မရဏလမ္းမွ အျပန္

0
260

photo credit: Pixabay

ေခါင္းစဥ္ကိုျမင္ၿပီးဖတ္ခ်င္စိတ္ေတြတဖြားဖြားျဖစ္ေနၾကမယ္လို႔ထင္ပါတယ္။  မိတ္ေဆြတို႔လည္း ၾကားဖူးျမင္ဖူးၾကမယ္လို႔လည္း ထင္ပါတယ္။ ဒါေတြဟာတကယ္ကိုရွိေနတတ္တဲ့အျဖစ္အပ်က္မ်ိဳးေတြဆိုတာကို အခုတင္ျပေပးခ်င္တဲ့အေၾကာင္းေလးေတြနဲ႔ တိုက္ဆိုင္မႈေလးေတြကိုဖတ္ၾကည့္လိုက္ရင္ေတာ့ သနားစရာအျဖစ္ေလးေတြနဲ႔အတူ ကံၾကမၼာအလွည့္အေျပာင္းရဲ႕ မ်က္လွည့္ျပကြက္ေတြထဲမွာလည္း လူေတြဟာဘယ္လိုအသက္ရွင္ေနထိုင္ ေနရလဲဆိုတာေတြကို သိရွိရမွာျဖစ္ပါတယ္။  ေသဆံုးသူမ်ားအေနနဲ႔ေရာဂါေၾကာင့္ပဲျဖစ္ျဖစ္၊ အသက္ႀကီးလို႔ပဲျဖစ္ျဖစ္ေသဆံုးခဲ့ရတယ္ဆိုရင္ ျပသနာမရွိႏိုင္ေပမယ့္ လူတစ္ေယာက္အေနႏွင့္ အသက္ရွင္လ်က္ျမွပ္ႏွံခံရၿပီးေသဆံုးခဲ့ရတာမ်ိဳးေတြဆိုရင္ေတာ့ အဲဒီလူတစ္ေယာက္အေနႏွင့္ သူ႔ကံၾကမၼာဟာ ေနာက္ထပ္ဘယ္လိုေတြရွိလာဦးမလဲဆိုတာေတြကို ခုတင္ျပေပးခ်င္တာျဖစ္ပါတယ္။

တခ်ိဳ႕ဆိုေရာဂါျပင္းထန္စြာခံစားရၿပီး ေျမာေနတဲ့အခါမ်ိဳးေတြလည္း ရွိတတ္တာၾကားဖူးေတြ႕ဖူးခဲ့ၾကလိမ့္မယ္ထင္ပါတယ္။ အဲဒီလိုအျဖစ္အပ်က္ေတြမွာဆိုရင္ေတာ့ ေျမာေနသူမ်ားဟာေသဆံုးၿပီးသူပံုသ႑ာန္လကၡဏာမ်ိဳးမ်ားျပသတဲ့အတြက္ ေသၿပီဟုထင္မွတ္ၾကကာေျမျမွပ္ခဲ့ၾကေပမယ့္ ကံအေၾကာင္းမေကာင္းတဲ့သူေတြကေတာ့ အသက္ျပန္ရွင္လာဖို႔အခြင့္အေရးလံုး၀မရွိေတာ့ဘဲ မေသသင့္ဘဲေသခဲ့ရတဲ့သူေတြရွိခဲ့ၾကသလို ကံအေၾကာင္းေကာင္းလြန္းတဲ့သူေတြအေနနဲ႔ေတာ့ တစ္နည္းမဟုတ္တစ္နည္းႏွင့္ ကုသိုလ္ကံေလးကလည္းေကာင္းလြန္းတာေၾကာင့္ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ကို ေသရာမွျပန္ရွင္လာခဲ့ၾကတာမ်ိဳးေတြလည္း ၾကားဖူးခဲ့ၾကရပါတယ္။

photo credit: JoyfulPublic Speaking

ဒီလိုမ်ိဳးအျဖစ္ေတြကိုျဖစ္ပ်က္ၾကတဲ့ ေဘးဒုကၡမွေနအသက္ျပန္ရွင္လာခဲ့ရင္ေတာင္ လြတ္လမ္းရရွိေအာင္လို႔ဆိုတဲ့ ေစတနာျဖင့္ ၁၈၆၈ ခုႏွစ္၊ ၾသဂုတ္လ ၂၅ ရက္ေန႔ အဂၤလန္ႏိုင္ငံမွသုဘရာဇာနဲ႔ ေခါင္းတလားျပဳလုပ္ေရာင္းခ်သူ Franz vestor ဆိုသူဟာ လူတစ္ေယာက္ကိုျမွပ္ႏွံခ်ိန္တိုင္း သူ႔ရဲ႕ေခါင္းအတြင္းမွာ အသက္ရႈေပါက္၊ေျမျပင္ေပၚကို အခ်က္ျပႏိုင္တဲ့ေခါင္းေလာင္းေတြကိုပါ တစ္ပါတည္းျပဳလုပ္ၿပီး၊ သျဂႌဳဟ္ေစခဲ့တဲ့ျဖစ္ရပ္ေတြလည္းရွိခဲ့ဖူးေၾကာင္း အံံ့ၾသစြာသိရွိရပါတယ္။ ဒီလိုျပဳလုပ္ေရာင္းခ်ေပးျခင္းအားျဖင့္ ေသဆံုးၿပီးသြားတဲ့လူေသမ်ား၏၀ိညဥ္ဟာ ခႏၶာကိုယ္အတြင္းျပန္လည္၀င္လာႏိုင္ေအာင္ဆိုတဲ့ေစတနာႏွင့္ ျပဳလုပ္ထားတယ္လို႔အံ့ၾသစြာပဲသိရပါတယ္။

photo credit: Wikipedia

ဒီလိုမ်ိဳးျဖစ္ရပ္ေတြရွိခဲ့တယ္ဆိုတဲ့ သာဓကေတြကိုတင္ျပေပးရရင္ေတာ့ အင္မတန္မွစိတ္မေကာင္းစရာအျဖစ္မ်ားကို ေတြ႕ရမွာျဖစ္ပါတယ္။ လူသားေတြဟာ တမလြန္ဘ၀ရဲ႕ ျဖစ္ရပ္ေတြအေပၚ စိတ္၀င္စားမႈေတြမ်ားျပားလာခဲ့ၿပီး၊ ကြယ္လြန္ခဲ့တဲ့ အခ်ိန္ကာလအေပး ျပန္လည္ေရာက္ရွိႏိုင္မယ္လို႔ ယူဆတဲ့ သီအိုရီ အမ်ားအျပားေပၚေပါက္ခဲ့ဖူးတယ္လို႔သိရပါတယ္။ အဲဒီလိုေတြအတြက္ ေလ့လာသူေတြအေနႏွင့္ သိပၸံနည္းက်ေဆး၀ါးေတြအသံုးျပဳ၍ ေလ့လာမႈမ်ားျပဳလုပ္ခဲ့ၾကတယ္လို႔လည္းသိရျပန္ပါတယ္။

photo credit: Grand Ladies(Emma)

လူအရွင္လတ္လတ္ကိုေျမထဲထည့္ျမွပ္ၿပီး၊ တမလြန္ဘ၀အေၾကာင္းသိႏိုင္ဖို႔ႀကိဳးစားမႈေတြလည္းျဖစ္ခဲ့တယ္လို႔အ့ံၾသစြာသိရပါတယ္။ ေသဆံုးသူမ်ားအမွန္တကယ္ေသဆံုးျခင္းဟုတ္၊ မဟုတ္ဆိုတာကိုဆံုးျဖတ္သတ္မွတ္ေပးရတဲ့  ဆရာ၀န္ေတြရဲ႕ မွတ္ခ်က္ဟာလည္း တစ္ခါတေလ ကံမေကာင္းတဲ့ အခ်ိန္မ်ားနဲ႔ႀကံဳလာခဲ့ရင္ေတာ့ လူနာအေနႏွင့္ ေသၿပီးမွျပန္ရွင္လာတယ္ဆိုတဲ့အျဖစ္ေလးကိုေတာ့ ၁၈ ရာစုေလာက္က Edgcumbe ၿမိဳ႕စားကေတာ္ Emma ဟာေသဆံုးၿပီျဖစ္တယ္ဆိုတာကို ဆရာ၀န္ေတြ၏အတည္ျပဳခ်က္အရ သူုမကိုျမွပ္ႏွံသျဂႌဳဟ္ခဲ့ၿပီးမွ သုသာန္ေစာင့္၏ေလာဘေၾကာင့္ သူမ၏ဂူကိုေဖာက္ထြင္းၿပီးလက္၀တ္ရတနာမ်ားယူဖို႔ႀကိဳးစားခဲ့ရာမွာ သူမ၏လက္မွလက္စြပ္ကိုျဖဳတ္ယူရန္ ႀကိဳးစားခ်ိန္မွာပဲ မ်က္လံုးပြင့္လာခဲ့ကာ ေသရာမွျပန္ထလာခဲ့ရတယ္ဆိုတဲ့ ျဖစ္ရပ္ေတြေတာင္ရွိခဲ့တယ္လို႔သိရတဲ့အတြက္ အံ့ၾသလို႔မဆံုးႏိုင္ေအာင္ျဖစ္ရပါတယ္။

photo credit: Steemit(Angelo hays)

အဲဒီလိုမ်ိဳးအျဖစ္အတိုင္း  ၁၉၃၇ ခုႏွစ္ေလာက္မွာ ျပင္သစ္လူငယ္တီထြင္သူတစ္ဦးျဖစ္တဲ့ Angelo hays ဟာ ေမာ္ေတာ္ဆိုင္ကယ္စီးနင္းရင္း မေတာ္တဆထိခိုက္မႈျဖစ္ပြားခဲ့ၿပီးေနာက္ ဆရာ၀န္ရဲ႕ေဆးစစ္ခ်က္အရေသဆံုးၿပီျဖစ္ေၾကာင္း အတည္ျပဳခဲ့တာေၾကာင့္ ျမွပ္ႏွံသျဂႌဳဟ္မႈျပဳခဲ့ေပမယ့္ သူ၏ကံတရားက ျပန္လည္ရွင္သန္ဖို႔ျဖစ္လာခဲ့တာကေတာ့ အေဖျဖစ္သူမွသားအတြက္အသက္အာမခံထားထားမႈေၾကာင့္ ထုတ္ယူဖို႔အတြက္ အမွန္တကယ္ေသဆံုးတာဟုတ္မဟုတ္စစ္ေဆးဖို႔ရန္ျဖစ္လာခဲ့တဲ့အတြက္ အေလာင္းကိုျပန္တူးဖို႔ျဖစ္လာခဲ့တာဟာ သူအသက္ျပန္ရွင္လာဖို႔ အခြင့္အေရးျဖစ္ခဲ့တယ္ဆိုတာေလးသိရပါတယ္။ျပန္လည္တူးေဖာ္ခ်ိန္မွာေတာ့ သူ၏ခႏၶာကိုယ္ဟာေႏြးေနေသးၿပီး မေသဘဲေမ့ေျမာေနတာလို႔သိရပါတယ္။ ကံၾကမၼာအေျပာင္းအလဲဟာ သူ႕ဘက္မွာရွိေနတယ္လို႔တြက္လို႔ရပါတယ္။ သူ၏ျဖစ္စဥ္ကိုေထာက္ရႈကာ ထူးဆန္းတဲ့ေခါင္းတလားေတြကို တီထြင္ေရာင္းခ်ခဲ့ေၾကာင္းသိရပါတယ္။ အသက္ရႈႏိုင္တဲ့ျပြန္၊ အိမ္သာစနစ္၊ ေရဒီယိုစနစ္ေတြနဲ႔ေျမျပင္ထက္ကို အခ်က္ေပးႏိုင္တဲ့ေခါင္းေလာင္းစနစ္ေတြကိုပါ ဒီဇိုင္းဆြဲတည္ေဆာက္ခဲ့တယ္လို႔သိရပါတယ္။

(Unicode Version)

မရဏလမ်းမှ အပြန်လမ်း

ခေါင်းစဉ်ကိုမြင်ပြီးဖတ်ချင်စိတ်တွေတဖွားဖွားဖြစ်နေကြမယ်လို့ထင်ပါတယ်။  မိတ်ဆွေတို့လည်း ကြားဖူးမြင်ဖူးကြမယ်လို့လည်း ထင်ပါတယ်။ ဒါတွေဟာတကယ်ကိုရှိနေတတ်တဲ့အဖြစ်အပျက်မျိုးတွေဆိုတာကို အခုတင်ပြပေးချင်တဲ့အကြောင်းလေးတွေနဲ့ တိုက်ဆိုင်မှုလေးတွေကိုဖတ်ကြည့်လိုက်ရင်တော့ သနားစရာအဖြစ်လေးတွေနဲ့အတူ ကံကြမ္မာအလှည့်အပြောင်းရဲ့ မျက်လှည့်ပြကွက်တွေထဲမှာလည်း လူတွေဟာဘယ်လိုအသက်ရှင်နေထိုင် နေရလဲဆိုတာတွေကို သိရှိရမှာဖြစ်ပါတယ်။  သေဆုံးသူများအနေနဲ့ရောဂါကြောင့်ပဲဖြစ်ဖြစ်၊ အသက်ကြီးလို့ပဲဖြစ်ဖြစ်သေဆုံးခဲ့ရတယ်ဆိုရင် ပြသနာမရှိနိုင်ပေမယ့် လူတစ်ယောက်အနေနှင့် အသက်ရှင်လျက်မြှပ်နှံခံရပြီးသေဆုံးခဲ့ရတာမျိုးတွေဆိုရင်တော့ အဲဒီလူတစ်ယောက်အနေနှင့် သူ့ကံကြမ္မာဟာ နောက်ထပ်ဘယ်လိုတွေရှိလာဦးမလဲဆိုတာတွေကို ခုတင်ပြပေးချင်တာဖြစ်ပါတယ်။

တချို့ဆိုရောဂါပြင်းထန်စွာခံစားရပြီး မြောနေတဲ့အခါမျိုးတွေလည်း ရှိတတ်တာကြားဖူးတွေ့ဖူးခဲ့ကြလိမ့်မယ်ထင်ပါတယ်။ အဲဒီလိုအဖြစ်အပျက်တွေမှာဆိုရင်တော့ မြောနေသူများဟာသေဆုံးပြီးသူပုံသဏ္ဍာန်လက္ခဏာမျိုးများပြသတဲ့အတွက် သေပြီဟုထင်မှတ်ကြကာမြေမြှပ်ခဲ့ကြပေမယ့် ကံအကြောင်းမကောင်းတဲ့သူတွေကတော့ အသက်ပြန်ရှင်လာဖို့အခွင့်အရေးလုံးဝမရှိတော့ဘဲ မသေသင့်ဘဲသေခဲ့ရတဲ့သူတွေရှိခဲ့ကြသလို ကံအကြောင်းကောင်းလွန်းတဲ့သူတွေအနေနဲ့တော့ တစ်နည်းမဟုတ်တစ်နည်းနှင့် ကုသိုလ်ကံလေးကလည်းကောင်းလွန်းတာကြောင့် အကြောင်းအမျိုးမျိုးနဲ့ကို သေရာမှပြန်ရှင်လာခဲ့ကြတာမျိုးတွေလည်း ကြားဖူးခဲ့ကြရပါတယ်။

ဒီလိုမျိုးအဖြစ်တွေကိုဖြစ်ပျက်ကြတဲ့ ဘေးဒုက္ခမှနေအသက်ပြန်ရှင်လာခဲ့ရင်တောင် လွတ်လမ်းရရှိအောင်လို့ဆိုတဲ့ စေတနာဖြင့် ၁၈၆၈ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ အင်္ဂလန်နိုင်ငံမှသုဘရာဇာနဲ့ ခေါင်းတလားပြုလုပ်ရောင်းချသူ Franz vestor ဆိုသူဟာ လူတစ်ယောက်ကိုမြှပ်နှံချိန်တိုင်း သူ့ရဲ့ခေါင်းအတွင်းမှာ အသက်ရှုပေါက်၊မြေပြင်ပေါ်ကို အချက်ပြနိုင်တဲ့ခေါင်းလောင်းတွေကိုပါ တစ်ပါတည်းပြုလုပ်ပြီး၊ သြင်္ဂီုဟ်စေခဲ့တဲ့ဖြစ်ရပ်တွေလည်းရှိခဲ့ဖူးကြောင်း အံံ့သြစွာသိရှိရပါတယ်။ ဒီလိုပြုလုပ်ရောင်းချပေးခြင်းအားဖြင့် သေဆုံးပြီးသွားတဲ့လူသေများ၏ဝိညဉ်ဟာ ခန္ဓာကိုယ်အတွင်းပြန်လည်ဝင်လာနိုင်အောင်ဆိုတဲ့စေတနာနှင့် ပြုလုပ်ထားတယ်လို့အံ့သြစွာပဲသိရပါတယ်။

ဒီလိုမျိုးဖြစ်ရပ်တွေရှိခဲ့တယ်ဆိုတဲ့ သာဓကတွေကိုတင်ပြပေးရရင်တော့ အင်မတန်မှစိတ်မကောင်းစရာအဖြစ်များကို တွေ့ရမှာဖြစ်ပါတယ်။ လူသားတွေဟာ တမလွန်ဘဝရဲ့ ဖြစ်ရပ်တွေအပေါ် စိတ်ဝင်စားမှုတွေများပြားလာခဲ့ပြီး၊ ကွယ်လွန်ခဲ့တဲ့ အချိန်ကာလအပေး ပြန်လည်ရောက်ရှိနိုင်မယ်လို့ ယူဆတဲ့ သီအိုရီ အများအပြားပေါ်ပေါက်ခဲ့ဖူးတယ်လို့သိရပါတယ်။ အဲဒီလိုတွေအတွက် လေ့လာသူတွေအနေနှင့် သိပ္ပံနည်းကျဆေးဝါးတွေအသုံးပြု၍ လေ့လာမှုများပြုလုပ်ခဲ့ကြတယ်လို့လည်းသိရပြန်ပါတယ်။  လူအရှင်လတ်လတ်ကိုမြေထဲထည့်မြှပ်ပြီး၊ တမလွန်ဘဝအကြောင်းသိနိုင်ဖို့ကြိုးစားမှုတွေလည်းဖြစ်ခဲ့တယ်လို့အံ့သြစွာသိရပါတယ်။ သေဆုံးသူများအမှန်တကယ်သေဆုံးခြင်းဟုတ်၊ မဟုတ်ဆိုတာကိုဆုံးဖြတ်သတ်မှတ်ပေးရတဲ့  ဆရာဝန်တွေရဲ့ မှတ်ချက်ဟာလည်း တစ်ခါတလေ ကံမကောင်းတဲ့ အချိန်များနဲ့ကြုံလာခဲ့ရင်တော့ လူနာအနေနှင့် သေပြီးမှပြန်ရှင်လာတယ်ဆိုတဲ့အဖြစ်လေးကိုတော့ ၁၈ ရာစုလောက်က Edgcumbe မြို့စားကတော် Emma ဟာသေဆုံးပြီဖြစ်တယ်ဆိုတာကို ဆရာဝန်တွေ၏အတည်ပြုချက်အရ သူုမကိုမြှပ်နှံသြင်္ဂီုဟ်ခဲ့ပြီးမှ သုသာန်စောင့်၏လောဘကြောင့် သူမ၏ဂူကိုဖောက်ထွင်းပြီးလက်ဝတ်ရတနာများယူဖို့ကြိုးစားခဲ့ရာမှာ သူမ၏လက်မှလက်စွပ်ကိုဖြုတ်ယူရန် ကြိုးစားချိန်မှာပဲ မျက်လုံးပွင့်လာခဲ့ကာ သေရာမှပြန်ထလာခဲ့ရတယ်ဆိုတဲ့ ဖြစ်ရပ်တွေတောင်ရှိခဲ့တယ်လို့သိရတဲ့အတွက် အံ့သြလို့မဆုံးနိုင်အောင်ဖြစ်ရပါတယ်။

အဲဒီလိုမျိုးအဖြစ်အတိုင်း  ၁၉၃၇ ခုနှစ်လောက်မှာ ပြင်သစ်လူငယ်တီထွင်သူတစ်ဦးဖြစ်တဲ့ Angelo hays ဟာ မော်တော်ဆိုင်ကယ်စီးနင်းရင်း မတော်တဆထိခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဆရာဝန်ရဲ့ဆေးစစ်ချက်အရသေဆုံးပြီဖြစ်ကြောင်း အတည်ပြုခဲ့တာကြောင့် မြှပ်နှံသြင်္ဂီုဟ်မှုပြုခဲ့ပေမယ့် သူ၏ကံတရားက ပြန်လည်ရှင်သန်ဖို့ဖြစ်လာခဲ့တာကတော့ အဖေဖြစ်သူမှသားအတွက်အသက်အာမခံထားထားမှုကြောင့် ထုတ်ယူဖို့အတွက် အမှန်တကယ်သေဆုံးတာဟုတ်မဟုတ်စစ်ဆေးဖို့ရန်ဖြစ်လာခဲ့တဲ့အတွက် အလောင်းကိုပြန်တူးဖို့ဖြစ်လာခဲ့တာဟာ သူအသက်ပြန်ရှင်လာဖို့ အခွင့်အရေးဖြစ်ခဲ့တယ်ဆိုတာလေးသိရပါတယ်။ပြန်လည်တူးဖော်ချိန်မှာတော့ သူ၏ခန္ဓာကိုယ်ဟာနွေးနေသေးပြီး မသေဘဲမေ့မြောနေတာလို့သိရပါတယ်။ ကံကြမ္မာအပြောင်းအလဲဟာ သူ့ဘက်မှာရှိနေတယ်လို့တွက်လို့ရပါတယ်။ သူ၏ဖြစ်စဉ်ကိုထောက်ရှုကာ ထူးဆန်းတဲ့ခေါင်းတလားတွေကို တီထွင်ရောင်းချခဲ့ကြောင်းသိရပါတယ်။ အသက်ရှုနိုင်တဲ့ပြွန်၊ အိမ်သာစနစ်၊ ရေဒီယိုစနစ်တွေနဲ့မြေပြင်ထက်ကို အချက်ပေးနိုင်တဲ့ခေါင်းလောင်းစနစ်တွေကိုပါ ဒီဇိုင်းဆွဲတည်ဆောက်ခဲ့တယ်လို့သိရပါတယ်။