ASUS ရဲ႕ ZenBook 15(UX534) Laptop အသစ္အေၾကာင္း

0
224

ဒီေန႔ေခတ္မွာ ဖုန္းကလူအမ်ားစုရဲ႕လက္ထဲမွာ ေနရာယူလာသလုိ၊ laptop ကလည္း လုပ္ငန္းခြင္ထဲက လူအမ်ားစုရဲ႕ သြားေလရာမွာသယ္ယူရတဲ့ပစၥည္းျဖစ္လာပါၿပီ။ Laptop ေတြဟာ version အမ်ဳိးမ်ဳိး၊ေစ်းအမ်ဳိးမ်ဳိး ရိွေပမယ့္ အခ်ဳိ႕ Laptop ေတြကေတာ့ ေပး၀ယ္ရတဲ့တန္ဖုိးနဲ႔ ျပန္ရတဲ့စြမ္းရည္ သိပ္ၿပီးမညီမွ်ပါဘူး။ သုံးစြဲသူေတြဖက္ကလည္း မိမိတတ္ႏိုင္တဲ့ေငြေၾကးေပၚမူတည္ၿပီး ေရြးခ်ယ္၀ယ္ယူရတာေၾကာင့္ အခ်ဳိ႕က ေနာက္ဆုံးေပၚ laptop ေတြမသုံးႏိုင္ပါဘူး။ အခ်ဳိ႕ကေတာ့ ေနာက္ဆုံးေပၚ laptop ကိုမွေရြးခ်ယ္ ၀ယ္ယူခ်င္ၾကပါတယ္။ ေနာက္ဆုံးေပၚlaptop ေတြကို ေရြးခ်ယ္၀ယ္ယူခ်င္သူေတြအတြက္ ASUS ဟာ ၿပီးခဲ့တဲ့လက Computex နည္းပညာျပပြဲႀကီးမွာ Screen ႏွစ္ခုပါတဲ့ laptop ေတြကို မိတ္ဆက္ျပသခဲ့ပါတယ္။ အဲဒီ laptop ေတြကေတာ့ ASUS ZenBook Series ေတြနဲ႔ ASUS VivoBook Series ေတြျဖစ္ပါတယ္။ အခုဒီေဆာင္းပါးမွာေတာ့  ASUS ZenBook 15 (UX534) အေၾကာင္းကို ေဖာ္ျပေပးမွာျဖစ္ပါတယ္။

Photo Credit-Internet

<Design>

ASUS ရဲ႕ ZenBook Series ထဲမွာ ZenBook 15 (UX534) ဟာ မ်က္ႏွာျပင္အက်ယ္ျပန္႔ဆုံးနဲ႔အေကာင္းဆုံး laptop တစ္လုံးလုိ႔ဆုိႏိုင္ပါတယ္။ ဒါ့အျပင္ ZenBook အသစ္ေတြကို အပါးဆုံးနဲ႔အက်စ္လ်စ္ဆုံးျဖစ္ေအာင္ ဖန္တီးထုတ္လုပ္ေပးထားတာမုိ႔ ZenBook 15 (UX534) ဟာ Size အႀကီးဆုံး laptop ျဖစ္ေပမယ့္ တကယ့္ကို က်စ္က်စ္လ်စ္လ်စ္ေပါ့ေပ့ါပါးပါး ဒီဇုိင္းပုံစံရိွပါတယ္။ အရင္ဦးဆုံး laptop ရဲ႕ပိတ္ထားတဲ့ပုံစံမွာဆုိရင္ ASUS logo ကိုအထင္းသားေတြ႕ရမွာျဖစ္ၿပီး၊ ဖြင့္လိုက္မယ္ဆုိရင္ အေပၚဖက္အဖုံးအနားသတ္ဟာ ကိုယ္ထည္ေအာက္ဘက္ ကိုေရာက္သြားၿပီး၊ laptop ရဲ႕ keyboard ကိုအနည္းငယ္မတင္ေပးလိုက္တဲ့ အေနအထားျဖစ္သြားပါတယ္။ ဘာေၾကာင့္ အဲလုိဒီဇုိင္းလုပ္ထားရတာလဲဆုိရင္ စာရိုက္တဲ့အခါမွာ သုံးစြဲသူ အဆင္ေျပေျပသက္ေသာင့္သက္သာျဖစ္ေစ ဖုိ႔အတြက္ျဖစ္ပါတယ္။ စာရုိက္တဲ့အခါမွာ keyboard ေနရာဟာ တစ္ေျပးတည္း ျဖစ္ေနတယ္ဆုိရင္ အခ်ဳိ႕သူေတြအတြက္ သိပ္အဆင္မေျပပါဘူး။ Keyboard တစ္ခုတည္းကို ေထာက္ရ၊ခုရ လုပ္စရာမလုိဘဲ laptop ဖြင့္လိုက္တာနဲ႔ အဆင္ေျပေျပသုံးႏုိင္ေအာင္ ASUS ကလုပ္ေဆာင္ေပးထားတာျဖစ္ပါတယ္။

Laptop ကုိယ္ထည္တစ္ခုလုံးက နက္ျပာေရာင္ဆန္ဆန္ျဖစ္ေပမယ့္ keyboard နဲ႔ screen ၾကားက အနားသတ္သတၱဳေဘာင္ေနရာကေတာ့ ေရႊညိွေရာင္အဆင္းရိွပါတယ္။ အဲဒီသတၱဳေဘာင္ေပၚမွာလည္း ASUS ZenBook ဆုိတဲ့ စာလုံးထည့္ေပးထားပါေသးတယ္။ Laptop ရဲ႕ေဘးတစ္ဖက္ကိုၾကည့္လိုက္မယ္ဆုိရင္ ပါ၀ါ၊အားသြင္းတာတို႔နဲ႔သက္ဆိုင္တဲ့ အခ်က္ျပမီးပြင့္ႏွစ္ခု၊နားၾကပ္ေပါက္၊ USB 2.0 port ၊ full-sized SD card reader အေပါက္တို႔ကိုေတြ႕ရပါမယ္။ ZenBook 15 (UX534) တစ္ခုတည္းကသာ full-sized SD card reader port ပါရိွတာျဖစ္ၿပီး၊ အျခား laptop ႏွစ္ခုျဖစ္တဲ့ ZenBook 13 နဲ႔ 14 မွာေတာ့ MicroSD Card Reader သာပါရိွပါ တယ္။Laptop ရဲ႕အျခားတစ္ဖက္ကိုၾကည့္မယ္ဆုိရင္ေတာ့ DC-in,HDMI,USB 3.1 Type-A,USB-C 3.1 Gen 2 အေပါက္တုိ႔ကိုျမင္ေတြ႕ရပါမယ္။ Laptop ကိုလြယ္အိတ္ထဲမွာ အဆင္ေျပေျပသယ္သြားႏိုင္ဖို႔ ဒါမွမဟုတ္ လက္ထဲမွာ ေပါ့ေပါ့ပါးပါး သယ္ယူသြားႏိုင္ဖို႔အတြက္ 354 x 220 x 18.9mm အရြယ္အစား၊ 1.65kg အေလး ခ်ိန္တို႔နဲ႔ ထုတ္လုပ္ေပးထားပါတယ္။

Photo Credit-Internet

<Display>

ဒီေန႔ေခတ္မွာ ဖုန္းေတြရဲ႕မ်က္ႏွာျပင္ကိုပဲ ေဘာင္ပါးပါးနဲ႔ထုတ္လုပ္တာ မဟုတ္ပါဘူး။ Laptop ေတြရဲ႕မ်က္ႏွာ ျပင္ကိုလည္း က်ယ္က်ယ္၀န္း၀န္းၾကည့္လို႔ရေအာင္ ေဘးေဘာင္ပါးပါးေလးေတြနဲ႔ထုတ္လုပ္ၾကပါတယ္။ ဒီZenBook Laptop မွာဆုိရင္ အေပၚနဲ႔ေဘးဘက္အနားသတ္ေဘာင္ေတြကို အပါးဆုံးျပင္ဆင္ေပးထားပါတယ္။ မ်က္ႏွာျပင္ ဧရိယာမ်ားမ်ားရေစဖုိ႔ screen-to-body ratio ကို 92% ရိွေအာင္လုပ္ေဆာင္ေပးထားပါတယ္။ ေဘးဘက္ေဘာင္က 3 mm သာထူၿပီးေတာ့၊ ေအာက္ဘက္ေဘာင္က 4.5 mm သာထူပါတယ္။ 100% sRGB color ကိုရရိွမယ့္အျပင္ 178° ျမင္ကြင္းက်ယ္နည္းပညာကိုလည္းေထာက္ပ့ံေပးထားပါတယ္။

Display ပိုင္းနဲ႔ပတ္သက္ၿပီးေတာ့ Version ႏွစ္မ်ဳိးရိွပါမယ္။ 15.6” LED-backlit Full HD နဲ႔ 15.6” LED-backlit Ultra HD ဆိုၿပီးေတာ့ကြဲျပားကာ၊ Full HD ရဲ႕ pixels ကို 1920 x 1080 ပါရိွေအာင္လုပ္ေဆာင္ေပးထားၿပီး၊ Ultra HD ရဲ႕ pixels ကေတာ့ 3840 x 2160 ျဖစ္ပါတယ္။ ဒါကိုေတာ့ပထမ မ်က္ႏွာျပင္လုိ႔ေခၚဆိုႏိုင္ပါတယ္။ ဘာေၾကာင့္လဲ ဆုိရင္ ASUS ဟာၿပီးခဲ့တဲ့ႏွစ္က မိတ္ဆက္ခဲ့တဲ့ ScreenPad ထက္ပိုေကာင္းတဲ့ ScreenPad 2.0 ကို ဒီႏွစ္ ZenBook laptop ေတြမွာထည့္သြင္းေပးလာခဲ့လုိ႔ပဲျဖစ္ပါတယ္။ အဲဒီ ဒုတိယမ်က္ႏွာျပင္ဟာ ဖုန္းတစ္လုံးရဲ႕မ်က္ႏွာျပင္ လုိပါပဲ။ 5.65 inches အက်ယ္အ၀န္းရိွၿပီးေတာ့ FHD+ Super IPS display မ်က္ႏွာျပင္ကို သုံးေပးထားကာ၊ 2160 x 1080 pixels ပမာဏေထာက္ပ့ံေပးထားပါတယ္။ သူ႕မွာလည္း 178˚ wide-view technology ကုိသုံးေပး ထားပါတယ္။ တို႔ထိပြတ္ဆြဲသုံးရတဲ့ မ်က္ႏွာျပင္ျဖစ္တာေၾကာင့္ အၾကမ္းခံႏိုင္ဖို႔လည္းလိုပါေသးတယ္။ အဲဒီအတြက္လည္း ASUS က ScreenPad 2.0 မွာ လက္ေဗြရာ မထင္ေအာင္၊ ထိုက္သင့္သေလာက္အၾကမ္းခံေအာင္ fingerprint and smudge resistance glass ဖုံးအုပ္ေပး ထားပါတယ္။ လက္ေခ်ာင္းတစ္ေခ်ာင္းတည္းနဲ႔ပဲတို႔ထိသုံးႏိုင္တာ မဟုတ္ဘဲ လက္ေခ်ာင္းေတြကို လုိသလုိသုံး ႏိုင္ေအာင္ four-finger smart gestures ထည့္ေပးထားပါေသးတယ္။

Photo Credit-Internet

<Performance>

Laptop တစ္လုံးဟာကိုယ္ထည္အစိတ္အပိုင္းေတြ စြမ္းရည္ေကာင္းမွသာ လ်င္ျမန္တဲ့ တုန္႔ျပန္ႏိုင္စြမ္းေတြကို ေပးစြမ္းႏိုင္မွာျဖစ္ပါတယ္။ အခု ZenBook 15 ဟာ Version ကြဲျပားတာေတြရိွတာေၾကာင့္ ကိုယ္တြင္း စြမ္းရည္ပိုင္းမွာလည္း ကြဲျပားခ်က္ေတြရိွပါမယ္။ Processor က Intel® Core™ i7-8565U , 1.8GHz quad-core နဲ႔ Intel® Core™ i5-8265U, 1.6GHz quad-core ဆုိၿပီး ႏွစ္မ်ဳိးရိွပါမယ္။ Graphics ပုိင္းမွာလည္း ႏွစ္မ်ဳိးရိွပါတယ္။ NVIDIA® GeForce® GTX 1650 နဲ႔ Intel® UHD Graphics 620 ဆိုၿပီး ကြဲျပားပါမယ္။ Memory ပိုင္းမွာလည္း 8GB ဒါမွမဟုတ္ 16 GB ဆိုၿပီးရိွပါမယ္။ Storage ကေတာ့ သုံးမ်ဳိးအထိ ရႏိုင္ပါမယ္။ 256GB / 512GB / 1TB အထိျဖစ္ပါတယ္။ သုံးရမယ့္ OS ကေတာ့ Windows 10 Pro ျဖစ္ပါတယ္။ ဒီေလာက္ အေနအထားနဲ႔ဆုိရင္ editing ကိစၥေတြကိုလည္း အဆင္ေျပေျပလုပ္ႏိုင္ပါလိမ့္မယ္။

<Audio & Connectivity>

Laptop တစ္လုံးအတြက္ အသံပိုင္းကလည္း အေရးပါပါတယ္။ ZenBook 15 မွာ အသံပတ္လည္လႊင့္ထုတ္ေပး ႏိုင္တဲ့စနစ္၊ Cortana အသံသိမွတ္ႏိုင္တဲ့စနစ္တို႔ေထာက္ပ့ံေပးထားပါတယ္။ 3.5mm headphone jack port သုံးႏိုင္ပါမယ္။ ႀကိဳးမဲ့ဆက္သြယ္ႏိုင္တဲ့အပိုင္းမွာေတာ့ 802.11n ထက္ 12 ဆပိုျမန္တဲ့ Dual-band gigabit-class Wi-Fi 5 နဲ႔ Bluetooth 5.0 တို႔ကိုေထာက္ပ့ံေပးထားပါတယ္။

Photo Credit-Internet

<ScreenPad 2.0>

Digital Number pad လုိလည္းသုံးလုိ႔ရသလုိ၊ လက္နဲ႔စာေရးခ်င္သူေတြအတြက္လည္း Handwriting ကို ေထာက္ပ့ံေပးထားပါတယ္။ ပင္မမ်က္ႏွာျပင္က စာလုံးေတြ၊အေရာင္ေတြကိုလည္း ScreenPad ကေန လြယ္လင့္တကူျပင္ႏိုင္သလုိ၊ အလုပ္ကို လ်င္လ်င္ျမန္ျမန္လုပ္ခ်င္သူေတြကလည္း Quick Key ကိုသုံးလို႔ ရပါတယ္။ နဂို laptop ေတြလုိ pointer နဲ႔ပဲသုံးခ်င္ရင္လည္း ScreenPad ကိုပိတ္ၿပီး pointerနဲ႔ဟိုေရႊ႕ဒီေရႊ႕သုံး ႏိုင္ေအာင္ လုပ္ေဆာင္ေပးထားပါေသးတယ္။ အလုပ္လုပ္ရင္းနဲ႔ Social Media ကိုသုံးခ်င္သူေတြအတြက္ ဒီScreenPad 2.0 ကမ်ားစြာအဆင္ေျပေစပါလိမ့္မယ္။ ပင္မမ်က္ႏွာျပင္နဲ႔အလုပ္လုပ္၊ ScreenPad နဲ႔ chattingထုိင္ တကယ့္ကို work,social နဲ႔ communication အတြက္ ၿပီးျပည့္စုံေစပါလိမ့္မယ္။ ေဖ်ာ္ေျဖေရးအတြက္လည္း သီခ်င္းေတြ၊ ဗီဒီယုိေတြ ဖြင့္ႏိုင္ပါမယ္။ ScreenPad ကိုအဖြင့္အပိတ္လုပ္ႏိုင္ဖို႔ အတြက္ကေတာ့ F6 ခလုတ္ကိုသုံးရပါမယ္။ အဲဒီ ScreenPad က ဘက္ထရီစြမ္းအားကိုလည္း အမ်ားႀကီးမကုန္ဆုံးေစပါဘူး။ 9နာရီေလာက္သုံးႏိုင္တဲ့ အေနအထားရိွပါတယ္။

Photo Credit-Internet

<Battery & Others>

71Wh 8-cell lithium-polymer battery တပ္ဆင္ေပးထားၿပီး 17 နာရီ၀န္းက်င္သုံးႏိုင္ပါမယ္။ Laptop သုံးတဲ့အခါ Keyboard ေနရာကို အနည္းငယ္မေပးထားတဲ့ ဒီဇုိင္းရိွတာေၾကာင့္ ေလ၀င္၊ေလထြက္အတြက္ လည္း ထိုက္သင့္သေလာက္အဆင္ေျပေစၿပီး၊အပူခ်ိန္ကို ထိန္းညိွႏိုင္ပါမယ္။ 3D IR HD camera ပါရိွေသးကာ၊ ZenBook 15(UX534) ဘူးထဲမွာ 120W power adapter နဲ႔ Protective sleeve တို႔ပါပါမယ္။

Keyboard က ရိုက္ႏွိပ္တဲ့အခါ သက္ေသာင့္သက္သာရိွၿပီး၊ ASUS ဘက္ကလည္း ZenBook ေတြကို အၾကမ္းခံတဲ့ laptop တစ္လုံးျဖစ္ေအာင္လည္း အႀကိမ္ႀကိမ္ စမ္းသပ္ထားတာေၾကာင့္ laptopကို ခပ္ၾကမ္းၾကမ္းသုံးတတ္တဲ့ user ေတြအတြက္ အဆင္ေျပႏိုင္ပါမယ္။ ASUS ရဲ႕ ZenBook 15(UX534) ဟာ laptop တစ္လုံးတည္းရဲ႕စြမ္းေဆာင္ရည္ ကိုပဲ ေပးစြမ္းႏိုင္တာမဟုတ္ဘဲ ဖုန္းနဲ႔laptop ေပါင္းထားတဲ့ စြမ္းရည္မ်ဳိးကိုေပးစြမ္းႏိုင္တာျဖစ္ပါတယ္။ ဒါေၾကာင့္ အခုခ်ိန္မွာ စြမ္းရည္ေကာင္းတဲ့ ေနာက္ဆုံးေပၚ laptop တစ္လုံးကို ေရြးခ်ယ္ခ်င္ရင္ေတာ့ ZenBook 15(UX534) ကို စဥ္းစားသင့္ပါတယ္။

(Unicode Version)

ASUS ရဲ့ ZenBook 15(UX534) Laptop အသစ်အကြောင်း

ဒီနေ့ခေတ်မှာ ဖုန်းကလူအများစုရဲ့လက်ထဲမှာ နေရာယူလာသလို၊ laptop ကလည်း လုပ်ငန်းခွင်ထဲက လူအများစုရဲ့ သွားလေရာမှာသယ်ယူရတဲ့ပစ္စည်းဖြစ်လာပါပြီ။ Laptop တွေဟာ version အမျိုးမျိုး၊ဈေးအမျိုးမျိုး ရှိပေမယ့် အချို့ Laptop တွေကတော့ ပေးဝယ်ရတဲ့တန်ဖိုးနဲ့ ပြန်ရတဲ့စွမ်းရည် သိပ်ပြီးမညီမျှပါဘူး။ သုံးစွဲသူတွေဖက်ကလည်း မိမိတတ်နိုင်တဲ့ငွေကြေးပေါ်မူတည်ပြီး ရွေးချယ်ဝယ်ယူရတာကြောင့် အချို့က နောက်ဆုံးပေါ် laptop တွေမသုံးနိုင်ပါဘူး။ အချို့ကတော့ နောက်ဆုံးပေါ် laptop ကိုမှရွေးချယ် ဝယ်ယူချင်ကြပါတယ်။ နောက်ဆုံးပေါ်laptop တွေကို ရွေးချယ်ဝယ်ယူချင်သူတွေအတွက် ASUS ဟာ ပြီးခဲ့တဲ့လက Computex နည်းပညာပြပွဲကြီးမှာ Screen နှစ်ခုပါတဲ့ laptop တွေကို မိတ်ဆက်ပြသခဲ့ပါတယ်။ အဲဒီ laptop တွေကတော့ ASUS ZenBook Series တွေနဲ့ ASUS VivoBook Series တွေဖြစ်ပါတယ်။ အခုဒီဆောင်းပါးမှာတော့ ASUS ZenBook 15 (UX534) အကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။
<Design>
ASUS ရဲ့ ZenBook Series ထဲမှာ ZenBook 15 (UX534) ဟာ မျက်နှာပြင်အကျယ်ပြန့်ဆုံးနဲ့အကောင်းဆုံး laptop တစ်လုံးလို့ဆိုနိုင်ပါတယ်။ ဒါ့အပြင် ZenBook အသစ်တွေကို အပါးဆုံးနဲ့အကျစ်လျစ်ဆုံးဖြစ်အောင် ဖန်တီးထုတ်လုပ်ပေးထားတာမို့ ZenBook 15 (UX534) ဟာ Size အကြီးဆုံး laptop ဖြစ်ပေမယ့် တကယ့်ကို ကျစ်ကျစ်လျစ်လျစ်ပေါ့ပေ့ါပါးပါး ဒီဇိုင်းပုံစံရှိပါတယ်။ အရင်ဦးဆုံး laptop ရဲ့ပိတ်ထားတဲ့ပုံစံမှာဆိုရင် ASUS logo ကိုအထင်းသားတွေ့ရမှာဖြစ်ပြီး၊ ဖွင့်လိုက်မယ်ဆိုရင် အပေါ်ဖက်အဖုံးအနားသတ်ဟာ ကိုယ်ထည်အောက်ဘက်ကိုရောက်သွားပြီး၊ laptop ရဲ့ keyboard ကိုအနည်းငယ်မတင်ပေးလိုက်တဲ့ အနေအထားဖြစ်သွားပါတယ်။ ဘာကြောင့် အဲလိုဒီဇိုင်းလုပ်ထားရတာလဲဆိုရင် စာရိုက်တဲ့အခါမှာ သုံးစွဲသူ အဆင်ပြေပြေသက်သောင့်သက်သာဖြစ်စေဖို့အတွက်ဖြစ်ပါတယ်။ စာရိုက်တဲ့အခါမှာ keyboard နေရာဟာ တစ်ပြေးတည်း ဖြစ်နေတယ်ဆိုရင် အချို့သူတွေအတွက် သိပ်အဆင်မပြေပါဘူး။ Keyboard တစ်ခုတည်းကို ထောက်ရ၊ခုရ လုပ်စရာမလိုဘဲ laptop ဖွင့်လိုက်တာနဲ့ အဆင်ပြေပြေသုံးနိုင်အောင် ASUS ကလုပ်ဆောင်ပေး ထားတာဖြစ်ပါတယ်။
Laptop ကိုယ်ထည်တစ်ခုလုံးက နက်ပြာရောင်ဆန်ဆန်ဖြစ်ပေမယ့် keyboard နဲ့ screen ကြားက အနားသတ်သတ္တုဘောင်နေရာကတော့ ရွှေညှိရောင်အဆင်းရှိပါတယ်။ အဲဒီသတ္တုဘောင်ပေါ်မှာလည်း ASUS ZenBook ဆိုတဲ့ စာလုံးထည့်ပေးထားပါသေးတယ်။ Laptop ရဲ့ဘေးတစ်ဖက်ကိုကြည့်လိုက်မယ်ဆိုရင် ပါဝါ၊အားသွင်းတာတို့နဲ့သက်ဆိုင်တဲ့ အချက်ပြမီးပွင့်နှစ်ခု၊နားကြပ်ပေါက်၊ USB 2.0 port ၊ full-sized SD card reader အပေါက်တို့ကိုတွေ့ရပါမယ်။ ZenBook 15 (UX534) တစ်ခုတည်းကသာ full-sized SD card reader port ပါရှိတာဖြစ်ပြီး၊ အခြား laptop နှစ်ခုဖြစ်တဲ့ ZenBook 13 နဲ့ 14 မှာတော့ MicroSD Card Reader သာပါရှိပါ တယ်။Laptop ရဲ့အခြားတစ်ဖက်ကိုကြည့်မယ်ဆိုရင်တော့ DC-in,HDMI,USB 3.1 Type-A,USB-C 3.1 Gen 2 အပေါက်တို့ကိုမြင်တွေ့ရပါမယ်။ Laptop ကိုလွယ်အိတ်ထဲမှာ အဆင်ပြေပြေသယ်သွားနိုင်ဖို့ ဒါမှမဟုတ် လက်ထဲမှာ ပေါ့ပေါ့ပါးပါး သယ်ယူသွားနိုင်ဖို့အတွက် 354 x 220 x 18.9mm အရွယ်အစား၊ 1.65kg အလေး ချိန်တို့နဲ့ ထုတ်လုပ်ပေးထားပါတယ်။
<Display>
ဒီနေ့ခေတ်မှာ ဖုန်းတွေရဲ့မျက်နှာပြင်ကိုပဲ ဘောင်ပါးပါးနဲ့ထုတ်လုပ်တာ မဟုတ်ပါဘူး။ Laptop တွေရဲ့မျက်နှာ ပြင်ကိုလည်း ကျယ်ကျယ်ဝန်းဝန်းကြည့်လို့ရအောင် ဘေးဘောင်ပါးပါးလေးတွေနဲ့ထုတ်လုပ်ကြပါတယ်။ ဒီZenBook Laptop မှာဆိုရင် အပေါ်နဲ့ဘေးဘက်အနားသတ်ဘောင်တွေကို အပါးဆုံးပြင်ဆင်ပေးထားပါတယ်။ မျက်နှာပြင် ဧရိယာများများရစေဖို့ screen-to-body ratio ကို 92% ရှိအောင်လုပ်ဆောင်ပေးထားပါတယ်။ ဘေးဘက်ဘောင်က 3 mm သာထူပြီးတော့၊ အောက်ဘက်ဘောင်က 4.5 mm သာထူပါတယ်။ 100% sRGB color ကိုရရှိမယ့်အပြင် 178° မြင်ကွင်းကျယ်နည်းပညာကိုလည်းထောက်ပံ့ပေးထားပါတယ်။

Display ပိုင်းနဲ့ပတ်သက်ပြီးတော့ Version နှစ်မျိုးရှိပါမယ်။ 15.6” LED-backlit Full HD နဲ့ 15.6” LED-backlit Ultra HD ဆိုပြီးတော့ကွဲပြားကာ၊ Full HD ရဲ့ pixels ကို 1920 x 1080 ပါရှိအောင်လုပ်ဆောင်ပေးထားပြီး၊ Ultra HD ရဲ့ pixels ကတော့ 3840 x 2160 ဖြစ်ပါတယ်။ ဒါကိုတော့ပထမ မျက်နှာပြင်လို့ခေါ်ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ASUS ဟာပြီးခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့တဲ့ ScreenPad ထက်ပိုကောင်းတဲ့ ScreenPad 2.0 ကို ဒီနှစ် ZenBook laptop တွေမှာထည့်သွင်းပေးလာခဲ့လို့ပဲဖြစ်ပါတယ်။ အဲဒီ ဒုတိယမျက်နှာပြင်ဟာ ဖုန်းတစ်လုံးရဲ့မျက်နှာပြင်လိုပါပဲ။ 5.65 inches အကျယ်အဝန်းရှိပြီးတော့ FHD+ Super IPS display မျက်နှာပြင်ကို သုံးပေးထားကာ၊ 2160 x 1080 pixels ပမာဏထောက်ပံ့ပေးထားပါတယ်။ သူ့မှာလည်း 178˚ wide-view technology ကိုသုံးပေးထားပါတယ်။ တို့ထိပွတ်ဆွဲသုံးရတဲ့ မျက်နှာပြင်ဖြစ်တာကြောင့် အကြမ်းခံနိုင်ဖို့လည်းလိုပါသေးတယ်။ အဲဒီအတွက်လည်း ASUS က ScreenPad 2.0 မှာ လက်ဗွေရာ မထင်အောင်၊ ထိုက်သင့်သလောက်အကြမ်းခံအောင် fingerprint and smudge resistance glass ဖုံးအုပ်ပေး ထားပါတယ်။ လက်ချောင်းတစ်ချောင်းတည်းနဲ့ပဲတို့ထိသုံးနိုင်တာ မဟုတ်ဘဲ လက်ချောင်းတွေကို လိုသလိုသုံး နိုင်အောင် four-finger smart gestures ထည့်ပေးထားပါသေးတယ်။
<Performance>
Laptop တစ်လုံးဟာကိုယ်ထည်အစိတ်အပိုင်းတွေ စွမ်းရည်ကောင်းမှသာ လျင်မြန်တဲ့ တုန့်ပြန်နိုင်စွမ်းတွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ အခု ZenBook 15 ဟာ Version ကွဲပြားတာတွေရှိတာကြောင့် ကိုယ်တွင်း စွမ်းရည်ပိုင်းမှာလည်း ကွဲပြားချက်တွေရှိပါမယ်။ Processor က Intel® Core™ i7-8565U , 1.8GHz quad-core နဲ့ Intel® Core™ i5-8265U, 1.6GHz quad-core ဆိုပြီး နှစ်မျိုးရှိပါမယ်။ Graphics ပိုင်းမှာလည်း နှစ်မျိုးရှိပါတယ်။ NVIDIA® GeForce® GTX 1650 နဲ့ Intel® UHD Graphics 620 ဆိုပြီး ကွဲပြားပါမယ်။ Memory ပိုင်းမှာလည်း 8GB ဒါမှမဟုတ် 16 GB ဆိုပြီးရှိပါမယ်။ Storage ကတော့ သုံးမျိုးအထိ ရနိုင်ပါမယ်။ 256GB / 512GB / 1TB အထိဖြစ်ပါတယ်။ သုံးရမယ့် OS ကတော့ Windows 10 Pro ဖြစ်ပါတယ်။ ဒီလောက် အနေအထားနဲ့ဆိုရင် editing ကိစ္စတွေကိုလည်း အဆင်ပြေပြေလုပ်နိုင်ပါလိမ့်မယ်။
<Audio & Connectivity>
Laptop တစ်လုံးအတွက် အသံပိုင်းကလည်း အရေးပါပါတယ်။ ZenBook 15 မှာ အသံပတ်လည်လွှင့်ထုတ်ပေး နိုင်တဲ့စနစ်၊ Cortana အသံသိမှတ်နိုင်တဲ့စနစ်တို့ထောက်ပံ့ပေးထားပါတယ်။ 3.5mm headphone jack port သုံးနိုင်ပါမယ်။ ကြိုးမဲ့ဆက်သွယ်နိုင်တဲ့အပိုင်းမှာတော့ 802.11n ထက် 12 ဆပိုမြန်တဲ့ Dual-band gigabit-class Wi-Fi 5 နဲ့ Bluetooth 5.0 တို့ကိုထောက်ပံ့ပေးထားပါတယ်။
<ScreenPad 2.0>
Digital Number pad လိုလည်းသုံးလို့ရသလို၊ လက်နဲ့စာရေးချင်သူတွေအတွက်လည်း Handwriting ကို ထောက်ပံ့ပေးထားပါတယ်။ ပင်မမျက်နှာပြင်က စာလုံးတွေ၊အရောင်တွေကိုလည်း ScreenPad ကနေ လွယ်လင့်တကူပြင်နိုင်သလို၊ အလုပ်ကို လျင်လျင်မြန်မြန်လုပ်ချင်သူတွေကလည်း Quick Key ကိုသုံးလို့ ရပါတယ်။ နဂို laptop တွေလို pointer နဲ့ပဲသုံးချင်ရင်လည်း ScreenPad ကိုပိတ်ပြီး pointerနဲ့ဟိုရွှေ့ဒီရွှေ့သုံး နိုင်အောင်လုပ်ဆောင်ပေးထားပါသေးတယ်။ အလုပ်လုပ်ရင်းနဲ့ Social Media ကိုသုံးချင်သူတွေအတွက် ဒီScreenPad 2.0 ကများစွာအဆင်ပြေစေပါလိမ့်မယ်။ ပင်မမျက်နှာပြင်နဲ့အလုပ်လုပ်၊ ScreenPad နဲ့ chattingထိုင် တကယ့်ကို work,social နဲ့ communication အတွက် ပြီးပြည့်စုံစေပါလိမ့်မယ်။ ဖျော်ဖြေရေးအတွက်လည်း သီချင်းတွေ၊ ဗီဒီယိုတွေ ဖွင့်နိုင်ပါမယ်။ ScreenPad ကိုအဖွင့်အပိတ်လုပ်နိုင်ဖို့ အတွက်ကတော့ F6 ခလုတ်ကိုသုံးရပါမယ်။ အဲဒီ ScreenPad က ဘက်ထရီစွမ်းအားကိုလည်း အများကြီးမကုန်ဆုံးစေပါဘူး။ 9နာရီလောက်သုံးနိုင်တဲ့ အနေအထားရှိပါတယ်။
<Battery & Others>
71Wh 8-cell lithium-polymer battery တပ်ဆင်ပေးထားပြီး 17 နာရီဝန်းကျင်သုံးနိုင်ပါမယ်။ Laptop သုံးတဲ့အခါ Keyboard နေရာကို အနည်းငယ်မပေးထားတဲ့ ဒီဇိုင်းရှိတာကြောင့် လေဝင်၊လေထွက်အတွက် လည်း ထိုက်သင့်သလောက်အဆင်ပြေစေပြီး၊အပူချိန်ကို ထိန်းညှိနိုင်ပါမယ်။ 3D IR HD camera ပါရှိသေးကာ၊ ZenBook 15(UX534) ဘူးထဲမှာ 120W power adapter နဲ့ Protective sleeve တို့ပါပါမယ်။

Keyboard က ရိုက်နှိပ်တဲ့အခါ သက်သောင့်သက်သာရှိပြီး၊ ASUS ဘက်ကလည်း ZenBook တွေကို အကြမ်းခံတဲ့ laptop တစ်လုံးဖြစ်အောင်လည်း အကြိမ်ကြိမ် စမ်းသပ်ထားတာကြောင့် laptopကို ခပ်ကြမ်းကြမ်းသုံးတတ်တဲ့ user တွေအတွက် အဆင်ပြေနိုင်ပါမယ်။ ASUS ရဲ့ ZenBook 15(UX534) ဟာ laptop တစ်လုံးတည်းရဲ့စွမ်းဆောင်ရည်ကိုပဲ ပေးစွမ်းနိုင်တာမဟုတ်ဘဲ ဖုန်းနဲ့laptop ပေါင်းထားတဲ့ စွမ်းရည်မျိုးကိုပေးစွမ်းနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုချိန်မှာ စွမ်းရည်ကောင်းတဲ့ နောက်ဆုံးပေါ် laptop တစ်လုံးကို ရွေးချယ်ချင်ရင်တော့ ZenBook 15(UX534) ကို စဉ်းစားသင့်ပါတယ်။