သင္ေရာ ဘယ္ေလာက္ၾကာၾကာမအိပ္ဘဲေနႏိုင္လဲ

0
139

crd photo(You Tube.com)

တစ္ညေလာက္ အိပ္ေရးပ်က္ခဲ့ရင္ေတာင္ ႏွစ္ရက္ေလာက္ အိပ္တာေတာင္ အိပ္ေရး မ၀ႏိုင္ၾကဘူးျဖစ္ေနၾကပါတယ္။ သူမ်ားေတြလို မဟုတ္ဘဲ ႏွစ္၄၀ ေလာက္ အိပ္မေပ်ာ္ခဲ့တဲ့ သူ႔လိုသာဆိုလွ်င္ ဘယ္လိုလုပ္ရမလဲေတာင္ စဥ္းစားလို႔မရေအာင္ျဖစ္မိပါတယ္။

crd photo(thanhinie news.com)
ကိုယ္ေတြနဲ႔ မတူဘဲထူးျခားေနတဲ့ သူ႔ကိုေတာ့ ၁၉၄၂ခု မွာေမြးခဲ့ကာ နွစ္မ်ားစြာၾကာတဲ့အထိ အိပ္မေပ်ာ္တဲ့ေ၀ဒနာကို ခံစားေနရသူ ဗီယက္နမ္ လယ္သမားတစ္ဦးျဖစ္တဲ့ ထိုင္းေငါ့ပဲျဖစ္ပါတယ္။ သူ႔ရဲ႕ ထူးဆန္းတဲ့အျဖစ္ကိုေျပာျပရရင္ ၁၉၇၃ခုႏွစ္ သူ႔အသက္ ၃၁ႏွစ္မွာ အျပင္းဖ်ားရာကေန အိပ္မေပ်ာ္ေတာ့တာျဖစ္တယ္လို႔ သိရပါတယ္။

crd photo(congly.vn)
၁၉၇၃ခုႏွစ္ေနာက္ပိုင္းမွာ တစ္ေမွးမွ အိပ္မရေတာ့တာေၾကာင့္ ဗီယက္နမ္ရိုးရာေဆးေတြကို ေသာက္သံုးရင္း၊ တရားထိုင္ရႈမွတ္ရင္းေနခဲ့ေပမယ့္ အိပ္မရတာေၾကာင့္ အရက္ကို အလြန္အက်ြံေသာက္သံုးၿပီး ေနဖို႔ေတာင္ စဥ္းစားခဲ့တယ္လို႔ သိရပါတယ္။ အခုဆိုရင္ သူႀကိဳးစားခဲ့တဲ့နည္းေတြဟာ ဘယ္လိုမွ အသံုးမ၀င္တာေၾကာင့္ ထိုင္းေငါ့ဟာ ႏွစ္ေပါင္း၄၀ေက်ာ္အတြင္း အိပ္မရတဲ့ညေတြဟာ ၁၂၀၀၀ေက်ာ္ရွိေနၿပီလို႔ ဆိုပါတယ္။

crd photo(WordPress.com)
အခုလို အိပ္မရတဲ့ညေတြ မ်ားေပမယ့္လည္း သူ႔အတြက္ေတာ့ ရုပ္ပိုင္းဆိုင္ရာက်န္းမာေရးဟာ ဘာမွမျဖစ္တဲ့အျပင္ သူ႔အိမ္ကေန ၂မိုင္ေ၀းတဲ့ေနရာကေန ဆန္တစ္အိတ္ကို ေန႔စဥ္ထမ္းသယ္ႏိုင္ခဲ့ပါတယ္။ သူ႔အတြက္ က်န္းမာေရး ထိခိုက္ႏိုင္မလားမသိႏိုင္ေပမယ့္ မထိခိုက္တာလည္းျဖစ္နိုင္ေၾကာင္းသိရပါတယ္။ သူဘာေၾကာင့္ အိပ္မရတာလဲဆိုတဲ့ အခ်က္ေတြကို ပညာရွင္ေတြဟာ စူးစမ္းေလ့လာခ်က္ေတြျပဳလုပ္ေနဆဲျဖစ္ တယ္လို႔ သိရပါတယ္။

crd photo (Vietbao.vn)

မ်က္လံုးေၾကာင္ၿပီးအိပ္မရတဲ့ ထိုင္းေငါ့ဟာ မိနစ္ပိုင္း ေလာက္သာ အိပ္ေပ်ာ္တဲ့ အေနအထားမ်ိဳးေတြကိုပဲ ရေနတာျဖစ္မယ္လို႔ ဆိုပါတယ္။ သူကိုယ္တိုင္ဟာ က်န္းမာေရးေကာင္းေနၿပီး၊ ငါးကန္ေဖာ္တာ၊ ေတာင္ယာလုပ္တာေတြဟာလည္း လုပ္ကိုင္ႏိုင္ေနဆဲ ပဲျဖစ္ေၾကာင္းသိရပါတယ္။ ခြန္အားသံုးၿပီး လုပ္ရတဲ့အလုပ္မွန္သမွ်ကို အကုန္လံုး လုပ္ေနဆဲလည္းျဖစ္ပါတယ္။ သူ႔ေနရာမွာ ကိုယ္သာဆိုရင္ တစ္ခါတည္းနဲ႔ ေမ့ေျမာသတိလစ္ကာ အခ်ိန္ဘယ္ေလာက္ၾကာတဲ့အထိ ေဆးကုေနရမလဲလို႔ေတာင္ ေတြးေနမိပါေတာ့တယ္။

(unicode)

သင်ရော ဘယ်လောက်ကြာကြာမအိပ်ဘဲနေနိုင်လဲ
တစ်ညလောက် အိပ်ရေးပျက်ခဲ့ရင်တောင် နှစ်ရက်လောက် အိပ်တာတောင် အိပ်ရေး မဝနိုင်ကြဘူးဖြစ်နေကြပါတယ်။ သူများတွေလို မဟုတ်ဘဲ နှစ်၄၀ လောက် အိပ်မပျော်ခဲ့တဲ့ သူ့လိုသာဆိုလျှင် ဘယ်လိုလုပ်ရမလဲတောင် စဉ်းစားလို့မရအောင်ဖြစ်မိပါတယ်။
ကိုယ်တွေနဲ့ မတူဘဲထူးခြားနေတဲ့ သူ့ကိုတော့ ၁၉၄၂ခု မှာမွေးခဲ့ကာ နှစ်များစွာကြာတဲ့အထိ အိပ်မပျော်တဲ့ဝေဒနာကို ခံစားနေရသူ ဗီယက်နမ် လယ်သမားတစ်ဦးဖြစ်တဲ့ ထိုင်းငေါ့ပဲဖြစ်ပါတယ်။ သူ့ရဲ့ ထူးဆန်းတဲ့အဖြစ်ကိုပြောပြရရင် ၁၉၇၃ခုနှစ် သူ့အသက် ၃၁နှစ်မှာ အပြင်းဖျားရာကနေ အိပ်မပျော်တော့တာဖြစ်တယ်လို့ သိရပါတယ်။
၁၉၇၃ခုနှစ်နောက်ပိုင်းမှာ တစ်မှေးမှ အိပ်မရတော့တာကြောင့် ဗီယက်နမ်ရိုးရာဆေးတွေကို သောက်သုံးရင်း၊ တရားထိုင်ရှုမှတ်ရင်းနေခဲ့ပေမယ့် အိပ်မရတာကြောင့် အရက်ကို အလွန်အကျွံသောက်သုံးပြီး နေဖို့တောင် စဉ်းစားခဲ့တယ်လို့ သိရပါတယ်။ အခုဆိုရင် သူကြိုးစားခဲ့တဲ့နည်းတွေဟာ ဘယ်လိုမှ အသုံးမဝင်တာကြောင့် ထိုင်းငေါ့ဟာ နှစ်ပေါင်း၄၀ကျော်အတွင်း အိပ်မရတဲ့ညတွေဟာ ၁၂၀၀၀ကျော်ရှိနေပြီလို့ ဆိုပါတယ်။
အခုလို အိပ်မရတဲ့ညတွေ များပေမယ့်လည်း သူ့အတွက်တော့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးဟာ ဘာမှမဖြစ်တဲ့အပြင် သူ့အိမ်ကနေ ၂မိုင်ဝေးတဲ့နေရာကနေ ဆန်တစ်အိတ်ကို နေ့စဉ်ထမ်းသယ်နိုင်ခဲ့ပါတယ်။ သူ့အတွက် ကျန်းမာရေး ထိခိုက်နိုင်မလားမသိနိုင်ပေမယ့် မထိခိုက်တာလည်းဖြစ်နိုင်ကြောင်းသိရပါတယ်။ သူဘာကြောင့် အိပ်မရတာလဲဆိုတဲ့ အချက်တွေကို ပညာရှင်တွေဟာ စူးစမ်းလေ့လာချက်တွေပြုလုပ်နေဆဲဖြစ် တယ်လို့ သိရပါတယ်။
မျက်လုံးကြောင်ပြီးအိပ်မရတဲ့ ထိုင်းငေါ့ဟာ မိနစ်ပိုင်း လောက်သာ အိပ်ပျော်တဲ့ အနေအထားမျိုးတွေကိုပဲ ရနေတာဖြစ်မယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင်ဟာ ကျန်းမာရေးကောင်းနေပြီး၊ ငါးကန်ဖော်တာ၊ တောင်ယာလုပ်တာတွေဟာလည်း လုပ်ကိုင်နိုင်နေဆဲ ပဲဖြစ်ကြောင်းသိရပါတယ်။ ခွန်အားသုံးပြီး လုပ်ရတဲ့အလုပ်မှန်သမျှကို အကုန်လုံး လုပ်နေဆဲလည်းဖြစ်ပါတယ်။ သူ့နေရာမှာ ကိုယ်သာဆိုရင် တစ်ခါတည်းနဲ့ မေ့မြောသတိလစ်ကာ အချိန်ဘယ်လောက်ကြာတဲ့အထိ ဆေးကုနေရမလဲလို့တောင် တွေးနေမိပါတော့တယ်။