
0
163

4. Wideo




5. RenderForest




6. Viewbix




7. PowToon




8. Wirecast




9. ScreenFlow




10. VideoScribe




David Jame

(Unicode Version)

Marketer တွေအတွက် အကောင်းဆုံး video tools ၁၀ ခု (၂)

4. Wideo
Wideo ဟာ သူ့ရဲ့အသုံးပြုရ လွယ်ကူတဲ့ interface ကြောင့် internet ပေါ်မှာ အညွှန်းခံရဆုံး video tool တစ်ခု ဖြစ်ပါတယ်။ videos, audios and animations လျင်မြန်လွယ်ကူစွာ ဖန်တီးနိုင်တဲ့ feature တွေများစွာ ပါဝင်ပါတယ်။ Wideo ဟာဆိုရင် သင့် audience တွေကို ဆွဲဆောင်ဖို့ High-quality နဲ့ professional  video တွေကို ပြုလုပ်ဖို့ editing feature များစွာပါဝင်ပါတယ်။ internet marketer တွေ အသုံးပြုရတဲ့ အချက်တစ်ခုကတော့ video တွေကို sharing လုပ်ရာမှာ အလွန်လျင်မြန်လွယ်ကူတာကြောင့်ပဲ ဖြစ်ပါတယ်။ Wideo ဟာ သင့်ရဲ့ marketing campaings တွေမှာ သင်လိုအပ်တဲ့ traffic နဲ့ conversion အလွယ်တကူရရှိနိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

Important Features of Wideo

Wideo ဟာ social media campaing တွေကို boot လုပ်ဖို့အတွက် အသင့်တော်ဆုံး template တွေ ပါဝင်ပါတယ်။ Wideo user အများစုဟာ သူတို့ရဲ့ အမြတ်တွေအကုန်လုံး သိသာထင်ရှားစွာ ပိုမိုရရှိလာကြပြီး ထုတ်ကုန်ပိုင်းမှာလည်း အံ့သြစရာကောင်းလောက်အောင် တိုးတက်လာကြပါတယ်။ Wideo ဟာ marketer တွေကို click လုပ်ခြင်း ပိုမိုရရှိအောင် email campaings ကဲ့သို့သော personalized video တွေကို ဖန်တီးခွင့်ပေးထားပါတယ်။

5. RenderForest
RenderForest ဟာ YouTube, kinetic typography, explainer animations, promotional video for product and services, music visualizations, event invitations, wedding or travel slideshows, infographics and a lot more. တွေအတွက် video တွေ ဖန်တီးဖို့ cloud base platform တစ်ခုဖြစ်ပါတယ်။ ၎င်းဟာ ဘယ်နည်းပညာကျွမ်းကျင်သူတွေကိုမှ မလိုအပ်တဲ့ ရိုးရှင်းသည့် platform တစ်ခုဖြစ်ပါတယ်။ သင်ဟာ မတူညီတဲ့ video template တွေကို ရွေးချယ်ပြီး online မှာ edit လုပ်ပြီးနောက် personal အရ (သို့) စီးပွားရေးအရ အသုံးပြုဖို့ ထုတ်လုပ်အကောင် အထည်ဖော်ဖို့ပဲ လိုအပ်ပါတယ်။

Features of RenderForest

Brand Watermark ပါဝင်တဲ့ Free Video တွေကို ပြုလုပ်နိုင်ပါတယ်။ သင့် video တွေထဲကို ထည့်ဖို့အတွက် template ပေါင်း ရာကျော်ကို ရွေးချယ်နိုင်ပါတယ်။ professional effect များစွာပါဝင်တဲ့ video တွေကို ဖန်တီးနိုင်ပါတယ်။ professional, educational, and personal purpose. တွေအတွက် RenderForest ကို အသုံးပြုနိုင်ပါတယ်။

6. Viewbix
Viewbix  ဟာ interactive video editing tool တစ်ခုဖြစ်ပြီးတော့ platform အမျိုးမျိုးမှာ marketing video တွေကို ပြုလုပ်နိုင်ပါတယ်။ ၎င်းကို အသုံးပြုသူတွေဟာ engagement rate တွေ သိသိသာသာ  တိုးတက်လာပါတယ်။ Viewbix နဲ့ professional တစ်ယောက်လို video တွေကို မိနစ်အနည်းငယ်အတွင်းမှာ ဖန်တီးနိုင်ပါတယ်။ Viewbix ဟာ သွားရင်လာရင်းနဲ့ video (သို့) audio တွေကို ဖန်တီးနိုင်ပါတယ်။ သူ့ရဲ့ interface ဟာ ကောင်းမွန်ရိုးရှင်းပြီး video တွေကို edit ပြုလုပ်ဖို့အတွက် အလွန်လွယ်ကူပါတယ်။ ၎င်းဟာ ရှိပြီးသား video နဲ့ audio file တွေကို high quality နဲ့ professional ကဲ့သို့ campaing video တွေကို edit ပြုလုပ်ကာ ပေါင်းစပ်နိုင်ပါတယ်။

Main Features of Viewbix

Viewbix ကိုသုံးပြီး သင့်ရဲ့ link တွေ Company Logo နဲ့ CTA button တွေကို အလွယ်တကူထည့်သွင်းနိုင်ပါတယ်။ Lead Generation ကိုကူညီဖို့ Sharing Feature များစွာပါဝင်ပါတယ်။ Viewbix ဟာ conversion rate တိုးတက်ပြီး အကျိုး အမြတ်ပြန်လည်ရရှိဖို့ မြင့်မားနိုင်တဲ့ analytics inbuilt tools တစ်ခုဖြစ်ပါတယ်။ Viewbix ဟာ user engagement rates တိုးတက်ရမှာ ကူညီနိုင်တဲ့ highly interactive video တွေကို ပြုလုပ်နိုင်ပါတယ်။ ၎င်းရဲ့ interface ရိုးရှင်းမှုကြောင့် online marketer အများစုဟာ highly engaging video အများစု ပြုလုပ်ဖို့ အသုံးပြုကြပါတယ်။

7. PowToon
ဒီအံ့သြလောက်စရာ video marketing tool ဟာ သင့်ရဲ့ marketing မှာ လိုအပ်တဲ့ animated video တွေကို ဖန်တီးဖို့ ခွင့်ပြုပေးပါတယ်။ PowToon ဟာ သင့်ရဲ့ product or service တွေကို လမ်းညွှန်ပေးဖို့အတွက် အံ့သြစရာကောင်းတဲ့ feature တွေနဲ့ interactive interface ပါဝင်ပါတယ်။ သင်ဟာ မိနစ် ၂၀ အတွင်းမှာ professional တစ်ယောက်လို video တွေကိုပြုလုပ်နိုင်ပါတယ်။ ၎င်းဟာ သင့်ရဲ့ marketing မှာ video content တွေကို အလျင်အမြန်ပြုလုပ်ဖို့ လိုအပ်တဲ့အခါမှာ အကောင်းဆုံးလုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ မတူညီတဲ့ video format တွေကို ဖန်တီးထုတ်လုပ်ဖို့အတွက်လည်း PowToon editor ကို အသုံးပြုနိုင်ပါတယ်။ PowToon နဲ့ တကယ်လက်ရာမြောက်တဲ့ animation တွေကို အဆင့် နည်းနည်းအတွင်းမှာ ဖန်တီးနိုင်ပါတယ်။

Important Features of Pow Toon

PowToon ဟာ video နဲ့ animated content တွေကို လျင်မြန် လွယ်ကူစွာပြုလုပ်နိုင်တဲ့ အဆင်သင့်အသုံးပြုလို့ရတဲ့ template တွေပါဝင်ပါတယ်။ Personal, Educational and commercial videos and animations  တွေဖန်တီးခြင်းတွေ အတွက် PowToon မှာ impressive feature တွေ ပါဝင်ပါတယ်။ PowToon မှာ နည်းပညာအထောက်အကူအတွက် အထူးအဖွဲ့ရှိပြီး သင်ဘယ်အချိန်မှာပဲဖြစ်ဖြစ် အကူအညီလိုရင် သူတို့နဲ့ဆက်သွယ်နိုင်ပြီး သူတို့ရဲ့ tutorial တွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။

8. Wirecast
Wirecast ဟာ အထူး conferences, educational events, live interview telecast and more တွေမှာ Live stream ပြုလုပ်ဖို့လိုအပ်တဲ့အချိန်တွင် အသုံးဝင်ဆုံး video tool တစ်ခုဖြစ်ပါတယ်။ ဒီ အံ့သြဖွယ် video tool ဟာ live production software အနေနဲ့ ထုတ်လုပ်ထားပြီး web feeds, camera feeds, microphone, iOS 8 camera feed and more ကဲ့သို့သော device အမျိုးမျိုးနဲ့ ရိုက်ကူးထုတ်လွှင့်နိုင်တဲ့ feature လည်း ပါဝင်ပါတယ်။ ၎င်းဟာ video format အမျိုးမျိုးကို ပြုလုပ်နိုင်ခြင်း၊ final videos and animations တွေရဲ့ recording, importing, editing, and sharing  တွေကို အလွယ်တကူ extreme editing feature ပါဝင်ခြင်း စတဲ့ inbuilt feature တွေ ပါဝင်ပါတယ်။

Important Features of Wirecast

၎င်းဟာ marketer တစ်ယောက်အနေနဲ့ သင့်ရဲ့ show ကို targeted audience ဆီကို ထုတ်လွှင့်ပြသဖို့ feature တွေ ပါဝင်ပါတယ်။ ၎င်းမှာ ပရော်ဖက်ရှင်နယ်တစ်ယောက်လို Animated Titles, Live Switching and Transitions တွေကို  device များစွာအား ဖြတ်သန်းပြီး live ထည့်သွင်းနိုင်တဲ့ feature တွေ ပါဝင်ပါတယ်။ ဒီ platform ဟာ personal, business, eductional purpose တွေအတွက် အကုန် သင့်လျော်ပါတယ်။

9. ScreenFlow
ScreenFlow ဟာ Mac user တွေအတွက်  အထူးဒီဇိုင်းပြုလုပ်ထားတဲ့ အကောင်းဆုံး video editing tool တစ်ခု ဖြစ်ပါတယ်။ professional screen capture နဲ့ video editing services ကဲ့သို့သော အံ့သြဖွယ် feature တွေပါဝင်ပါတယ်။ ၎င်းဟာ iPads, iPhones, Mac Desktop Computers, Laptops, Video Cameras and more ကဲ့သို့သော device တွေရဲ့ screen တွေကနေ တိုက်ရိုက် ရိုက်ကူးတည်းဖြတ်နိုင်ပါတယ်။ ၎င်းမှာ split-track editing feature ပါဝင်ပြီး microphone ကနေ အသံတွေကိုလည်း ဖမ်းယူနိုင်ပါတယ်။ ပြီးတော့ အမျိုးမျိုးသော online marketing platform တွေဆီသို့ video content တွေကို လွယ်ကူလျင်မြန်စွာ share နိုင်ပါတယ်။

Amazing Features of ScreenFlow

အလွန်ကြည်လင်ပြတ်သားတဲ့ ရုပ်သံတွေကို ရိုက်ကူးတည်းဖြတ်နိုင်ပြီး ကြည့်ရှုဖို့အတွက် video တွေကို ဘယ်နေရာ ကိုမဆို share လုပ်နိုင်တာကြောင့် ရည်ရွယ်ချက်များစွာရှိတဲ့ video editing software တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ website ကို traffic တွေ များများရရှိဖို့ engaging video content တွေ ဖန်တီးဖို့အတွက် impressive feature တွေ ပါဝင်ပါတယ်။ သင်ဟာ personal, educational and business purposes တွေအတွက် Screenflow ကို သုံးနိုင်ပါတယ်။

10. VideoScribe
VideoScribe ဟာ သင့်ရဲ့ marketing project တွေအတွက် HD Video တွေနဲ့ Animation တွေ ပြုလုပ်ဖို့ နောက်ထပ်အကောင်းဆုံး Tool တစ်ခုဖြစ်ပါတယ်။ VideoScribe ကို သုံးပြီး video တွေ ဖန်တီးဖို့အတွက် အတွေ့အကြုံ အများကြီးမလိုအပ်ပါဘူး။ သူ့ရဲ့ interface ဟာ beginner တွေအတွက် အလွန်ရှင်းလင်းလွယ်ကူပါတယ်။ ဒီ tool မှာ အံ့သြလောက်အောင် ကောင်းတဲ့ graphic တွေပါဝင်တာကြောင့် သင့်ရဲ့ video တွေနဲ့ animation တွေကို graphic တွေနဲ့ တိုးတက်အောင် လုပ်နိုင်ပါတယ်။ ဒါ့အပြင် VideoScribe ဟာ marketing campaing တွေအတွက် videos, animations, pictures or audios တွေကို High-quality output တွေရရှိအောင် editing  လုပ်ဖို့အတွက်  အံ့သြဖွယ် inbuilt feature တွေပါဝင်တာကြောင့် ကျယ်ပြန့်စွာ အသုံးပြုကြပါတယ်။ Video နဲ့ animation တွေကို Sharing လုပ်တဲ့အခါမှာလည်း အလွန် ရိုးရှင်း လွယ်ကူပါတယ်။ ပြီးတော့ သင့်ရဲ့ video content တွေကို audience တွေဆီရောက်အောင် ခလုတ်တစ်ချက်နှိပ်ရုံနဲ့ share လုပ်နိုင်ပါတယ်။

Important Features of VideoScribe

VideoScribe High quality ရှိတဲ့ engaging whiteboard animation videos တွေဖန်တီးရာမှာ အကောင်းဆုံး tool တစ်ခုဖြစ်ပါတယ်။ Commercial use, Educational use or Personal use စတဲ့ ဘယ်နေရာမှာပဲလိုအပ်လိုအပ် သုံးနိုင်တဲ့ feature တွေ ပါဝင်ပါတယ်။ သူ့ရဲ့ interface ဟာ ရိုးရှင်းပြီး free graphics, background music, and templates တွေလည်း ပါဝင်တာကြောင့် video marketing အတွက် လိုအပ်တဲ့ tool တစ်ခုဖြစ်ပါတယ်။

David Jame