ျပည္တြင္း B2B စီးပြားေရး လုပ္ငန္းတစ္ခုျဖစ္သည့္ DKMads မွ Programmatic ေၾကာ္ျငာမ်ားကို ဝန္ေဆာင္မႈေပးမည္

0
120

DKMads ကုမၺဏီမွ programmatic နည္းပညာ ဆိုင္ရာ ေၾကာ္ျငာမ်ားႏွင့္စပ္လ်ဥ္း၍ ဝန္ေဆာင္မႈမ်ား စတင္ ရရွိေၾကာင္း မိတ္ဆက္ပြဲ အခမ္းအနားအား  ဇူလိုင္လ ၁၈ ရက္ေန႔တြင္ Park Royal ဟိုတယ္၌  က်င္းပ ျပဳလုပ္ခဲ့သည္။

DKMads Programmatic  ပလက္ေဖာင္းသည္  ေၾကာ္ျငာမ်ားအား မည္သည့္ ေနရာ မည္သည့္ အခ်ိန္တြင္မဆို ၎တို႔ႏွင့္ ခ်ိတ္ဆက္ထားသည့္ ေၾကာ္ျငာ exchange မ်ားမွ တဆင့္ မိမိတို႔၏ ကုန္ပစၥည္းမ်ားကို အမွန္တကယ္ သုံးစြဲလာႏိုင္ေခ်ရွိေသာသူမ်ား အသုံးျပဳသည့္ အက္ပလီ ေကးရွင္းမ်ား၊ ဂိမ္းမ်ား၊ ဝက္ဆိုဒ္မ်ားအစရွိေသာ ေနရာမ်ားတြင္ ေၾကာ္ျငာမ်ားကို လိုက္လံကာ ျပသေပးျခင္းျဖစ္သည္။  အျခားေသာ Programmatic ပလက္ေဖာင္းမ်ားႏွင့္ မတူညီသည့္ DKMads ၏ အားသာခ်က္မွာ အရည္အေသြးနည္းပါးသည့္ traffic ႏွင့္ အရည္အေသြး ေကာင္းမြန္သည့္ traffic ဟူ၍ ႏွစ္မ်ိဳး ေ႐ြးခ်ယ္ႏိုင္မည္ျဖစ္သည္။ Programmatic ပလက္ေဖာင္း သည္ သန္းေပါင္းမ်ားစြာေသာ ဝက္ဆိုဒ္မ်ား ၊ အက္ပလီေကးရွင္းမ်ား၊  မိုဘိုင္းဂိမ္းမ်ား ႏွင့္  ခ်ိတ္ဆက္ထားရွိ ေသာေၾကာင့္   ၎တို႔၏အရည္အေသြး အနိမ့္အျမင့္ သတ္မွတ္ျခင္းတို႔အား DKMads ဆာဗာအတြင္းရွိ ေဒတာ မ်ားထဲတြင္ မွတ္တမ္းမ်ားျဖင့္ သိမ္းဆည္းထားရွိသည္။

“ေၾကာ္ျငာရွင္ေတြကို ၀န္ေဆာင္မႈေပးတဲ့အပိုင္းမွာေတာ့ ဘယ္လုိbrand ကိုေၾကာ္ျငာခ်င္တာလဲ၊ ဘယ္လုိသုံးစြဲသူေတြကို ဦးတည္ခ်င္တာလဲ စတဲ့အေၾကာင္းအရာေတြနဲ႔ပတ္သက္ၿပီး အရင္ဆုံးေတြ႕ဆုံေဆြးေႏြးပါတယ္။ အဲလိုမ်ဳိးေတြ တိုင္ပင္ေဆြးေႏြးၿပီး လုိအပ္တဲ့အခ်က္အလက္ေတြရၿပီ ဆုိရင္ေတာ့ ကၽြန္ေတာ္တို႔ဘက္ကေန တြက္ခ်က္ၿပီးေတာ့ ေၾကာ္ျငာရွင္ေတြအတြက္ ကုန္က်မယ့္စရိတ္ေတြ ျပန္ေျပာေပးပါတယ္’’ ဟု DKMads ကုမၺဏီ၏ Founder ျဖစ္သူ ဦးေက်ာ္ရဲပိုင္မွ ရွင္းလင္းေျပာၾကားခဲ့သည္။

Brand Safety  ႏွင့္ Viewability ဟူေသာ အခ်က္ႏွစ္ခ်က္ကို  DKMads Programmatic မွ အဓိကထား ေဆာင္႐ြက္ေပးသြားမည္ျဖစ္ကာ ထုတ္ကုန္ပစၥည္းမ်ားအား  လုံၿခဳံစိတ္ခ်စြာ ေၾကာ္ျငာ ျပသႏိုင္ေရးအတြက္ ၎ထုတ္ကုန္ပစၥည္းႏွင့္ ဆီေလ်ာ္ကိုက္ညီမႈ မရွိသည့္ မသင့္ေလ်ာ္ေသာ ဝက္ဆိုဒ္ ေနရာမ်ားတြင္ ေပၚေပါက္ျခင္း မ်ားကို ဂ႐ုျပဳေဆာင္႐ြက္ ေပးသြားမည္ျဖစ္သည့္အေလ်ာက္ viewability  အားလည္း ပိုမိုဦးစားေပးေဆာင္႐ြက္သြားႏိုင္ရန္ ရည္မွန္းထားရွိသည္။ ေၾကာ္ျငာမ်ားတြင္ ၾကည့္ရွုမႈႏႈန္းႏွင့္ က်သင့္ေငြ အစရွိသည့္ ေဒတာ အခ်က္အလက္မ်ားအား ေၾကာ္ျငာရွင္မ်ားထံသို႔ Real time report ျဖင့္ ျပသေပးသြားမည္ျဖစ္ကာ ရလဒ္ေပၚ မူတည္၍ ေၾကာ္ျငာရွင္မ်ားမွ မိမိတို႔၏ထုတ္ကုန္ပစၥည္းအား ေၾကာ္ျငာျပသျခင္း နည္းဗ်ဳဟာမ်ားကိုလည္း ပိုမို ထိေရာက္ေသာနည္းလမ္းမ်ားျဖင့္ ျပဳျပင္ေျပာင္းလဲႏိုင္မည္ျဖစ္သည္။

Programmatic display ads, Rich media, Video ads, Search ads, Native ads ႏွင့္ Rewarded ads အစရွိသည္တို႔အား DKMads မွ ၀န္ေဆာင္မႈေပးလ်က္ရိွပါသည္။ DKMads ကုမၺဏီႏွင့္၎၏ ဝန္ေဆာင္မႈမ်ား အေၾကာင္း ပိုမိုသိရွိလိုပါက ကုမၸဏီ၏ တရားဝင္ ဝက္ဘ္ဆိုဒ္ျဖစ္ေသာ https://dkmads.com/ သို႔မဟုတ္ Facebook account ျဖစ္သည့္ https://www.facebook.com/dkmadsprogrammatic/ ႏွင့္ e-mail [email protected] တြင္ဝင္ေရာက္ ၾကည့္ရႈႏိုင္ၿပီး ဖုန္းနံပါတ္ ဝ၉ -၂၆၁ဝဝ၂၅၅၉ ၊ ဝ၉ – ၄၂၅၆၃၉ ၂၈၂ သို႔ ဆက္သြယ္ေမးျမန္းႏိုင္ပါသည္။

(Unicode Version)

ပြည်တွင်း B2B စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် DKMads မှ Programmatic ကြော်ငြာများကိုဝန်ဆောင်မှုပေးမည်

DKMads ကုမ္ဗဏီမှ programmatic နည်းပညာ ဆိုင်ရာ ကြော်ငြာများနှင့်စပ်လျဉ်း၍ ဝန်ဆောင်မှုများ စတင်ရရှိကြောင်း မိတ်ဆက်ပွဲ အခမ်းအနားအား ဇူလိုင်လ ၁၈ ရက်နေ့တွင် Park Royal ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့သည်။

DKMads Programmatic ပလက်ဖောင်းသည် ကြော်ငြာများအား မည်သည့် နေရာ မည်သည့် အချိန်တွင်မဆို ၎င်းတို့နှင့် ချိတ်ဆက်ထားသည့် ကြော်ငြာ exchange များမှ တဆင့် မိမိတို့၏ ကုန်ပစ္စည်းများကို အမှန်တကယ် သုံးစွဲလာနိုင်ချေရှိသောသူများ အသုံးပြုသည့် အက်ပလီ ကေးရှင်းများ၊ ဂိမ်းများ၊ ဝက်ဆိုဒ်များအစရှိသော နေရာများတွင် ကြော်ငြာများကို လိုက်လံကာ ပြသပေးခြင်းဖြစ်သည်။ အခြားသော Programmatic ပလက်ဖောင်းများနှင့် မတူညီသည့် DKMads ၏ အားသာချက်မှာ အရည်အသွေးနည်းပါးသည့် traffic နှင့် အရည်အသွေး ကောင်းမွန်သည့် traffic ဟူ၍ နှစ်မျိုး ရွေးချယ်နိုင်မည်ဖြစ်သည်။ Programmatic ပလက်ဖောင်း သည် သန်းပေါင်းများစွာသော ဝက်ဆိုဒ်များ ၊ အက်ပလီကေးရှင်းများ၊ မိုဘိုင်းဂိမ်းများ နှင့် ချိတ်ဆက်ထားရှိ သောကြောင့် ၎င်းတို့၏အရည်အသွေး အနိမ့်အမြင့် သတ်မှတ်ခြင်းတို့အား DKMads ဆာဗာအတွင်းရှိ ဒေတာ များထဲတွင် မှတ်တမ်းများဖြင့် သိမ်းဆည်းထားရှိသည်။

“ကြော်ငြာရှင်တွေကို ဝန်ဆောင်မှုပေးတဲ့အပိုင်းမှာတော့ ဘယ်လိုbrand ကိုကြော်ငြာချင်တာလဲ၊ ဘယ်လိုသုံးစွဲသူတွေကို ဦးတည်ချင်တာလဲ စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး အရင်ဆုံးတွေ့ဆုံဆွေးနွေးပါတယ်။ အဲလိုမျိုးတွေ တိုင်ပင်ဆွေးနွေးပြီး လိုအပ်တဲ့အချက်အလက်တွေရပြီ ဆိုရင်တော့ ကျွန်တော်တို့ဘက်ကနေ တွက်ချက်ပြီးတော့ ကြော်ငြာရှင်တွေအတွက် ကုန်ကျမယ့်စရိတ်တွေ ပြန်ပြောပေးပါတယ်’’ ဟု DKMads ကုမ္ဗဏီ၏ Founder ဖြစ်သူ ဦးကျော်ရဲပိုင်မှ ရှင်းလင်းပြောကြားခဲ့သည်။

Brand Safety နှင့် Viewability ဟူသော အချက်နှစ်ချက်ကို DKMads Programmatic မှ အဓိကထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ထုတ်ကုန်ပစ္စည်းများအား လုံခြုံစိတ်ချစွာ ကြော်ငြာ ပြသနိုင်ရေးအတွက် ၎င်းထုတ်ကုန်ပစ္စည်းနှင့် ဆီလျော်ကိုက်ညီမှု မရှိသည့် မသင့်လျော်သော ဝက်ဆိုဒ် နေရာများတွင် ပေါ်ပေါက်ခြင်း များကို ဂရုပြုဆောင်ရွက် ပေးသွားမည်ဖြစ်သည့်အလျောက် viewability အားလည်း ပိုမိုဦးစားပေးဆောင်ရွက်သွားနိုင်ရန် ရည်မှန်းထားရှိသည်။ ကြော်ငြာများတွင် ကြည့်ရှုမှုနှုန်းနှင့် ကျသင့်ငွေ အစရှိသည့် ဒေတာ အချက်အလက်များအား ကြော်ငြာရှင်များထံသို့ Real time report ဖြင့် ပြသပေးသွားမည်ဖြစ်ကာ ရလဒ်ပေါ် မူတည်၍ ကြော်ငြာရှင်များမှ မိမိတို့၏ထုတ်ကုန်ပစ္စည်းအား ကြော်ငြာပြသခြင်း နည်းဗျုဟာများကိုလည်း ပိုမို ထိရောက်သောနည်းလမ်းများဖြင့် ပြုပြင်ပြောင်းလဲနိုင်မည်ဖြစ်သည်။

Programmatic display ads, Rich media, Video ads, Search ads, Native ads နှင့် Rewarded ads အစရှိသည်တို့အား DKMads မှ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ DKMads ကုမ္ဗဏီနှင့်၎င်း၏ ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ကုမ္ပဏီ၏ တရားဝင် ဝက်ဘ်ဆိုဒ်ဖြစ်သော https://dkmads.com/ သို့မဟုတ် Facebook account ဖြစ်သည့် https://www.facebook.com/dkmadsprogrammatic/ နှင့် e-mail [email protected] တွင်ဝင်ရောက် ကြည့်ရှုနိုင်ပြီး ဖုန်းနံပါတ် ဝ၉ -၂၆၁ဝဝ၂၅၅၉ ၊ ဝ၉ – ၄၂၅၆၃၉ ၂၈၂ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။