Screen Fingerprint နည်းပညာသုံးလာမယ်ဆိုတဲ့ Nokia 9 PureView
Image result for Nokia 9 PureView
unicode
ယနေ့မနက်ပိုင်းမှာတော့ လူကြိုက်များတဲ့ Twitter စတား Evan Blass ဆီကနေ Nokia 9 PureView ဖုန်းနဲ့ ပတ်သတ်တဲ့ ဓာတ်ပုံထွက်ရှိလာပါတယ်။ အဲ့ဒီပုံမှာ Nokia 9 PureView ဖုန်းရဲ့ ဒီဇိုင်းပိုင်းကို တွေ့မြင်လိုက်ရပြီး double-sided glass နဲ့ metal mid-frame design ဖြစ်နေပါတယ်။ နောက်ကျောဘက်မှာတော့ ယခင်ထွက်ခဲ့သမျှ သတင်းတွေအတိုင်း ကင်မရာ ၅လုံးတပ်ဆင်ထားပါတယ်။ Zeiss logo ကိုထိပ်ဆုံး ကင်မရာရဲ့ အောက်ဘက်မှာ တွေ့ရမှာပါ။
ဒီနေ့အတွက်အဓိကထွက်ပေါ် ပေါက်ကြားမှုလို့ ဆိုနိုင်တာကတော့ ဒီဖုန်းမှာ Screen Fingerprint နည်းပညာသုံးလာမယ်ဆိုတာပါ။ ဘာကြောင့်လဲဆိုရင် ဓာတ်ပုံအရ ဖုန်းရဲ့အရှေ့ဘက် display မှာ လက်ဗွေပုံစံလေးကို တွေ့လိုက်ရလို့ပါ။ Nokia 9 PureView ဖုန်းဟာ 5.9-inch full screen နဲ့ဖြစ်ပြီး 18:9 အချိုးနဲ့ ကိုယ်ထည်အရွယ်အစားကတော့ 155 x 75 x 7.9 (mm) ဖြစ်လာမယ်လို့ သိရပါတယ်။
အစောပိုင်းထွက်ထားတဲ့ သတင်းတွေအရ ဒီဖုန်းမှာ Snapdragon 845 SoC ကိုသာတပ်ဆင်ထားမှာ ဖြစ်ပြီး 8GB RAM နဲ့ဖြစ်မှာပါ။ 4,150 mAh ဘက်ထရီစွမ်းအား၊ Android 9 Pie ပါဝါစွမ်းအားနဲ့အတူ ကင်မရာတွေကို အ ဝိုင်းသဏ္ဍာန်လှည့်ပတ် ထည့်ထားပေးမှာပါ။ ကင်မရာတွေရဲ့ လုပ်ဆောင်ချက်အနေနဲ့ အဓိက ကင်မရာမှာ RGB နဲ့ဖြစ်ပြီး ၊ wide-angle, tele, monochrome, depth sensor နဲ့အတူ dual-tone LED flash သုံးနိုင်မယ်လို့ သိရပါတယ်။
Network
Technology
-
LAUNCH
Announced
-
Status
-
DESIGN
Dimensions
-
Weight
-
Build
-
SIM
-
Colors
-
Display
Type
-
Size
-
Resolution
-
Protection
-
PLATFORM
Os
-
Chipset
-
PROCESSOR
CPU
-
GPU
-
MEMORY
RAM
-
STORAGE
Internal
-
External
-
CAMERA
Rear
-
Features
-
Video
-
Front Camera
-
Selfie Tech
-
BATTERY
Type
-
Time
-
FEATURES
Sensor
-