ဈေးနှုန်း ၄၀၇ ဒေါ်လာနဲ့ စတင်ရောင်းချလိုက်တဲ့ SAMSUNG GALAXY A8S
unicode
ကိုရီးယား စမတ်ဖုန်း ထုတ်လုပ်သူ Samsung အနေနဲ့ punch-hole camera နဲ့ဖုန်းလို့ဆိုနိုင်မယ့် Galaxy A8s ဖုန်းကို မိတ်ဆက်ပြသထားပါတယ်။ အခုတော့ အဲ့ဒီဖုန်းရဲ့ဈေးနှုန်းတွေ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Galaxy A8s ဖုန်းရဲ့ (6GBRAM +128GB version) ကို ယွမ် 2799 ($407) နဲ့ရောင်းချမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ပိုင်းအတွက်တော့ 6.4 လက်မနဲ့ဖြစ်ပြီး ရှေ့ကင်မရာနေရာလေးကတော့ 6.7mm wide သုံးထားပါတယ်။ 1080 x 2340 pixels မှာခပ်ရှည်ရှည် 19.5:9 aspect ratio ဖြစ်တာကြောင့် ဘေးဘောင်လေးတွေကအရမ်းကို slim ဖြစ်နေပါလိမ့်မယ်။
Super AMOLED လို့ မပြောတဲ့ အတွက် LCD IPS ဖြစ်နိုင်ပါတယ်။ ယခင်ထွက်ခဲ့တဲ့ သတင်းအတိုင်း BOE က ထုတ်လုပ်ပေးထားတာ ဖြစ်နိုင်ပါတယ်။ ကင်မရာပိုင်းမှာတော့ နောက်ကျောဘက်မှာ ၃လုံးတပ်ဆင်ထားပြီး 24MP( f/1.7 aperture) + 10MP telephoto lens( f/2.4) + 5MP depth sensing (f/2.2 aperture) ကိုသုံးထားပါတယ်။အရှေ့ဘက်ကင်မရာကတော့ 24MP ( f/2.0 aperture ) နဲ့ဖြစ်ပါတယ်။ သူ့မှာ စွမ်းဆောင်ရည်ပိုင်းအတွက် Snapdragon 710 chipset ကိုသုံးထားပြီး 6 (သို့) 8GB RAM နဲ့ရွေးချယ်နိုင်မှာပါ။
အချက်အလက်သိုလှောင်နိုင်စွမ်းကတော့ 128GB နဲ့ဖြစ်ပြီး microSD card ကနေ 512GB အထိတိုးမြင့်နိုင်မှာပါ။ လက်ဗွေဖတ်ဆင်ဆာကိုတော့ ကင်မရာတွေရဲ့ ဘေးဘက်မှာ တပ်ဆင်ထားပါတယ်။ ဘက်ထရီစွမ်းအား 3,400 mAh နဲ့ဖြစ်ပြီး USB-C ထောက်ပံ့မှုမှာ Android 8.1 Oreo ကိုတပါတည်း သုံးနိုင်မှာပါ။ Blue, Gray နဲ့ Green ဆိုပြီး အရောင်၃မျိုး ထုတ်လုပ်ထားပါတယ်။ တရုတ်မှာ ဒီဇင်ဘာလ ၂၁ ရက်ကစပြီး ကြိုတင်မှာယူထားသူတွေအနေနဲ့ကတော့ 2699 ယွမ် ($392) နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။
Network
Technology
-
LAUNCH
Announced
-
Status
-
DESIGN
Dimensions
-
Weight
-
Build
-
SIM
-
Colors
-
Display
Type
-
Size
-
Resolution
-
Protection
-
PLATFORM
Os
-
Chipset
-
PROCESSOR
CPU
-
GPU
-
MEMORY
RAM
-
STORAGE
Internal
-
External
-
CAMERA
Rear
-
Features
-
Video
-
Front Camera
-
Selfie Tech
-
BATTERY
Type
-
Time
-
FEATURES
Sensor
-