SNAPDRAGON 710 သုံးထားတဲ့ NEX DUAL DISPLAY ကိုပြုလုပ်နေတဲ့ VIVO
Related image
Related image
unicode
လွန်ခဲ့တဲ့ ရက်သတ္တပတ်အကြာလောက်က Vivo အနေနဲ့ Nex Dual display ကိုမိတ်ဆက်ခဲ့တာကို တွေ့ရမှာပါ။ အဲ့ဒီစမတ်ဖုန်းဟာ ပါဝါစွမ်းအားပိုင်းအတွက် SD 845 SoC ကိုသုံးထားပါတယ်။ အခုတော့ တရုတ်စမတ်ဖုန်း ထုတ်လုပ်သူအနေနဲ့ ဈေးအနည်းသက်သာတဲ့ NEX DUAL DISPLAY စမတ်ဖုန်းကို ထုတ်လုပ်ဖို့ ပြင်ဆင်နေပါပြီ။ အဲ့ဒီစမတ်ဖုန်းမှာတော့ ပရိုဆက်ဆာပိုင်းအတွက် SNAPDRAGON 710 ကိုသာ သုံးလာတော့မှာ ဖြစ်ပါတယ်။
VIVO NEX Dual တန်ဘိုးနည်းဖုန်းလို့ ထင်ရတဲ့ အချက်အလက်တွေဟာ တရုတ်လူမှုကွန်ရက် ဝီဘိုမှာ ထွက်ရှိလာပါတယ်။ မော်ဒယ်နံပတ်အနေနဲ့ V1820A နဲ့ Vivo V1820T တို့ဖြစ်ပါတယ်။ ဒါဟာ မျိုးကွဲ VIVO NEX Dual display ဖုန်းဖြစ်ဖို့ သေချာနေပါတယ်။ မူလ VIVO NEX Dual display ဖုန်းနဲ့ အချက်အလက် အများစုတူညီနိုင်ပြီး ပရိုဆက်ဆာပိုင်းမှာသာ ကွဲပြားသွားနိုင်ခြေ ရှိပါတယ်။ မူလ VIVO NEX Dual display မှာတော့ အရှေ့ဘက်က မျက်နှာပြင်ဟာ ဘောင်ပျောက် ဒီဇိုင်းဖြစ်ပြီး ၆.၃၉ လက်မ ဖြစ်ပါတယ်။ သူဟာ Super AMOLED Display ဖြစ်ပြီး Resolution မှာ 1080x2340p ဖြစ်ပါတယ်။
အနောက်ဘက်မှ မျက်နှာပြင်ဟာ Super AMOLED ဖြစ်ပြီး ၅.၄၉ လက်မ ဖြစ်ပါတယ်။ Snapdragon 845 Chipset , 10GB RAM , 128GB Storage များ ပါပါတယ်။ အနောက်ဘက်မှာ OIS ပါတဲ့ 12MP Main Camera နဲ့အတူ 2MP Depth Sensing ကင်မရာ ပါပါတယ်။ တတိယ ကင်မရာမှာတော့ Face Unlock ကို ပိုမိုလျှင်မြန်စေဖို့ အတွက် Time of Flight (ToF) ကို ထည့်သွင်းထားပါတယ်။ 3500mAh Battery ပါပြီး လျှင်မြန်စွာ အားသွင်းစနစ် ထည့်ထားပါတယ်။ Android 9.0 Pie အခြေပြု Funtouch OS 4.5 ပါပါတယ်။
Network
Technology
-
LAUNCH
Announced
-
Status
-
DESIGN
Dimensions
-
Weight
-
Build
-
SIM
-
Colors
-
Display
Type
-
Size
-
Resolution
-
Protection
-
PLATFORM
Os
-
Chipset
-
PROCESSOR
CPU
-
GPU
-
MEMORY
RAM
-
STORAGE
Internal
-
External
-
CAMERA
Rear
-
Features
-
Video
-
Front Camera
-
Selfie Tech
-
BATTERY
Type
-
Time
-
FEATURES
Sensor
-