The Big Bad Wolf Book Sale စာအုပ္ေစ်းေရာင္းပြဲေတာ္တြင္ AR စာအုပ္မ်ား ဝယ္ယူႏိုင္မည္

0
365

(Zawgyi Version)

ျမန္မာႏုိင္ငံ၏ ပထမဆုံးေသာ ကမာၻ႔အႀကီးဆံုး စာအုပ္ ေစ်းေရာင္းပြဲေတာ္ The Big Bad Wolf Book Sale ကို လာမည့္ ဇန္၀ါရီလ ၁၈ ရက္မွ ၂၈ ရက္အထိ ရန္ကုန္ျမိဳ႕၊ မင္းဓမၼလမ္းရွိ Myanmar Event Park (MEP) မွာ ၂၄ နာရီ ေရာင္းခ်မႈပံုစံျဖင့္ စည္ကားစြာ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

ဒီေစ်းေရာင္းပြဲအတြင္း   စာအုပ္ေပါင္း ၁ သန္းေက်ာ္ ေရာင္းခ်ေပးသြားမွာျဖစ္ျပီး အဆင့္ျမင့္ နည္းပညာ Augmented Reality (AR) လုပ္ေဆာင္ခ်က္ ပါရွိတဲ့ နာမည္ေက်ာ္ Little Hippo® Come-to-LifeTM  AR စာအုပ္ေတြလည္း ပါဝင္တယ္လို႔ သိရပါတယ္။

Augmented Reality (AR) ဆုိတာကေတာ့ သံုးစြဲသူရဲ႕ ပကတိဝန္းက်င္ အေနအထား (real-world environment) မွာ ရွိေနတဲ့ အရာဝတၳဳမ်ားအေပၚသို႔ Smartphone ၊ Tablet ၊ AR မ်က္မွန္ စသည့္ ပစၥည္းမ်ားကို အသံုးျပဳျပီး အဆင့္ျမင့္ နည္းပညာနဲ႔ ဖန္တီးထားတဲ့ ရုပ္ပံုႏွင့္ အခ်က္အလက္မ်ားကို ထပ္ေဆာင္းပံုေဖာ္ ပူးတြဲျပသ ေပးျခင္းပဲ ျဖစ္ပါတယ္။ သံုးစြဲသူတစ္ဦး အေနနဲ႔ မိမိရဲ႕ ျမင္ကြင္းမွာ ကြန္ပဴ်တာပံုေဖာ္ျပသမႈမ်ားကို ပကတိအလား ေတြ႔ျမင္ခံစား အသံုးျပဳႏိုင္ေစမွာပါ။

The Big Bad Wolf Book Sale စာအုပ္ေစ်းေရာင္း ပြဲေတာ္ကုိ ႏိုင္ငံေပါင္း (၇) ႏိုင္ငံ၌ က်င္းပျပဳလုပ္ခဲ့ၾကျပီး မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူျမိဳ႕တြင္ စာအုပ္ေပါင္း ၄ သန္းေက်ာ္၊ အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ကာတာျမိဳ႕တြင္ စာအုပ္ေပါင္း ၃ သန္းေက်ာ္၊ သီရိလကၤာႏိုင္ငံ၊ ကိုလံဘိုျမိဳ႕တြင္ စာအုပ္ေပါင္း ၁ သန္းေက်ာ္၊ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕တြင္ စာအုပ္ေပါင္း ၃ သန္းေက်ာ္ႏွင့္ ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာျမိဳ႕တြင္ စာအုပ္ေပါင္း ၂ သန္းေက်ာ္ကို ေရာင္းခ်ေပးခဲ႔တယ္လို႔ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ရဲလင္းလင္းသန္း

=====

(Unicode Version)

The Big Bad Wolf Book Sale စာအုပ်ဈေးရောင်းပွဲတော်တွင် AR စာအုပ်များ ဝယ်ယူနိုင်မည်

မြန်မာနိုင်ငံ၏ ပထမဆုံးသော ကမ္ဘာ့အကြီးဆုံး စာအုပ် ဈေးရောင်းပွဲတော် The Big Bad Wolf Book Sale ကို လာမည့် ဇန်ဝါရီလ ၁၈ ရက်မှ ၂၈ ရက်အထိ ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ Myanmar Event Park (MEP) မှာ ၂၄ နာရီ ရောင်းချမှုပုံစံဖြင့် စည်ကားစွာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီဈေးရောင်းပွဲအတွင်း   စာအုပ်ပေါင်း ၁ သန်းကျော် ရောင်းချပေးသွားမှာဖြစ်ပြီး အဆင့်မြင့် နည်းပညာ Augmented Reality (AR) လုပ်ဆောင်ချက် ပါရှိတဲ့ နာမည်ကျော် Little Hippo® Come-to-LifeTM  AR စာအုပ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

Augmented Reality (AR) ဆိုတာကတော့ သုံးစွဲသူရဲ့ ပကတိဝန်းကျင် အနေအထား (real-world environment) မှာ ရှိနေတဲ့ အရာဝတ္ထုများအပေါ်သို့ Smartphone ၊ Tablet ၊ AR မျက်မှန် စသည့် ပစ္စည်းများကို အသုံးပြုပြီး အဆင့်မြင့် နည်းပညာနဲ့ ဖန်တီးထားတဲ့ ရုပ်ပုံနှင့် အချက်အလက်များကို ထပ်ဆောင်းပုံဖော် ပူးတွဲပြသ ပေးခြင်းပဲ ဖြစ်ပါတယ်။ သုံးစွဲသူတစ်ဦး အနေနဲ့ မိမိရဲ့ မြင်ကွင်းမှာ ကွန်ပူျတာပုံဖော်ပြသမှုများကို ပကတိအလား တွေ့မြင်ခံစား အသုံးပြုနိုင်စေမှာပါ။

The Big Bad Wolf Book Sale စာအုပ်ဈေးရောင်း ပွဲတော်ကို နိုင်ငံပေါင်း (၇) နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် စာအုပ်ပေါင်း ၄ သန်းကျော်၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် စာအုပ်ပေါင်း ၃ သန်းကျော်၊ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် စာအုပ်ပေါင်း ၁ သန်းကျော်၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် စာအုပ်ပေါင်း ၃ သန်းကျော်နှင့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် စာအုပ်ပေါင်း ၂ သန်းကျော်ကို ရောင်းချပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရဲလင်းလင်းသန်း

LEAVE A REPLY

Please enter your comment!
Please enter your name here