Yangon Water Bus ပေရာ့ဂ်က္စတင္ခ်ိန္မွာဘဏ္ေခ်းေငြအခက္အခဲေၾကာင့္ လုပ္ငန္းပိတ္ရလုနီးပါး ခက္ခဲခဲ႔ေပမယ့္ အရံႈးမေပးဘဲ ရဲရဲဝင့္ဝင့္ ဆက္လွမ္းခဲ႔လို႔ လက္ရွိမွာ လုပ္ငန္းေတြ၊ ပေရာ့ဂ်က္ေတြကို ေအာင္ျမင္စြာ ပဲ႔ကိုင္ႏိုင္ေနသူ တင့္တင့္ျမန္မာ Group of Company ၏ ဥကၠဌ ေဒၚတင့္တင့္လြင္ႏွင့္ ေတြ႔ဆံုျခင္း

0
807

အစ္မအေနန႔ဲ အခုလိုမ်ိဳး တင့္တင့္ျမန္မာ Group ရယ္လို႔ျဖစ္လာသည္အထိ ဘယ္လိုစတင္ခဲ႔ရတယ္ဆုိတာကို တစ္ခ်က္ေလာက္ မိတ္ဆက္ေပးပါဦး။

အစ္မက Zero ကေနစခဲ႔ရတာပါ။ ပညာကိုပဲအေျခခံတယ္ေျပာရမွာေပါ့၊ အစ္မတို႔ဘြဲ႔ရျပီးတဲ႔အခ်ိန္မွာ ကိုယ္ရတဲ႔ဘြဲ႔နဲ႔ အလုပ္ရွာဖို႔ ခက္ခဲတဲ႔အခ်ိန္ျဖစ္ေနတယ္၊ အလုပ္ရွာေနတဲ႔အခ်ိန္မွာ အစ္မဂ်ာမန္ဘာသာစကား ေလ့လာျဖစ္တယ္၊ အစကရည္ရြယ္တာက ဘာသာစကားတတ္ျပီဆိုရင္ ဒါနဲ႔ပတ္သက္တဲ႔ မာစတာေတြဘာေတြ စေကာလားရွစ္ ရဖို႔၊ ႏိုင္ငံျခားသြားျပီးတက္ဖို႔လုပ္မယ္ေပါ့၊ ဒါေပမယ့္ သင္ေနရင္းနဲ႔ ဂ်ာမနီႏိုင္ငံသားေတြရဲ႕ culture ေတြ၊ ေတြးေခၚပံုေတြ၊ လူေနမႈေတြကိုစိတ္ဝင္စားတာနဲ႔ ဂ်ာမန္ Guide အေနနဲ႔ လုပ္ကိုင္ျဖစ္ခဲ႔တယ္။ ဂိုက္အလုပ္ကို ၁၄ ႏွစ္ေလာက္လုပ္ျဖစ္ခဲ့ၿပီးေတာ့ လူေတြအမ်ားႀကီးနဲ႔ေတြ႔ရတယ္။ ျပည္ပကနာမည္ႀကီး စီးပြားေရးလုပ္ငန္းရွင္ေတြ၊ အႏုပညာရွင္ေတြ၊ လုပ္ငန္းရွင္ေတြနဲ႔ ဂိုက္လုိက္လုပ္ေပးရင္းသူတုိ႔ရဲ႕ ဘဝျဖတ္သန္းပံုေတြ၊ အေတြးအေခၚေတြကို ေလ့လာခြင့္ရခဲ႔တယ္။ ကိုယ့္ကိုယ္ကိုယ္လည္း ၾကားထဲမွာပညာပိုင္းဆုိင္ရာေတြကို ဆက္တုိက္ျဖည့္ေနတယ္။ ၂၀၀၉ ခုႏွစ္ကိုေရာက္ေတာ့ ခရီးသြားနဲ႔ ပတ္သက္တဲ႔ start up ကုမၸဏီေလးတစ္ခု စတည္ေထာင္ျဖစ္တယ္။ Tint Tint Travel ဆုိတဲ႔ အဲဒီကုမၸဏီေလး စတင္လည္ပတ္ခ်ိန္ကေနစၿပီး ၂ႏွစ္အတြင္းေငြေၾကးအရေရာ လုပ္ငန္းတိုးခ်ဲ႔မႈအပိုင္းမွာပါ ေအာင္ျမင္လာၿပီး ကုမၸဏီႀကီးေတြနဲ႔ယွဥ္ႏုိင္တဲ႔ ကုမၸဏီရယ္လို႔ ျဖစ္လာတယ္။ ေနာက္က်ေတာ့ Tourism Field ထဲမွာလိုအပ္တာေတြ လိုက္ၾကည့္လုိက္ေလ့လာရင္းနဲ႔ သေဘၤာလုပ္ငန္းဘက္ကိုခ်ဲ႔ထြင္ျဖစ္တယ္။ ၂၀၁၁-၁၂ မွာပဲ Banker ေတြနဲ႔ ခ်ိတ္မိၿပီး အစ္မ Project Loan ေတြရလာေတာ့ လုပ္ငန္းခ်ဲ႔ထြင္မႈေတြ ပိုျမန္သြားတယ္။ အဲဒါက ဒီေန႔အထိပဲေပါ့။

အစ္မကလုပ္ငန္းခ်ဲ႔ထြင္တဲ႔ေနရာမွာ လက္ရွိလုပ္ငန္းနဲ႔ သေဘာသဘာဝမတူတဲ႔လုပ္ငန္းကိုလည္း ခ်ဲ႔တာရွိသလိုလက္ရွိျပည္တြင္းမွာ တခ်ိဳ႕အခက္အခဲရွိေနတယ္လို႔ေျပာတဲ႔ အထည္ခ်ဳပ္အထိပါ တိုးခ်ဲ႔ေအာင္ျမင္ခဲ႔တာဆိုေတာ့ ဘယ္အပိုင္းေတြကအားသာခ်က္လို႔ျမင္မိလဲရွင့္။

သူမ်ားေတြကေတာ့ အစ္မကိုလုပ္ငန္းပံုစံေတြကအမ်ားႀကီးပဲ ျပန္႔က်ဲေနေအာင္ဘာလို႔လုပ္တာလဲ၊ လုပ္ငန္းတစ္ခုတည္းကိုပိုင္ပိုင္ႏုိင္ႏုိင္ေအာင္ျမင္ေအာင္ လုပ္ပါလားလို႔ေျပာတယ္။ အစ္မအျမင္ကေတာ့ ဘဏ္နဲ႔ ေခ်းေငြေတြ အစ္မယူထားတယ္၊ ေနာက္တစ္ခုက ျပည္တြင္းရဲ႕ စီးပြားေရး၊ ႏိုင္ငံေရးအေျခအေနေတြရွိတယ္။ ႏိုင္ငံေရးေၾကာင့္ပဲျဖစ္ျဖစ္၊ တိုင္းျပည္ရဲ႕ မတည္ျငိမ္မႈေၾကာင့္ပဲျဖစ္ျဖစ္၊ ကမၻာလံုးဆုိင္ရာ ေျပာင္းလဲမႈေတြေၾကာင့္ပဲျဖစ္ျဖစ္ အစ္မတို႔ရဲ႕ လုပ္ငန္းတစ္ခုထိခုိက္သြားရင္ ဒီလုပ္ငန္းေၾကာင့္ ကိုယ့္ကုမၸဏီၿပိဳလဲသြားတာမ်ိဳး မျဖစ္ခ်င္ဘူး။ အစ္မရဲ႕အက်င့္က အရာရာကို Back up ထားတတ္လို႔ အခုဆို ဟိုတယ္လုပ္ငန္းလုပ္တယ္၊ ေရေၾကာင္းလုပ္ငန္းလုပ္တယ္။ အဲဒါလုပ္ေနရင္းနဲ႔ အေသးစား လိုအပ္ခ်က္ေလးေတြျဖစ္တဲ့ ယူနီေဖာင္းေတြမွာတာမ်ိဳး၊ သေဘၤာမွာလိုအပ္တဲ႔ စားပြဲခင္းတို႔၊ ေခါင္းအံုးစြပ္တို႔ ဘာတို႔မွာရတဲ႔အခါ ကိုယ္ပိုင္ထုတ္လုပ္ဖို႔ကို စဥ္းစားမိသြားတယ္။ အထည္ခ်ဳပ္လုပ္ငန္းေလးစဖို႔ research စလုပ္တယ္၊ ကိုယ့္ဘက္က Proposal ေတြလုပ္ထားတယ္၊ မာကက္တင္းဆင္းတယ္၊ အလုပ္အပ္တဲ႔သူရွိလာၿပီဆုိရင္ သူတို႔ဆီက ၃၀% ၊ ၅၀% ေကာက္ၿပီး ကုန္ၾကမ္းဝယ္တယ္၊ ခ်ဳပ္တယ္။ လစဥ္မွာေစ်းကြက္ကိုေတာ့ မရရေအာင္ ရွာရတယ္။ ေစ်းကြက္ျပတ္သြားရင္ေတာ့ လုပ္ငန္းကရပ္သြားမွာေလ။ ၿပီးေတာ့ အစ္မရဲ႕ water bus လုပ္ငန္းရွိတယ္၊ ဒါကေတာ့ သီးသန္႔ရင္းႏွီးျမွဳပ္နွံဖို႔ ေရးဆြဲထားတာျဖစ္လို႔ အရံႈးခံကာလရွိတယ္၊ ေလာေလာဆယ္ဆို အဲဒီလုပ္ငန္းကိုအရံႈးခံျပီး ေငြနဲ႔ထိန္းေပးထားရတယ္။

လက္ရွိ တင့္တင့္ျမန္မာေအာက္မွာခြဲထားတဲ့ လုပ္ငန္းခြဲေတြကိုလည္း မိတ္ဆက္ေပးပါဦး။

တင့္တင့္ျမန္မာေအာက္မွာ Tint Tint Travels and Tours ရွိတယ္။ ဟိုတယ္က ၃ခုရွိတယ္၊ ခက္ရင္းခြကၽြန္းမွာ resort မွာတစ္ခု၊ စစ္ကိုင္းမွာ The Century နဲ႔ ကေလာ princess ဆိုၿပီးရွိတယ္။ ကေလာ princess ေရွ႕မွာစားေသာက္ဆုိင္ေလးတစ္ခုဖြင့္ထားတယ္။ သေဘၤာပိုင္းမွာေတာ့ Public transport မွာအားလံုးသိတဲ႔အတုိင္း Yangon Water Bus ၁၁ စင္းရွိတယ္၊ ေနာက္ထပ္ ၈ စင္းကို ငမိုးရိပ္ကိုခ်ဲ႔ဖို႔လုပ္ထားတယ္၊ သန္လ်င္အတြက္ကလည္းသေဘၤာကေရာက္ေနၿပီ။ ဆိပ္ကမ္းနားက က်ဴးေက်ာ္ေလးေတြ ဖယ္ေပးဖို႔ က်န္ေနလို႔ ေစာင့္ေနရတယ္။ ဧရာဝတီေရေၾကာင္းဘက္မွာကေတာ့ Irrawaddy Princess နဲ႔ Makara Queen ရယ္၊ Princess Royal ရယ္၊ RV Yandabo ရယ္ဆုိျပီးသေဘၤာ ၄ စင္းရွိတယ္။ အစိုးရဆီကေန RV pandaw 1947 နဲ႔ ထီးလႈိင္ရွင္ ဆုိတဲ႔  သေဘၤာ ၂ စင္းထပ္ငွားထားတယ္။ ကိုယ္ပိုင္ ၄ စင္းနဲ႔ဆို လက္ရွိ ဧရာဝတီေရေၾကာင္း ေျပးဆြဲတာက ၆ စင္းေပါ့။ စိုက္ပ်ိဳးေရးလုပ္ငန္းမွာက ပီေလာပီနံစိုက္ခင္းရွိတယ္၊ ပီေလာမႈန္႔ထုတ္တာေပါ့။ ၿပီးေတာ့အထည္ခ်ဳပ္ရွိတယ္။ အစ္မသားေလးလုပ္ေနတဲ့ logistics လုပ္ငန္းေတြကေတာ့ အစ္မက Joint အေနနဲ႔လုပ္တယ္။

ဧရာဝတီေရေၾကာင္းေျပးဆြဲေနတာက တိုးခ်ဲ႔မယ့္ပံုစံေတြ ရွိပါေသးလား။

ဧရာဝတီေရေၾကာင္းက ရန္ကုန္ကေန ျပည္၊ မႏၱေလး၊ ပုဂံကေန ဗန္းေမာ္အထိေျပးတယ္။ အေမရိကန္ေတြစီးတာမ်ားတယ္။ အခုေတာင္ ၂၀၂၃ အထိ Booking ေတြအျပည့္ပဲ။ သူတို႔က အဲဒီစီးရီးကိုၾကိဳက္လို႔ ယူၾကတာေပါ့။ ေမလကေန စက္တင္ဘာအထိကိုေတာ့ စေန၊ တနဂၤေႏြကို ျမန္မာေတြနဲ႔ ဆြဲေပးမယ္၊ Tour ရာသီမွာမိုးတြင္း Green Season အတြက္ ႏုိင္ငံျခားသားေတြ ေဒၚလာ ၁၇၀၀ ေလာက္ေပးရတဲ႔ဟာကို ျပည္တြင္းအတြက္ ၂သိန္း၊ ၃သိန္းေလာက္နဲ႔ရေအာင္လုပ္ေပးမွာေပါ့၊ မႏၱေလးကေန ပုဂံစီးမလား၊ ရန္ကုန္-ျပည္ ကိုစီးမလား ၾကိဳက္တာစီးလို႔ရမယ္။

ျပည္တြင္းမွာ start up အေနနဲ႔ စတဲ႔လုပ္ငန္းေတြကလက္ရွိမွာပိတ္သြားၾကတာမ်ားေတာ့ အစ္မတို႔စခဲ႔တုန္းက ေတြ႔ရတဲ႔ အေတြ႔အၾကံဳ၊ အခက္အခဲနဲ႔ လက္ရွိွမွာလုပ္ငန္းေသးေလးေတြ ဆက္ျပီးမရပ္တည္ႏုိင္ရတဲ႔ အေၾကာင္းရင္းရယ္လို႔ သတိထားမိတာရွိလားရွင့္။

ကိုယ္လုပ္မယ့္လုပ္ငန္းတစ္ခုကို စေတာ့မယ္ဆုိတာနဲ႔ ၅ ႏွစ္စာဘတ္ဂ်က္ရွိထားသင့္တယ္။ ျပီးေတာ့ စဖြင့္တဲ႔အခ်ိန္မွာ ကိုယ္ invest လုပ္မယ့္ ပမာဏနဲ႔ ဝင္လာမယ့္  market ကိုလည္း ၾကည့္ရမယ္၊ ဆိုင္တစ္ဆုိင္ဖြင့္မယ္ဆိုရင္ ေစ်းကြက္ research ကို ေသခ်ာေလ့လာ၊ Food Quality ကိုလည္း ထိန္းရမယ္။ ျပီးရင္ ဒီဆုိင္ေနရာတစ္ခုထဲ ထိုင္ေရာင္းေနလို႔လည္းမရေတာ့ဘူး။ ဒီဂ်စ္တယ္ပိုင္း အေရာင္းသမားေတြနဲ႔လည္း ခ်ိတ္ဆက္ႏုိင္ရမယ္၊ ဒီဂ်စ္တယ္ေစ်းကြက္ကိုလည္းေလ်ာ့တြက္လို႔မရဘူး။

လတ္တေလာမွာအထည္ခ်ဳပ္နဲ႔ Tour လုပ္ငန္းေတြကက်ေနတယ္ဆုိတဲ႔အသံၾကားရတယ္၊ ဒီၾကားထဲမွာ ဒီလုပ္ငန္းႏွစ္ခုလံုးရွိေနတဲ႔ အစ္မက ဘယ္လိုဆက္ျပီးထိန္းထားတာပါလဲ။

အထည္ခ်ဳပ္ေတြပိတ္ရတာ၊ အထည္ခ်ဳပ္ေတြက်တာက ႏုိင္ငံေရး၊ စီးပြားေရးပိုင္းအရ ႏုိင္ငံျခားသားရင္းႏွီးျမွဳပ္ႏွံသူေတြအတြက္ အခက္အခဲနည္းနည္းရွိေနတယ္။ မွ်တတဲ႔ ေပၚလစီေလးေတြ လိုေနတယ္။ အထည္ခ်ဳပ္အပိုင္းေတြမွာ အေမရိကန္နဲ႔တရုတ္ၾကားက ကိစၥေတြလည္း ရွိတာေတြ႔ရတယ္။ အထည္ခ်ဳပ္လုပ္ငန္းေတြ က်တာမွန္ေပမယ့္ အစ္မတို႔ ကုမၸဏီရဲ႕ target ကေတာ့ ျပည္တြင္းကို ၉၀% ဦးတည္လုပ္တာျဖစ္လို႔ ပူစရာမလိုဘူး။ ျပည္တြင္းမွာက လိုအပ္ခ်က္ကအၿမဲရွိေနတာေလ၊ သူတို႔လိုေနသေရြ႕ အစ္မတို႔အတြက္ ေစ်းကြက္တစ္ခုအၿမဲရွိေနၿပီးသားေလ။ ၿပီးေတာ့ ခရီးသြားကလည္း ဒီဘက္ႏွစ္မွာက်ေတာ့ ျပန္က်သြားတယ္။ ျပည္တြင္းကျပႆနာနဲ႔ ပတ္သက္တာေလးေတြ၊ Insurance ျပႆနာေတြရွိတယ္လို႔လည္း ၾကားရတယ္။ ဒါေပမယ့္ အစ္မတို႔ကုမၸဏီက ဘာလုပ္လုိက္လဲဆုိေတာ့ တျခားႏုိင္ငံမွာမရွိဘဲ ျပည္တြင္းမွာပဲရႏုိင္မယ့္ ဝန္ေဆာင္မႈမ်ိဳးေတြ တီထြင္ဆန္းသစ္လိုက္တယ္၊ သူတို႔လိုခ်င္တဲ႔ Travel Insurance လည္း သေဘၤာေပၚမွာ ေပးလိုက္တယ္။ အဲဒါေၾကာင့္ ခရီးသြားမွာဆုိရင္လည္း အစ္မတို႔ ၂၀၂၃ အထိ Booking ျပည့္ေနတယ္ေျပာရမွာပါ။

ဒီႏွစ္မွာ ခရီးသြားပိုင္းနဲ႔ပတ္သက္ၿပီး ဘယ္အပိုင္းေတြ ခ်ဲ႔ထားေသးလဲရွင့္။

အခုအစ္မ ခ်င္းျပည္မွာလည္း ထပ္ခ်ဲ႔ထားတယ္၊ ခ်င္းျပည္မွာ Hill Resort လုပ္ေနတယ္၊ သူက အိႏၵိယနဲ႔နီးတယ္၊ ဝိုင္ခင္းေတြ၊ ေကာ္ဖီခင္းေတြ၊ ႏြားေနာက္ေတြရွိမယ္၊ ေရပူစမ္းလည္း ရွိမယ္။ ၿပီးရင္ ရိဒ္ေရကန္နဲ႔လည္း နီးတယ္ဆုိေတာ့ တိမ္ေတြရွိတဲ့ ၿမိဳ႕ေလးပံုစံအလွေလးလုပ္သြားမွာပါ။ အခုဆို ခ်ယ္ရီပင္ေတြ၊ ေမပယ္ပင္ေတြစိုက္ေနတယ္၊ ခ်င္းျပည္ကို little japan ေလးျဖစ္ေအာင္လုပ္မယ္။

လုပ္ငန္းေတြတည္ေထာင္ ျဖတ္သန္းလာတဲ႔ အေတြ႔အႀကံဳအရ မွတ္မွတ္ရရႀကံဳခဲ႔ရတဲ႔အခက္အခဲေတြရွိရင္ ေျပာျပေပးပါဦး။

အစ္မတို႔ ၂၀၁၇ ေလာက္အထိဆိုရင္ အဆင္ေျပခဲ႔တယ္။ ဘဏ္ေခ်းေငြလည္း အဆင္ေျပတဲ႔ကာလေပါ့။ ဘဏ္ေတြဆီကေငြေခ်းတာက ၇ႏွစ္ေလာက္ျဖစ္လာေတာ့ သူတို႔ကလည္း ယံုၾကည္လာၿပီဆုိၿပီး ပေရာ့ဂ်က္အႀကီးစခ်လိုက္တယ္၊ အဲဒီမွာ Banking ျပႆနာထျဖစ္သြားတယ္၊ ဘဏ္ကလည္း ကိုယ့္ကို မေပးခ်င္လို႔မဟုတ္ဘူး။ ကိုယ္ကလည္း ဘဏ္အေပၚ အမွားမရွိထားဘူး၊ ဒါေပမယ့္ ဘဏ္ရဲ႕ေပၚလစီအရ သူလည္း ထုတ္ေခ်းမရျဖစ္သြားတယ္။ အဲဒါ Water Bus စတဲ႔အခ်ိန္တန္းလန္းႀကီးေပါ့။ ေငြေၾကးစီးဆင္းတဲ႔ အေနအထား ျပႆနာျဖစ္လာတယ္။ အဲဒီမွာ ကုမၸဏီတစ္ခုလံုးကို ခက္ခက္ခဲခဲ ထိန္းသိမ္းလိုက္ရတယ္။ ဘဏ္ကရမယ္ထင္ၿပီး ယူထားတာေတြအတြက္ အတိုးတက္လာမွာစိုးလို႔ ကုမၸဏီရဲ႕တျခား sources ေတြရဲ႕ ဝင္ေငြနဲ႔ ျပန္လည္ပတ္ယူတယ္။ အဲဒီမွာ တစ္ျခားလုပ္ငန္းေတြရဲ႕ cash flow ကလည္း အရမ္းခက္ခဲသလိုျဖစ္လာတယ္၊ ၾကပ္တည္းေနတုန္းကဆုိရင္ လခေတြေနာက္က်တာေတာင္ရွိခဲ႔တယ္။ အစ္မကေတာ့ ကုမၸဏီပိတ္ရေတာ့မယ္လို႔ ထင္ခဲ႔တဲ႔အထိပဲ။ အဲဒီလိုဒုကၡျဖစ္ေနခ်ိန္မွာ သူငယ္ခ်င္း၊ မိတ္ေဆြေတြဆုိတာလည္း အစ္မဖုန္းကိုေတာင္ မကိုင္ဘူး၊ ကိုယ့္ရဲ႕ပြဲဖိတ္ဖို႔ဆက္တာေတာင္မွ သူမ်ားငါ့ကိုအကူအညီေတာင္းမလို႔လားထင္ၾကတယ္။ ဒါေပမယ့္ အစ္မအေကာင္းဆံုးေက်ာ္ျဖတ္ႏိုင္ခဲ႔လို႔ အခုအခ်ိန္မွာ ကုမၸဏီခြဲေတြ တစ္ခုမွမပိတ္ရဘဲ အကုန္အဆင္ေျပေျပ လည္ပတ္ႏိုင္သြားပါျပီ။

အစ္မကို လူမႈေရးတုိက္ခုိက္တာေတြ ခဏခဏျဖစ္တယ္ေပါ့ေနာ္၊ လုပ္ငန္းျပႆနာျဖစ္ခ်ိန္မွာမွ အခ်ိန္ကိုက္ တုိက္ခုိက္ခံရတာေတြ ဆုိရွယ္မီဒီယာမွာတက္လာေတာ့ ဘယ္လိုျဖစ္သြားလဲ၊ ဆိုရွယ္မီဒီယာကို လန္႔တာမ်ိဳး ျဖစ္မိေသးလား။

ပထမတစ္ေခါက္က ဆုိရွယ္မီဒီယာကေန မဟုတ္ေသးဘူး။ အျပင္မွာျဖစ္တာ ေျပာဆုိ တုိက္ခုိက္တာေတြၾကည့္ၿပီး အစ္မအရမ္းစိုးရိမ္တယ္။ ၿပီးေတာ့ ဘာမွမဟုတ္တဲ့ ေသးေသးေလးေတြကေန ျဖစ္လာတဲ႔ Fake story ေတြက အမ်ားႀကီးရွိတယ္၊ တစ္ခါတစ္ေလ ကိုယ္ထုတ္လုိက္တဲ႔ ဝန္ထမ္းေတြကပဲ နာမည္မေဖာ္ဘဲ ေရးထားေပမယ့္ အစ္မမွန္းသိသာတဲ႔ ပို႔စ္ေတြလည္း ေတြ႔ရတယ္။ ဒီကုမၸဏီကိုမေလွ်ာက္နဲ႔ သူက ဘယ္လိုဆုိျပီး ေရးတာအထိ ေတြ႔ရတယ္။ သူတို႔ဒီလိုေရးတယ္ဆုိရင္ အစ္မဘက္ကတုန္႔ျပန္ခ်က္က ကိုယ့္ကုမၸဏီက တကယ္တမ္းမွာ ဘယ္ေလာက္အထိ ေအာင္ျမင္ေနပါတယ္ဆုိတာသက္ေသျပတဲ႔နည္းနဲ႔ပဲ ျပန္တုိက္ပါတယ္။ အစ္မဘက္က လုပ္ေနတဲ႔လုပ္ငန္းေတြကို လႊတ္ေတာ္မွာရွင္းရမလား၊ အစိုးရမွာရွင္းရမလား မီဒီယာမွာရွင္းရမလား အစ္မရွင္းႏုိင္တယ္။ ၿပီးေတာ့ အစ္မက ပုန္းေနတာမဟုတ္ဘဲ လူေရွ႕အၿမဲ ထြက္ေနတာျဖစ္လို႔ တုိက္ခုိက္တဲ႔သူေတြက ခဏပါပဲ။ အစ္မလုပ္ေနတဲ႔ေငြေတြ ဘယ္ကရတယ္ဆုိတာ ေသခ်ာျပႏိုင္ေတာ့ လူေတြက အမွန္ကို ျမန္ျမန္သိသြားတာပါပဲ။ မသိရင္ကိုယ္ေတြက ခ်မ္းသာသလိုလုပ္ေနသူေတြရွိတယ္၊ ဒါေပမယ့္ အစ္မကေတာ့ မရွက္ဘူး၊ ဒါေတြက ပေရာ့ဂ်က္ loan ေတြေလ အစ္မကပြင့္လင္းေတာ့ အခုဆို သိပ္ၿပီး ျပႆနာမရွိေတာ့ပါဘူး။

အစ္မအေနနဲ႔ လုပ္ငန္းပိုင္းဆိုင္ရာမွာ ေအာင္ျမင္ေအာင္လုပ္ႏုိင္ခဲ႔ေပမယ့္ တစ္ခ်ိန္က အိမ္ေထာင္ေရးနဲ႔ပတ္သက္ၿပီး မွားခဲ႔တာ၊ ကံမေကာင္းခဲ႔တာေတြရွိတယ္လုိ႔ သိရတယ္ေလ။ အဲဒါကေရာ ဘယ္လိုေၾကာင့္လဲဆုိတာရယ္၊ တျခားမိန္းကေလးေတြလည္း အတုယူႏိုင္ဖို႔ ေျပာျပေပးလို႔ရလားရွင့္။

အစ္မအေၾကာင္းကို မိန္းကေလးေတြကို အဓိက မက္ေဆ့ေပးခ်င္တယ္။ အစ္မက အေဖဆံုးသြားၿပီး ငယ္ငယ္တည္းက ေမြးစားခံခဲ႔ရတာ။ ဒီေတာ့ စိတ္ပိုင္းဆိုင္ရာနဲ႔ပတ္သက္ၿပီးေတာ့လည္း အႏွိမ္ခံရတယ္လို႔လည္း ေျပာလို႔ရတယ္။ ကေလးရဲ႕ စိ္တ္ကိုသတ္လိုက္တာမ်ိဳး၊ ကိုယ့္အေၾကာင္းနဲ႔ပတ္သက္ျပီး ပတ္ဝန္းက်င္မွာ ပန္းေကာင္းအညြန္႔ခ်ိဳး လုပ္ခံရတာတုိ႔ကလည္း ကေလးဘဝရဲ႕ စိတ္ဒဏ္ရာပဲေလ။ အဲဒါကို အစ္မအသက္မျပည့္ခင္မွာ ႀကံဳခဲ႔ရတယ္။ စာသင္ေနခ်ိန္မွာ အသက္နဲ႔မမွ်ေအာင္ အခုိင္းခံခဲ႔ရတယ္။ အလုပ္သမားကေလးတစ္ေယာက္လို ေနခဲ႔ရတယ္။ ကေလးဘဝမွာ ဒဏ္ရာေတြမ်ားခဲ႔တယ္။ ၁၉ ႏွစ္၊ ၂၀ႏွစ္ေလာက္ျဖစ္လာေတာ့ ကိုယ့္ကို စိတ္ဝင္စားတဲ႔သူေတြ အမ်ားႀကီးထဲက တစ္ေယာက္ေရြးလိုက္တယ္။ ဒါေပမယ့္ ကံမေကာင္းေတာ့ အသက္ ၂၀၊ ၂၁ ေလာက္နဲ႔ပဲ Single Mom ျဖစ္သြားျပန္ေရာ။ အဲဒီအခ်ိန္မွာလည္း အရမ္းအႏွိမ္ခံခဲ႔ရတယ္။ ေနမေကာင္းတာေတာင္ အလကားေနဖ်ားေနတယ္လို႔ ေျပာခံခဲ႔ရတာေတြ ရွိတယ္။ မိန္းကေလးေတြကိုေျပာခ်င္တာက အဲဒီလိုကံဆုိးမႈတစ္ခု ျဖစ္သြားခဲ႔ရင္ စိတ္ကိုမေလ်ာ့လိုက္ဘဲ ဘာျဖစ္ျဖစ္ ငါခံမယ္၊ ငါေအာင္ျမင္ေအာင္လုပ္မယ္ဆုိၿပီး စိတ္မာေစခ်င္တယ္။ ေလ်ာ့လိုက္ရင္ ဆူဆုိက္လုပ္တာေတြ၊ သူမ်ားရဲ႕ ေယာက်္ားကို ျပစ္မွားမိတာေတြ ျဖစ္သြားႏုိင္တယ္။ အိမ္ေထာင္ေရးကံမေကာင္းတဲ႔ မိန္းကေလးေတြအေနနဲ႔ ဒါေတြက သိကၡာရွိတဲ႔ ေျဖရွင္းမႈမဟုတ္ဘူးဆုိတာ သိဖို႔လိုတယ္။ ပညာနဲ႔ပဲ ငါလုပ္စားမယ္ ဆုိတဲ႔စိတ္ေတာ့ ရွိဖို႔လိုတယ္။ အစ္မကိုယ္တုိင္လည္း ဘြဲ႔ယူခ်ိန္မွာ ကေလးေမြးခါနီးျဖစ္ေန၊ ကေလးေမြးဖို႔ ပိုက္ဆံကလည္းမရွိဘူး။ ကေလးကိုသြားထားလို႔ရတဲ႔ ေနရာေလးတစ္ခုရလာေတာ့ အစ္မစာသင္တယ္၊ ဂ်ာမန္ဂိုက္လုပ္တယ္၊ အဲဒီကေနမွ တျဖည္းျဖည္းေလ့လာျပီး Tour ကုမၸဏီေလးတစ္ခုအထိ ျဖစ္လာေအာင္ ႀကိဳးစားတယ္။ အဲဒီကေနမွ အခုတင့္တင့္ျမန္မာရယ္လို႔ ျဖစ္လာတာပါ။ မိန္းကေလးေတြကို ေျပာခ်င္တာက အိမ္ေထာင္ဖက္ကိုခ်ည္းပဲ မမွီခိုပါနဲ႔၊ ကိုယ့္အားကိုယ္ကိုးထားပါ။ တစ္ခုခုျဖစ္ခဲ႔သည္ရွိေသာ္ ဘာဆက္လုပ္မယ္ဆုိတာကို ျပင္ဆင္ထားပါလုိ႔ ေျပာခ်င္ပါတယ္။

အခုလိုေျဖေပးတာေက်းဇူးတင္ပါတယ္။

ရဲလင္းလင္းသန္း

(Unicode Version)

Yangon Water Bus ပရော့ဂျက်စတင်ချိန်မှာဘဏ်ချေးငွေအခက်အခဲကြောင့် လုပ်ငန်းပိတ်ရလုနီးပါး ခက်ခဲခဲ့ပေမယ့် အရှုံးမပေးဘဲ ရဲရဲဝင့်ဝင့် ဆက်လှမ်းခဲ့လို့ လက်ရှိမှာ လုပ်ငန်းတွေ၊ ပရော့ဂျက်တွေကို အောင်မြင်စွာ ပဲ့ကိုင်နိုင်နေသူ တင့်တင့်မြန်မာ Group of Company ၏ ဥက္ကဌ ဒေါ်တင့်တင့်လွင်နှင့် တွေ့ဆုံခြင်း

အစ်မအနေနဲ့ အခုလိုမျိုး တင့်တင့်မြန်မာ Group ရယ်လို့ဖြစ်လာသည်အထိ ဘယ်လိုစတင်ခဲ့ရတယ်ဆိုတာကို တစ်ချက်လောက် မိတ်ဆက်ပေးပါဦး။

အစ်မက Zero ကနေစခဲ့ရတာပါ။ ပညာကိုပဲအခြေခံတယ်ပြောရမှာပေါ့၊ အစ်မတို့ဘွဲ့ရပြီးတဲ့အချိန်မှာ ကိုယ်ရတဲ့ဘွဲ့နဲ့ အလုပ်ရှာဖို့ ခက်ခဲတဲ့အချိန်ဖြစ်နေတယ်၊ အလုပ်ရှာနေတဲ့အချိန်မှာ အစ်မဂျာမန်ဘာသာစကား လေ့လာဖြစ်တယ်၊ အစကရည်ရွယ်တာက ဘာသာစကားတတ်ပြီဆိုရင် ဒါနဲ့ပတ်သက်တဲ့ မာစတာတွေဘာတွေ စကောလားရှစ် ရဖို့၊ နိုင်ငံခြားသွားပြီးတက်ဖို့လုပ်မယ်ပေါ့၊ ဒါပေမယ့် သင်နေရင်းနဲ့ ဂျာမနီနိုင်ငံသားတွေရဲ့ culture တွေ၊ တွေးခေါ်ပုံတွေ၊ လူနေမှုတွေကိုစိတ်ဝင်စားတာနဲ့ ဂျာမန် Guide အနေနဲ့ လုပ်ကိုင်ဖြစ်ခဲ့တယ်။ ဂိုက်အလုပ်ကို ၁၄ နှစ်လောက်လုပ်ဖြစ်ခဲ့ပြီးတော့ လူတွေအများကြီးနဲ့တွေ့ရတယ်။ ပြည်ပကနာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တွေ၊ အနုပညာရှင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ ဂိုက်လိုက်လုပ်ပေးရင်းသူတို့ရဲ့ ဘဝဖြတ်သန်းပုံတွေ၊ အတွေးအခေါ်တွေကို လေ့လာခွင့်ရခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ကြားထဲမှာပညာပိုင်းဆိုင်ရာတွေကို ဆက်တိုက်ဖြည့်နေတယ်။ ၂၀၀၉ ခုနှစ်ကိုရောက်တော့ ခရီးသွားနဲ့ ပတ်သက်တဲ့ start up ကုမ္ပဏီလေးတစ်ခု စတည်ထောင်ဖြစ်တယ်။ Tint Tint Travel ဆိုတဲ့ အဲဒီကုမ္ပဏီလေး စတင်လည်ပတ်ချိန်ကနေစပြီး ၂နှစ်အတွင်းငွေကြေးအရရော လုပ်ငန်းတိုးချဲ့မှုအပိုင်းမှာပါ အောင်မြင်လာပြီး ကုမ္ပဏီကြီးတွေနဲ့ယှဉ်နိုင်တဲ့ ကုမ္ပဏီရယ်လို့ ဖြစ်လာတယ်။ နောက်ကျတော့ Tourism Field ထဲမှာလိုအပ်တာတွေ လိုက်ကြည့်လိုက်လေ့လာရင်းနဲ့ သင်္ဘောလုပ်ငန်းဘက်ကိုချဲ့ထွင်ဖြစ်တယ်။ ၂၀၁၁-၁၂ မှာပဲ Banker တွေနဲ့ ချိတ်မိပြီး အစ်မ Project Loan တွေရလာတော့ လုပ်ငန်းချဲ့ထွင်မှုတွေ ပိုမြန်သွားတယ်။ အဲဒါက ဒီနေ့အထိပဲပေါ့။

အစ်မကလုပ်ငန်းချဲ့ထွင်တဲ့နေရာမှာ လက်ရှိလုပ်ငန်းနဲ့ သဘောသဘာဝမတူတဲ့လုပ်ငန်းကိုလည်း ချဲ့တာရှိသလိုလက်ရှိပြည်တွင်းမှာ တချို့အခက်အခဲရှိနေတယ်လို့ပြောတဲ့ အထည်ချုပ်အထိပါ တိုးချဲ့အောင်မြင်ခဲ့တာဆိုတော့ ဘယ်အပိုင်းတွေကအားသာချက်လို့မြင်မိလဲရှင့်။

သူများတွေကတော့ အစ်မကိုလုပ်ငန်းပုံစံတွေကအများကြီးပဲ ပြန့်ကျဲနေအောင်ဘာလို့လုပ်တာလဲ၊ လုပ်ငန်းတစ်ခုတည်းကိုပိုင်ပိုင်နိုင်နိုင်အောင်မြင်အောင် လုပ်ပါလားလို့ပြောတယ်။ အစ်မအမြင်ကတော့ ဘဏ်နဲ့ ချေးငွေတွေ အစ်မယူထားတယ်၊ နောက်တစ်ခုက ပြည်တွင်းရဲ့ စီးပွားရေး၊ နိုင်ငံရေးအခြေအနေတွေရှိတယ်။ နိုင်ငံရေးကြောင့်ပဲဖြစ်ဖြစ်၊ တိုင်းပြည်ရဲ့ မတည်ငြိမ်မှုကြောင့်ပဲဖြစ်ဖြစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုတွေကြောင့်ပဲဖြစ်ဖြစ် အစ်မတို့ရဲ့ လုပ်ငန်းတစ်ခုထိခိုက်သွားရင် ဒီလုပ်ငန်းကြောင့် ကိုယ့်ကုမ္ပဏီပြိုလဲသွားတာမျိုး မဖြစ်ချင်ဘူး။ အစ်မရဲ့အကျင့်က အရာရာကို Back up ထားတတ်လို့ အခုဆို ဟိုတယ်လုပ်ငန်းလုပ်တယ်၊ ရေကြောင်းလုပ်ငန်းလုပ်တယ်။ အဲဒါလုပ်နေရင်းနဲ့ အသေးစား လိုအပ်ချက်လေးတွေဖြစ်တဲ့ ယူနီဖောင်းတွေမှာတာမျိုး၊ သင်္ဘောမှာလိုအပ်တဲ့ စားပွဲခင်းတို့၊ ခေါင်းအုံးစွပ်တို့ ဘာတို့မှာရတဲ့အခါ ကိုယ်ပိုင်ထုတ်လုပ်ဖို့ကို စဉ်းစားမိသွားတယ်။ အထည်ချုပ်လုပ်ငန်းလေးစဖို့ research စလုပ်တယ်၊ ကိုယ့်ဘက်က Proposal တွေလုပ်ထားတယ်၊ မာကက်တင်းဆင်းတယ်၊ အလုပ်အပ်တဲ့သူရှိလာပြီဆိုရင် သူတို့ဆီက ၃၀% ၊ ၅၀% ကောက်ပြီး ကုန်ကြမ်းဝယ်တယ်၊ ချုပ်တယ်။ လစဉ်မှာဈေးကွက်ကိုတော့ မရရအောင် ရှာရတယ်။ ဈေးကွက်ပြတ်သွားရင်တော့ လုပ်ငန်းကရပ်သွားမှာလေ။ ပြီးတော့ အစ်မရဲ့ water bus လုပ်ငန်းရှိတယ်၊ ဒါကတော့ သီးသန့်ရင်းနှီးမြှုပ်နှံဖို့ ရေးဆွဲထားတာဖြစ်လို့ အရှုံးခံကာလရှိတယ်၊ လောလောဆယ်ဆို အဲဒီလုပ်ငန်းကိုအရှုံးခံပြီး ငွေနဲ့ထိန်းပေးထားရတယ်။

လက်ရှိ တင့်တင့်မြန်မာအောက်မှာခွဲထားတဲ့ လုပ်ငန်းခွဲတွေကိုလည်း မိတ်ဆက်ပေးပါဦး။

တင့်တင့်မြန်မာအောက်မှာ Tint Tint Travels and Tours ရှိတယ်။ ဟိုတယ်က ၃ခုရှိတယ်၊ ခက်ရင်းခွကျွန်းမှာ resort မှာတစ်ခု၊ စစ်ကိုင်းမှာ The Century နဲ့ ကလော princess ဆိုပြီးရှိတယ်။ ကလော princess ရှေ့မှာစားသောက်ဆိုင်လေးတစ်ခုဖွင့်ထားတယ်။ သင်္ဘောပိုင်းမှာတော့ Public transport မှာအားလုံးသိတဲ့အတိုင်း Yangon Water Bus ၁၁ စင်းရှိတယ်၊ နောက်ထပ် ၈ စင်းကို ငမိုးရိပ်ကိုချဲ့ဖို့လုပ်ထားတယ်၊ သန်လျင်အတွက်ကလည်းသင်္ဘောကရောက်နေပြီ။ ဆိပ်ကမ်းနားက ကျူးကျော်လေးတွေ ဖယ်ပေးဖို့ ကျန်နေလို့ စောင့်နေရတယ်။ ဧရာဝတီရေကြောင်းဘက်မှာကတော့ Irrawaddy Princess နဲ့ Makara Queen ရယ်၊ Princess Royal ရယ်၊ RV Yandabo ရယ်ဆိုပြီးသင်္ဘော ၄ စင်းရှိတယ်။ အစိုးရဆီကနေ RV pandaw 1947 နဲ့ ထီးလှိုင်ရှင် ဆိုတဲ့  သင်္ဘော ၂ စင်းထပ်ငှားထားတယ်။ ကိုယ်ပိုင် ၄ စင်းနဲ့ဆို လက်ရှိ ဧရာဝတီရေကြောင်း ပြေးဆွဲတာက ၆ စင်းပေါ့။ စိုက်ပျိုးရေးလုပ်ငန်းမှာက ပီလောပီနံစိုက်ခင်းရှိတယ်၊ ပီလောမှုန့်ထုတ်တာပေါ့။ ပြီးတော့အထည်ချုပ်ရှိတယ်။ အစ်မသားလေးလုပ်နေတဲ့ logistics လုပ်ငန်းတွေကတော့ အစ်မက Joint အနေနဲ့လုပ်တယ်။

ဧရာဝတီရေကြောင်းပြေးဆွဲနေတာက တိုးချဲ့မယ့်ပုံစံတွေ ရှိပါသေးလား။

ဧရာဝတီရေကြောင်းက ရန်ကုန်ကနေ ပြည်၊ မန္တလေး၊ ပုဂံကနေ ဗန်းမော်အထိပြေးတယ်။ အမေရိကန်တွေစီးတာများတယ်။ အခုတောင် ၂၀၂၃ အထိ Booking တွေအပြည့်ပဲ။ သူတို့က အဲဒီစီးရီးကိုကြိုက်လို့ ယူကြတာပေါ့။ မေလကနေ စက်တင်ဘာအထိကိုတော့ စနေ၊ တနင်္ဂနွေကို မြန်မာတွေနဲ့ ဆွဲပေးမယ်၊ Tour ရာသီမှာမိုးတွင်း Green Season အတွက် နိုင်ငံခြားသားတွေ ဒေါ်လာ ၁၇၀၀ လောက်ပေးရတဲ့ဟာကို ပြည်တွင်းအတွက် ၂သိန်း၊ ၃သိန်းလောက်နဲ့ရအောင်လုပ်ပေးမှာပေါ့၊ မန္တလေးကနေ ပုဂံစီးမလား၊ ရန်ကုန်-ပြည် ကိုစီးမလား ကြိုက်တာစီးလို့ရမယ်။

ပြည်တွင်းမှာ start up အနေနဲ့ စတဲ့လုပ်ငန်းတွေကလက်ရှိမှာပိတ်သွားကြတာများတော့ အစ်မတို့စခဲ့တုန်းက တွေ့ရတဲ့ အတွေ့အကြုံ၊ အခက်အခဲနဲ့ လက်ရှှိမှာလုပ်ငန်းသေးလေးတွေ ဆက်ပြီးမရပ်တည်နိုင်ရတဲ့ အကြောင်းရင်းရယ်လို့ သတိထားမိတာရှိလားရှင့်။

ကိုယ်လုပ်မယ့်လုပ်ငန်းတစ်ခုကို စတော့မယ်ဆိုတာနဲ့ ၅ နှစ်စာဘတ်ဂျက်ရှိထားသင့်တယ်။ ပြီးတော့ စဖွင့်တဲ့အချိန်မှာ ကိုယ် invest လုပ်မယ့် ပမာဏနဲ့ ဝင်လာမယ့်  market ကိုလည်း ကြည့်ရမယ်၊ ဆိုင်တစ်ဆိုင်ဖွင့်မယ်ဆိုရင် ဈေးကွက် research ကို သေချာလေ့လာ၊ Food Quality ကိုလည်း ထိန်းရမယ်။ ပြီးရင် ဒီဆိုင်နေရာတစ်ခုထဲ ထိုင်ရောင်းနေလို့လည်းမရတော့ဘူး။ ဒီဂျစ်တယ်ပိုင်း အရောင်းသမားတွေနဲ့လည်း ချိတ်ဆက်နိုင်ရမယ်၊ ဒီဂျစ်တယ်ဈေးကွက်ကိုလည်းလျော့တွက်လို့မရဘူး။

လတ်တလောမှာအထည်ချုပ်နဲ့ Tour လုပ်ငန်းတွေကကျနေတယ်ဆိုတဲ့အသံကြားရတယ်၊ ဒီကြားထဲမှာ ဒီလုပ်ငန်းနှစ်ခုလုံးရှိနေတဲ့ အစ်မက ဘယ်လိုဆက်ပြီးထိန်းထားတာပါလဲ။

အထည်ချုပ်တွေပိတ်ရတာ၊ အထည်ချုပ်တွေကျတာက နိုင်ငံရေး၊ စီးပွားရေးပိုင်းအရ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေအတွက် အခက်အခဲနည်းနည်းရှိနေတယ်။ မျှတတဲ့ ပေါ်လစီလေးတွေ လိုနေတယ်။ အထည်ချုပ်အပိုင်းတွေမှာ အမေရိကန်နဲ့တရုတ်ကြားက ကိစ္စတွေလည်း ရှိတာတွေ့ရတယ်။ အထည်ချုပ်လုပ်ငန်းတွေ ကျတာမှန်ပေမယ့် အစ်မတို့ ကုမ္ပဏီရဲ့ target ကတော့ ပြည်တွင်းကို ၉၀% ဦးတည်လုပ်တာဖြစ်လို့ ပူစရာမလိုဘူး။ ပြည်တွင်းမှာက လိုအပ်ချက်ကအမြဲရှိနေတာလေ၊ သူတို့လိုနေသရွေ့ အစ်မတို့အတွက် ဈေးကွက်တစ်ခုအမြဲရှိနေပြီးသားလေ။ ပြီးတော့ ခရီးသွားကလည်း ဒီဘက်နှစ်မှာကျတော့ ပြန်ကျသွားတယ်။ ပြည်တွင်းကပြဿနာနဲ့ ပတ်သက်တာလေးတွေ၊ Insurance ပြဿနာတွေရှိတယ်လို့လည်း ကြားရတယ်။ ဒါပေမယ့် အစ်မတို့ကုမ္ပဏီက ဘာလုပ်လိုက်လဲဆိုတော့ တခြားနိုင်ငံမှာမရှိဘဲ ပြည်တွင်းမှာပဲရနိုင်မယ့် ဝန်ဆောင်မှုမျိုးတွေ တီထွင်ဆန်းသစ်လိုက်တယ်၊ သူတို့လိုချင်တဲ့ Travel Insurance လည်း သင်္ဘောပေါ်မှာ ပေးလိုက်တယ်။ အဲဒါကြောင့် ခရီးသွားမှာဆိုရင်လည်း အစ်မတို့ ၂၀၂၃ အထိ Booking ပြည့်နေတယ်ပြောရမှာပါ။

ဒီနှစ်မှာ ခရီးသွားပိုင်းနဲ့ပတ်သက်ပြီး ဘယ်အပိုင်းတွေ ချဲ့ထားသေးလဲရှင့်။

အခုအစ်မ ချင်းပြည်မှာလည်း ထပ်ချဲ့ထားတယ်၊ ချင်းပြည်မှာ Hill Resort လုပ်နေတယ်၊ သူက အိန္ဒိယနဲ့နီးတယ်၊ ဝိုင်ခင်းတွေ၊ ကော်ဖီခင်းတွေ၊ နွားနောက်တွေရှိမယ်၊ ရေပူစမ်းလည်း ရှိမယ်။ ပြီးရင် ရိဒ်ရေကန်နဲ့လည်း နီးတယ်ဆိုတော့ တိမ်တွေရှိတဲ့ မြို့လေးပုံစံအလှလေးလုပ်သွားမှာပါ။ အခုဆို ချယ်ရီပင်တွေ၊ မေပယ်ပင်တွေစိုက်နေတယ်၊ ချင်းပြည်ကို little japan လေးဖြစ်အောင်လုပ်မယ်။

လုပ်ငန်းတွေတည်ထောင် ဖြတ်သန်းလာတဲ့ အတွေ့အကြုံအရ မှတ်မှတ်ရရကြုံခဲ့ရတဲ့အခက်အခဲတွေရှိရင် ပြောပြပေးပါဦး။

အစ်မတို့ ၂၀၁၇ လောက်အထိဆိုရင် အဆင်ပြေခဲ့တယ်။ ဘဏ်ချေးငွေလည်း အဆင်ပြေတဲ့ကာလပေါ့။ ဘဏ်တွေဆီကငွေချေးတာက ၇နှစ်လောက်ဖြစ်လာတော့ သူတို့ကလည်း ယုံကြည်လာပြီဆိုပြီး ပရော့ဂျက်အကြီးစချလိုက်တယ်၊ အဲဒီမှာ Banking ပြဿနာထဖြစ်သွားတယ်၊ ဘဏ်ကလည်း ကိုယ့်ကို မပေးချင်လို့မဟုတ်ဘူး။ ကိုယ်ကလည်း ဘဏ်အပေါ် အမှားမရှိထားဘူး၊ ဒါပေမယ့် ဘဏ်ရဲ့ပေါ်လစီအရ သူလည်း ထုတ်ချေးမရဖြစ်သွားတယ်။ အဲဒါ Water Bus စတဲ့အချိန်တန်းလန်းကြီးပေါ့။ ငွေကြေးစီးဆင်းတဲ့ အနေအထား ပြဿနာဖြစ်လာတယ်။ အဲဒီမှာ ကုမ္ပဏီတစ်ခုလုံးကို ခက်ခက်ခဲခဲ ထိန်းသိမ်းလိုက်ရတယ်။ ဘဏ်ကရမယ်ထင်ပြီး ယူထားတာတွေအတွက် အတိုးတက်လာမှာစိုးလို့ ကုမ္ပဏီရဲ့တခြား sources တွေရဲ့ ဝင်ငွေနဲ့ ပြန်လည်ပတ်ယူတယ်။ အဲဒီမှာ တစ်ခြားလုပ်ငန်းတွေရဲ့ cash flow ကလည်း အရမ်းခက်ခဲသလိုဖြစ်လာတယ်၊ ကြပ်တည်းနေတုန်းကဆိုရင် လခတွေနောက်ကျတာတောင်ရှိခဲ့တယ်။ အစ်မကတော့ ကုမ္ပဏီပိတ်ရတော့မယ်လို့ ထင်ခဲ့တဲ့အထိပဲ။ အဲဒီလိုဒုက္ခဖြစ်နေချိန်မှာ သူငယ်ချင်း၊ မိတ်ဆွေတွေဆိုတာလည်း အစ်မဖုန်းကိုတောင် မကိုင်ဘူး၊ ကိုယ့်ရဲ့ပွဲဖိတ်ဖို့ဆက်တာတောင်မှ သူများငါ့ကိုအကူအညီတောင်းမလို့လားထင်ကြတယ်။ ဒါပေမယ့် အစ်မအကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့လို့ အခုအချိန်မှာ ကုမ္ပဏီခွဲတွေ တစ်ခုမှမပိတ်ရဘဲ အကုန်အဆင်ပြေပြေ လည်ပတ်နိုင်သွားပါပြီ။

အစ်မကို လူမှုရေးတိုက်ခိုက်တာတွေ ခဏခဏဖြစ်တယ်ပေါ့နော်၊ လုပ်ငန်းပြဿနာဖြစ်ချိန်မှာမှ အချိန်ကိုက် တိုက်ခိုက်ခံရတာတွေ ဆိုရှယ်မီဒီယာမှာတက်လာတော့ ဘယ်လိုဖြစ်သွားလဲ၊ ဆိုရှယ်မီဒီယာကို လန့်တာမျိုး ဖြစ်မိသေးလား။

ပထမတစ်ခေါက်က ဆိုရှယ်မီဒီယာကနေ မဟုတ်သေးဘူး။ အပြင်မှာဖြစ်တာ ပြောဆို တိုက်ခိုက်တာတွေကြည့်ပြီး အစ်မအရမ်းစိုးရိမ်တယ်။ ပြီးတော့ ဘာမှမဟုတ်တဲ့ သေးသေးလေးတွေကနေ ဖြစ်လာတဲ့ Fake story တွေက အများကြီးရှိတယ်၊ တစ်ခါတစ်လေ ကိုယ်ထုတ်လိုက်တဲ့ ဝန်ထမ်းတွေကပဲ နာမည်မဖော်ဘဲ ရေးထားပေမယ့် အစ်မမှန်းသိသာတဲ့ ပို့စ်တွေလည်း တွေ့ရတယ်။ ဒီကုမ္ပဏီကိုမလျှောက်နဲ့ သူက ဘယ်လိုဆိုပြီး ရေးတာအထိ တွေ့ရတယ်။ သူတို့ဒီလိုရေးတယ်ဆိုရင် အစ်မဘက်ကတုန့်ပြန်ချက်က ကိုယ့်ကုမ္ပဏီက တကယ်တမ်းမှာ ဘယ်လောက်အထိ အောင်မြင်နေပါတယ်ဆိုတာသက်သေပြတဲ့နည်းနဲ့ပဲ ပြန်တိုက်ပါတယ်။ အစ်မဘက်က လုပ်နေတဲ့လုပ်ငန်းတွေကို လွှတ်တော်မှာရှင်းရမလား၊ အစိုးရမှာရှင်းရမလား မီဒီယာမှာရှင်းရမလား အစ်မရှင်းနိုင်တယ်။ ပြီးတော့ အစ်မက ပုန်းနေတာမဟုတ်ဘဲ လူရှေ့အမြဲ ထွက်နေတာဖြစ်လို့ တိုက်ခိုက်တဲ့သူတွေက ခဏပါပဲ။ အစ်မလုပ်နေတဲ့ငွေတွေ ဘယ်ကရတယ်ဆိုတာ သေချာပြနိုင်တော့ လူတွေက အမှန်ကို မြန်မြန်သိသွားတာပါပဲ။ မသိရင်ကိုယ်တွေက ချမ်းသာသလိုလုပ်နေသူတွေရှိတယ်၊ ဒါပေမယ့် အစ်မကတော့ မရှက်ဘူး၊ ဒါတွေက ပရော့ဂျက် loan တွေလေ အစ်မကပွင့်လင်းတော့ အခုဆို သိပ်ပြီး ပြဿနာမရှိတော့ပါဘူး။

အစ်မအနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာမှာ အောင်မြင်အောင်လုပ်နိုင်ခဲ့ပေမယ့် တစ်ချိန်က အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး မှားခဲ့တာ၊ ကံမကောင်းခဲ့တာတွေရှိတယ်လို့ သိရတယ်လေ။ အဲဒါကရော ဘယ်လိုကြောင့်လဲဆိုတာရယ်၊ တခြားမိန်းကလေးတွေလည်း အတုယူနိုင်ဖို့ ပြောပြပေးလို့ရလားရှင့်။

အစ်မအကြောင်းကို မိန်းကလေးတွေကို အဓိက မက်ဆေ့ပေးချင်တယ်။ အစ်မက အဖေဆုံးသွားပြီး ငယ်ငယ်တည်းက မွေးစားခံခဲ့ရတာ။ ဒီတော့ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့လည်း အနှိမ်ခံရတယ်လို့လည်း ပြောလို့ရတယ်။ ကလေးရဲ့ စိတ်ကိုသတ်လိုက်တာမျိုး၊ ကိုယ့်အကြောင်းနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်မှာ ပန်းကောင်းအညွန့်ချိုး လုပ်ခံရတာတို့ကလည်း ကလေးဘဝရဲ့ စိတ်ဒဏ်ရာပဲလေ။ အဲဒါကို အစ်မအသက်မပြည့်ခင်မှာ ကြုံခဲ့ရတယ်။ စာသင်နေချိန်မှာ အသက်နဲ့မမျှအောင် အခိုင်းခံခဲ့ရတယ်။ အလုပ်သမားကလေးတစ်ယောက်လို နေခဲ့ရတယ်။ ကလေးဘဝမှာ ဒဏ်ရာတွေများခဲ့တယ်။ ၁၉ နှစ်၊ ၂၀နှစ်လောက်ဖြစ်လာတော့ ကိုယ့်ကို စိတ်ဝင်စားတဲ့သူတွေ အများကြီးထဲက တစ်ယောက်ရွေးလိုက်တယ်။ ဒါပေမယ့် ကံမကောင်းတော့ အသက် ၂၀၊ ၂၁ လောက်နဲ့ပဲ Single Mom ဖြစ်သွားပြန်ရော။ အဲဒီအချိန်မှာလည်း အရမ်းအနှိမ်ခံခဲ့ရတယ်။ နေမကောင်းတာတောင် အလကားနေဖျားနေတယ်လို့ ပြောခံခဲ့ရတာတွေ ရှိတယ်။ မိန်းကလေးတွေကိုပြောချင်တာက အဲဒီလိုကံဆိုးမှုတစ်ခု ဖြစ်သွားခဲ့ရင် စိတ်ကိုမလျော့လိုက်ဘဲ ဘာဖြစ်ဖြစ် ငါခံမယ်၊ ငါအောင်မြင်အောင်လုပ်မယ်ဆိုပြီး စိတ်မာစေချင်တယ်။ လျော့လိုက်ရင် ဆူဆိုက်လုပ်တာတွေ၊ သူများရဲ့ ယောကျ်ားကို ပြစ်မှားမိတာတွေ ဖြစ်သွားနိုင်တယ်။ အိမ်ထောင်ရေးကံမကောင်းတဲ့ မိန်းကလေးတွေအနေနဲ့ ဒါတွေက သိက္ခာရှိတဲ့ ဖြေရှင်းမှုမဟုတ်ဘူးဆိုတာ သိဖို့လိုတယ်။ ပညာနဲ့ပဲ ငါလုပ်စားမယ် ဆိုတဲ့စိတ်တော့ ရှိဖို့လိုတယ်။ အစ်မကိုယ်တိုင်လည်း ဘွဲ့ယူချိန်မှာ ကလေးမွေးခါနီးဖြစ်နေ၊ ကလေးမွေးဖို့ ပိုက်ဆံကလည်းမရှိဘူး။ ကလေးကိုသွားထားလို့ရတဲ့ နေရာလေးတစ်ခုရလာတော့ အစ်မစာသင်တယ်၊ ဂျာမန်ဂိုက်လုပ်တယ်၊ အဲဒီကနေမှ တဖြည်းဖြည်းလေ့လာပြီး Tour ကုမ္ပဏီလေးတစ်ခုအထိ ဖြစ်လာအောင် ကြိုးစားတယ်။ အဲဒီကနေမှ အခုတင့်တင့်မြန်မာရယ်လို့ ဖြစ်လာတာပါ။ မိန်းကလေးတွေကို ပြောချင်တာက အိမ်ထောင်ဖက်ကိုချည်းပဲ မမှီခိုပါနဲ့၊ ကိုယ့်အားကိုယ်ကိုးထားပါ။ တစ်ခုခုဖြစ်ခဲ့သည်ရှိသော် ဘာဆက်လုပ်မယ်ဆိုတာကို ပြင်ဆင်ထားပါလို့ ပြောချင်ပါတယ်။

အခုလိုဖြေပေးတာကျေးဇူးတင်ပါတယ်။

ရဲလင်းလင်းသန်း

LEAVE A REPLY

Please enter your comment!
Please enter your name here