Customer Service ေနရာကိုအစားထုိးလာၾကမည့္ Chatbot မ်ား

0
73

လုပ္ငန္းတစ္ခုမွာCustomer Service ဆိုတာကမရွိမျဖစ္လုိအပ္သည္။ ကိုယ့္ရဲ႕ကုန္ပစၥည္းကိုပဲျဖစ္ျဖစ္၊ ၀န္ေဆာင္မႈကိုပဲျဖစ္ျဖစ္ၿပီးၿပီးေရာ၊ “ေရာ့-အင့္”ဆိုၿပီးေတာ့ေရာင္းလိုက္လို႔မရ။ အဲ့ဒီလိုေရာင္းလိုက္ရင္လည္းတစ္နပ္စားျဖစ္သြားၿပီးလုပ္ငန္းေရရွည္ရပ္တည္ဖို႔လြယ္ေတာ့မည္မဟုတ္။

ကုိယ့္ရဲ႕ေဖာက္သည္ေတြကအခ်ိန္နဲ႔အမွ်အီးေမးေတြ၊ လူမႈကြန္ရက္စာမ်က္ႏွာေတြကေန အခ်ိန္ႏွင့္အမွ်ေမးျမန္းေနၾကသည္။ အခုေနာက္ပိုင္း Facebook Page ေတြဆိုရင္ ျမင္သာထင္သာေသာဥပမာေတြျဖစ္သည္။ ပို႔စ္တစ္ခုတင္လိုက္ၿပီဆိုတာနဲ႔ Comment ေတြေပးၿပီးေမးၾကသည္။ ဒါမွမဟုတ္ရင္လည္း Chat Box  ကိုလာၿပီးေမးၾကသည္။

ကုမၸဏီအႀကီးႀကီးအေနနဲ႔ Customer Service အတြက္ ဌာနတစ္ခုသက္သက္ထားၿပီး သံုးစြဲသူေတြကို၀န္ေဆာင္မႈေပးဖို႔အပန္းမႀကီးေပမယ့္ ကုမၸဏီငယ္ေလးေတြအတြက္ေတာ့ ဒါက၀န္အနည္းငယ္ပိေစသလိုမ်ိဳး ျဖစ္ေနသည္။ ဒါေပမယ့္ ဒီေန႔ဟာနည္းပညာေခတ္ႀကီးျဖစ္တာမို႔ ေျဖရွင္းနည္းတစ္ခုေပၚလာသည္။ အဲဒါကေတာ့ Chatbot ဆိုတဲ့အရာေတြျဖစ္သည္။ Customer ေတြရဲ႕Comment ေတြကိုအလိုအေလ်ာက္ေျဖေပးမည္။Chat Box ကေန လာေျပာရင္လည္း သင့္ေလ်ာ္တဲ့အေၾကာင္းအရာေတြကို ျပန္ၿပီးေတာ့ေျဖၾကားေပးမည္။

ယခုဆိုရင္ Facebook Page ေတြေတာ္ေတာ္မ်ားမ်ားမွာ Chatbot ေတြကိုေတြ႕ႏိုင္သည္။ Chat Box မွာဆိုရင္Bot နဲ႔စကားေျပာလို႔ရသလို၊Admin ေတြနဲ႔စကားေျပာခ်င္လည္းရသည္။ ၀ယ္ခ်င္တဲ့ပစၥည္းကိုၾကည့္႐ႈခ်င္ရင္လည္းရေသးသည္။ တခ်ဳိ႕ သတင္းမီဒီယာ Page ဆိုရင္ Bot နဲ႔သတင္း၀န္ေဆာင္မႈကိုမက္ေဆ့ Box ကေနတစ္ဆင့္ေပးေနၿပီျဖစ္သည္။

ဒီလိုမ်ိဳး Chatbot ေတြဆိုတာက ကြန္ပ်ဴတာသမိုင္းေၾကာင္းမွာထင္ထင္ရွားရွားရွိသည္။ သူတို႔က Facebook ေပၚမွာမဟုတ္ဘဲ ကုိယ္ပိုင္ Platform နဲ႔ျဖစ္သည္။ သူတို႔ေတြက-

(1) 1966 – Eliza

သမိုင္းထဲကပထမဆံုး ChatBot ကေတာ့ Eliza ပါ။ သူ႔ကို ၁၉၆၄ ကေန ၁၉၆၆ ခုႏွစ္အတြင္း MIT Artificial Intelligence Laboratory မွာ Joseph Weizenbaum ကေရးသားခဲ့တာျဖစ္သည္။ တကယ္ေတာ့ Eliza က ဘယ္အရာကိုမွနားလည္ႏိုင္စြမ္းမရွိပါ။ “Pattern Matching”ကိုအသံုးျပဳၿပီးေတာ့ တုံ႔ျပန္ေပးျခင္းသာျဖစ္သည္။

(2) 1972 – Parry

Parry ကို စိတ္ေရာဂါအထူးကုဆရာ၀န္ Kenneth Colby ကStanford University မွာ ၁၉၇၂ ခုႏွစ္တုန္းကေရးသားခဲ့ျခင္းျဖစ္သည္။ သူက Eliza ထက္ပိုမိုေကာင္းမြန္တဲ့ Program ျဖစ္ခဲ့တဲ့အျပင္ အဲ့ဒီအခ်ိန္ကအေျမာ္အျမင္ရွိလာသည့္Eliza ရယ္လို႔ ေခၚေ၀ၚခဲ့ၾကသည္။ Parry နဲ႔Eliza ကိုအခ်င္းခ်င္းအႀကိမ္မ်ားစြာေျပာဆိုခိုင္းမႈေတြလည္းရွိခဲ့ၿပီးအထင္ရွားဆံုးအေနနဲ႔ ၁၉၇၂ တုန္းက ICCC ( International Conference on Communication) မွာ ARPANET ေပၚကေန အခ်င္းခ်င္းအျပန္အလွန္ေျပာဆိုခဲ့မႈျဖစ္သည္။

(3) 1988 – Jabberwacky

ၿဗိတိသွ်ပ႐ိုဂရမ္မာတစ္ဦးျဖစ္တဲ့ Rollo Carpenter ကေရးသားခဲ့သည္။ လူသားတစ္ေယာက္နဲ ႔စကားေျပာဆိုေနရသလိုခံစားခ်က္မ်ိဳးရေနေစဖို႔ေဖ်ာ္ေျဖေရးဆန္ဆန္နဲ႔ စိတ္၀င္စားဖို႔ေကာင္းေအာင္ေရးသားထားတဲ့ Bot တစ္ေကာင္ျဖစ္ၿပီးပိုမိုလူသားဆန္တဲ့AI စနစ္ပါ၀င္လာၿပီ။၁၉၉၇ခုႏွစ္ Jabberwacky အမည္နဲ႔ Internet ေပၚမွာ Launch လုပ္ခဲ့သည့္ေနာက္ပုိင္းအဆင့္ျမႇင့္တင္မႈအမ်ားအျပားထပ္မံျပဳလုပ္ခဲ့ကာ ၂၀၀၈ ခုႏွစ္၊ ေအာက္တုိဘာမွာေတာ့ CleverBot ရယ္လို႔အမည္ေျပာင္းခဲ့သည္။

(4) 1992 – Dr.Sbaitso

Dr. Sbaitso ဆိုသည့္နာမည္ႏွင့္လိုက္ေအာင္ ဒီ Bot က စိတ္ေရာဂါကုဆရာ၀န္တစ္ေယာက္လိုေျပာဆိုတုံ႔ျပန္သည္။၁၉၉၀ ခုႏွစ္အေစာပိုင္းကာလက Sound Cards ေတြထုတ္လုပ္တဲ့ Creative Labs က ထုတ္လုပ္ခဲ့ျခင္းျဖစ္သည္။ဒီBot ရဲ႕ ထူးျခားခ်က္က႐ႈပ္ေထြးတဲ့ေျပာဆိုမႈေတြပါလာရင္ “Why do you feel that way” ဆိုၿပီးေတာ့အဆံုးသတ္ေလ့ရွိတာပါ။ သူနားမလည္ေတာ့တဲ့ စကားေတြေရာက္သြားရင္လည္း “That’s is not my problem.” ဆိုၿပီးျပန္ေျပာေလ့ရွိသည္။ ကိုယ္စာသားတစ္ခု႐ိုက္ၿပီးအေနာက္မွာ “Say” ဆိုၿပီး ႐ိုက္လုိက္ရင္ အဲဒီစာသားကိုအသံအက်ယ္ႀကီးဖတ္ျပမည္ျဖစ္သည္။

(5) 1995 – A.L.I.C.E

A.L.I.C.E ရဲ႕အရွည္ကေတာ့ Artificial Linguistic Internet Computer Entity ပါ။ Alicebot လုိ႔လည္းေခၚေပမယ့္ Alice လို႔ပဲလူသိမ်ားသည္။ Heuristical Pattern Matching နဲ႔လုပ္ေဆာင္ျခင္းျဖစ္သည္။ သူ႔ကို Eliza ပ႐ိုဂရမ္ကိုေရးသားသူ Joseph Weizenbaum က ျပန္လည္ဆန္းသစ္ထားျခင္းျဖစ္သည္။ လူသားဆန္တဲ့၊ စကားေျပာေကာင္းတဲ့စက္႐ုပ္အျဖစ္ Loebner ဆုကို၂၀၀၀၊ ၂၀၀၁ နဲ႔ ၂၀၀၄ ခုႏွစ္ေတြမွာရရွိခဲ့သည္။

(6) 2001 – SmarterChild

SmatterChild က တကယ့္ကိုအသိဥာဏ္ပါ၀င္လာတဲ့ Bot ျဖစ္ၿပီးေတာ့ ActiveBuddy ကထုတ္လုပ္သည္။ ကမၻာေပၚက Instant Messaging နဲ႔ SMS Network ေတြမွာ က်ယ္က်ယ္ျပန္႔ျပန္႔အသံုးျပဳခဲ့တဲ့ Bot တစ္ေကာင္ျဖစ္သည္။အဲဒီလိုနဲ႔Bot ေတြဟာ တျဖည္းျဖည္းအဆင့္ျမင့္လာၾကသည္။ 2006 IBM’s Watson ကစလိုက္တာကေန၂၀၁၀မွ ာSiri၊ ၂၀၁၂ မွာ Google Now၊ ၂၀၁၅ မွာ Alexa နဲ႔ Cortana တုိ႔အသီးသီးေပၚထြက္လာၿပီး ၂၀၁၆ ခုႏွစ္ေနာက္ပိုင္းမွာေတာ့ Facebook ရဲ႕ Messenger Bot အမ်ားအျပားေပၚထြက္လာခဲ့ၾကသည္။

တကယ္လို႔ ကုိယ္ရဲ႕Facebook ေပၚမွ ာBot တစ္ေကာင္ကိုစမ္းသပ္ထည့္ၾကည့္ခ်င္တယ္ဆိုရင္ Chatfuel နဲ႔ Manychat တို႔လို Website ေတြကို ၀င္ေရာက္ေလ့လာၾကည့္သင့္သည္။ ပ႐ိုဂရမ္းမင္းဘာသာစကားေတြကိုနားလည္ဖို႔ မလိုတဲ့အတြက္ စိုးရိမ္စရာေတာ့မရွိပါ။

REF: Wikipedia, Futurism.com, ChatBot Magazine

မင္းသုခ

Image result for chatbot

(Unicode Version)

Customer Service နေရာကိုအစားထိုးလာကြမည့် Chatbot များ

လုပ်ငန်းတစ်ခုမှာCustomer Service ဆိုတာကမရှိမဖြစ်လိုအပ်သည်။ ကိုယ့်ရဲ့ကုန်ပစ္စည်းကိုပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုကိုပဲဖြစ်ဖြစ်ပြီးပြီးရော၊ “ရော့-အင့်”ဆိုပြီးတော့ရောင်းလိုက်လို့မရ။ အဲ့ဒီလိုရောင်းလိုက်ရင်လည်းတစ်နပ်စားဖြစ်သွားပြီးလုပ်ငန်းရေရှည်ရပ်တည်ဖို့လွယ်တော့မည်မဟုတ်။

ကိုယ့်ရဲ့ဖောက်သည်တွေကအချိန်နဲ့အမျှအီးမေးတွေ၊ လူမှုကွန်ရက်စာမျက်နှာတွေကနေ အချိန်နှင့်အမျှမေးမြန်းနေကြသည်။ အခုနောက်ပိုင်းFacebook Page တွေဆိုရင် မြင်သာထင်သာသောဥပမာတွေဖြစ်သည်။ ပို့စ်တစ်ခုတင်လိုက်ပြီဆိုတာနဲ့ Comment တွေပေးပြီးမေးကြသည်။ ဒါမှမဟုတ်ရင်လည်း Chat Box  ကိုလာပြီးမေးကြသည်။

ကုမ္ပဏီအကြီးကြီးအနေနဲ့ Customer Service အတွက် ဌာနတစ်ခုသက်သက်ထားပြီး သုံးစွဲသူတွေကိုဝန်ဆောင်မှုပေးဖို့အပန်းမကြီးပေမယ့် ကုမ္ပဏီငယ်လေးတွေအတွက်တော့ ဒါကဝန်အနည်းငယ်ပိစေသလိုမျိုး ဖြစ်နေသည်။ ဒါပေမယ့် ဒီနေ့ဟာနည်းပညာခေတ်ကြီးဖြစ်တာမို့ ဖြေရှင်းနည်းတစ်ခုပေါ်လာသည်။ အဲဒါကတော့ Chatbot ဆိုတဲ့အရာတွေဖြစ်သည်။ Customer တွေရဲ့Comment တွေကိုအလိုအလျောက်ဖြေပေးမည်။Chat Box ကနေ လာပြောရင်လည်း သင့်လျော်တဲ့အကြောင်းအရာတွေကို ပြန်ပြီးတော့ဖြေကြားပေးမည်။

ယခုဆိုရင် Facebook Page တွေတော်တော်များများမှာ Chatbot တွေကိုတွေ့နိုင်သည်။ Chat Box မှာဆိုရင်Bot နဲ့စကားပြောလို့ရသလို၊Admin တွေနဲ့စကားပြောချင်လည်းရသည်။ ဝယ်ချင်တဲ့ပစ္စည်းကိုကြည့်ရှုချင်ရင်လည်းရသေးသည်။ တချို့ သတင်းမီဒီယာ Page ဆိုရင် Bot နဲ့သတင်းဝန်ဆောင်မှုကိုမက်ဆေ့ Box ကနေတစ်ဆင့်ပေးနေပြီဖြစ်သည်။

ဒီလိုမျိုး Chatbot တွေဆိုတာက ကွန်ပျူတာသမိုင်းကြောင်းမှာထင်ထင်ရှားရှားရှိသည်။ သူတို့က Facebook ပေါ်မှာမဟုတ်ဘဲ ကိုယ်ပိုင် Platform နဲ့ဖြစ်သည်။ သူတို့တွေက-

(1) 1966 – Eliza

သမိုင်းထဲကပထမဆုံး ChatBot ကတော့ Eliza ပါ။ သူ့ကို ၁၉၆၄ ကနေ ၁၉၆၆ ခုနှစ်အတွင်း MIT Artificial Intelligence Laboratory မှ ာJoseph Weizenbaum ကရေးသားခဲ့တာဖြစ်သည်။ တကယ်တော့ Eliza က ဘယ်အရာကိုမှနားလည်နိုင်စွမ်းမရှိပါ။ “Pattern Matching”ကိုအသုံးပြုပြီးတော့ တုံ့ပြန်ပေးခြင်းသာဖြစ်သည်။

(2) 1972 – Parry

Parry ကို စိတ်ရောဂါအထူးကုဆရာဝန် Kenneth Colby ကStanford University မှာ ၁၉၇၂ ခုနှစ်တုန်းကရေးသားခဲ့ခြင်းဖြစ်သည်။ သူက Eliza ထက်ပိုမိုကောင်းမွန်တဲ့ Program ဖြစ်ခဲ့တဲ့အပြင် အဲ့ဒီအချိန်ကအမြော်အမြင်ရှိလာသည့်Eliza ရယ်လို့ ခေါ်ဝေါ်ခဲ့ကြသည်။ Parry နဲ့Eliza ကိုအချင်းချင်းအကြိမ်များစွာပြောဆိုခိုင်းမှုတွေလည်းရှိခဲ့ပြီးအထင်ရှားဆုံးအနေနဲ့ ၁၉၇၂ တုန်းက ICCC ( International Conference on Communication) မှ ာARPANET ပေါ်ကနေ အချင်းချင်းအပြန်အလှန်ပြောဆိုခဲ့မှုဖြစ်သည်။

(3) 1988 – Jabberwacky

ဗြိတိသျှပရိုဂရမ်မာတစ်ဦးဖြစ်တဲ့ Rollo Carpenter ကရေးသားခဲ့သည်။ လူသားတစ်ယောက်နဲ့စကားပြောဆိုနေရသလိုခံစားချက်မျိုးရနေစေဖို့ဖျော်ဖြေရေးဆန်ဆန်နဲ့ စိတ်ဝင်စားဖို့ကောင်းအောင်ရေးသားထားတဲ့ Bot တစ်ကောင်ဖြစ်ပြီးပိုမိုလူသားဆန်တဲ့AI စနစ်ပါဝင်လာပြီ။၁၉၉၇ခုနှစ် Jabberwacky အမည်နဲ့ Internet ပေါ်မှာ Launch လုပ်ခဲ့သည့်နောက်ပိုင်းအဆင့်မြှင့်တင်မှုအများအပြားထပ်မံပြုလုပ်ခဲ့ကာ ၂၀၀၈ ခုနှစ်၊ အောက်တိုဘာမှာတော့ CleverBot ရယ်လို့အမည်ပြောင်းခဲ့သည်။

(4) 1992 – Dr.Sbaitso

Dr. Sbaitso ဆိုသည့်နာမည်နှင့်လိုက်အောင် ဒီ Bot က စိတ်ရောဂါကုဆရာဝန်တစ်ယောက်လိုပြောဆိုတုံ့ပြန်သည်။၁၉၉၀ ခုနှစ်အစောပိုင်းကာလက Sound Cards တွေထုတ်လုပ်တဲ့ Creative Labs က ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ဒီBot ရဲ့ ထူးခြားချက်ကရှုပ်ထွေးတဲ့ပြောဆိုမှုတွေပါလာရင် “Why do you feel that way” ဆိုပြီးတော့အဆုံးသတ်လေ့ရှိတာပါ။ သူနားမလည်တော့တဲ့ စကားတွေရောက်သွားရင်လည်း “That’s is not my problem.” ဆိုပြီးပြန်ပြောလေ့ရှိသည်။ ကိုယ်စာသားတစ်ခုရိုက်ပြီးအနောက်မှ ာ“Say” ဆိုပြီး ရိုက်လိုက်ရင် အဲဒီစာသားကိုအသံအကျယ်ကြီးဖတ်ပြမည်ဖြစ်သည်။

(5) 1995 – A.L.I.C.E

A.L.I.C.E ရဲ့အရှည်ကတော့ Artificial Linguistic Internet Computer Entity ပါ။ Alicebot လို့လည်းခေါ်ပေမယ့် Alice လို့ပဲလူသိများသည်။ Heuristical Pattern Matching နဲ့လုပ်ဆောင်ခြင်းဖြစ်သည်။ သူ့ကို Eliza ပရိုဂရမ်ကိုရေးသားသူ Joseph Weizenbaum က ပြန်လည်ဆန်းသစ်ထားခြင်းဖြစ်သည်။ လူသားဆန်တဲ့၊ စကားပြောကောင်းတဲ့စက်ရုပ်အဖြစ် Loebner ဆုကို၂၀၀၀၊ ၂၀၀၁ နဲ့ ၂၀၀၄ ခုနှစ်တွေမှာရရှိခဲ့သည်။

(6) 2001 – SmarterChild

SmatterChild က တကယ့်ကိုအသိဉာဏ်ပါဝင်လာတဲ့ Bot ဖြစ်ပြီးတော့ ActiveBuddy ကထုတ်လုပ်သည်။ ကမ္ဘာပေါ်က Instant Messaging နဲ့ SMS Network တွေမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့တဲ့ Bot တစ်ကောင်ဖြစ်သည်။အဲဒီလိုနဲ့Bot တွေဟာ တဖြည်းဖြည်းအဆင့်မြင့်လာကြသည်။ 2006 IBM’s Watson ကစလိုက်တာကနေ၂၀၁၀မှ ာSiri၊ ၂၀၁၂ မှာ Google Now၊ ၂၀၁၅ မှာ Alexa နဲ့ Cortana တို့အသီးသီးပေါ်ထွက်လာပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာတော့ Facebook ရဲ့ Messenger Bot အများအပြားပေါ်ထွက်လာခဲ့ကြသည်။

တကယ်လို့ ကိုယ်ရဲ့Facebook ပေါ်မှ ာBot တစ်ကောင်ကိုစမ်းသပ်ထည့်ကြည့်ချင်တယ်ဆိုရင် Chatfuel နဲ့ Manychat တို့လို Website တွေကို ဝင်ရောက်လေ့လာကြည့်သင့်သည်။ ပရိုဂရမ်းမင်းဘာသာစကားတွေကိုနားလည်ဖို့ မလိုတဲ့အတွက် စိုးရိမ်စရာတော့မရှိပါ။

REF: Wikipedia, Futurism.com, ChatBot Magazine

မင်းသုခ