
0
108







(Unicode Version)

ASUS TUF Gaming Laptop များကို ဇူလိုင်လကုန်အထိ လျှော့ဈေးဖြင့် ဝယ်ယူနိုင်

ASUS မှ ပြည်တွင်းဈေးကွက်တွင် အသစ်ရောင်းချမယ့် Gaming Laptop များနဲ့ပတ်သက်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းအနားကို 10.7.19 ရက်နေ့က Melia Yangon ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ ပါတယ်။ အဲဒီအခမ်းအနားတွင် ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ASUS ရဲ့ အရှေ့တောင်အာရှဈေးကွက်နဲ့ ပတ်သက်တာများ၊ ပြည်တွင်းဈေးကွက်နဲ့ပတ်သက်တဲ့ အနေအထားများကို ASUS APAC Deputy General Manager ဖြစ်သူ Mr. Peter Chang ကရှင်းလင်းပြောကြားခဲ့ပြီး၊ ပြည်တွင်းဈေးကွက်မှာရောင်းချမယ့် ထုတ်ကုန်သစ်များနဲ့ပတ်သက်တဲ့ အကြောင်းကိုတော့ မြန်မာနိုင်ငံရဲ့ Country Product Manager ဖြစ်သူ Mr. Jim Hsieh က ရှင်းလင်းပြောကြားခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံးစွမ်းရည်မြင့် gaming laptop လို့ညွှန်းထားတဲ့ ROG Mothership GZ700 တွင် Gen 9th Core i9 9980HK , NVIDIA GeForce RTX 2080, 17.3”,64GB RAM တို့ပါရှိပါတယ်။ Pre-Order နဲ့ဝယ်ယူနိုင်တဲ့ဈေးကတော့ ဒေါ်လာ 7499 ဖြစ်ပါတယ်။ ROG Zephyrus Series တွေဖြစ်တဲ့ Zephyrus S15 GX531GXR မှာတော့ Gen 9th Core i7 9750H ,RTX 2080 Max-Q, 15.6” IPS 240Hz 3ms,1TB M.2 PCIE SSD, 24GB RAM ပါဝင်ကာ Pre-Order ဈေးကတော့ ဒေါ်လာ 3399 ဖြစ်ပါတယ်။ Zephyrus S17 GX701GRR မှာတော့ Gen 9th Core i7 9750H ,RTX 2070 Max-Q, 17.3” IPS 144Hz with G-Sync ,1TB M.2 PCIE SSD, 32GB RAM ပါဝင်ကာ Pre-Order ဈေးမှာ ဒေါ်လာ 2999 ပါ။

Zephyrus M GU502GU မှာ Gen 9th Core i7 9750H, GTX 1660Ti,15.6’’ IPS-144Hz 3ms, 512GB M.2 PCIE SSD,16GB RAM ပါဝင်ကာ ယခုလအတွင်းဝယ်ယူနိုင်ပြီဖြစ်ပြီး၊ဈေးကတော့ ဒေါ်လာ 1799 ဖြစ်ပါတယ်။ ဒေါ်လာ 1299 တန် Zephyrus M GA502GU မှာတော့ AMD R7-3750H,GTX1660Ti,15.6’’ IPS-120Hz,512GB M.2 PCIE SSD,8GB RAM ပါဝင်ပါတယ်။

ROG Strix Scar III Series တွေထဲက G731GW က Gen 9th Core i7 9750H,RTX2070,17.3” IPS-144Hz 3ms,1TB SSH+512M.2 PCIE,16GB RAM အမျိုးအစားဖြစ်ပြီး ဒေါ်လာ 2399 တန်ကြေးရှိပါတယ်။ G731GV ကတော့ Gen 9th Core i7 9750H,RTX 2060, 17.3” IPS-144Hz 3ms, 1TB SSH+512M.2 PCIE,16GB RAM အမျိုးအစားဖြစ်ကာ ဒေါ်လာ 2099 တန်ကြေးရှိပါတယ်။ ဒေါ်လာ 1599 တန်ကြေးရှိတဲ့ G731GU က Gen 9th Core i7 9750H,GTX1660Ti, 17.3” IPS-144Hz 3ms,512M.2 PCIE SSD,8GB RAM အမျိုးအစားဖြစ်ပါတယ်။

ROG STRIX G Series ထဲက G531GU က Gen 9th Core i7 9750H, GTX1660Ti,15.6’’ IPS-120Hz,512M.2 PCIE SSD,8GB RAMပါဝင်ပြီး ဒေါ်လာ 1389 တန်ကြေးရှိကာ၊ G531GT က GTX 1650 အမျိုးအစားဖြစ်ပြီး ဒေါ်လာ 1209 တန်ဖိုးရှိပါတယ်။ GTX 1050 , Core i7 အမျိုးအစား G531GD က ဒေါ်လာ 1109 တန်ဖိုးရှိပြီး၊ Core i5 အမျိုးအစားကတော့ ဒေါ်လာ 989 တန်ဖိုးရှိပါတယ်။

အကြမ်းခံတဲ့ TUF Gaming FX505 Series တွေကိုတော့ ဇူလိုင်လအတွင်းမှာဝယ်မယ်ဆိုရင် ဒေါ်လာ 1600 တန် Laptop ကို ဒေါ်လာ 1540 နဲ့ဝယ်နိုင်မှာဖြစ်ပြီး၊ ဒေါ်လာ 1199 တန်ကိုတော့ ဒေါ်လာ 1139 နဲ့ဝယ်နိုင်ပါမယ်။ ဒေါ်လာ 1029 တန် Laptop ကို ဒေါ်လာ 969 နဲ့ဈေးလျှော့ပေးထားကာ၊ ဒေါ်လာ 929 နဲ့ 859 တန် Laptop တွေကိုတော့ ဒေါ်လာ 799 နဲ့ ဝယ်နိုင်မှာဖြစ်ပါတယ်။ အဲဒီ TUF Gaming Laptop တွေဟာ game ဆော့ဖို့အတွက်သာမက အလုပ်အတွက်လည်းအသုံးတည့်ပါတယ်။ စစ်တပ်အဆင့်အကြမ်းခံတဲ့ Laptop တွေဖြစ်ပြီး၊ 15.6 လက်မမျက်နှာပြင်ရှိကာ၊ 512GB M.2 PCIE SSD, 8G (or) 16G RAM တို့ပါပါမယ်။ AMD R7-3750H နဲ့ RTX2060(or) GTX 1660Ti (or)1650(or)1050 graphics အမျိုးအစားတွေဖြစ်ကြပါတယ်။