iPhone ေတြကုိေစ်းေလ်ာ့ၿပီးေရာင္းေပးသြားမယ့္ Apple

0
424

(Zawgyi Version)

ကမၻာေပၚမွာ နာမည္ႀကီးစမတ္ဖုန္းထုတ္လုပ္တဲ့ ကုမၸဏီျဖစ္တဲ့ Apple ဟာ သူတုိ႔ရဲ႕ ထုတ္ကုန္ျဖစ္တဲ့ iPhone ကုိေရာင္းခ်လုိ႔ရတဲ့ ၀င္ေငြဟာ အရင္ႏွစ္ေတြကထက္ ၁၅% နည္းသြားတယ္လုိ႔သိရပါတယ္။ ဒါေၾကာင့္ Apple ရဲ႕ CEO ျဖစ္တဲ့ Tim Cook ဟာဒီိကိစၥကုိျပန္လည္စဥ္းစားမွာျဖစ္တယ္လုိ႔သိရပါတယ္။ Reuters နဲ႔ အင္တာဗ်ဴးတစ္ခုမွာေတာ့ CEO ျဖစ္သူ Tim Cook ရဲ႕ အေျပာအရ အခ်ဳိ႕ႏိုင္ငံေတြမွာ ေဒၚလာေစ်းတက္ေနတာေၾကာင့္ iPhone ဟာေစ်းအရမ္းၾကီးေနတာျဖစ္တယ္လုိ႔ ဆုိထားပါတယ္။ Apple ဟာ Q4 မွာေျပာၾကားခဲ့တာကေတာ့ iPhone ေရာင္းရေငြဟာ ေဒၚလာ ၅၁.၉ဘီလီယမ္ရွိခဲ့ၿပီး အရင္ႏွစ္ေတြတုန္းကထက္ ၁၅% ေရာင္းအားက်ဆင္းလာပါတယ္လုိ႔ ၿပီးခဲ့တဲ့ အဂၤါေန႔တုန္းက ထုတ္ျပန္ခဲ့ပါတယ္။

ဒါကုိကုမၸဏီရဲ႕၀င္ေငြထုတ္ျပန္ေၾကျငာပြဲမွာေျပာၾကားလုိက္တာျဖစ္ၿပီးေတာ့ ေဒၚလာေစ်းတက္ျခင္းေၾကာင့္ေရာင္းအားနည္းရတာလည္းျဖစ္သလုိ အျခားႏုိင္ငံေတြမွာလည္း ေငြေၾကးအရျမင့္မားေနတာေၾကာင့္ ေရာင္းခ်မႈမွာေစ်းႀကီးျမင့္တာနဲ႔ႀကဳံေနရတာလုိ႔ဆုိပါတယ္။ ဥပမာအေနနဲ႔ Tim Cook ဟာ တူရကီႏုိင္ငံနဲ႔ ခုိင္းႏႈိင္းေျပာဆုိခဲ့ပါတယ္။ အေၾကာင္းကေတာ့ ၂၀၁၈ ခုႏွစ္မွာ တူရကီရဲ႕ ေငြေစ်းဟာ ၃၃% နည္းပါးသြားၿပီးေတာ့ အရင္နွစ္ေတြတုန္းကနဲ႕ယွဥ္ရင္ ေငြေပါင္း သန္း၇၀၀ နီးပါး နည္းပါးခဲ့ပါတယ္။ Apple ဟာ ၂၀၁၈ ႏွစ္ကုန္မွာစုစုေပါင္း၀င္ေငြ ေဒၚလာ ၈၃.၄ ဘီလီယမ္ ရရွိခဲ့ၿပီး အရင္ႏွစ္ေတြတုန္းက ဒီထက္ ၅% ႏႈန္း က်ခဲ့တယ္လုိ႔ဆုိပါတယ္။

=====

(Unicode Version)

iPhone တွေကိုဈေးလျော့ပြီးရောင်းပေးသွားမယ့် Apple

ကမ္ဘာပေါ်မှာ နာမည်ကြီးစမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Apple ဟာ သူတို့ရဲ့ ထုတ်ကုန်ဖြစ်တဲ့ iPhone ကိုရောင်းချလို့ရတဲ့ ဝင်ငွေဟာ အရင်နှစ်တွေကထက် ၁၅% နည်းသွားတယ်လို့သိရပါတယ်။ ဒါကြောင့် Apple ရဲ့ CEO ဖြစ်တဲ့ Tim Cook ဟာဒီကိစ္စကိုပြန်လည်စဉ်းစားမှာဖြစ်တယ်လို့သိရပါတယ်။ Reuters နဲ့ အင်တာဗျူးတစ်ခုမှာတော့ CEO ဖြစ်သူ Tim Cook ရဲ့ အပြောအရ အချို့နိုင်ငံတွေမှာ ဒေါ်လာဈေးတက်နေတာကြောင့် iPhone ဟာဈေးအရမ်းကြီးနေတာဖြစ်တယ်လို့ ဆိုထားပါတယ်။ Apple ဟာ Q4 မှာပြောကြားခဲ့တာကတော့ iPhone ရောင်းရငွေဟာ ဒေါ်လာ ၅၁.၉ဘီလီယမ်ရှိခဲ့ပြီး အရင်နှစ်တွေတုန်းကထက် ၁၅% ရောင်းအားကျဆင်းလာပါတယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ထုတ်ပြန်ခဲ့ပါတယ်။

ဒါကိုကုမ္ပဏီရဲ့ဝင်ငွေထုတ်ပြန်ကြေငြာပွဲမှာပြောကြားလိုက်တာဖြစ်ပြီးတော့ ဒေါ်လာဈေးတက်ခြင်းကြောင့်ရောင်းအားနည်းရတာလည်းဖြစ်သလို အခြားနိုင်ငံတွေမှာလည်း ငွေကြေးအရမြင့်မားနေတာကြောင့် ရောင်းချမှုမှာဈေးကြီးမြင့်တာနဲ့ကြုံနေရတာလို့ဆိုပါတယ်။ ဥပမာအနေနဲ့ Tim Cook ဟာ တူရကီနိုင်ငံနဲ့ ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။ အကြောင်းကတော့ ၂၀၁၈ ခုနှစ်မှာ တူရကီရဲ့ ငွေဈေးဟာ ၃၃% နည်းပါးသွားပြီးတော့ အရင်နှစ်တွေတုန်းကနဲ့ယှဉ်ရင် ငွေပေါင်း သန်း၇၀၀ နီးပါး နည်းပါးခဲ့ပါတယ်။ Apple ဟာ ၂၀၁၈ နှစ်ကုန်မှာစုစုပေါင်းဝင်ငွေ ဒေါ်လာ ၈၃.၄ ဘီလီယမ် ရရှိခဲ့ပြီး အရင်နှစ်တွေတုန်းက ဒီထက် ၅% နှုန်း ကျခဲ့တယ်လို့ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here