Snapchat ရဲ႕ CEO Evan Spiegel အေၾကာင္းေထြလီကာလီ (၁)

0
109

photo credit: TheIndependant

ေဒၚလာ၃၃ဘီလီယံေလာက္တန္ဖိုးရွိတဲ့ Snap Inc. ရဲ႕ရွယ္ယာအခ်ိဳ႕ကို အမ်ားျပည္သူကိုေရာင္းခ်ရာကေနEvan Spiegel ဟာ ေဒၚလာ ၈၀၀ မီလီယံေလာက္ရရွိခဲ့ပါတယ္။ ေနာက္ပိုင္း Snap ရဲ႕ရွယ္ယာေစ်းႏႈန္းေတြတျဖည္းျဖည္းတက္လာခဲ့တာေၾကာင့္ ခ်မ္းသာၾကြယ္၀ခဲ့ပါတယ္။ သူဟာ သက္ေသာင့္သက္သာဘ၀ေလးတစ္ခုကို ပိုင္ထားတဲ့သူပါ။ ဒါကိုသူကိုယ္တိုင္လည္းသိပါတယ္။ “ကြၽန္ေတာ္ဟာအသားျဖဴျဖဴနဲ႔ အသက္ငယ္ေသးတဲ့ပညာတတ္ေယာက်္ားေလးတစ္ေယာက္ပါ”လို႔ Stanford တကၠသိုလ္မွာက်င္းပတဲ့စီးပြားေရးကြန္ဖရင့္မွာေျပာခဲ့ပါတယ္။“ကံတရားက မ်က္ႏွာသာေပးထားတာေၾကာင့္မ်ားလားမသိပါဘူး။ ကြၽန္ေတာ္ဟာ အရမ္းကံေကာင္းလြန္းပါတယ္”လို႔လည္းေျပာခဲ့ပါေသးတယ္။

သူဟာ Lvy ဥပေဒေက်ာင္းထြက္မိဘႏွစ္ပါးရဲ႕သားဦးပါ။ သူ႔မိဘေတြဟာသူအထက္တန္းေက်ာင္းသားကတည္းကကြာရွင္းခဲ့ၾကပါတယ္။ Spiegel ဟာအသက္၁၆ႏွစ္ျပည့္တဲ့အခ်ိန္မွာ ယာဥ္ေမာင္းလိုင္စင္ရခဲ့ပါတယ္။ ပထမဆုံးသူလက္ေဆာင္ရခဲ့တဲ့ကားက Cadillac Escalade အမ်ိဳးအစားပါ။ သူရဲ႕ကားကိုေက်ာင္းနဲ႔ကပ္လ်က္ရွိတဲ့ California Edison ၀င္းအတြင္းမွာ သြားေရာက္ရပ္နားေလ့ရွိပါတယ္။ အဲဒီအခ်ိန္ကာလစြမ္းအင္အက်ပ္အတည္း (Energy Crisis) ျဖစ္ေပၚေနတဲ့အခ်ိန္တုန္းက Spiegel ရဲ႕ အေဖက Edison ကုမၸဏီရဲ႕ကိုယ္စားလွယ္ေရွ႕ေနပါ။ ငယ္ဘ၀တုန္းက Santa Monica မွာရွိတဲ့ အဆင့္ျမင့္ပုဂၢလိကေက်ာင္းတစ္ေက်ာင္းျဖစ္တဲ့ Crossroads မွာပညာသင္ၾကားခဲ့ပါတယ္။ အဲဒီေက်ာင္းက တစ္ႏွစ္ကို ပညာသင္စရိတ္အေမရိကန္ေဒၚလာ၁သိန္းေလာက္ကုန္က်တဲ့ေက်ာင္းပါ။ Tinder ရဲ႕တြဲဖက္တည္ေထာင္သူ Sean Rad, Kate Hudson, Jonah Hill, Jack Black နဲ႔ Gwyneth Paltrow တို႔လိုနာမည္ေက်ာ္ေတြကလည္းဒီေက်ာင္းထြက္ျဖစ္ပါတယ္။

photo credit: DigitalTrends

ေက်ာင္းသားဘ၀တုန္းက Red Bull ရဲ႕ Marketing ပိုင္းမွာအလုပ္သင္၀င္လုပ္ပါတယ္။ အဲဒီအခ်ိန္တုန္းက Spiegel က တစ္ၿမိဳ႕လုံးလွည့္ပတ္သြားႏိုင္ဖို႔ ဆီစားပိုသက္သာတဲ့ကားတစ္စီးကိုပိုၿပီးေတာ့လိုခ်င္ေနပါၿပီ။ ၂၀၀၈ ခုႏွစ္တုန္းက သူ႔အတြက္ေဒၚလာ ၇၅၀၀၀ ေလာက္တန္ေၾကးရွိတဲ့ BMW 550i ကားတစ္စီးငွားေပးဖို႔ မိဘေတြဆီကိုစာေရးဖူးပါတယ္။ စာထဲမွ ာ“ကားစီးရတာဟာ ကြၽန္ေတာ့္ကိုတကယ္ေပ်ာ္ရႊင္ေစပါတယ္။ BMW ကားသာငွားေပးရင္အလုပ္ေတြအားလုံးကိုႀကိဳးစားလုပ္ကိုင္ႏိုင္ၿပီးတကယ္ကိုေက်းဇူးတင္မိမွာပါ”လို႔ေရးထားပါတယ္။

Spiegels မိသားစုေတြဟာ လူကုံထံေတြျဖစ္ၿပီး နာမည္ႀကီးကလပ္ေတြျဖစ္တဲ့ Santa Monica မွာရွိတဲ့ Jonathan Club, La Jolla Beach နဲ႔ Tennis Club တို႔ရဲ႕အဖြဲ႕၀င္ေတြပါ။ သူတို႔ဟာ ဥေရာပကိုမၾကာခဏခရီးထြက္တတ္တဲ့သူေတြျဖစ္သလို အိမ္မွာအခ်ိန္ျပည့္အိမ္ထိန္းလည္းခန္႔ထားပါတယ္။ တစ္ခါတေလ ကေနဒါကိုရဟတ္ယာဥ္နဲ႔သြားၿပီ းႏွင္းေလွ်ာစီးေလ့ရွိတဲ့သူေတြပါ။ Evan ရဲ႕ BMW ကားေတာင္းတဲ့စာထဲမွာ ေပ်ာ္ရႊင္တဲ့မိသားစုဘ၀အေၾကာင္းထည့္ေရးထားပါေသးတယ္။

photo credit: UpdateTrendlyNews

Spiegels ဟာ Stanford တကၠသိုလ္မွာ ကုန္ပစၥည္းဒီဇိုင္းပညာကိုသင္ယူခဲ့ပါတယ္။ အဲဒီတကၠသိုလ္မွာပဲ သူဟာေနာင္တစ္ခ်ိန္ Snapchat ရဲ႕တြဲဖက္တည္ေထာင္သူေတြျဖစ္လာမယ့္ Reggie Brown နဲ႔ Bobby Murphy တို႔နဲ႔ေတြ႕ဆုံခဲ့ပါတယ္။ Forbes နဲ႔ေတြ႕တုန္းက Murphy ကအခုလိုေျပာခဲ့ပါတယ္။ “ကြၽန္ေတာ္တို႔ကဆြဲေဆာင္မႈနည္းပါတယ္။အဲဒါေၾကာင့္ကြၽန္ေတာ္တို႔တည္ေထာင္တဲ့အရာကိုဆြဲေဆာင္မႈရွိေအာင္ ျပဳလုပ္ပါတယ္”

၂၀၁၄ ခုႏွစ္မွာေတာ့ Spiegels ရဲ႕Stanford တကၠသိုလ္တုန္းကအေၾကာင္းေတြ အီးေမးေပါက္ၾကားမႈျဖစ္ပါတယ္။ သူဟာ အသင္းထဲကလူေတြဆီကို မၾကား၀ံ့မနာသာစကားလုံးေတြ မက္ေဆ့ပို႔ခဲ့တာျဖစ္ၿပီး အဲဒီထဲမွာမိန္းကေလးေတြနဲ႔လိင္ဆက္ဆံတဲ့အေၾကာင္းကို အမ်ားဆုံး ျပက္လုံးထုတ္ထားပါတယ္။ အဲဒီအီးေမးေတြထြက္ေပၚလာတဲ့အခ်ိန္မွာေတာ့ သူဟာေတာင္းပန္မႈျပဳလုပ္ခဲ့ပါတယ္။ Stanford မွာရွိေနတဲ့အခ်ိန္အတြင္း မိသားစုနဲ႔ရင္းႏွီးေနတဲ့သူငယ္ခ်င္းတစ္ေယာက္က Spiegels ကိုစြန္႔ဦးတီထြင္နဲ႔ရင္းႏွီးျမႇဳပ္ႏွံမႈသင္တန္းတစ္ခုသြားတက္ခိုင္းပါတယ္။ အဲဒီသင္တန္းမွာ သူ႔အေနနဲ႔နည္းပညာသမားေတြျဖစ္တဲ့ Google CEO Eric Schmidt နဲ႔ YouTube ရဲ႕တြဲဖက္တည္ေထာင္သူ Chad Hurley တို႔ဆီကေန အဖိုးတန္တဲ့စကားေတြၾကားသိခဲ့ပါတယ္။

သူတို႔အတန္းမွာIntuit ရဲ႕တည္ေထာင္သူ Scott Cook လာေရာက္ေဟာေျပာရင္းနဲ႔ Spiegel နဲ႔ရင္းႏွီးသြားပါတယ္။Cook က Spiegel ကို အိႏၵိယမွာျဖန္႔ဖို႔ျပင္ဆင္ထားတဲ့ Intuit ရဲ႕ထုတ္ကုန္တစ္ခုကို ျဖန္႔ဖို႔လုပ္ခိုင္းေနတာကိုရပ္နားလိုက္ပါတယ္။ အဲဒီတုန္းက Spiegel ဟာဘြဲ႕မရေသးပါဘူး ။Cook ဟာ Spiegel ကိုသေဘာက်ႏွစ္ၿခိဳက္ေပမယ့္လည္း Snapchat အတြက္ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ဖို႔ကို ျငင္းပယ္ခဲ့ပါတယ္။ သူဟာ Snapchat ကိုဖန္တီးတဲ့အေတြးအေခၚကို အူေၾကာင္ေၾကာင္ႏိုင္တယ္လို႔ထင္လို႔ပါ။ “ကြၽန္ေတာ္ဟာသူရဲ႕တီထြင္မႈအေပၚယုံၾကည္မႈမရွိပါဘူး။ ဓာတ္ပုံေတြေပ်ာက္ကြယ္သြားတာကိုဘယ္သူေတြႀကိဳက္မွာလဲဆိုၿပီးေတာ့ေပါ့။ ဒါေပမယ့္ ကြၽန္ေတာ္မွန္းဆတာမွားယြင္းခဲ့ပါတယ္”လို႔ Bussiness Insider ကိုေျပာခဲ့ပါတယ္။

Spiegel က Stanford မွထြက္လာၿပီးေနာက္မွာ Snapchat မွာအခ်ိန္ျပည့္လုပ္ကိုင္ခဲ့ပါတယ္။ သူ႔ရဲ႕အဖြဲ႕ဟာမက္ေဆ့ေတြ ျပန္ေပ်ာက္သြားတဲ့အက္ပလီေကးရွင္းကိုေရးသားေနခဲ့ပါတယ္။ ဒီ Application ကို Picaboo လို႔ေခၚပါတယ္။

ဆက္လက္ဖတ္႐ႈပါရန္…

မင္းသုခ

SAN FRANCISCO, CA – SEPTEMBER 09: Evan Spiegel of Snapchat attends TechCruch Disrupt SF 2013 at San Francisco Design Center on September 9, 2013 in San Francisco, California. (Photo by Steve Jennings/Getty Images for TechCrunch)

(Unicode Version)

Snapchat ရဲ့ CEO Evan Spiegel အကြောင်းထွေလီကာလီ (၁)

ဒေါ်လာ၃၃ဘီလီယံလောက်တန်ဖိုးရှိတဲ့ Snap Inc. ရဲ့ရှယ်ယာအချို့ကို အများပြည်သူကိုရောင်းချရာကနေEvan Spiegel ဟာ ဒေါ်လာ ၈၀၀ မီလီယံလောက်ရရှိခဲ့ပါတယ်။ နောက်ပိုင်း Snap ရဲ့ရှယ်ယာဈေးနှုန်းတွေတဖြည်းဖြည်းတက်လာခဲ့တာကြောင့် ချမ်းသာကြွယ်ဝခဲ့ပါတယ်။ သူဟာ သက်သောင့်သက်သာဘဝလေးတစ်ခုကို ပိုင်ထားတဲ့သူပါ။ ဒါကိုသူကိုယ်တိုင်လည်းသိပါတယ်။ “ကျွန်တော်ဟာအသားဖြူဖြူနဲ့ အသက်ငယ်သေးတဲ့ပညာတတ်ယောကျ်ားလေးတစ်ယောက်ပါ”လို့ Stanford တက္ကသိုလ်မှာကျင်းပတဲ့စီးပွားရေးကွန်ဖရင့်မှာပြောခဲ့ပါတယ်။“ကံတရားက မျက်နှာသာပေးထားတာကြောင့်များလားမသိပါဘူး။ ကျွန်တော်ဟာ အရမ်းကံကောင်းလွန်းပါတယ်”လို့လည်းပြောခဲ့ပါသေးတယ်။

သူဟာ Lvy ဥပဒေကျောင်းထွက်မိဘနှစ်ပါးရဲ့သားဦးပါ။ သူ့မိဘတွေဟာသူအထက်တန်းကျောင်းသားကတည်းကကွာရှင်းခဲ့ကြပါတယ်။ Spiegel ဟာအသက်၁၆နှစ်ပြည့်တဲ့အချိန်မှာ ယာဉ်မောင်းလိုင်စင်ရခဲ့ပါတယ်။ ပထမဆုံးသူလက်ဆောင်ရခဲ့တဲ့ကားက Cadillac Escalade အမျိုးအစားပါ။ သူရဲ့ကားကိုကျောင်းနဲ့ကပ်လျက်ရှိတဲ့ California Edison ဝင်းအတွင်းမှာ သွားရောက်ရပ်နားလေ့ရှိပါတယ်။ အဲဒီအချိန်ကာလစွမ်းအင်အကျပ်အတည်း (Energy Crisis) ဖြစ်ပေါ်နေတဲ့အချိန်တုန်းက Spiegel ရဲ့ အဖေက Edison ကုမ္ပဏီရဲ့ကိုယ်စားလှယ်ရှေ့နေပါ။ ငယ်ဘဝတုန်းက Santa Monica မှာရှိတဲ့ အဆင့်မြင့်ပုဂ္ဂလိကကျောင်းတစ်ကျောင်းဖြစ်တဲ့ Crossroads မှာပညာသင်ကြားခဲ့ပါတယ်။ အဲဒီကျောင်းက တစ်နှစ်ကို ပညာသင်စရိတ်အမေရိကန်ဒေါ်လာ၁သိန်းလောက်ကုန်ကျတဲ့ကျောင်းပါ။ Tinder ရဲ့တွဲဖက်တည်ထောင်သူ Sean Rad, Kate Hudson, Jonah Hill, Jack Black နဲ့ Gwyneth Paltrow တို့လိုနာမည်ကျော်တွေကလည်းဒီကျောင်းထွက်ဖြစ်ပါတယ်။

ကျောင်းသားဘဝတုန်းက Red Bull ရဲ့ Marketing ပိုင်းမှ ာအလုပ်သင်ဝင်လုပ်ပါတယ်။ အဲဒီအချိန်တုန်းက Spiegel က တစ်မြို့လုံးလှည့်ပတ်သွားနိုင်ဖို့ ဆီစားပိုသက်သာတဲ့ကားတစ်စီးကိုပိုပြီးတော့လိုချင်နေပါပြီ။ ၂၀၀၈ ခုနှစ်တုန်းက သူ့အတွက်ဒေါ်လာ ၇၅၀၀၀ လောက်တန်ကြေးရှိတဲ့ BMW 550i ကားတစ်စီးငှားပေးဖို့ မိဘတွေဆီကိုစာရေးဖူးပါတယ်။ စာထဲမှ ာ“ကားစီးရတာဟာ ကျွန်တော့်ကိုတကယ်ပျော်ရွှင်စေပါတယ်။ BMW ကားသာငှားပေးရင်အလုပ်တွေအားလုံးကိုကြိုးစားလုပ်ကိုင်နိုင်ပြီးတကယ်ကိုကျေးဇူးတင်မိမှာပါ”လို့ရေးထားပါတယ်။

Spiegels မိသားစုတွေဟာ လူကုံထံတွေဖြစ်ပြီး နာမည်ကြီးကလပ်တွေဖြစ်တဲ့ Santa Monica မှာရှိတဲ့ Jonathan Club, La Jolla Beach နဲ့ Tennis Club တို့ရဲ့အဖွဲ့ဝင်တွေပါ။ သူတို့ဟာ ဥရောပကိုမကြာခဏခရီးထွက်တတ်တဲ့သူတွေဖြစ်သလို အိမ်မှာအချိန်ပြည့်အိမ်ထိန်းလည်းခန့်ထားပါတယ်။ တစ်ခါတလေ ကနေဒါကိုရဟတ်ယာဉ်နဲ့သွားပြီ းနှင်းလျှောစီးလေ့ရှိတဲ့သူတွေပါ။ Evan ရဲ့ BMW ကားတောင်းတဲ့စာထဲမှာ ပျော်ရွှင်တဲ့မိသားစုဘဝအကြောင်းထည့်ရေးထားပါသေးတယ်။

Spiegels ဟာ Stanford တက္ကသိုလ်မှာ ကုန်ပစ္စည်းဒီဇိုင်းပညာကိုသင်ယူခဲ့ပါတယ်။ အဲဒီတက္ကသိုလ်မှာပဲ သူဟာနောင်တစ်ချိန် Snapchat ရဲ့တွဲဖက်တည်ထောင်သူတွေဖြစ်လာမယ့် Reggie Brown နဲ့ Bobby Murphy တို့နဲ့တွေ့ဆုံခဲ့ပါတယ်။ Forbes နဲ့တွေ့တုန်းက Murphy ကအခုလိုပြောခဲ့ပါတယ်။ “ကျွန်တော်တို့ကဆွဲဆောင်မှုနည်းပါတယ်။အဲဒါကြောင့်ကျွန်တော်တို့တည်ထောင်တဲ့အရာကိုဆွဲဆောင်မှုရှိအောင် ပြုလုပ်ပါတယ်”

၂၀၁၄ ခုနှစ်မှာတော့ Spiegels ရဲ့Stanford တက္ကသိုလ်တုန်းကအကြောင်းတွေ အီးမေးပေါက်ကြားမှုဖြစ်ပါတယ်။ သူဟာ အသင်းထဲကလူတွေဆီကို မကြားဝံ့မနာသာစကားလုံးတွေ မက်ဆေ့ပို့ခဲ့တာဖြစ်ပြီး အဲဒီထဲမှာမိန်းကလေးတွေနဲ့လိင်ဆက်ဆံတဲ့အကြောင်းကို အများဆုံး ပြက်လုံးထုတ်ထားပါတယ်။ အဲဒီအီးမေးတွေထွက်ပေါ်လာတဲ့အချိန်မှာတော့ သူဟာတောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။ Stanford မှာရှိနေတဲ့အချိန်အတွင်း မိသားစုနဲ့ရင်းနှီးနေတဲ့သူငယ်ချင်းတစ်ယောက်က Spiegels ကိုစွန့်ဦးတီထွင်နဲ့ရင်းနှီးမြှုပ်နှံမှုသင်တန်းတစ်ခုသွားတက်ခိုင်းပါတယ်။ အဲဒီသင်တန်းမှာ သူ့အနေနဲ့နည်းပညာသမားတွေဖြစ်တဲ့ Google CEO Eric Schmidt နဲ့ YouTube ရဲ့တွဲဖက်တည်ထောင်သူ Chad Hurley တို့ဆီကနေ အဖိုးတန်တဲ့စကားတွေကြားသိခဲ့ပါတယ်။

သူတို့အတန်းမှာIntuit ရဲ့တည်ထောင်သူ Scott Cook လာရောက်ဟောပြောရင်းနဲ့ Spiegel နဲ့ရင်းနှီးသွားပါတယ်။Cook က Spiegel ကို အိန္ဒိယမှာဖြန့်ဖို့ပြင်ဆင်ထားတဲ့ Intuit ရဲ့ထုတ်ကုန်တစ်ခုကို ဖြန့်ဖို့လုပ်ခိုင်းနေတာကိုရပ်နားလိုက်ပါတယ်။ အဲဒီတုန်းက Spiegel ဟာဘွဲ့မရသေးပါဘူး ။Cook ဟာ Spiegel ကိုသဘောကျနှစ်ခြိုက်ပေမယ့်လည်း Snapchat အတွက်ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ကို ငြင်းပယ်ခဲ့ပါတယ်။ သူဟာ Snapchat ကိုဖန်တီးတဲ့အတွေးအခေါ်ကို အူကြောင်ကြောင်နိုင်တယ်လို့ထင်လို့ပါ။ “ကျွန်တော်ဟာသူရဲ့တီထွင်မှုအပေါ်ယုံကြည်မှုမရှိပါဘူး။ ဓာတ်ပုံတွေပျောက်ကွယ်သွားတာကိုဘယ်သူတွေကြိုက်မှာလဲဆိုပြီးတော့ပေါ့။ ဒါပေမယ့် ကျွန်တော်မှန်းဆတာမှားယွင်းခဲ့ပါတယ်”လို့ Bussiness Insider ကိုပြောခဲ့ပါတယ်။

Spiegel က Stanford မှထွက်လာပြီးနောက်မှာ Snapchat မှာအချိန်ပြည့်လုပ်ကိုင်ခဲ့ပါတယ်။ သူ့ရဲ့အဖွဲ့ဟာမက်ဆေ့တွေ ပြန်ပျောက်သွားတဲ့အက်ပလီကေးရှင်းကိုရေးသားနေခဲ့ပါတယ်။ ဒီ Application ကို Picaboo လို့ခေါ်ပါတယ်။

ဆက်လက်ဖတ်ရှုပါရန်…

မင်းသုခ