အေဟာင္းေတြဟာ ေကာင္းေနဆဲပါ

0
869

အသစ္အသစ္ေတြကိုမွ ႏွစ္သက္တတ္သူေတြဟာလည္း ဘာပဲျဖစ္ျဖစ္၊ သစ္ေပ့ ဆိုတာေလးမွ သံုးခ်င္၊ စားခ်င္ၾကတာလူ႕သဘာ၀လို႔ဆိုရမွာျဖစ္ပါတယ္။ အ၀တ္အစားဆိုလည္း ေပၚၿပီဆိုတာနဲ႔ခါးေပၚတင္လိုက္ရမွ အိပ္ေပ်ာ္တဲ့သူေတြရွိသလို၊ ဆိုင္သစ္္ဆိုတာၾကားတာနဲ႔တင္ ဘယ္ေနရာမွာလဲဆိုကာ စားၿပီးသားပဲဆိုတဲ့သူေတြလည္းအမ်ားႀကီးျဖစ္ပါတယ္။

ဒီလို လိုင္းေပါင္းစံုရွိတဲ့အထဲကမွ အစားတစ္လိုင္းသပ္သပ္ ေရြးခ်ယ္ထားတဲ့သူမ်ားအတြက္ရည္ရြယ္ကာ ဘယ္ေနရာမွာဘာေတြစားရမလဲ၊ဘယ္ေလာက္လဲ၊ ဘယ္လိုပံုစံနဲ႔စားေသာက္ရမလဲဆိုတဲ့ အေတြးေတြကို အၿမဲနယ္ခ်ဲ႕စဥ္းစားေနၾကသူမ်ားအဖို႔ မိုးပ်ံစားေသာက္ဆိုင္၊ ေရေအာက္စားေသာက္ဆိုင္စတဲ့ နာမည္ေတြနဲ႔ ေက်ာ္ၾကားေနတဲ့ဆိုင္ေတြလည္း မေရတြက္ႏိုင္ေလာက္ေအာင္ရွိသလို၊ ေလယာဥ္ ဆိုင္ေသာက္ ဆိုၿပီး နာမည္ႀကီးေနတဲ့ဆိုင္ေတြလည္းရွိပါတယ္။

ေလယာဥ္ေဟာင္း၊ ေလယာဥ္အိုေတြကို အသစ္တစ္ဖန္ျပန္တည္ေဆာက္၍ စားေသာက္ဆိုင္ဖြင့္လွစ္ကာ စားသံုးသူမ်ားရဲ႕စိတ္ကိုခံစားမႈတစ္မ်ိဳးကိုေပးစြမ္းေစပါတယ္။ အဲဒီေလယာဥ္ေပၚမွာဖြင့္ထားတဲ့ဆိုင္ေတြထဲက နာမည္ႀကီးဆိုင္တခ်ိဳ႕ကို အမွန္တကယ္ စားသံုးသူမ်ားအတြက္ တင္ျပေပးခ်င္ပါတယ္။

နယူးဇီလန္ႏိုင္ငံ တာပိုၿမိဳ႕ေလးမွာ DC-3 ေလယာဥ္အေဟာင္းႀကီးကိုေတြ႕ရမွာျဖစ္ၿပီး၊ ယခုအခါမွာေတာ့ McDonald’s က ဆိုင္အျဖစ္ဖြင့္လွစ္ထားပါတယ္။ ဒီေလယာဥ္ဆိုင္အတြင္းမွာ လူအေယာက္၂၀ အသာေလးဆံ့တယ္လို႔သိရတဲ့အျပင္ ဒီေနရာေလးကို ၁၉၉၀ ခုႏွစ္တုန္းက ၀ယ္ယူခဲ့ၿပီး၊ ေလယာဥ္ပ်ံဆိုင္ျဖစ္လာခဲ့တာလို႔ ပိုင္ရွင္ Elleen Byme ဆိုသူကေျပာျပခဲ့ပါတယ္။

သူ႔လိုပဲ ေဘာ္လ္တန္ၿမိဳ႕ေလးမွာလည္း အသားကင္တို႔ဘာဂါတို႔စားေသာက္လို႔ရမယ့္ ဆိုင္ကိုေတာ့ Steak On a Plane လို႔ နာမည္ေပးထားတာေတြ႔ရပါတယ္။ ဒီဆိုင္ေလးက ညဘက္ပါဖြင့္တာမို႔ ခရီးသြားရင္း၊ စားေသာက္ရင္း ပံုစံမ်ိဳးျဖစ္လို႔ႏွစ္သက္ၾကမယ္လို႔ထင္ပါတယ္။

အသားကင္၊ ဘာဂါ၊ စနက္ခ္တို႔ရရွိတာအျပင္ ကေလးေတြ ပါလာခဲ့ရင္လည္း ေလယာဥ္ ပိုင္းေလာ့ခန္းမွာ ၀င္ေရာက္ေပ်ာ္ရႊင္ခြင့္ပါေပးထားတာမို႔ ကေလးေတြလည္း အထူးႏွစ္သက္ၾကမယ့္အျပင္ ပိုင္းေလာ့ဦးထုပ္နဲ႔ ဓာတ္ပံုရိုက္လို႔ရေအာင္လည္း ထားေပးထားတယ္လို႔သိရပါတယ္။

C-123 Fairchild ကုန္တင္ေလယာဥ္ေပၚမွာေတာ့ ႏွစ္ထပ္ဘားေလးပါ၀င္ကာ ပင္လယ္အစားအစာ အထူးေရာင္းတဲ့ဆိုင္တစ္ဆိုင္ပါဖြင့္လွစ္ထားတယ္လို႔သိရပါတယ္။ ဒီ El Avion ေလယာဥ္ဆိုင္မွာ နာမည္ႀကီးေဒသထြက္ ပင္လယ္စာ ဟင္းေတြကနာမည္ႀကီးဟင္းေတြျဖစ္ပါတယ္။ ၁၉၈၆ ခုႏွစ္ လက္နဲ႔ ႀကိဳးသိုင္းဖိနပ္မ်ားလဲလွယ္ရာမွာ ပစ္ခ်ခံခဲ့ရတဲ့ ေလယာဥ္ျဖစ္ပါတယ္။ ၂၀၀၀ ခုနွစ္မတိုင္ခင္ထိ တစ္စစီရွိေနခဲ့ရာမွျပဳျပင္ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္မွာေတာ့ Kuldeep Kakkar နဲ႔ Kshitij kakkar တို႔သားအဖႏွစ္ေယာက္က စားသံုးသူေတြအေနနဲ႔ ေလယာဥ္အေတာင္ပံေပၚမွာတက္စားလို႔ရေအာင္ပါစီစဥ္ေပးထားတဲ့ Runway 1 ဆိုင္ကိုဖြင့္လွစ္ခဲ့ကာ  ပီဇာ၊ ပါစတာတို႔အျပင္ အိႏၵိယဟင္းလ်ာေတြနဲ႔တြဲစပ္စားေသာက္လို႔ရေအာင္လည္း စီစဥ္ထားတယ္လို႔ သိရပါတယ္။ ဒီအဲဘတ္စ္ႀကီးကို A320 Air india ေလေၾကာင္းလိုင္းက အသံုးျပဳခဲ့တာလို႔လည္း ဗဟုသုတ အျဖစ္သိရပါတယ္။ ဒီဆိုင္ပိုင္ရွင္၏ဇနီးျဖစ္သူဟာလည္း တစ္ခ်ိန္က ေလယာဥ္မယ္တစ္ဦးျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ သူမရဲ႕ စိတ္ကူးေလးေတြကို အေကာင္အထည္ေဖာ္ဖို႔ရန္အတြက္ အခ်ိန္ ေတာ္ေတာ္ယူခဲ့ရတယ္ လို႔ဆိုပါတယ္။

Plane in the city ဆိုတဲ့ဆိုင္ကိုေတာ့ မေလးရွားႏိုင္ငံမွာဖြင့္လွစ္ထားတာေတြ႔ရမွာျဖစ္ကာ ဒီစားေသာက္ဆိုင္ရဲ႕ ထူးျခားခ်က္ကေတာ့ တစ္နာရီခြဲစာ ပက္ေက့ရွ္နဲ႔ေလယာဥ္ေပၚမွ အေတြ႕အႀကံဳမ်ားကို ခံစားရေစမွာျဖစ္တယ္လို႔သိရပါတယ္။ ႏွစ္ေယာက္စာအတြက္ရိုးရိုးတန္း၊ ပထမတန္း ဆိုၿပီးခြဲျခားထားကာ မိမိထိုင္တဲ့စားပြဲေတြမွာဘိုကင္တင္ႏိုင္ေၾကာင္း သိရပါတယ္။ ဧည့္ခံေရးအစီအစဥ္အေနနဲ႔ အစားအေသာက္မ်ားကလည္း ၾကယ္ငါးပြင့္ အရည္အေသြးမ်ားျဖစ္တယ္ လို႔သိရျပန္ေတာ့ စားခ်င္စိတ္မ်ား တဖြားဖြားေပၚ လာၾကၿပီထင္ပါတယ္။

Package နဲ႔၀ယ္ယူထားသူမ်ားအေနနဲ႔ ေလယာဥ္ပိုင္းေလာ့ခန္းကို၀င္ေရာက္ေလ့လာႏိုင္မွာျဖစ္ပါတယ္။ အေတာင္ပံေပၚလမ္းေလွ်ာက္လို႔ရတဲ့အျပင္ က်သင့္ေငြကေတာ့ မေလးရင္းဂစ္ ၉၉၉ က်သင့္မွာျဖစ္ေၾကာင္း သတင္းေကာင္းေပးခ်င္ပါတယ္။

(Unicode Version)

အဟောင်းတွေဟာ ကောင်းနေဆဲပါ

အသစ်အသစ်တွေကိုမှ နှစ်သက်တတ်သူတွေဟာလည်း ဘာပဲဖြစ်ဖြစ်၊ သစ်ပေ့ ဆိုတာလေးမှ သုံးချင်၊ စားချင်ကြတာလူ့သဘာဝလို့ဆိုရမှာဖြစ်ပါတယ်။ အဝတ်အစားဆိုလည်း ပေါ်ပြီဆိုတာနဲ့ခါးပေါ်တင်လိုက်ရမှ အိပ်ပျော်တဲ့သူတွေရှိသလို၊ ဆိုင်သစ်ဆိုတာကြားတာနဲ့တင် ဘယ်နေရာမှာလဲဆိုကာ စားပြီးသားပဲဆိုတဲ့သူတွေလည်းအများကြီးဖြစ်ပါတယ်။

ဒီလို လိုင်းပေါင်းစုံရှိတဲ့အထဲကမှ အစားတစ်လိုင်းသပ်သပ် ရွေးချယ်ထားတဲ့သူများအတွက်ရည်ရွယ်ကာ ဘယ်နေရာမှာဘာတွေစားရမလဲ၊ဘယ်လောက်လဲ၊ ဘယ်လိုပုံစံနဲ့စားသောက်ရမလဲဆိုတဲ့ အတွေးတွေကို အမြဲနယ်ချဲ့စဉ်းစားနေကြသူများအဖို့ မိုးပျံစားသောက်ဆိုင်၊ ရေအောက်စားသောက်ဆိုင်စတဲ့ နာမည်တွေနဲ့ ကျော်ကြားနေတဲ့ဆိုင်တွေလည်း မရေတွက်နိုင်လောက်အောင်ရှိသလို၊ လေယာဉ် ဆိုင်သောက် ဆိုပြီး နာမည်ကြီးနေတဲ့ဆိုင်တွေလည်းရှိပါတယ်။

လေယာဉ်ဟောင်း၊ လေယာဉ်အိုတွေကို အသစ်တစ်ဖန်ပြန်တည်ဆောက်၍ စားသောက်ဆိုင်ဖွင့်လှစ်ကာ စားသုံးသူများရဲ့စိတ်ကိုခံစားမှုတစ်မျိုးကိုပေးစွမ်းစေပါတယ်။ အဲဒီလေယာဉ်ပေါ်မှာဖွင့်ထားတဲ့ဆိုင်တွေထဲက နာမည်ကြီးဆိုင်တချို့ကို အမှန်တကယ် စားသုံးသူများအတွက် တင်ပြပေးချင်ပါတယ်။

နယူးဇီလန်နိုင်ငံ တာပိုမြို့လေးမှာ DC-3 လေယာဉ်အဟောင်းကြီးကိုတွေ့ရမှာဖြစ်ပြီး၊ ယခုအခါမှာတော့ McDonald’s က ဆိုင်အဖြစ်ဖွင့်လှစ်ထားပါတယ်။ ဒီလေယာဉ်ဆိုင်အတွင်းမှာ လူအယောက်၂၀ အသာလေးဆံ့တယ်လို့သိရတဲ့အပြင် ဒီနေရာလေးကို ၁၉၉၀ ခုနှစ်တုန်းက ဝယ်ယူခဲ့ပြီး၊ လေယာဉ်ပျံဆိုင်ဖြစ်လာခဲ့တာလို့ ပိုင်ရှင် Elleen Byme ဆိုသူကပြောပြခဲ့ပါတယ်။

သူ့လိုပဲ ဘော်လ်တန်မြို့လေးမှာလည်း အသားကင်တို့ဘာဂါတို့စားသောက်လို့ရမယ့် ဆိုင်ကိုတော့ Steak On a Plane လို့ နာမည်ပေးထားတာတွေ့ရပါတယ်။ ဒီဆိုင်လေးက ညဘက်ပါဖွင့်တာမို့ ခရီးသွားရင်း၊ စားသောက်ရင်း ပုံစံမျိုးဖြစ်လို့နှစ်သက်ကြမယ်လို့ထင်ပါတယ်။ အသားကင်၊ ဘာဂါ၊ စနက်ခ်တို့ရရှိတာအပြင် ကလေးတွေ ပါလာခဲ့ရင်လည်း လေယာဉ် ပိုင်းလော့ခန်းမှာ ဝင်ရောက်ပျော်ရွှင်ခွင့်ပါပေးထားတာမို့ ကလေးတွေလည်း အထူးနှစ်သက်ကြမယ့်အပြင် ပိုင်းလော့ဦးထုပ်နဲ့ ဓာတ်ပုံရိုက်လို့ရအောင်လည်း ထားပေးထားတယ်လို့သိရပါတယ်။

C-123 Fairchild ကုန်တင်လေယာဉ်ပေါ်မှာတော့ နှစ်ထပ်ဘားလေးပါဝင်ကာ ပင်လယ်အစားအစာ အထူးရောင်းတဲ့ဆိုင်တစ်ဆိုင်ပါဖွင့်လှစ်ထားတယ်လို့သိရပါတယ်။ ဒီ El Avion လေယာဉ်ဆိုင်မှာ နာမည်ကြီးဒေသထွက် ပင်လယ်စာ ဟင်းတွေကနာမည်ကြီးဟင်းတွေဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ် လက်နဲ့ ကြိုးသိုင်းဖိနပ်များလဲလှယ်ရာမှာ ပစ်ချခံခဲ့ရတဲ့ လေယာဉ်ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်မတိုင်ခင်ထိ တစ်စစီရှိနေခဲ့ရာမှပြုပြင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ Kuldeep Kakkarနဲ့ Kshitij kakkar တို့သားအဖနှစ်ယောက်က စားသုံးသူတွေအနေနဲ့ လေယာဉ်အတောင်ပံပေါ်မှာတက်စားလို့ရအောင်ပါစီစဉ်ပေးထားတဲ့ Runway 1 ဆိုင်ကိုဖွင့်လှစ်ခဲ့ကာ  ပီဇာ၊ ပါစတာတို့အပြင် အိန္ဒိယဟင်းလျာတွေနဲ့တွဲစပ်စားသောက်လို့ရအောင်လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒီအဲဘတ်စ်ကြီးကို A320 Air india လေကြောင်းလိုင်းက အသုံးပြုခဲ့တာလို့လည်း ဗဟုသုတ အဖြစ်သိရပါတယ်။ ဒီဆိုင်ပိုင်ရှင်၏ဇနီးဖြစ်သူဟာလည်း တစ်ချိန်က လေယာဉ်မယ်တစ်ဦးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ စိတ်ကူးလေးတွေကို အကောင်အထည်ဖော်ဖို့ရန်အတွက် အချိန် တော်တော်ယူခဲ့ရတယ် လို့ဆိုပါတယ်။

Plane in the city ဆိုတဲ့ဆိုင်ကိုတော့ မလေးရှားနိုင်ငံမှာဖွင့်လှစ်ထားတာတွေ့ရမှာဖြစ်ကာ ဒီစားသောက်ဆိုင်ရဲ့ ထူးခြားချက်ကတော့ တစ်နာရီခွဲစာ ပက်ကေ့ရှ်နဲ့လေယာဉ်ပေါ်မှ အတွေ့အကြုံများကို ခံစားရစေမှာဖြစ်တယ်လို့သိရပါတယ်။ နှစ်ယောက်စာအတွက်ရိုးရိုးတန်း၊ ပထမတန်း ဆိုပြီးခွဲခြားထားကာ မိမိထိုင်တဲ့စားပွဲတွေမှာဘိုကင်တင်နိုင်ကြောင်း သိရပါတယ်။ ဧည့်ခံရေးအစီအစဉ်အနေနဲ့ အစားအသောက်များကလည်း ကြယ်ငါးပွင့် အရည်အသွေးများဖြစ်တယ် လို့သိရပြန်တော့ စားချင်စိတ်များ တဖွားဖွားပေါ် လာကြပြီထင်ပါတယ်။

Package နဲ့ဝယ်ယူထားသူများအနေနဲ့ လေယာဉ်ပိုင်းလော့ခန်းကိုဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။ အတောင်ပံပေါ်လမ်းလျှောက်လို့ရတဲ့အပြင် ကျသင့်ငွေကတော့ မလေးရင်းဂစ် ၉၉၉ ကျသင့်မှာဖြစ်ကြောင်း သတင်းကောင်းပေးချင်ပါတယ်။