ့။

နယ္ေတြမွာလုပ္တဲ႔ ေဟာေျပာပြဲက ဘယ္လိုပြဲေတြပါလဲ။

နယ္ပြဲေတြက ဆရာဦးတင္ဇံေက်ာ္တို႔ ပါေမာကၡ ဆရာ ေဒါက္တာေအာင္ထြန္းသက္တို႔ ေျပာတာမ်ားတယ္။ ကၽြန္ေတာ္က ရံဖန္ရံခါမွ ေျပာျဖစ္တာပါ။ ကၽြန္ေတာ္လုပ္တာက လုပ္ငန္းေတြကို ရန္ကုန္၊ မႏၱေလးမွာ Training ေပးျဖစ္တာမ်ားပါတယ္။

လက္ရွိမွာ မာကက္တင္းက အဆင့္ဆင့္ေျပာင္းလဲလာေနတယ္၊ ျပည္တြင္းမွာ ဘာနဲ႔အသင့္ေတာ္ဆံုးလို႔ျမင္လဲ၊ တစ္ခ်ိဳ႔မာကက္တင္းလမ္းစဥ္လြဲမွားေနတာမ်ိဳးေရာ ၾကံဳဖူးလား။

မာကက္တင္းက 1.0 ကစခဲ႔တာ အခုဆိုရင္ 4.0 ျဖစ္လာၿပီ၊ ဒုတိယကမၻာစစ္ၿပီးေတာ့ ႏိုင္ငံေတြအားလံုးက စက္ရံုျမန္ျမန္ေဆာက္ႏိုင္ရင္ တစ္ဟုန္ထိုးတိုးတက္တယ္၊ စက္ရံုရဲ႕သေဘာသဘာဝက လူအမ်ားဆံုးသံုးတဲ႔ဟာက ဘာလဲ၊ ဒီပစၥည္းကို ရေအာင္သိေအာင္လုပ္တယ္၊ Product ကို အေရအတြက္မ်ားမ်ားထုတ္ရင္ ေစ်းသက္သာသြားတယ္၊ ဒါေၾကာင့္ အေရအတြက္ သိန္း၊ သန္းခ်ီထုတ္ၿပီး Cost ကို သက္သာေအာင္လုပ္ရင္ လူေတြဆီ မ်ားမ်ားေရာက္မယ္လို႔ လုပ္ခဲ့ၾကတာက မာကက္တင္း 1.0 ပါ၊ မာကက္တင္း 2.0  မွာက်ေတာ့ ထုတ္ရင္းနဲ႔ ေ၇ြးခ်ယ္စရာေတြမ်ားလာေတာ့ ဘယ္ဒီဇိုင္းေလးပိုေကာင္းတယ္၊ ဘယ္ပံုစံေလးၾကိဳက္တယ္ဆုိတဲ႔ လူေတြရဲ႕ ေရြးခ်ယ္မႈျဖစ္လာတယ္။ ဒီမွာ လူေတြဘာလိုခ်င္လဲဆုိတဲ႔ဘက္ ျပန္ျဖစ္လာတယ္၊ ဖုန္းဆုိလည္း ဘယ္လိုဖုန္းကိုင္ခ်င္တာလဲ သိဖို႔လိုလာတယ္။ 3.0 မွာက်ေတာ့ တန္ဖိုးကို အဓိကထားလာတယ္။ Value ဆုိတာက ကြန္ပ်ဴတာျခင္းတူတာေတာင္ ဒီကြန္ပ်ဴတာက သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈအနည္းဆံုး၊ ဒီဘက္ထရီက ပတ္ဝန္းက်င္ထိခုိက္မႈ မရွိေအာင္လုပ္ထားပါတယ္ဆုိၿပီး CSR ေတြလုပ္လာၾကတဲ့ စနစ္ပါ။ ျပည္တြင္းမွာ အခုသံုးေနၾကတာက မာကက္တင္း 3.0 ေလာက္ပဲ ရွိတယ္။ Marketing 4.0 မွာက်ေတာ့ ဒီဂ်စ္တယ္ျဖစ္သြားျပီ ဘာပဲ စဥ္းစားစဥ္းစား ဒီဂ်စ္တယ္ကို စဥ္းစားမွ ရေတာ့မယ္၊ Product တစ္ခုကို လူသံုးေအာင္ လူႀကိဳက္ေအာင္ဆုိရင္ ဒီဂ်စ္တယ္ မီဒီယာကိုသံုးမွရေတာ့မယ္၊ Content ေတြပါလာၿပီ၊ ဆုိရွယ္မီဒီယာေတြပါလာျပီေလ။ အခုလြဲေနတဲ႔အခ်က္က ဂ်ာနယ္ေတြကို စာလုပ္လုိက္ႀကီး PDF အေနနဲ႔ အြန္လိုင္းေပၚတင္ၾကတယ္၊ လူေတြတကယ္တမ္း ဖတ္ခ်င္တဲ႔ ဒီဂ်စ္တယ္ Content က Facebook လိုပံုစံမ်ိဳးပါ။ ဒီဂ်စ္တယ္သြားမယ္ဆိုရင္ ျပည္တြင္းကလူေတြအသံုးမ်ားတဲ႔ ဖုန္း Screen Size ကို သိထားဖို႔လိုတယ္။ ျပည္တြင္းကလူေတြဖုန္းကို ဘယ္အခ်ိန္ေတြအသံုးမ်ားၾကလဲ သိဖို႔လိုတယ္။ မာကက္တင္း 4.0 ဆိုျပီး ျပည္တြင္းကလူေတြအကုန္လံုး ဒီဂ်စ္တယ္ေျပာင္းၾကတယ္၊ အဲဒီမွာ အဓိက ေတြ႔ရတဲ႔ အမွားက တင္ျပပံုဒီဇိုင္းေတြ၊ မာကက္တင္း Strategy ေတြ၊ ေၾကာ္ျငာေတြကအစ လြဲေနတာေတြ ေတြ႔ရတယ္။ Traditional ကပံုစံအတုိင္းၾကီးကို ဒီဘက္မွာ ယူလာတဲ႔သူေတြ ေတာ္ေတာ္မ်ားမ်ားမွာ ေတြ႔ေနရပါတယ္။

မာကက္တင္းသင္တန္းလည္းေပးတယ္ဆုိေတာ့ အဲဒီသင္တန္းေတြမွာေရာ ဘာကိုအဓိကထား သင္ေပးတာပါလဲ။

အရင္ inhouse အေနနဲ႔ လုပ္ျဖစ္တဲ႔သင္တန္းေတြမွာေတာ့ လူ ၅၀ ၊ ၁၀၀ ေလာက္နဲ႔ပဲ သြားတာေလ။ 4P ကိုပဲ အဓိကသင္ေပးတာပါ။ Sales ပါမယ္၊ Marketing ပါမယ္၊ မာကက္တင္းနဲ႔ ဆက္ႏြယ္ေနတဲ႔ သိသင့္တာအားလံုးပါပါမယ္။ ျပီးခဲ႔တဲ႔ ၁၂၊ ၁၃ရက္ေတြမွာ လုပ္ျဖစ္တဲ႔ လူ ၅၀၀ နီးပါးေလာက္နဲ႔ Public Training တစ္ခုလည္း ရွိတယ္။ အဲဒီလိုလူအမ်ားႀကီးနဲ႔လုပ္ျဖစ္တဲ့သင္တန္းကေတာ့ ဒါပထမဆံုးပါပဲ။

ဘာမ်ားျဖည့္စြက္ေျပာခ်င္ပါေသးလဲ။

ကၽြန္ေတာ္က မာကက္တင္းသမားေလ၊ မာကက္တင္းကို မဟုတ္တာလုပ္ရင္ သိပ္မႀကိဳက္ဘူး၊ တခ်ိဳ႕ေတြကေျပာတယ္ စီးပြားေရးတစ္ခုဆုိတာ သူမ်ားအိတ္ထဲက ပိုက္ဆံ ကိုယ့္အိတ္ထဲေရာက္ေအာင္ ဘယ္လိုလုပ္မလဲဆိုတဲ႔ဟာ အဲဒီ Concept ႀကီးက ေတာ္ေတာ္ဆုိးတာ၊ ေတာ္ေတာ္လူမဆန္တ႔ဲ စိတ္ကူးစိတ္သန္းပဲေလ။ စီးပြားေရးလုပ္တယ္ဆုိတာ သူမ်ားအိတ္ထဲက ပိုက္ဆံ ကိုယ့္အိတ္ထဲေရာက္ေအာင္ လုပ္တာမဟုတ္ပါဘူး၊ ဒီထက္အမ်ားႀကီးပိုေလးနက္ပါတယ္။ စီးပြားေရးလုပ္ျခင္းအားျဖင့္ လူမႈပတ္ဝန္းက်င္ကို ဘယ္ေလာက္ ေကာင္းက်ိဳးျပဳသြားလဲဆိုတာ အေရးႀကီးပါတယ္။ တဖက္ကေန ကိုယ္လည္း ပိုက္ဆံရရမယ္၊ လူေတြလည္း အက်ိဳးရွိရမယ္၊ အျမတ္လည္းရရမယ္၊ ဒါမွ စီးပြားေရးလို႔ေျပာလို႔ရတယ္။ အခုဆုိနယ္က တခ်ိဳ႕သူေတြဆုိရင္ ရွယ္ယာေတြလက္ခံတယ္ဆုိရင္ ရွယ္ယာေတြထည့္ၾကတယ္၊ မက္လံုးေပးရင္ပါၾကတယ္၊ လိမ္လို႔တအားလြယ္တယ္၊ ဆရာႀကီးေဒါက္တာေအာင္ထြန္းသက္ေျပာသလို လိမ္တဲ႔သူက လိမ္တာသူ႔အလုပ္ေလ၊ ကၽြန္ေတာ္တို႔အေနနဲ႔က လူေတြကို စီးပြားေရးနဲ႔ ပတ္သက္ၿပီး Education ေကာင္းေကာင္းေပးႏုိင္ဖို႔လည္း လိုတယ္။ အဓိပၸာယ္မရွိတဲ႔ Member ေတြဘာေတြမလုပ္ဖို႔ ဒီပစၥည္းေကာင္းတယ္ဆုိတုိင္း မဝယ္ဖို႔၊ ဆင့္ပြားမာကက္တင္းေတြ လက္မခံဖို႔ အေရးႀကီးပါတယ္။

အခုလိုေျဖေပးတာေက်းဇူးတင္ပါတယ္။

ရဲလင္းလင္းသန္း

=====

(Unicode Version)

စီးပွားရေးမှာ သူများအိတ်ထဲကပိုက်ဆံ ကိုယ့်အိတ်ထဲရောက်အောင် ဘယ်လိုလုပ်မလဲဆိုတာကြီးက တော်တော်လူမဆန်တဲ့ စိတ်ကူးစိတ်သန်းပါဆိုတဲ့ B2B မဂ္ဂဇင်း၏ CEO ဒေါက်တာထက်ဇံလင်း နှင့် တွေ့ဆုံခြင်း

“ကျွန်တော်က မာကက်တင်းသမားလေ၊ မာကက်တင်းကို မဟုတ်တာလုပ်ရင် သိပ်မကြိုက်ဘူး၊ တချို့တွေကပြောတယ်။ စီးပွားရေးတစ်ခုဆိုတာ သူများအိတ်ထဲက ပိုက်ဆံ ကိုယ့်အိတ်ထဲရောက်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ဟာ အဲဒီ Concept ကြီးက တော်တော်ဆိုးတာ၊ တော်တော်လူမဆန်တဲ့ စိတ်ကူးစိတ်သန်းပဲလေ။ စီးပွားရေးလုပ်တယ်ဆိုတာ သူများအိတ်ထဲက ပိုက်ဆံကိုယ့်အိတ်ထဲရောက်အောင် လုပ်တာမဟုတ်ပါဘူး”

B2B မဂ္ဂဇင်းစပြီးလုပ်ဖြစ်ပုံကိုပြောပြပေးပါဦး။

၂၀၀၈ ၊ ၂၀၀၉ မှာ ကျွန်တော်ဆရာဝန်ဘွဲ့ရတယ်၊ ဒါပေမယ့် ကျွန်တော်ဆရာဝန်မလုပ်ဖြစ်ဘူး၊ မလုပ်ဖြစ်တာကလည်း ကျွန်တော်က Final Part 1 အပြီးမှာ အိမ်ထောင်ကျတာ၊ ကျောင်းမပြီးသေးဘူး။ Part 2 ဖြေပြီး ဆရာဝန်ဘွဲ့ယူတော့ ကလေးရနေပြီ။ အမျိုးသမီးကလည်း ဆရာဝန်လေ၊ ကျွန်တော်စဉ်းစားတာက နှစ်ယောက်လုံး Medical Fields ထဲဝင်သွားရင် ဘယ်သူက ပိုက်ဆံရှာမလဲပေ့ါ။ ကျွန်တော်က ငယ်ငယ်တည်းက စီးပွားရေးပညာဘက်အားသန်တယ်။ ကျွန်တော့အဖေက စာတွေဘာတွေသင်တော့ အဖေ့သင်တန်းတွေတက်တယ်။ ဆရာကြီးဒေါက်တာအောင်ထွန်းသက် သင်တန်းတွေလိုက်တယ်တယ်၊ အဲဒီကနေမှ အဖေ့ဆီမှာဝင်လုပ်တယ်။ ၂၀၁၂ မှာ ကိုယ်ပိုင်အလုပ်လုပ်မယ်ဆိုပြီး စက်တင်ဘာလထဲမှာ B2B မဂ္ဂဇင်းဆိုပြီး စထုတ်ခဲ့တယ်။ အဲဒီကနေမှ မဂ္ဂဇင်းက တစ်နှစ်အတွင်း အရမ်းအောင်မြင်လာတယ်။ ဆရာကြီးဒေါက်တာအောင်ထွန်းသက်နဲ့ ဆရာဦးတင်ဇံကျော်က အကြံပေးလုပ်တယ်။ ကျွန်တော်ကတော့ CEO အနေနဲ့ တာဝန်ယူူပြီးလုပ်ခဲ့တယ်။

မဂ္ဂဇင်းစတဲ့အချိန်မှာ အခက်အခဲတွေဘာတွေရှိခဲ့သေးလား။

အဲဒီ မဂ္ဂဇင်း တကယ်စတဲ့အချိန်မှာ လက်ထဲ သိန်း ၃၀ လောက်ပဲရှိတာ။ သိန်း ၃၀ က ဝန်ထမ်းလစာပေးလိုက်တာ ၃လလောက်နေတော့ ကုန်သွားရော။ အဲဒီမှာ ကျွန်တော်စဉ်းစားတယ်၊ လူတွေစာမဖတ်ကြဘူးလားပေါ့၊ တချို့ကလည်းပြောကြတယ်၊ ပရင့်တွေက မကောင်းတော့တာပေါ့။ တကယ်က လူတွေစာမဖတ်တော့တာမဟုတ်ဘူး။ စာဖတ်တဲ့အလေ့အကျင့်ပြောင်းသွားတယ်ဆိုတာ ကျွန်တော်သတိထားမိလာတယ်။

B2B မဂ္ဂဇင်းက အွန်လိုင်းနဲ့ App မှာလည်း နာမည်တော်တော်ရတယ်နော်။

ကျွန်တော်က ၂၀၁၂ မဂ္ဂဇင်း စထွက်ကတည်းက မဂ္ဂဇင်းမှာ ပါတဲ့ content တွေအကုန်လုံးကို ဖေ့ဘုတ်မှာတင်ပေးတယ်၊ ဒီလထွက်တဲ့ မဂ္ဂဇင်းကို ဒီလမှာပဲ ဖေ့ဘုတ်ပေါ်မှာ ဖတ်လို့ရတယ်။ တချို့ပြောတယ် အဲလိုလုပ်ရင် မဂ္ဂဇင်းဘယ်ရောင်းရမလဲဆိုပြီး တကယ်က မဟုတ်ဘူးဗျ၊ အဲဒီလိုဖတ်လို့ရတဲ့အတွက်ကိုမှ မဂ္ဂဇင်းရဲ့တန်ဖိုးက ပိုတက်လာတာ။ မဂ္ဂဇင်းစထွက်တည်းက Video အနေနဲ့ပါ တစ်ခါတည်းထွက်ခဲ့တာ၊ မဂ္ဂဇင်းမှာပါတဲ့ ဆောင်းပါးတွေ၊ အင်တာဗျူးတွေကို မဂ္ဂဇင်းနဲ့အတူ Video CD လေးနဲ့ တွဲပြီးပေးတာ။ အခုနောက်ပိုင်းကတော့ B2B Android ရော၊ iOS App ကနေရော အကုန်ဝင်ဖတ်လို့ရနေပြီပေါ့။ ပြီးတော့ ကျွန်တော်က မဂ္ဂဇင်းကို မဂ္ဂဇင်းအုပ်လိုက် PDF ပေးလိုက်တာမျိုး မဟုတ်ဘူး။ Facebook ကိုလူတွေသုံးနေတာက သတင်းတွေ တစ်ခုပြီးတစ်ခု ဆက်ဖတ်သွားတဲ့ပုံစံကို သဘောကျတာလေ၊ စာရွက်ကြီးလှန်ဖတ်နေရသလိုမျိုးဆို ပျင်းမှာပဲ။ ဒါကြောင့် ကျွန်တော်က App မှာ Facebook ပုံစံမျိုးလုပ်ပေးထားတယ်၊ စာအုပ်ထက်လည်း Content အရေအတွက်ပိုစုံအောင်လုပ်ပေးထားတယ်။ Video တွေလည်း လုပ်ထားတယ်၊ Video တွေက ကြော်ငြာပြန်ရတယ်။

မဂ္ဂဇင်းအပြင် တခြားလုပ်နေတာတွေရှိပါသေးလား။

အခုနောက်ပိုင်းဆိုရင် မဂ္ဂဇင်းက Content တွေကို အွန်လိုင်းဗားရှင်းပြောင်းဖို့ လုပ်ထားတယ်၊ App မှာ တစ်ရက်ကို Content ၁၀ ဂဏန်းလောက်တင်နိုင်အောင် ကြိုုးစားတယ်၊ နောက်တစ်ခုက ကျွန်တော် Event တွေလုပ်တယ်၊ သူများတွေရဲ့ Event ကို Management လုပ်တာတော့မဟုတ်ဘူး၊ ကိုယ်ပိုင်တာဝန်ယူထားတဲ့ Business Seminar တွေ၊ Business Event တွေကို လုပ်တာ။ Business Event မှာမှ Better Future Better Myanmar ဆိုတဲ့ခေါင်းစဉ်နဲ့ အခမဲ့ဟောပြောပွဲတွေကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စတဲ့မြို့တွေမှာ လိုက်လုပ်ပေးတယ်။ တစ်ခါတစ်လေမှာ ဖိလစ်ကော့တလာ တို့လိုပွဲမျိုးတွေလုပ်တော့ အဲဒီကတော့ ဝင်ငွေရတာပေါ့။ အဲလိုတွေစီစဉ်ရင်းနဲ့ ကျွန်တော်အားသန်တာက မာကက်တင်းဖြစ်နေလို့ နောက်ပိုင်းမှာ လုပ်ငန်းတွေက ကျွန်တော့ကိုစာလာသင်ပေးဖို့ ပြောတော့ သင်ပေးရင်းနဲ့ မာကက်တင်းသင်တန်းဖွင့်ပေးဖု့ိ တောင်းဆိုလာကြတယ်၊ အဲဒီမှာ မာကက်တင်းနဲ့ ပတ်သက်တဲ့သင်တန်းတွေပါ ဖွင့်ဖြစ်လာတယ်။ သင်တန်းဖွင့်တာက B2B နဲ့တိုက်ရိုက်မသက်ဆိုင်ပေမယ့် ကျွန်တော့ကိုသိလာတာကတော့ B2B မဂ္ဂဇင်းကနေပဲ သိလာတာပါ။

မာကက်တင်းဆိုတဲ့နေရာမှာ ပြည်တွင်းနဲ့ကိုက်ညီတဲ့ မာကက်တင်းက ဘယ်လိုမျိုးတွေဖြစ်မလဲ။

ကျွန်တော်တို့ မာကက်တင်းဆိုတာမှာ ဗျူဟာတွေ၊ ပလန်တွေ ရှိတယ်။ ဒါတွေဘယ်ကရေးထားလဲဆိုရင် US တို့ UK တို့ ၊ အိန္ဒိယတို့က လာတာ၊ ဒါပေမယ့် သီအိုရီကကျတော့ လက်တွေ့ကိုပဲ အခြေခံတာ။ လက်တွေ့တွေလုပ်တာကို ပြန်မှတ်တမ်းတင်တာက သီအိုရီဖြစ်လာတာလေ။ ပြဿနာက ဘာလဲဆိုတော့ သီအိုရီတွေယူတာများသွားရင် ဝေဟင်စီမံကိန်းဖြစ်သွားရော လက်တွေ့မြေပြင်အနေအထားနဲ့ အရမ်းကွာသွားတာလေ။ ပလန်ကြီးကတစ်အားကောင်းပြီး ဘာမှသုံးမရတာမျိုးပေါ့။ ပြည်တွင်းမှာလည်းရှိပါတယ်၊ နိုင်ငံခြားသားမာကက်တင်းပညာရှင်တွေခေါ်ချလာတယ်၊ Product အသစ်ကို အကြီးအကျယ်လုပ်တယ်၊ ဒါပေမယ့် လုံးဝမပေါက်သွားတဲ့ Product တွေအများကြီးပဲ။ ကျွန်တော်တို့က Local ရဲ့အနေအထားကို သိဖို့လိုတယ်။ အခုဆို ကျွန်တော်တို့တစ်ဖက်မှာလုပ်နေတဲ့ OnDoctor က ကျန်းမာရေး ဗဟုသုတတွေဖြေပေးနေတယ်ဆိုတာ သိပေမယ့် ဒီ App ကို ဖုန်းထဲမှာ ဒေါင်းလုပ်လုပ်သွားတဲ့အထိ ဖြစ်ဖို့ကျတော့ ကျွန်တော်တို့က အများကြီးကြိုးစားရတယ်။ လူတွေဖုန်းဘယ်လိုသုံးလဲ ၊ ဖုန်းကို သူတို့သိထားတဲ့အမြင်အခေါ်အဝေါ်တွေက ဘယ်လိုလဲ သိဖို့လိုတယ်။ စာသင်ရင် သီအိုရီတွေပြန်ရှင်းရတာလေ၊ အဓိကကတော့ Context ကိုပဲ အဓိကသိအောင်လုပ်ရတာပါပဲ။ ကျွန်တော်တို့ နယ်တွေမှာ ဟောပြောပွဲလုပ်ရင် လူများတယ် ၊ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့က သူတို့ဒေသနဲ့ ကိုက်ညီတဲ့နည်းအတိုင်းပဲ ကြော်ငြာတာမို့လို့ပါ။ တချို့နေရာတွေမှာ ဘေလ်ဘုတ်ထောင်တာ ဆိုရှယ်မီဒီယာမှာကြော်ငြာတာတွေအသုံးမဝင်ဘူး၊ တကယ်လူလာဖို့ ဆိုက်ကားနဲ့ အော်လံနဲ့ ပတ်အော်ရတာ။ ရပ်ကွက်အတွင်းမှာရှိသည့် မိဘပြည်သူအပေါင်းတို့ခင်ဗျာ ဆိုပြီးအော်ရင်လူလာတယ်။ ဒါပဲလေ အဓိကက လူလာဖို့ပဲ။ လူလာမယ့်နည်းလမ်းတွေကိုပဲ အဓိကရှာရတာပေါ့။ တချို့မာကက်တင်း မန်နေဂျာနဲ့မတည့်လို့ အလုပ်ထွက်တယ် ဆိုတာတွေရှိတယ်၊ သူက စာအုပ်ကြီးအတိုင်းသီအိုရီအတိုင်းလုပ်နေတော့ ကျန်တဲ့လက်တွေ့လုပ်ရတဲ့သူတွေ ခက်တာပေါ့။

နယ်တွေမှာလုပ်တဲ့ ဟောပြောပွဲက ဘယ်လိုပွဲတွေပါလဲ။

နယ်ပွဲတွေက ဆရာဒေါက်တာဦးတင်ဇံကျော်တို့ ဆရာဒေါက်တာအောင်ထွန်းသက်တို့ ပြောတာများတယ်။ ကျွန်တော်က ရံဖန်ရံခါမှ ပြောဖြစ်တာပါ။ ကျွန်တော်လုပ်တာက လုပ်ငန်းတွေကို ရန်ကုန်၊ မန္တလေးမှာ Training ပေးဖြစ်တာများပါတယ်။

လက်ရှိမှာ မာကက်တင်းက အဆင့်ဆင့်ပြောင်းလဲလာနေတယ်၊ ပြည်တွင်းမှာ ဘာနဲ့အသင့်တော်ဆုံးလို့မြင်လဲ၊ တစ်ချို့မာကက်တင်းလမ်းစဉ်လွဲမှားနေတာမျိုးရော ကြုံဖူးလား။

မာကက်တင်းက 1.0 ကစခဲ့တာ အခုဆိုရင် 4.0 ဖြစ်လာပြီ၊ ဒုတိယကမ္ဘာစစ်ပြီးတော့ နိုင်ငံတွေအားလုံးက စက်ရုံမြန်မြန်ဆောက်နိုင်ရင် တစ်ဟုန်ထိုးတိုးတက်တယ်၊ စက်ရုံရဲ့သဘောသဘာဝက လူအများဆုံးသုံးတဲ့ဟာက ဘာလဲ၊ ဒီပစ္စည်းကို ရအောင်သိအောင်လုပ်တယ်၊ Product ကို အရေအတွက်များများထုတ်ရင် ဈေးသက်သာသွားတယ်၊ ဒါကြောင့် အရေအတွက် သိန်း၊ သန်းချီထုတ်ပြီး Cost ကို သက်သာအောင်လုပ်ရင် လူတွေဆီ များများရောက်မယ်လို့ လုပ်ခဲ့ကြတာက မာကက်တင်း 1.0 ပါ၊ မာကက်တင်း 2.0  မှာကျတော့ ထုတ်ရင်းနဲ့ ရွေးချယ်စရာတွေများလာတော့ ဘယ်ဒီဇိုင်းလေးပိုကောင်းတယ်၊ ဘယ်ပုံစံလေးကြိုက်တယ်ဆိုတဲ့ လူတွေရဲ့ ရွေးချယ်မှုဖြစ်လာတယ်။ ဒီမှာ လူတွေဘာလိုချင်လဲဆိုတဲ့ဘက် ပြန်ဖြစ်လာတယ်၊ ဖုန်းဆိုလည်း ဘယ်လိုဖုန်းကိုင်ချင်တာလဲ သိဖို့လိုလာတယ်။ 3.0 မှာကျတော့ တန်ဖိုးကို အဓိကထားလာတယ်။ Value ဆိုတာက ကွန်ပျူတာခြင်းတူတာတောင် ဒီကွန်ပျူတာက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး၊ ဒီဘက်ထရီက ပတ်ဝန်းကျင်ထိခိုက်မှု မရှိအောင်လုပ်ထားပါတယ်ဆိုပြီး CSR တွေလုပ်လာကြတဲ့ စနစ်ပါ။ ပြည်တွင်းမှာ အခုသုံးနေကြတာက မာကက်တင်း 3.0 လောက်ပဲ ရှိတယ်။ Marketing 4.0 မှာကျတော့ ဒီဂျစ်တယ်ဖြစ်သွားပြီ ဘာပဲ စဉ်းစားစဉ်းစား ဒီဂျစ်တယ်ကို စဉ်းစားမှ ရတော့မယ်၊ Product တစ်ခုကို လူသုံးအောင် လူကြိုက်အောင်ဆိုရင် ဒီဂျစ်တယ် မီဒီယာကိုသုံးမှရတော့မယ်၊ Content တွေပါလာပြီ၊ ဆိုရှယ်မီဒီယာတွေပါလာပြီလေ။ အခုလွဲနေတဲ့အချက်က ဂျာနယ်တွေကို စာလုပ်လိုက်ကြီး PDF အနေနဲ့ အွန်လိုင်းပေါ်တင်ကြတယ်၊ လူတွေတကယ်တမ်း ဖတ်ချင်တဲ့ ဒီဂျစ်တယ် Content က Facebook လိုပုံစံမျိုးပါ။ ဒီဂျစ်တယ်သွားမယ်ဆိုရင် ပြည်တွင်းကလူတွေအသုံးများတဲ့ ဖုန်း Screen Size ကို သိထားဖို့လိုတယ်။ ပြည်တွင်းကလူတွေဖုန်းကို ဘယ်အချိန်တွေအသုံးများကြလဲ သိဖို့လိုတယ်။ မာကက်တင်း 4.0 ဆိုပြီး ပြည်တွင်းကလူတွေအကုန်လုံး ဒီဂျစ်တယ်ပြောင်းကြတယ်၊ အဲဒီမှာ အဓိက တွေ့ရတဲ့ အမှားက တင်ပြပုံဒီဇိုင်းတွေ၊ မာကက်တင်း Strategy တွေ၊ ကြော်ငြာတွေကအစ လွဲနေတာတွေ တွေ့ရတယ်။ Traditional ကပုံစံအတိုင်းကြီးကို ဒီဘက်မှာ ယူလာတဲ့သူတွေ တော်တော်များများမှာ တွေ့နေရပါတယ်။

မာကက်တင်းသင်တန်းလည်းပေးတယ်ဆိုတော့ အဲဒီသင်တန်းတွေမှာရော ဘာကိုအဓိကထား သင်ပေးတာပါလဲ။

အရင် inhouse အနေနဲ့ လုပ်ဖြစ်တဲ့သင်တန်းတွေမှာတော့ လူ ၅၀ ၊ ၁၀၀ လောက်နဲ့ပဲ သွားတာလေ။ 4P ကိုပဲ အဓိကသင်ပေးတာပါ။ Sales ပါမယ်၊ Marketing ပါမယ်၊ မာကက်တင်းနဲ့ ဆက်နွယ်နေတဲ့ သိသင့်တာအားလုံးပါပါမယ်။ ပြီးခဲ့တဲ့ ၁၂၊ ၁၃ရက်တွေမှာ လုပ်ဖြစ်တဲ့ လူ ၅၀၀ နီးပါးလောက်နဲ့ Public Training တစ်ခုလည်း ရှိတယ်။ အဲဒီလိုလူအများကြီးနဲ့လုပ်ဖြစ်တဲ့သင်တန်းကတော့ ဒါပထမဆုံးပါပဲ။

ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။

ကျွန်တော်က မာကက်တင်းသမားလေ၊ မာကက်တင်းကို မဟုတ်တာလုပ်ရင် သိပ်မကြိုက်ဘူး၊ တချို့တွေကပြောတယ် စီးပွားရေးတစ်ခုဆိုတာ သူများအိတ်ထဲက ပိုက်ဆံ ကိုယ့်အိတ်ထဲရောက်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ဟာ အဲဒီ Concept ကြီးက တော်တော်ဆိုးတာ၊ တော်တော်လူမဆန်တဲ့ စိတ်ကူးစိတ်သန်းပဲလေ။ စီးပွားရေးလုပ်တယ်ဆိုတာ သူများအိတ်ထဲက ပိုက်ဆံ ကိုယ့်အိတ်ထဲရောက်အောင် လုပ်တာမဟုတ်ပါဘူး၊ ဒီထက်အများကြီးပိုလေးနက်ပါတယ်။ စီးပွားရေးလုပ်ခြင်းအားဖြင့် လူမှုပတ်ဝန်းကျင်ကို ဘယ်လောက် ကောင်းကျိုးပြုသွားလဲဆိုတာ အရေးကြီးပါတယ်။ တဖက်ကနေ ကိုယ်လည်း ပိုက်ဆံရရမယ်၊ လူတွေလည်း အကျိုးရှိရမယ်၊ အမြတ်လည်းရရမယ်၊ ဒါမှ စီးပွားရေးလို့ပြောလို့ရတယ်။ အခုဆိုနယ်က တချို့သူတွေဆိုရင် ရှယ်ယာတွေလက်ခံတယ်ဆိုရင် ရှယ်ယာတွေထည့်ကြတယ်၊ မက်လုံးပေးရင်ပါကြတယ်၊ လိမ်လို့တအားလွယ်တယ်၊ ဆရာကြီးဒေါက်တာအောင်ထွန်းသက်ပြောသလို လိမ်တဲ့သူက လိမ်တာသူ့အလုပ်လေ၊ ကျွန်တော်တို့အနေနဲ့က လူတွေကို စီးပွားရေးနဲ့ ပတ်သက်ပြီး Education ကောင်းကောင်းပေးနိုင်ဖို့လည်း လိုတယ်။ အဓိပ္ပာယ်မရှိတဲ့ Member တွေဘာတွေမလုပ်ဖို့ ဒီပစ္စည်းကောင်းတယ်ဆိုတိုင်း မဝယ်ဖို့၊ ဆင့်ပွားမာကက်တင်းတွေ လက်မခံဖို့ အရေးကြီးပါတယ်။

အခုလိုဖြေပေးတာကျေးဇူးတင်ပါတယ်။

ရဲလင်းလင်းသန်း

LEAVE A REPLY

Please enter your comment!
Please enter your name here