နာမည္ေက်ာ္ၾကား Black Hacker မ်ား

0
264

Hacker လို႔ေျပာလိုက္တာတဲ့ ေတာ္ေတာ္မ်ားမ်ားက မေကာင္းမႈကို က်ဴးလြန္တဲ့သူေတြလို႔ပဲ ေျပးျမင္ၾကမွာပါ။ ဒါေပမယ့္ Hacker တိုင္းက မေကာင္းမႈကို က်ဴးလြန္တဲ့သူေတြေတာ့ မဟုတ္ၾကပါဘူး။ Ethical Hacker ေတြရွိသလို လံုၿခံဳေရးကိုစစ္ေဆး ေပးၾကတဲ့ Pentester ေတြလည္းရွိၾကပါတယ္။ Hacker အမ်ိဳးအစားကို အၾကမ္းဖ်င္းအားျဖင့္ White, Gray နဲ႔ Black ဆိုၿပီး သတ္မွတ္ေလ့ရွိပါတယ္။ ဦးထုပ္ေလးသေကၤတကို အဓိကထားၿပီး အျဖဴေရာင္၊ မီးခိုးေရာင္၊ အမည္းေရာင္တို႔နဲ႔ေဖာ္ျပၾကပါတယ္။ အျဖဴေရာင္ White Hacker ဆိုတာက လံုး၀ျဖဴစင္တဲ့ ဆိုက္ဘာလံုၿခံဳေရးတာ၀န္ယူထားၾကသူေတြပါ။ မီးခိုးေရာင္ကေတာ့ အေကာင္း ၅၀၊ အဆိုး ၅၀ ယွဥ္တြဲေနတဲ့သူေတြျဖစ္ၿပီးေတာ့ အမည္းေရာင္ကေတာ့ မေကာင္းမႈကိုပဲ တစ္စိုက္မတ္မတ္လုပ္ၾကတဲ့ Hacker ေတြလို႔ ဆိုလုိပါတယ္။ အခုေျပာျပခ်င္တာ ေက်ာ္ၾကားတဲ့ Black Hacker ေတြအေၾကာင္းပါ။

Kevin Mitnick

သူကေတာ့ ကမၻာ့အလုိအရွိဆံုးစာရင္း၀င္ ဆိုက္ဘာလူဆိုးတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ ကြန္ပ်ဴတာအေပၚ အလြန္အမင္း စြဲလမ္းႏွစ္ၿခိဳက္သူတစ္ဦး ျဖစ္ၿပီးေတာ့ Hacker ေလာကမွာ ၂ ႏွစ္ခြဲေလာက္ ထင္တိုင္းႀကဲခဲ့သူပါ။ IBM, Motorola တို႔လို ကုမၸဏီႀကီးေတြရဲ႕ ထိပ္တန္း လွ်ိဳ႕၀ွက္ခ်က္ေတြကို ခိုးယူခဲ့တဲ့အျပင္ ႏိုင္ငံေတြရဲ႕ကာကြယ္ေရးအခ်က္ေပးစနစ္ကိုပါ တိုက္ခိုက္ခဲ့ တဲ့သူပါ။ သူ႔ေၾကာင့္ ေဒၚလာမီလီယံနဲ႔ခ်ီတဲ့ ဆံုး႐ႈံးမႈေတြရွိခဲ့ပါတယ္။ သူက်ဴးလြန္ခဲ့တဲ့ျပစ္မႈေတြေၾကာင့္ အက်ဥ္းက်ခံခဲ့ရေပမယ့္ အခုေတာ့ White Hacker တစ္ေယာက္ျဖစ္ေနပါၿပီ။

Mathew Bevan and Richard Pryce

သူတို႔ႏွစ္ေယာက္ကေတာ့ အသက္ ၂၁ ႏွစ္နဲ႔ ၁၇ ႏွစ္သာရွိေသးတဲ့ လူငယ္ေတြပါ။ သူတို႔ႏွစ္ ေယာက္ဟာ အေမရိကန္ စစ္တပ္ရဲ႕ ကြန္ပ်ဴတာေတြကို ေဖာက္ထြင္း၀င္ေရာက္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီလုပ္ရပ္ေၾကာင့္ သူတို႔နာမည္ႀကီးလာတာေတာ့ မဟုတ္ပါဘူး။ အေမရိကန္စစ္ဖက္ဆိုင္ရာ ကြန္ပ်ဴတာေတြကို ေဖာက္ထြင္း၀င္ေရာက္ခဲ့တဲ့အျပင္ ေျမာက္ကိုရီးယားရဲ႕ စစ္ဖက္ ဆိုင္ရာကြန္ပ်ဴတာေတြကိုပါ ေဖာက္ထြင္း၀င္ေရာက္ခဲ့ပါေသးတယ္။ တကယ္လို႔ သူတို႔သာ လက္ေဆာ့ခဲ့မယ္ဆိုရင္ ကမၻာစစ္ႀကီးကို စတင္ေစခဲ့တဲ့ Hacker ႏွစ္ေယာက္အျဖစ္ မွတ္တမ္း၀င္သြားမွာပါ။

Michael Calce (Or) MafiaBoy

သူကေတာ့ ၂၀၀၀ ျပည့္ႏွစ္၀န္းက်င္မွာ ဆိုက္ဘာတိုက္ခိုက္မႈေတြကို အတြဲလိုက္လုပ္ေဆာင္ခဲ့တဲ့ ကေနဒါ Hacker တစ္ေယာက္ပါ။ အဲဒီအခ်ိန္တုန္းက နာမည္ႀကီး Website ေတြျဖစ္ၾကတဲ့ Yahoo, FIFA, Amazon, eBay နဲ႔ CNN တို႔လို Website ႀကီးေတြကို DDos လုိ တိုက္ခိုက္မႈေတြနဲ႔ တိုက္ခိုက္ခဲ့ၾကပါတယ္။ သူရဲ႕တိုက္ခိုက္မႈကို Project Rivolta လို႔ အမည္ေပးခဲ့ၿပီး ဒါက အီတာလ်ံဘာသာစကားမွာ ႐ုန္းရင္းဆန္ခတ္မႈ အဓိက႐ုဏ္းလို႔ အဓိပၸာယ္ရပါတယ္။ တိုက္ခိုက္မႈ အေၾကာင္းကို Chat Room တစ္ခုမွာေျပာမိတာကေန ေျခရာခံမိသြားၿပီး အဖမ္းခံခဲ့ရပါတယ္။ အဲဒီအခ်ိန္တုန္းက သူက ေက်ာင္းသားအရြယ္သာ ရွိေသးတာမို႔ ေထာင္ဒဏ္ ၈ လ ပဲ က်ခံခဲ့ရပါတယ္။

Jeanson James Ancheta

Botnet ေတြနဲ႔ လက္စြမ္းျပခဲ့တဲ့ Hacker တစ္ေယာက္ျဖစ္ပါတယ္။ Botnet ေတြသံုးၿပီး ျပစ္မႈက်ဴးလြန္တဲ့ ပထမဆံုး သူေတြထဲ တစ္ေယာက္ျဖစ္ေကာင္းျဖစ္ႏိုိင္ပါတယ္။ ၂၀၀၄ ခုႏွစ္တုန္းက Worn ကိုသံုးၿပီး Botnet ေတြနဲ႔တိုက္ခိုက္မႈဟာ ကြန္ရက္ေတာ္ေတာ္မ်ားမ်ားကို ပ်ံ႕ႏွံ႕သြားခဲ့တဲ့အျပင္ အေမရိကန္စစ္သံုးကြန္ပ်ဴတာေတြပါ တိုက္ခိုက္ခံခဲ့ရပါတယ္။ သူ႔ရဲ႕ျပစ္မႈ အတြက္ ေထာင္ဒဏ္ လ ၆၀ က်ခံခဲ႔ရတဲ့အျပင္ ဒဏ္ေၾကး ေဒၚလာ ၅၈,၀၀၀ ပဲ ေပးေဆာင္ခဲ့ရသူတစ္ေယာက္ပါ။

Gary Mckinnon

သူ႕ရဲ႕ နာမည္ေျပာင္ကေတာ့ Solo လို႔ေခၚပါတယ္။ စေကာ့တလန္က Hacker တစ္ေယာက္ျဖစ္ၿပီး စစ္ဖက္ဆိုင္ရာ ကြန္ပ်ဴတာေတြကို တိုက္ခိုက္သူေတြထဲမွာေတာ့ ထိပ္တန္းအဆင့္ရွိသူပါ။ သူဟာ အေမရိကန္ စစ္ဖက္ဆိုင္ရာကြန္ပ်ဴတာေတြ၊ နာဆာက ကြန္ပ်ဴတာေတြကို ၂၀၀၁ ခုႏွစ္ ေဖေဖာ္၀ါရီနဲ႔ ၂၀၀၂ ခုႏွစ္ မတ္လအတြင္းမွာ တိုက္ခိုက္ခဲ့တဲ့ အျပင္ Weapon Logs ေတြလိုမ်ိဳး အေရးႀကီးတဲ့ဖိုင္ေတြကို ဖ်က္ပစ္ခဲ့သူ တစ္ေယာက္ပါ။

Owen Walker

သူရဲ႕နာမည္ေျပာင္ကေတာ့ AKILL လုိ႔ေခၚပါတယ္။ သူဟာ ၁၇ ႏွစ္သားအရြယ္မွာ Bot Virus တစ္မ်ိဳးကို ေရးသားခဲ့ၿပီး သူေရးခဲ့တဲ့ ဒီ Virus ဟာ ကမၻာေပၚသန္းနဲ႔ခ်ီတဲ့ ကြန္ပ်ဴတာေတြကို ကူးစက္ပ်ံ႕ပြားခဲ့ပါတယ္။ ကူးစက္ခံရတဲ့ကြန္ပ်ဴတာတုိင္းကို Crash ျဖစ္ေစတာေၾကာင့္ ဆံုး႐ံႈးမႈေဒၚလာ ၂၆ သန္းေလာက္အထိ ရွိခဲ့ပါတယ္။ သူဟာ အဖမ္းခံခဲ့ရေပမယ့္ ျပစ္ဒဏ္ခ်မွတ္ ခံရျခင္း မရွိခဲ့ပါဘူး။

Astra

Astra နဲ႔ပတ္သက္ၿပီးေတာ့ မွတ္တမ္းခိုင္ခိုင္မာမာ မျပဳစုႏုိင္ပါဘူး။  သူဟာ ဂရိႏိုင္ငံ ေအသင္ၿမိဳ႕က အသက္ ၅၈ ႏွစ္အရြယ္ သခ်ာၤပညာရွင္ေဟာင္းတစ္ေယာက္ျဖစ္ၿပီး ၂၀၀၂ ခုႏွစ္ကေန ၂၀၀၈ ခုႏွစ္အတြင္း လႈပ္ရွားခဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ အဲဒီခုႏွစ္ေတြတုန္းက သူဟာ လက္နက္နဲ႔ပတ္သက္တဲ့ ေဒတာအခ်က္အလက္ေတြကို  Salt Group လုိ႔အမည္ရတဲ့ 3D Modeling ကုမၸဏီတစ္ခုဆီက ခိုးယူခဲ့ၿပီး ေဒၚလာ သန္း ၃၆၀ နဲ႔ျပန္ၿပီးေတာ့ ေရာင္းစားခဲ့ပါတယ္။

Albert Gonzalez

သူကေတာ့ ခရစ္ဒစ္ကတ္ေပါင္း သန္း ၁၇၀ ရဲ႕အခ်က္အလက္ေတြကို ခိုးယူၿပီး အြန္လိုင္းေပၚမွာ ျပန္ေရာင္းစားခဲ့သူပါ။ သူ႔ရဲ႕တိုက္ခိုက္မႈနဲ႔ အခ်က္အလက္ေတြ ခုိးယူမႈေၾကာင့္ ဆံုး႐ႈံးမႈဘယ္ေလာက္မ်ားခဲ့တာဆိုတာကိုေတာ့ ထုတ္ေဖာ္ေျပာၾကားျခင္း မရွိပါဘူး။ အခုေတာ့ သူက်ဴးလြန္ခဲ့တဲ့ ျပစ္မႈေတြအတြက္ ဆယ္စုႏွစ္ေလးခုေလာက္ ေထာင္ထဲမွာ ကုန္ဆံုးရေတာ့မွာျဖစ္ပါတယ္။

မင္းသုခ

(Unicode Version)

နာမည်ကျော်ကြား Black Hacker များ

Hacker လို့ပြောလိုက်တာတဲ့ တော်တော်များများက မကောင်းမှုကို ကျူးလွန်တဲ့သူတွေလို့ပဲ ပြေးမြင်ကြမှာပါ။ ဒါပေမယ့် Hacker တိုင်းက မကောင်းမှုကို ကျူးလွန်တဲ့သူတွေတော့ မဟုတ်ကြပါဘူး။ Ethical Hacker တွေရှိသလို လုံခြုံရေးကိုစစ်ဆေး ပေးကြတဲ့ Pentester တွေလည်းရှိကြပါတယ်။ Hacker အမျိုးအစားကို အကြမ်းဖျင်းအားဖြင့် White, Gray နဲ့ Black ဆိုပြီး သတ်မှတ်လေ့ရှိပါတယ်။ ဦးထုပ်လေးသင်္ကေတကို အဓိကထားပြီး အဖြူရောင်၊ မီးခိုးရောင်၊ အမည်းရောင်တို့နဲ့ဖော်ပြကြပါတယ်။ အဖြူရောင် White Hacker ဆိုတာက လုံးဝဖြူစင်တဲ့ ဆိုက်ဘာလုံခြုံရေးတာဝန်ယူထားကြသူတွေပါ။ မီးခိုးရောင်ကတော့ အကောင်း ၅၀၊ အဆိုး ၅၀ ယှဉ်တွဲနေတဲ့သူတွေဖြစ်ပြီးတော့ အမည်းရောင်ကတော့ မကောင်းမှုကိုပဲ တစ်စိုက်မတ်မတ်လုပ်ကြတဲ့ Hacker တွေလို့ ဆိုလိုပါတယ်။ အခုပြောပြချင်တာ ကျော်ကြားတဲ့ Black Hacker တွေအကြောင်းပါ။

Kevin Mitnick

သူကတော့ ကမ္ဘာ့အလိုအရှိဆုံးစာရင်းဝင် ဆိုက်ဘာလူဆိုးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ကွန်ပျူတာအပေါ် အလွန်အမင်း စွဲလမ်းနှစ်ခြိုက်သူတစ်ဦး ဖြစ်ပြီးတော့ Hacker လောကမှာ ၂ နှစ်ခွဲလောက် ထင်တိုင်းကြဲခဲ့သူပါ။ IBM, Motorola တို့လို ကုမ္ပဏီကြီးတွေရဲ့ ထိပ်တန်း လျှို့ဝှက်ချက်တွေကို ခိုးယူခဲ့တဲ့အပြင် နိုင်ငံတွေရဲ့ကာကွယ်ရေးအချက်ပေးစနစ်ကိုပါ တိုက်ခိုက်ခဲ့ တဲ့သူပါ။ သူ့ကြောင့် ဒေါ်လာမီလီယံနဲ့ချီတဲ့ ဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ သူကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကြောင့် အကျဉ်းကျခံခဲ့ရပေမယ့် အခုတော့ White Hacker တစ်ယောက်ဖြစ်နေပါပြီ။

Mathew Bevan and Richard Pryce

သူတို့နှစ်ယောက်ကတော့ အသက် ၂၁ နှစ်နဲ့ ၁၇ နှစ်သာရှိသေးတဲ့ လူငယ်တွေပါ။ သူတို့နှစ် ယောက်ဟာ အမေရိကန် စစ်တပ်ရဲ့ ကွန်ပျူတာတွေကို ဖောက်ထွင်းဝင်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလုပ်ရပ်ကြောင့် သူတို့နာမည်ကြီးလာတာတော့ မဟုတ်ပါဘူး။ အမေရိကန်စစ်ဖက်ဆိုင်ရာ ကွန်ပျူတာတွေကို ဖောက်ထွင်းဝင်ရောက်ခဲ့တဲ့အပြင် မြောက်ကိုရီးယားရဲ့ စစ်ဖက် ဆိုင်ရာကွန်ပျူတာတွေကိုပါ ဖောက်ထွင်းဝင်ရောက်ခဲ့ပါသေးတယ်။ တကယ်လို့ သူတို့သာ လက်ဆော့ခဲ့မယ်ဆိုရင် ကမ္ဘာစစ်ကြီးကို စတင်စေခဲ့တဲ့ Hacker နှစ်ယောက်အဖြစ် မှတ်တမ်းဝင်သွားမှာပါ။

Michael Calce (Or) MafiaBoy

သူကတော့ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှာ ဆိုက်ဘာတိုက်ခိုက်မှုတွေကို အတွဲလိုက်လုပ်ဆောင်ခဲ့တဲ့ ကနေဒါ Hacker တစ်ယောက်ပါ။ အဲဒီအချိန်တုန်းက နာမည်ကြီး Website တွေဖြစ်ကြတဲ့ Yahoo, FIFA, Amazon, eBay နဲ့ CNN တို့လို Website ကြီးတွေကို DDos လို တိုက်ခိုက်မှုတွေနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။ သူရဲ့တိုက်ခိုက်မှုကို Project Rivolta လို့ အမည်ပေးခဲ့ပြီး ဒါက အီတာလျံဘာသာစကားမှာ ရုန်းရင်းဆန်ခတ်မှု အဓိကရုဏ်းလို့ အဓိပ္ပာယ်ရပါတယ်။ တိုက်ခိုက်မှု အကြောင်းကို Chat Room တစ်ခုမှာပြောမိတာကနေ ခြေရာခံမိသွားပြီး အဖမ်းခံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက သူက ကျောင်းသားအရွယ်သာ ရှိသေးတာမို့ ထောင်ဒဏ် ၈ လ ပဲ ကျခံခဲ့ရပါတယ်။

Jeanson James Ancheta

Botnet တွေနဲ့ လက်စွမ်းပြခဲ့တဲ့ Hacker တစ်ယောက်ဖြစ်ပါတယ်။ Botnet တွေသုံးပြီး ပြစ်မှုကျူးလွန်တဲ့ ပထမဆုံး သူတွေထဲ တစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ၂၀၀၄ ခုနှစ်တုန်းက Worn ကိုသုံးပြီး Botnet တွေနဲ့တိုက်ခိုက်မှုဟာ ကွန်ရက်တော်တော်များများကို ပျံ့နှံ့သွားခဲ့တဲ့အပြင် အမေရိကန်စစ်သုံးကွန်ပျူတာတွေပါ တိုက်ခိုက်ခံခဲ့ရပါတယ်။ သူ့ရဲ့ပြစ်မှု အတွက် ထောင်ဒဏ် လ ၆၀ ကျခံခဲ့ရတဲ့အပြင် ဒဏ်ကြေး ဒေါ်လာ ၅၈,၀၀၀ ပဲ ပေးဆောင်ခဲ့ရသူတစ်ယောက်ပါ။

Gary Mckinnon

သူ့ရဲ့ နာမည်ပြောင်ကတော့ Solo လို့ခေါ်ပါတယ်။ စကော့တလန်က Hacker တစ်ယောက်ဖြစ်ပြီး စစ်ဖက်ဆိုင်ရာ ကွန်ပျူတာတွေကို တိုက်ခိုက်သူတွေထဲမှာတော့ ထိပ်တန်းအဆင့်ရှိသူပါ။ သူဟာ အမေရိကန် စစ်ဖက်ဆိုင်ရာကွန်ပျူတာတွေ၊ နာဆာက ကွန်ပျူတာတွေကို ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီနဲ့ ၂၀၀၂ ခုနှစ် မတ်လအတွင်းမှာ တိုက်ခိုက်ခဲ့တဲ့ အပြင် Weapon Logs တွေလိုမျိုး အရေးကြီးတဲ့ဖိုင်တွေကို ဖျက်ပစ်ခဲ့သူ တစ်ယောက်ပါ။

Owen Walker

သူရဲ့နာမည်ပြောင်ကတော့ AKILL လို့ခေါ်ပါတယ်။ သူဟာ ၁၇ နှစ်သားအရွယ်မှာ Bot Virus တစ်မျိုးကို ရေးသားခဲ့ပြီး သူရေးခဲ့တဲ့ ဒီ Virus ဟာ ကမ္ဘာပေါ်သန်းနဲ့ချီတဲ့ ကွန်ပျူတာတွေကို ကူးစက်ပျံ့ပွားခဲ့ပါတယ်။ ကူးစက်ခံရတဲ့ကွန်ပျူတာတိုင်းကို Crash ဖြစ်စေတာကြောင့် ဆုံးရှုံးမှုဒေါ်လာ ၂၆ သန်းလောက်အထိ ရှိခဲ့ပါတယ်။ သူဟာ အဖမ်းခံခဲ့ရပေမယ့် ပြစ်ဒဏ်ချမှတ် ခံရခြင်း မရှိခဲ့ပါဘူး။

Astra

Astra နဲ့ပတ်သက်ပြီးတော့ မှတ်တမ်းခိုင်ခိုင်မာမာ မပြုစုနိုင်ပါဘူး။  သူဟာ ဂရိနိုင်ငံ အေသင်မြို့က အသက် ၅၈ နှစ်အရွယ် သချာၤပညာရှင်ဟောင်းတစ်ယောက်ဖြစ်ပြီး ၂၀၀၂ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်း လှုပ်ရှားခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အဲဒီခုနှစ်တွေတုန်းက သူဟာ လက်နက်နဲ့ပတ်သက်တဲ့ ဒေတာအချက်အလက်တွေကို  Salt Group လို့အမည်ရတဲ့ 3D Modeling ကုမ္ပဏီတစ်ခုဆီက ခိုးယူခဲ့ပြီး ဒေါ်လာ သန်း ၃၆၀ နဲ့ပြန်ပြီးတော့ ရောင်းစားခဲ့ပါတယ်။

Albert Gonzalez

သူကတော့ ခရစ်ဒစ်ကတ်ပေါင်း သန်း ၁၇၀ ရဲ့အချက်အလက်တွေကို ခိုးယူပြီး အွန်လိုင်းပေါ်မှာ ပြန်ရောင်းစားခဲ့သူပါ။ သူ့ရဲ့တိုက်ခိုက်မှုနဲ့ အချက်အလက်တွေ ခိုးယူမှုကြောင့် ဆုံးရှုံးမှုဘယ်လောက်များခဲ့တာဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ အခုတော့ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ဆယ်စုနှစ်လေးခုလောက် ထောင်ထဲမှာ ကုန်ဆုံးရတော့မှာဖြစ်ပါတယ်။

မင်းသုခ