ဂ်ာမနီရဲ႕ဝက္ဘ္ဆိုက္နဲ႔ စတိုးမ်ားမွာ iPhone 7 နဲ႔ 8 ေရာင္းခ်ခြင့္ မရွိေတာ့တဲ့ Apple

0
370

တရုတ္ႏုိင္ငံတရားရုံးမွာ ေျဖရွင္းခဲ့တဲ့ Qualcomm နဲ႔ Apple ရဲ႕မူပိုင္ခြင့္ျပႆနာမွာ Qualcomm အႏိုင္ရသြားတာေၾကာင့္ အေမရိကန္အေျခစိုက္ စမတ္ဖုန္း ထုတ္လုပ္သူအတြက္ ႀကီးတဲ့ေစ်းကြက္ ဆုံးရႈံးမႈကို ခံလိုက္ရပါတယ္။ အဲ့ဒါကေတာ့ iPhone ေမာ္ဒယ္အမ်ားစုကို တရုတ္ႏုိင္ငံတြင္း ေရာင္းခ်ဖို႔ ပိတ္ပင္ခံလုိက္ရတာပဲ ျဖစ္ပါတယ္။ အခုေတာ့ က်ဴပါတီႏို အေျခစုိက္ကုမၸဏီ အေနနဲ႔ အလားတူကိစမ်ိဳးကို ထပ္မံ ႀကံဳေတြ႕ရျပန္ပါၿပီ။

ဒီတေခါက္ကေတာ့ ဂ်ာမနီမွာ ျဖစ္ပါတယ္။ ျမဴးနစ္တရားရုံးမွာ ျဖစ္ေနတဲ့ Qualcomm နဲ႔ Apple ရဲ႕မူပိုင္ခြင့္ တရားစြဲဆိုမႈမွာ Qualcomm ကပဲ အႏိုင္ရသြားတာေၾကာင့္ ျဖစ္ပါတယ္။ TechCrunch ကလာတဲ့ သတင္းေတြအရ iPhone 7 နဲ႔ 8 ၂မ်ိဳးအေပၚမွာသာ ဒီတရားစြဲဆုိမႈက သက္ေရာက္မယ္လို႔ ဆိုပါတယ္။ 2018 ထြက္ဖုန္းေတြျဖစ္တဲ့ XS, XS Max နဲ႔ XR တို႔ကေတာ့ ယခုပိတ္ဆို႔မႈမွာ အက်ဳံးမဝင္ပါဘူး။

တရုတ္မွာျဖစ္ခဲ့တဲ့ မူပိုင္ခြင့္ေၾကာင့္ အပိတ္ခံခဲ့ရတဲ့ ဖုန္းေတြကေတာ့ ယခင္ဗားရွင္းေဟာင္း ဖုန္းေတြျဖစ္တဲ့ iPhone 6S, iPhone 6S Plus, iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus နဲ႔ iPhone X တို႔ပဲျဖစ္ပါတယ္။ ဒါဟာလက္ရွိအခ်ိန္မွာ ေရာင္းအားက်ဆင္းလ်က္ရွိတဲ့ Apple အတြက္ေတာ့ ထိုးႏွက္ခ်က္ႀကီး တစ္ခုပါ။ Apple ရဲ႕iPhone ေတြကို ဂ်ာမနီႏုိင္ငံမွာရွိတဲ့ ေနရာေပါင္း ၄၃၀၀ ေက်ာ္မွာ တဆင့္ျပန္လည္ေရာင္းခ်ျခင္းမ်ိဳးေတြနဲ႔ ျဖန္႔ခ်ိေပးေနတယ္လို႔ သိရပါတယ္။ လက္ရွိပိတ္ဆို႔မႈကိုေတာ့ Apple ရဲ႕ တရားဝင္စတုိးေတြပဲ ပါဝင္မွာပါ။

unicode

တရုတ်နိုင်ငံတရားရုံးမှာ ဖြေရှင်းခဲ့တဲ့ Qualcomm နဲ့ Apple ရဲ့မူပိုင်ခွင့်ပြဿနာမှာ Qualcomm အနိုင်ရသွားတာကြောင့် အမေရိကန်အခြေစိုက် စမတ်ဖုန်း ထုတ်လုပ်သူအတွက် ကြီးတဲ့ဈေးကွက် ဆုံးရှုံးမှုကို ခံလိုက်ရပါတယ်။ အဲ့ဒါကတော့ iPhone မော်ဒယ်အများစုကို တရုတ်နိုင်ငံတွင်း ရောင်းချဖို့ ပိတ်ပင်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။ အခုတော့ ကျူပါတီနို အခြေစိုက်ကုမ္ပဏီ အနေနဲ့ အလားတူကိစမျိုးကို ထပ်မံ ကြုံတွေ့ရပြန်ပါပြီ။

ဒီတခေါက်ကတော့ ဂျာမနီမှာ ဖြစ်ပါတယ်။ မြူးနစ်တရားရုံးမှာ ဖြစ်နေတဲ့ Qualcomm နဲ့ Apple ရဲ့မူပိုင်ခွင့် တရားစွဲဆိုမှုမှာ Qualcomm ကပဲ အနိုင်ရသွားတာကြောင့် ဖြစ်ပါတယ်။ TechCrunch ကလာတဲ့ သတင်းတွေအရ iPhone 7 နဲ့ 8 ၂မျိုးအပေါ်မှာသာ ဒီတရားစွဲဆိုမှုက သက်ရောက်မယ်လို့ ဆိုပါတယ်။ 2018 ထွက်ဖုန်းတွေဖြစ်တဲ့ XS, XS Max နဲ့ XR တို့ကတော့ ယခုပိတ်ဆို့မှုမှာ အကျုံးမဝင်ပါဘူး။

တရုတ်မှာဖြစ်ခဲ့တဲ့ မူပိုင်ခွင့်ကြောင့် အပိတ်ခံခဲ့ရတဲ့ ဖုန်းတွေကတော့ ယခင်ဗားရှင်းဟောင်း ဖုန်းတွေဖြစ်တဲ့ iPhone 6S, iPhone 6S Plus, iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus နဲ့ iPhone X တို့ပဲဖြစ်ပါတယ်။ ဒါဟာလက်ရှိအချိန်မှာ ရောင်းအားကျဆင်းလျက်ရှိတဲ့ Apple အတွက်တော့ ထိုးနှက်ချက်ကြီး တစ်ခုပါ။ Apple ရဲ့iPhone တွေကို ဂျာမနီနိုင်ငံမှာရှိတဲ့ နေရာပေါင်း ၄၃၀၀ ကျော်မှာ တဆင့်ပြန်လည်ရောင်းချခြင်းမျိုးတွေနဲ့ ဖြန့်ချိပေးနေတယ်လို့ သိရပါတယ်။ လက်ရှိပိတ်ဆို့မှုကိုတော့ Apple ရဲ့ တရားဝင်စတိုးတွေပဲ ပါဝင်မှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here