48MP 3D Camera ပါလာတဲ့ Honor View 20 ကို ေၾကညာၿပီ

0
237

(Zawgyi Version)

စမတ္ဖုန္းမ်ားမွာ Full Screen Design ကို အသံုးျပဳဖို႔ အတြက္ Notch, Pop-up Camera မ်ားကို အသံုးျပဳလာၾကပါတယ္။ အခုေတာ့ မ်က္ႏွာျပင္ေအာက္မွာ အေရွ႕ ကင္မရာကို ျမွပ္ႏွံတဲ့ နည္းပညာကို အသံုးျပဳလာၾကပါတယ္။ အခုေတာ့ ဟြာေ၀းကလည္း မ်က္ႏွာျပင္ေအာက္မွာ အေရွ႕ ကင္မရာ ျမွပ္ႏွံထားတဲ့ Honor View 20 ကို ေၾကညာလိုက္ပါတယ္။  သူဟာ ၂၀၁၉ ခုႏွစ္ရဲ႕ ပထမဆံုး စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္း ျဖစ္လာပါတယ္။ သူ႔မွာ မ်က္ႏွာျပင္အျပည့္ ဒီဇိုင္း အသစ္ကို အသံုးျပဳထားပါတယ္။ Notch မပါဘဲ မ်က္ႏွာျပင္ေအာက္မွာ အေရွ႕ကင္မရာကို ျမွပ္ႏွံထားပါတယ္။ ၆.၄ လက္မ LCD Full HD Display ထည့္သြင္းထားၿပီး 19.25:9 မ်က္ႏွာျပင္ အခ်ိဳး ျဖစ္ပါတယ္။  အေနာက္ဘက္ ကင္မရာမ်ားထဲမွာ 48MP Sony IMX586 Camera နဲ႔အတူ 3D ToF Sensor ပါပါတယ္။ သူ႔မွာ Kirin 980 Chipset ေမာင္းႏွင္ထားပါတယ္။ 6GB RAM or 8GB RAM မ်ား ေရြးခ်ယ္ႏိုင္ပါတယ္။ 128GB or 256GB Storage မ်ား ထုတ္လုပ္ထားပါတယ္။ အေရွ႕ဘက္မွာ 25MP Camera ကို မ်က္ႏွာျပင္ေအာက္မွာ ျမွပ္ႏွံထားပါတယ္။ အေနာက္ဘက္ဟာ ေတာက္ေျပာင္တဲ့ ဒီဇိုင္း ျဖစ္ၿပီး V ပံုသ႑ာန္ မ်ဥ္းေၾကာင္းဟာ ဖုန္းကို လႈပ္ခါလိုက္တိုင္း အေရာင္မ်ား ေျပာင္းသြားပါတယ္။ EMUI Software ထည့္သြင္းထားၿပီး Super Night View Mode လို ဟြာေ၀းရဲ႕ လုပ္ေဆာင္ခ်က္မ်ား ပါပါတယ္။ EIS နဲ႔ GPU Turbo 2.0 လုပ္ေဆာင္ခ်က္မ်ားလည္း ထည့္သြင္းထားပါတယ္။ ဘက္ထရီက 4000mAh ျဖစ္ၿပီး 22.5W SuperCharge ပါပါတယ္။ ၃၀ မိနစ္ အတြင္းမွာ ၅၅ ရာခုိင္ႏႈန္း အားျဖည့္ေပးပါတယ္။ အနီ၊ အျပာနဲ႔ အနက္ေရာင္မ်ား ထုတ္လုပ္ထားပါတယ္။ ဒီဇိုင္းကလည္း အလြန္ လွပပါတယ္။  Honor View 20 ကို တရုတ္မွာ ေၾကညာလိုက္တာ ျဖစ္ၿပီး လာမယ့္လ ၂၂ ရက္ေန႔မွာ ပဲရစ္မွာ မိတ္ဆက္ပြဲ ျပဳလုပ္မွာ ျဖစ္ပါတယ္။ 6/128GB ကို ယြမ္ ၂၉၉၉ ( ၄၃၅ ေဒၚလာ) ၊ 8/128GB ကို ယြမ္ ၃၄၉၉ ( ၅၁၀ ေဒၚလာ) ၊ 8/256GB ကို ယြမ္ ၃၉၉၉ (၅၈၀ ေဒၚလာ) သတ္မွတ္ထားပါတယ္။ တရုတ္မွာ ယခုလ ၂၈ ရက္မွာ ေရာင္းခ်မွာပါ။ သူ႔မွာ  မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ မပါပါဘူး။ သာမာန္ လက္ေဗြရာ ကိရိယာကို အေနာက္ဘက္မွာ ထည့္သြင္းထားပါတယ္။   သူ႔ကို ေမာ္နီတာ၊ ကီးဘုတ္၊ Mouse မ်ားနဲ႔ တြဲဖက္ၿပီး PC လို သံုးႏုိင္ပါတယ္။

သူရေနာင္

=====

(Unicode Version)

စမတ်ဖုန်းများမှာ Full Screen Design ကို အသုံးပြုဖို့ အတွက် Notch , Pop-up Camera များကို အသုံးပြုလာကြပါတယ်။ အခုတော့ မျက်နှာပြင်အောက်မှာ အရှေ့ ကင်မရာကို မြှပ်နှံတဲ့ နည်းပညာကို အသုံးပြုလာကြပါတယ်။ အခုတော့ ဟွာဝေးကလည်း မျက်နှာပြင်အောက်မှာ အရှေ့ ကင်မရာ မြှပ်နှံထားတဲ့ Honor View 20 ကို ကြေညာလိုက်ပါတယ်။  သူဟာ ၂၀၁၉ ခုနှစ်ရဲ့ ပထမဆုံး စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဖြစ်လာပါတယ်။ သူ့မှာ မျက်နှာပြင်အပြည့် ဒီဇိုင်း အသစ်ကို အသုံးပြုထားပါတယ်။ Notch မပါဘဲ မျက်နှာပြင်အောက်မှာ အရှေ့ကင်မရာကို မြှပ်နှံထားပါတယ်။ ၆.၄ လက်မ LCD Full HD Display ထည့်သွင်းထားပြီး 19.25:9 မျက်နှာပြင် အချိုး ဖြစ်ပါတယ်။  အနောက်ဘက် ကင်မရာများထဲမှာ 48MP Sony IMX586 Camera နဲ့အတူ 3D ToF Sensor ပါပါတယ်။ သူ့မှာ Kirin 980 Chipset မောင်းနှင်ထားပါတယ်။ 6GB RAM or 8GB RAM များ ရွေးချယ်နိုင်ပါတယ်။ 128GB or 256GB Storage များ ထုတ်လုပ်ထားပါတယ်။ အရှေ့ဘက်မှာ 25MP Camera ကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားပါတယ်။ အနောက်ဘက်ဟာ တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပြီး V ပုံသဏ္ဍာန် မျဉ်းကြောင်းဟာ ဖုန်းကို လှုပ်ခါလိုက်တိုင်း အရောင်များ ပြောင်းသွားပါတယ်။ EMUI Software ထည့်သွင်းထားပြီး Super Night View Mode လို ဟွာဝေးရဲ့ လုပ်ဆောင်ချက်များ ပါပါတယ်။ EIS နဲ့ GPU Turbo 2.0 လုပ်ဆောင်ချက်များလည်း ထည့်သွင်းထားပါတယ်။   ဘက်ထရီက 4000mAh ဖြစ်ပြီး 22.5W SuperCharge ပါပါတယ်။ ၃၀ မိနစ် အတွင်းမှာ ၅၅ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။ အနီ၊ အပြာနဲ့ အနက်ရောင်များ ထုတ်လုပ်ထားပါတယ်။ ဒီဇိုင်းကလည်း အလွန် လှပပါတယ်။  Honor View 20 ကို တရုတ်မှာ ကြေညာလိုက်တာ ဖြစ်ပြီး လာမယ့်လ ၂၂ ရက်နေ့မှာ ပဲရစ်မှာ မိတ်ဆက်ပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ 6/128GB ကို ယွမ် ၂၉၉၉ ( ၄၃၅ ဒေါ်လာ) ၊ 8/128GB ကို ယွမ် ၃၄၉၉ ( ၅၁၀ ဒေါ်လာ) ၊ 8/256GB ကို ယွမ် ၃၉၉၉ (၅၈၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ တရုတ်မှာ ယခုလ ၂၈ ရက်မှာ ရောင်းချမှာပါ။ သူ့မှာ  မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မပါပါဘူး။ သာမာန် လက်ဗွေရာ ကိရိယာကို အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။   သူ့ကို မော်နီတာ၊ ကီးဘုတ်၊ Mouse များနဲ့ တွဲဖက်ပြီး PC လို သုံးနိုင်ပါတယ်။

သူရနောင်

LEAVE A REPLY

Please enter your comment!
Please enter your name here