လက္တည့္စမ္းခ်င္တဲ့သူေတြအတြက္ Android App မ်ား

0
526

တစ္ခုခုကို Hack မယ္ဆိုရင္ ကြန္ပ်ဴတာနဲ႔မွ လုပ္လို႔ရတာမဟုတ္ပါဘူး။ ဖုန္းနဲ႔လုပ္လို႔ရတာေတြလည္းရွိပါတယ္။ ဒီနယ္ပယ္ထဲကို စေလ့လာ ခ်င္တဲ့လူငယ္ေတြ အေမးမ်ားၾကတာကဖုန္းနဲ႔ေရာ Hack လို႔မရဘူးလား။ ဖုန္းအတြက္ Hacking Application ေတြမရွိဘူးဆိုတဲ့ ေမးခြန္းပါ။ ကြၽန္ေတာ္တို႔ ကြန္ပ်ဴတာမွာသံုးတဲ့ Kali ကိုလည္း ဖုန္းမွာထည့္ၿပီး သံုးလို႔ ရပါတယ္။ Nexus နဲ႔ One Plus ဖုန္းေတြကို Support လုပ္တယ္လို႔ Offensive Security Website ေပၚမွာေၾကညာထားေပမယ့္ တျခား Android ဖုန္းေတြေပၚမွာထည့္သြင္းႏိုင္တဲ့ နည္းလမ္းေတြရွိပါတယ္။ အခု ေျပာမယ့္ App ေလးေတြကေတာ့ Kali နဲ႔မဆိုင္ပါဘူး။ Security ပိုင္းကိုစမ္းသပ္ဖို႔ ရည္ရြယ္ၿပီး ဒီေဆာင္းပါးကိုေရးတာျဖစ္လို႔ မလိုတမာနည္းလမ္းေတြနဲ႔ အသံုးမျပဳၾကဖို႔ ေမတၱာရပ္ခံခ်င္ပါတယ္။

  1. AndroRAT

နာမည္အတိုင္းပဲ Android ဖုန္းေတြအတြက္ Remote Administration Tool တစ္ခုလို႔ေျပာႏိုင္သလို Client/Server Application တစ္ခုလို႔လည္း ေျပာလို႔ရပါတယ္။ Client Side ဖက္အတြက္ Java Android နဲ႔ေရးထားၿပီး Sever အတြက္ကေတာ့ Java/Swing နဲ႔ ေရးသားထားပါတယ္။ ရည္ရြယ္ခ်က္ကေတာ့ Android စနစ္တစ္ခုကို အေ၀းကေန ထိန္းခ်ဳပ္ႏိုင္ဖို႔နဲ႔ အခ်က္အလက္ေတြကို လွမ္းယူႏိုင္ဖို႔ပါ။ ဒီ App ကိုသံုးၿပီးေတာ့ ကိုယ့္ရဲ႕အေ၀းမွာ ရွိေနတဲ့ဖုန္းတစ္လံုးကိုခိုင္းေစခ်င္တဲ့ ေဆာင္ရြက္ခ်က္ေတြကိုလွမ္းခို္င္းလို႔ ရပါတယ္။

  1. Wi-Fi Kill

ဒါကေတာ့ Open Source Hacking Application တစ္ခုျဖစ္ၿပီးေတာ့ ဒီနယ္ပယ္မွာေတာ္ေတာ္မ်ားမ်ားသိၿပီးသား App တစ္ခုပါ။ Window က Net Cut ဆိုတဲ့ Application နဲ႔ သေဘာတရား အတူတူပါပဲ။ ကိုယ့္ရဲ႕ကြန္ရက္နဲ႔ခ်ိတ္ဆက္ထားတဲ့ Device ေတြရဲ႕ Wi-Fi ကြန္ရက္ကို ျဖတ္ေတာက္တဲ့ ေနရာမွာ အဓိကသံုးၾကပါတယ္။ ဒါေပမယ့္ ဒါက Open Wi-Fi မွာပဲ အဆင္ေျပမွာျဖစ္ၿပီးေတာ့ Password ခိုင္မာတဲ့ ကြန္ရက္မွာေတာ့ အလုပ္ျဖစ္မွာမဟုတ္ပါဘူး။ ကုိယ့္ရဲ႕ကြန္ရက္ထဲကို က်ဴးေက်ာ္ ၀င္ေရာက္လာတဲ့ သူကို Click ေလး သံုးေလးခ်က္ႏွိပ္ၿပီး ကြန္ရက္အျပင္ေရာက္သြားေအာင္ လုပ္လုိ႔ရပါတယ္။

  1. APK Inspector

APK Inspector ဆိုတာကေတာ့ သံုးဖူးတဲ့သူတိုင္း ႏွစ္သက္မယ့္ App တစ္ခုပါ။ ၿပီးျပည့္စံုတဲ့ GUI Tool တစ္ခုျဖစ္ၿပီး တဲ့အတြက္ သံုးရတာလြယ္ပါတယ္။ Android Application ေတြရဲ႕ ေနာက္ကြယ္မွာရွိေနတဲ့ Coding သေဘာတရားေတြကို စစ္ေဆးၾကည့္လို႔ရပါတယ္။ ဒီ Tool ကိုေတာ့ Reverse Engineering   ေတြအသံုးမ်ားပါတယ္။ အထာက်က်သံုးတဲ့အခါမွာ ဆိုရင္ Android Application ေတြရဲ႕ License နဲ႔ Credits ေတြကိုပါ ၀င္ဖ်က္ႏိုင္ပါဦးမယ္။

  1. Arpspoof

ဒါကေတာ့ ကြန္ရက္ကိုေျခရာခံတဲ့ Network Sniff Ap တစ္ခုပါ။ ကိုယ္ပစ္မွတ္ထားတဲ့ Android ဖုန္းရဲ႕ Network Configuration ကိုေတာင္ ၀င္ေျပာင္းလို႔ရပါတယ္။ ကြန္ရက္တိုက္ခိုက္မႈ အမ်ိဳးအစားေတြထဲကမွ Man In the Middle တိုက္ခိုက္မႈကို ေကာင္းေကာင္းလုပ္ေဆာင္ႏိုင္တဲ့ App တစ္ခုပါ။

  1. zANTI

ဒီေကာင္ကေတာ့ Android Hacking App ေတြထဲမွာေတာ္ေတာ္ေကာင္းတဲ့ App ပါ။ Wi-Fi Hack တာနဲ႔ပတ္သက္တဲ့ Security Tools ေတာ္ေတာ္မ်ားမ်ားပါပါတယ္။

  1. Eviloperator

ဒီ App ကေတာ့ ဖုန္းပိုင္ရွင္ႏွစ္ေယာက္ကိုအ႐ူးလုပ္လို႔ရတဲ့ App ပါ။ ႏွစ္ေယာက္စလံုးကို တစ္ေယာက္နဲ႔တစ္ေယာက္ ဖုန္းေခၚတဲ့ပံုစံမ်ိဳးျဖစ္ေအာင္ လုပ္လို႔ရပါတယ္။ ေနာက္ထပ္အားသာခ်က္က သူတို႔ႏွစ္ေယာက္ေျပာဆိုေနတာကိုကိုယ္က Record ဖမ္းထားလို႔ရတာပါပဲ။

  1. Nmap for Android

Nmap အေၾကာင္းကိုေတာ့ ထူးထူးေထြေထြ ညႊန္းမေနေတာ့ပါဘူး။ ကြန္ပ်ဴတာေတြေပၚမွာ နာမည္ႀကီးၿပီးသား Application တစ္ခုပါ။ ကြန္ရက္နဲ႔ပတ္သက္ၿပီးလံုၿခံဳေရးစစ္ေဆးႏိုင္တဲ့ Open Source Security Scanner တစ္ခုျဖစ္ပါတယ္။ Root လုပ္ထားတဲ့ဖုန္းေရာ၊ မလုပ္ထားတဲ့ ဖုန္းေတြမွာပါထည့္သြင္း အသံုးျပဳလုိ႔ရပါတယ္။ ကိုယ္ရဲ႕စနစ္မွာဘယ္ Port ေတြ ပြင့္ေနတယ္၊ ဘယ္ Service ေတြ အလုပ္လုပ္ေနတယ္ဆိုတာကို အလြယ္တကူစစ္ေဆးလို႔ ရပါတယ္။

  1. Hackode

Hackode ကေတာ့ ဒီနယ္ပယ္မွာ လူသံုးမ်ားသလို Android ဖုန္းေတြကို Hack ဖို႔အတြက္ အေကာင္းဆံုး App လုိ႔ေတာင္ ေျပာလို႔ရပါတယ္။ Penetration Tester, Ethical Hacker, IT Administrator ေတြနဲ႔ Cyber Security Professional အကုန္လံုးလိုလိုသံုးၾကတဲ့ App တစ္ခုပါ။ Google Hacking, Reconnaissance, DNS Dig, Exploits, Security Rss Feed တို႔အျပင္ တျခားလုပ္ေဆာင္ခ်က္ေတြ အမ်ားႀကီးကို လုပ္ေဆာင္ႏိုင္ပါတယ္။

မင္းသုခ

(Unicode Version)

လက်တည့်စမ်းချင်တဲ့သူတွေအတွက် Android App များ

တစ်ခုခုကို Hack မယ်ဆိုရင် ကွန်ပျူတာနဲ့မှ လုပ်လို့ရတာမဟုတ်ပါဘူး။ ဖုန်းနဲ့လုပ်လို့ရတာတွေလည်းရှိပါတယ်။ ဒီနယ်ပယ်ထဲကို စလေ့လာ ချင်တဲ့လူငယ်တွေ အမေးများကြတာကဖုန်းနဲ့ရော Hack လို့မရဘူးလား။ ဖုန်းအတွက် Hacking Application တွေမရှိဘူးဆိုတဲ့ မေးခွန်းပါ။ ကျွန်တော်တို့ ကွန်ပျူတာမှာသုံးတဲ့ Kali ကိုလည်း ဖုန်းမှာထည့်ပြီး သုံးလို့ ရပါတယ်။ Nexus နဲ့ One Plus ဖုန်းတွေကို Support လုပ်တယ်လို့ Offensive Security Website ပေါ်မှာကြေညာထားပေမယ့် တခြား Android ဖုန်းတွေပေါ်မှာထည့်သွင်းနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ အခု ပြောမယ့် App လေးတွေကတော့ Kali နဲ့မဆိုင်ပါဘူး။ Security ပိုင်းကိုစမ်းသပ်ဖို့ ရည်ရွယ်ပြီး ဒီဆောင်းပါးကိုရေးတာဖြစ်လို့ မလိုတမာနည်းလမ်းတွေနဲ့ အသုံးမပြုကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။

AndroRAT
နာမည်အတိုင်းပဲ Android ဖုန်းတွေအတွက် Remote Administration Tool တစ်ခုလို့ပြောနိုင်သလို Client/Server Application တစ်ခုလို့လည်း ပြောလို့ရပါတယ်။ Client Side ဖက်အတွက် Java Android နဲ့ရေးထားပြီး Sever အတွက်ကတော့ Java/Swing နဲ့ ရေးသားထားပါတယ်။ ရည်ရွယ်ချက်ကတော့ Android စနစ်တစ်ခုကို အဝေးကနေ ထိန်းချုပ်နိုင်ဖို့နဲ့ အချက် အလက်တွေကို လှမ်းယူနိုင်ဖို့ပါ။ ဒီ App ကိုသုံးပြီးတော့ ကိုယ့်ရဲ့အဝေးမှာ ရှိနေတဲ့ဖုန်းတစ်လုံးကိုခိုင်းစေချင်တဲ့ ဆောင်ရွက် ချက်တွေကိုလှမ်းခိုင်းလို့ ရပါတယ်။

Wi-Fi Kill
ဒါကတော့ Open Source Hacking Application တစ်ခုဖြစ်ပြီးတော့ ဒီနယ်ပယ်မှာတော်တော်များများသိပြီးသား App တစ်ခုပါ။ Window က Net Cut ဆိုတဲ့ Application နဲ့ သဘောတရား အတူတူပါပဲ။ ကိုယ့်ရဲ့ကွန်ရက်နဲ့ချိတ်ဆက်ထားတဲ့ Device တွေရဲ့ Wi-Fi ကွန်ရက်ကို ဖြတ်တောက်တဲ့ နေရာမှာ အဓိကသုံးကြပါတယ်။ ဒါပေမယ့် ဒါက Open Wi-Fi မှာပဲ အဆင်ပြေမှာဖြစ်ပြီးတော့ Password ခိုင်မာတဲ့ ကွန်ရက်မှာတော့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ကွန်ရက်ထဲကို ကျူးကျော် ဝင်ရောက်လာတဲ့ သူကို Click လေး သုံးလေးချက်နှိပ်ပြီး ကွန်ရက်အပြင်ရောက်သွားအောင် လုပ်လို့ရပါတယ်။

APK Inspector
APK Inspector ဆိုတာကတော့ သုံးဖူးတဲ့သူတိုင်း နှစ်သက်မယ့် App တစ်ခုပါ။ ပြီးပြည့်စုံတဲ့ GUI Tool တစ်ခုဖြစ်ပြီး တဲ့အတွက် သုံးရတာလွယ်ပါတယ်။ Android Application တွေရဲ့ နောက်ကွယ်မှာရှိနေတဲ့ Coding သဘောတရားတွေကို စစ်ဆေးကြည့်လို့ရပါတယ်။ ဒီ Tool ကိုတော့ Reverse Engineering   တွေအသုံးများပါတယ်။ အထာကျကျသုံးတဲ့အခါမှာ ဆိုရင် Android Application တွေရဲ့ License နဲ့ Credits တွေကိုပါ ဝင်ဖျက်နိုင်ပါဦးမယ်။

Arpspoof
ဒါကတော့ ကွန်ရက်ကိုခြေရာခံတဲ့ Network Sniff Ap တစ်ခုပါ။ ကိုယ်ပစ်မှတ်ထားတဲ့ Android ဖုန်းရဲ့ Network Configuration ကိုတောင် ဝင်ပြောင်းလို့ရပါတယ်။ ကွန်ရက်တိုက်ခိုက်မှု အမျိုးအစားတွေထဲကမှ Man In the Middle တိုက်ခိုက်မှုကို ကောင်းကောင်းလုပ်ဆောင်နိုင်တဲ့ App တစ်ခုပါ။

zANTI
ဒီကောင်ကတော့ Android Hacking App တွေထဲမှာတော်တော်ကောင်းတဲ့ App ပါ။ Wi-Fi Hack တာနဲ့ပတ်သက်တဲ့ Security Tools တော်တော်များများပါပါတယ်။

Eviloperator
ဒီ App ကတော့ ဖုန်းပိုင်ရှင်နှစ်ယောက်ကိုအရူးလုပ်လို့ရတဲ့ App ပါ။ နှစ်ယောက်စလုံးကို တစ်ယောက်နဲ့တစ်ယောက် ဖုန်းခေါ်တဲ့ပုံစံမျိုးဖြစ်အောင် လုပ်လို့ရပါတယ်။ နောက်ထပ်အားသာချက်က သူတို့နှစ်ယောက်ပြောဆိုနေတာကိုကိုယ်က Record ဖမ်းထားလို့ရတာပါပဲ။

Nmap for Android
Nmap အကြောင်းကိုတော့ ထူးထူးထွေထွေ ညွှန်းမနေတော့ပါဘူး။ ကွန်ပျူတာတွေပေါ်မှာ နာမည်ကြီးပြီးသား Application တစ်ခုပါ။ ကွန်ရက်နဲ့ပတ်သက်ပြီးလုံခြုံရေးစစ်ဆေးနိုင်တဲ့ Open Source Security Scanner တစ်ခုဖြစ်ပါတယ်။ Root လုပ်ထားတဲ့ဖုန်းရော၊ မလုပ်ထားတဲ့ ဖုန်းတွေမှာပါထည့်သွင်း အသုံးပြုလို့ရပါတယ်။ ကိုယ်ရဲ့စနစ်မှာဘယ် Port တွေ ပွင့်နေတယ်၊ ဘယ် Service တွေ အလုပ်လုပ်နေတယ်ဆိုတာကို အလွယ်တကူစစ်ဆေးလို့ ရပါတယ်။

Hackode
Hackode ကတော့ ဒီနယ်ပယ်မှာ လူသုံးများသလို Android ဖုန်းတွေကို Hack ဖို့အတွက် အကောင်းဆုံး App လို့တောင် ပြောလို့ရပါတယ်။ Penetration Tester, Ethical Hacker, IT Administrator တွေနဲ့ Cyber Security Professional အကုန်လုံးလိုလိုသုံးကြတဲ့ App တစ်ခုပါ။ Google Hacking, Reconnaissance, DNS Dig, Exploits, Security Rss Feed တို့အပြင် တခြားလုပ်ဆောင်ချက်တွေ အများကြီးကို လုပ်ဆောင်နိုင်ပါတယ်။

မင်းသုခ