Article

အနာဂတ်ကိုခြိမ်းခြောက်နေသော e-Waste အမှိုက်များ

စာဖတ်သူတို့ရဲ့အိမ်မှာမိသားစုဝင်အားလုံးကိုင်ဆောင်သုံးစွဲနေတဲ့လက်ကိုင်မိုဘိုင်းဖုန်းဘယ်နှလုံးရှိပါသလဲ။ ၂၀၁၆ခုနှစ်ကိုအခြေခံတွက်ချက်ထားတဲ့ Forbes မဂ္ဂဇင်းရဲ့အလိုအရတော့ကမ္ဘာပေါ်မှာမိုဘိုင်းဖုန်းသန်း ၇၀၀၀ လောက်ရှိပြီးတော့လူဦးရေသန်း၅၀ ကျော်နေထိုင်တဲ့ မြန်မာနိုင်ငံမှာတော့လက်ကိုင်မိုဘိုင်းဖုန်းအရေအတွက် ၄၅သန်းကျော်လောက်ရှိနေပါတယ်တဲ့။ အဲ့ထဲကမှ၂၇သန်းလောက်ကစမတ်ဖုန်းတွေပါတဲ့။ မြန်မာနိုင်ငံသားတွေဟာပျမ်းမျှလူတစ်ဦးကိုဖုန်းတစ်လုံးနီးပါးကိုင်ဆောင်သုံးစွဲနေကြတယ်ဆိုတဲ့သဘောလို့ဆိုရပါမယ်။ ၂၀၁၃ခုနှစ်မိုဘိုင်းဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ပြီးချိန်ကနေစတင်ပြီး ရေတွက်မယ်ဆိုရင်စာဖတ်သူတစ်ယောက်ဟာလက်ကိုင်မိုဘိုင်းဖုန်းဘယ်နှလုံးများကိုင်ဆောင်သုံးစွဲခဲ့ပြီးပါပြီလဲ။ ဖုန်းတစ်လုံးကိုတစ်နှစ်ခွဲနှုန်းနဲ့ပျမ်းမျှတွက်ချက်မယ်ဆိုရင်တောင်မှ၂၀၁၄ခုနှစ်ကနေ၂၀၁၈ခုနှစ်အထိ ၅နှစ်တာကာလအတွင်း မြန်မာနိုင်ငံသားလူတစ်ယောက်ဟာအနည်းဆုံးဖုန်းအမျိုးအစားနှစ်မျိုးလောက်ကိုသုံးစွဲဖြစ်ခဲ့ကြမှာပါ။ အထက်ဖော်ပြပါ မေးခွန်းနှစ်ခုကို ဖြေဆိုပြီးတဲ့အခါမှာစာဖတ်သူတို့ကိုအရမ်းအရေးကြီးတဲ့ မေးခွန်းတစ်ခုထပ်ပြီးမေးမြန်းလိုပါတယ်။ အဲဒါကတော့ အသုံးမပြုဖြစ်တော့တဲ့မိုဘိုင်းဖုန်းတွေကို ဘယ်ပုံဘယ်နည်းစွန့်ပစ်လိုက်ကြပါသလဲဆိုတာပါပဲ။ မိတ်ဆွေတို့အနေနဲ့...

အကောင်းဆုံးအခမဲ့ Cloud Storage

Cloud ဆိုသည်မှာအွန်လိုင်းကိုပင်တစ်မျိုးတစ်မည်လှည့်၍ခေါ်သောအမည်နာမဖြစ်သည်။ Cloud Storage ဆိုသည်မှာအွန်လိုင်းတွင် data များသိုလှောင်သည့်နေရာဟုဆိုနိုင်သည်။ထိုသို့သောသိုလှောင်မှုအားလုံးကိုအခမဲ့မရ။ ကံကောင်းသည်မှာအွန်လိုင်းတွင် data သိုလှောင်မှုကိုအတိုင်းအတာတစ်ခုအထိ အခမဲ့ပေးသောဝန်ဆောင်မှုများရှိသည်။ ယင်းတို့ကိုအောက်ပါအတိုင်းတွေ့ရပါမည်။ Microsoft One Drive www.onedrive.live.com တွင်သွားရောက်ပြီးအခမဲ့အသုံးပြုနိုင်သည်။ တရားဝင် Windows 10 ကိုဝယ်ယူအသုံးပြုပြီး Microsoft account လုပ်မည်ဆိုလျှင်အွန်လိုင်းတွင်အသုံးပြုနိုင်မည့် OneDrive ကိုအလိုအလျောက်အခမဲ့ရရှိမည်ဖြစ်သည်။ယင်းကို...

Facebook မှာကြော်ငြာတစ်ခုကို စတင်ခြင်း (၁)

Facebook မှာ Boost တယ်ဆိုတာကို Page တွေကိုစီမံခန့်ခွဲနေတဲ့သူတွေ သိကြပြီးသားဖြစ်မှာပါ။ Boost တယ်ဆိုတာကရှင်းရှင်းပြောရရင် Facebook ပေါ်မှာကြော်ငြာတာပါပဲ။ ဒီလိုမျိုးကြော်ငြာတဲ့ နေရာမှာ Page ကနေ Boost တာထက်စာရင် Facebook ရဲ့ Business Manager ထဲကနေ၀င်ပြီးတော့ Boost တာက...

အင်တာနက်ပေါ်မှာ Tor နဲ့အတူ ခြေရာဖျောက်ခြင်း

Tor (သို့) Onion Router ဆိုတာ Web ပေါ်မှာ ခြေရာ ဖျောက်ပြီး သုံးချင်သူတွေ အဓိကထားသုံးတဲ့ Browser တစ်ခုပါ။ ဒါဆိုရင်ဘယ်လိုလူတွေက ဘာလို့များ ခြေရာဖျောက်ပြီး သုံးချင်ကြတာလဲဆိုပြီး တွေးကောင်း တွေးမိပါမယ်။ အကြောင်း အရင်းတွေကတော့ အများကြီးရှိပါတယ်။ Website တွေကို ကျွန်တော်တို့ရဲ့...

Digital Marketing ဆိုတာ…..

Digital Marketing ဆိုတဲ့ စကားလုံးကို ယခုအခါမှာ တွေ့နေကြရပါပြီ။ ဒီစကားလုံးကို ၀ါကျတစ်ကြောင်းမှာ အသုံးပြုဖို့ လွယ်ပေမယ့် အဓိပ္ပာယ်ကိုသေချာပြောပြဖို့ဆိုရင်တော့ အနည်းငယ်ခက်ခဲလိမ့်မယ်ထင်ပါတယ်။ အချို့လူတွေက Digital Marketing ဆိုတာ electronic devices တွေကို အသုံးပြုပြီး ပြုလုပ်တဲ့ ဘယ် marketing အမျိုးအစားကိုမဆို ခေါ်တယ်လို့...