Digital Marketer ေတြအတြက္ Audience ေညာင္းျခင္းကို ဘယ္လိုေက်ာ္လႊားမလဲ

0
119

Audience ေညာင္းျခင္း (Audience Fatigue) ဆိုတာက ကိုယ့္ရဲ႕ေၾကာ္ျငာကို ဒီလူေတြကပဲ ထပ္ခါထပ္ခါျမင္ေနတာကို ေျပာတာပါ။ ကိုယ္က Facebook မွာ ေၾကာ္ျငာတဲ့အခ်ိန္ကိုယ့္ရဲ႕ကုန္ပစၥည္းနဲ႔ကိုက္ညီတဲ့ Targeting Option ေ႐ြးၿပီး Campaign ေတြ run တဲ့အခါ သိပ္မသိသာေပမယ့္အခ်ိန္ ၆ လ၊ ၁ ႏွစ္ၾကာတဲ့အခ်ိန္မွာေတာ့ ေတာ္ေတာ္သိသာလာပါတယ္။ ေနာက္တစ္ခုကေၾကာ္ျငာတစ္ခုကိုအခ်ိန္ၾကာၾကာ run တဲ့အခ်ိန္မ်ိဳးမွာ ျမင္တာမ်ားလာၿပီး တုံ႔ျပန္မႈမရွိေတာ့တဲ့ အခ်က္ပါ။ ဒီလိုမ်ိဳးျပႆနာကို Digital Marketer ေပါက္စေတြနဲ႔ ကိုယ့္လုပ္ငန္းအတြက္သင္တန္းတက္ၿပီး Boost လုပ္ၾကတဲ့အေသးစားနဲ႔ အလတ္စားလုပ္ငန္းရွင္ေတြ အမ်ားဆုံးႀကဳံေတြ႕ေလ့ရွိတတ္ပါတယ္။ ဒါဆိုရင္ ဒီလိုျပႆနာကို ဘယ္လိုေက်ာ္လႊားလို႔ ရႏိုင္ပါမလဲ။

Reach Objective ထားပါ

Facebook မွာ Reach Campaign ရဲ႕ Objective က လူအမ်ား ႀကီးဆီေရာက္ဖို႔အတြက္ ဦးတည္ပါတယ္။ Conversion တို႔လို Objective ေတြကေတာ့ ကိုယ့္ဆီက၀ယ္ယူႏိုင္ေျခအမ်ားဆုံးလူေတြဆီကိုပဲ ပို႔ေပးတာေၾကာင့္ကိုယ္က Audience ကို ထပ္မဆန္႔ထုတ္ႏိုင္ရင္ ေဘာင္က်ဥ္းသြားပါမယ္။ လူအမ်ားႀကီးဆီေရာက္ေအာင္ပို႔ေပးတဲ့ Reach Campaign ေတြကေတာ့ ေဘာင္က်ယ္တဲ့အျပင္ Impression ကိုလည္းထိန္းႏိုင္ပါတယ္။ Tracking နည္းလမ္းေတြသုံးၿပီး ျမင္ၿပီးသားလူေတြကိုဖယ္ထုတ္ၿပီး ထပ္ေၾကာ္ျငာမယ္ဆိုရင္ေတာ့ Fatigue ျဖစ္ႏိုင္ေျခအရမ္းနည္းသြားပါၿပီ။

Frequency Cap သတ္မွတ္ပါ

Reach Campaign run တဲ့အခါ Frequency Cap က အသက္တမွ်အေရးႀကီးပါတယ္။ Frequency Cap ဆိုတာက ကိုယ္ေ႐ြးခ်ယ္ထားတဲ့ Audience ေတြကို ေၾကာ္ျငာအႀကိမ္ေရဘယ္ေလာက္ပဲျပမလဲဆိုတာကို ကန္႔သတ္တာပါ။ Frequency Cap ကို Ad Set level ထဲက Optimization for Ad Delivery ထဲမွာ ၀င္သတ္မွတ္ေပးလို႔ရပါတယ္။ Impression/week , Impression/person ေတြနဲ႔သတ္မွတ္ေပးလိုက္ရင္ Audience Fatigue မျဖစ္ေအာင္တားဆီးေပးႏိုင္ပါလိမ့္မယ္။

ေၾကာ္ျငာမွာ အျခားအရာေတြပါ တြဲထည့္ပါ

Quality ေကာင္းတဲ့ Content ေတြကေသြးေအးေနတဲ့ပရိသတ္ေတြကို ႏႈိးဆြေပးႏိုင္ၿပီး Ads Fatigue ကိုျဖစ္ေနရင္ေတာင္မွ Result ေကာင္းႏိုင္ပါတယ္။ ကိုယ့္ရဲ႕ကုန္ပစၥည္းအေၾကာင္းႀကီးပဲ ေၾကာ္ျငာတဲ့ပုံစံကေန လူေတြရဲ႕လိုအပ္ခ်က္ကို ကိုယ့္ရဲ႕ကုန္ပစၥည္းက ဘယ္လိုျဖည့္ဆည္းေပးႏိုင္တဲ့အေၾကာင္းကို အဓိကထားပါ။ ပ႐ိုမိုးရွင္းမဟုတ္တဲ့ ေၾကာ္ျငာေတြမွာဆိုရင္ ဒီနည္းလမ္းကတာ္ေတာ္ႀကီးအသုံး၀င္ပါတယ္။

Ad ကိုဆန္းသစ္တီထြင္ပါ

Facebook Ad ဖန္တီးမႈမွာ image, text, headline ဆိုၿပီး element ေတြပါပါတယ္။ ဒီ element ေတြကိုအေသမထားဘဲ ေျပာင္းလဲေပးျခင္းကလည္း ထိေရာက္ပါတယ္။ ေၾကာ္ျငာပုံစံအသစ္မဟုတ္ေပမယ့္ဆန္းသစ္တဲ့ အျမင္မ်ိဳးျဖစ္ေအာင္ေၾကာ္ျငာကို ေျပာင္းလဲေပးတဲ့သေဘာမ်ိဳးပါပဲ။ အထူးသျဖင့္ ေၾကာ္ျငာကို တစ္လလုံး run တဲ့အခ်ိန္မ်ိဳးမွာ ထိေရာက္ပါတယ္။

Ad Format ကိုေျပာင္းပါ

Facebook မွာ ေၾကာ္ျငာလို႔ရႏိုင္တဲ့ Ad Format ေတြအမ်ားႀကီးပဲရွိပါတယ္။ အဲဒီထဲမွာမွ အမ်ားဆုံးသုံးၾကတာကေတာ့ ပုံနဲ႔စာနဲ႔ပါ။ တကယ္ဆိုရင္ Ad Format ေတြကို စုံလင္ေအာင္လွည့္လည္သုံးစြဲသင့္ပါတယ္။ အေကာင္းဆုံးကေတာ့ Video Ad Format ပါ။ အဲဒီလိုလွည့္သုံးေပးရင္ Audience ေညာင္းေတာ့မွာ မဟုတ္ပါဘူး။

ကိုယ့္ရဲ႕ကုန္ပစၥည္းနဲ႔ ၀န္ေဆာင္မႈကိုေျပာင္းေျပာင္းေၾကာ္ျငာေပးပါ

ဒါက ကုန္ပစၥည္း (သို႔) ၀န္ေဆာင္မႈတစ္မ်ိဳးပဲရွိတဲ့လုပ္ငန္းေတြအတြက္ေတာ့ အဆင္ေျပမွာမဟုတ္ပါဘူး။ E-commerce လိုလုပ္ငန္းမ်ိဳးေတြအတြက္ေတာ့ ေတာ္ေတာ္ႀကီးအသုံး၀င္သလိုလက္ရွိ Facebook ေပၚမွာ Marketer ေတြအသုံးအမ်ားဆုံးေၾကာ္ျငာပုံစံလည္းျဖစ္ပါတယ္။ ေရာင္းအားေကာင္းေနတဲ့ကုန္ပစၥည္းရဲ႕ ေၾကာ္ျငာကိုရပ္တန္႔တာမ်ိဳးမဟုတ္ဘဲကိုယ္ရဲ႕ကုန္ပစၥည္း (သို႔) ၀န္ေဆာင္မႈေတြကို Range တစ္ခုနဲ႔ ေျပာင္းေျပာင္းေၾကာ္ျငာေပးတဲ့ပုံစံကို ေျပာတာပါ။

အားလပ္ရက္ကို ထင္ဟပ္မယ့္ေၾကာ္ျငာမ်ိဳးကိုဖန္တီးပါ

အားလပ္ရက္ကို ထပ္ဟပ္တဲ့ေၾကာ္ျငာေတြကပိုၿပီးေတာ့ Relevant ျဖစ္သလို ရလဒ္လည္းေကာင္းတတ္ပါတယ္။ တခ်ိဳ႕လုပ္ငန္းေတြအတြက္ဆိုရင္ ဒီလိုေၾကာ္ျငာမ်ိဳးက အသက္တမွ်အေရးပါပါတယ္။ ROI နဲ႔ခ်ိန္ၿပီး ဒီလိုမ်ိဳးအခ်ိန္ကိုက္ေၾကာ္ျငာတတ္ဖို႔ကလည္း အေရးႀကီးပါတယ္။

Lookalike Audience ေတြဖန္တီးၿပီး ေၾကာ္ျငာပါ

Facebook ရဲ႕ Audience Section မွာဆိုရင္ Save Audience, Custom Audience နဲ႔ Lookalike Audience ဆိုၿပီးရွိပါတယ္။ တကယ္လို႔ကိုယ္ Target ထားတဲ့ Audience ေတြက တျဖည္းျဖည္းေညာင္းလာၿပီ Audience Fatigue ျဖစ္လာၿပီဆိုရင္ေတာ့ Lookalike Audience သုံးၿပီးေၾကာ္ျငာေပးသင့္ပါတယ္။ Lookalike Audience ဆိုတာက လက္ရွိကိုယ္ေ႐ြးခ်ယ္ထားတဲ့ Audience Group နဲ႔ ဆင္တူတဲ့ Behavior ရွိတဲ့ Audience ကိုေျပာတာျဖစ္ပါတယ္။

Retargeting Campaign အေပၚ Budget နည္းနည္းပဲသုံးပါ

Audience ေညာင္းျခင္း (Audience Fatigue) ျဖစ္တဲ့အဓိက အေၾကာင္းအရင္းေတြထဲမွာ Retargeting Campaign ေတြကထိပ္ဆုံးကပါပါတယ္။ အရင္ဆုံး Retargeting မလုပ္ခင္ Audience အရြယ္အစားကိုတြက္ထုတ္ၿပီး လက္ရွိ Campaign ေတြအေပၚ Audience Overlap နဲ႔တြက္ထုတ္သင့္ပါတယ္။ ၿပီးရင္ေတာ့ အမာခံပရိသတ္ေတြကိုပဲ Budget နည္းနည္းနဲ႔ Retargeting လုပ္သင့္ပါတယ္။

(Ben Health & JU 9 Ways to Avoid Facebook Ad Fatigue Among Your Target Audience ေဆာင္းပါးကို မွီျငမ္းေရးသားပါတယ္။)

မင္းသုခ

(Unicode Version)

“Digital Marketer တွေအတွက် Audience ညောင်းခြင်းကို ဘယ်လိုကျော်လွှားမလဲ”

Audience ညောင်းခြင်း (Audience Fatigue) ဆိုတာက ကိုယ့်ရဲ့ ကြော်ငြာကို ဒီလူတွေကပဲ ထပ်ခါထပ်ခါမြင်နေတာကို ပြောတာပါ။ ကိုယ်က Facebook မှာ ကြော်ငြာတဲ့အချိန် ကိုယ့်ရဲ့ကုန်ပစ္စည်းနဲ့ ကိုက်ညီတဲ့ Targeting Option ရွေးပြီး Campaign တွေ run တဲ့အခါ သိပ်မသိသာပေမယ့် အချိန် ၆ လ၊ ၁ နှစ်ကြာတဲ့ အချိန်မှာတော့ တော်တော်သိသာလာပါတယ်။ နောက်တစ်ခုက ကြော်ငြာတစ်ခုကို အချိန်ကြာကြာ run တဲ့အချိန်မျိုးမှာ မြင်တာများလာပြီး တုံ့ပြန်မှုမရှိတော့တဲ့ အချက်ပါ။ ဒီလိုမျိုးပြဿနာကို Digital Marketer ပေါက်စတွေနဲ့ ကိုယ့်လုပ်ငန်းအတွက် သင်တန်းတက်ပြီး Boost လုပ်ကြတဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်တွေ အများဆုံးကြုံတွေ့လေ့ရှိတတ်ပါတယ်။ ဒါဆိုရင် ဒီလိုပြဿနာကို ဘယ်လိုကျော်လွှားလို့ ရနိုင် ပါမလဲ။

1. Reach Objective ထားပါ။

Facebook မှာ Reach Campaign ရဲ့ Objective က လူအများ ကြီးဆီရောက်ဖို့အတွက် ဦးတည်ပါတယ်။ Conversion တို့လို Objective တွေကတော့ ကိုယ့်ဆီကဝယ်ယူနိုင်ခြေအများဆုံးလူတွေဆီကိုပဲ ပို့ပေး တာကြောင့် ကိုယ်က Audience ကို ထပ်မဆန့်ထုတ်နိုင်ရင် ဘောင်ကျဉ်းသွားပါမယ်။ လူအများကြီးဆီရောက်အောင် ပို့ပေးတဲ့ Reach Campaign တွေကတော့ ဘောင်ကျယ်တဲ့အပြင် Impression ကိုလည်းထိန်းနိုင်ပါတယ်။ Tracking နည်းလမ်းတွေသုံးပြီး မြင်ပြီးသားလူတွေကို ဖယ်ထုတ်ပြီး ထပ်ကြော်ငြာမယ်ဆိုရင်တော့ Fatigue ဖြစ်နိုင်ခြေအရမ်းနည်းသွားပါပြီ။

2. Frequency Cap သတ်မှတ်ပါ။

Reach Campaign run တဲ့အခါ Frequency Cap က အသက်တမျှအရေးကြီးပါတယ်။ Frequency Cap ဆိုတာက ကိုယ်ရွေးချယ်ထားတဲ့ Audience တွေကို ကြော်ငြာအကြိမ်ရေဘယ်လောက်ပဲပြမလဲဆိုတာကို ကန့်သတ်တာပါ။ Frequency Cap ကို Ad Set level ထဲက Optimization for Ad Delivery ထဲမှာ ဝင်သတ်မှတ်ပေးလို့ရပါတယ်။ Impression/week , Impression/person တွေနဲ့သတ်မှတ်ပေးလိုက်ရင် Audience Fatigue မဖြစ်အောင်တားဆီးပေးနိုင်ပါလိမ့်မယ်။

3. ကြော်ငြာမှာ အခြားအရာတွေပါ တွဲထည့်ပါ။

Quality ကောင်းတဲ့ Content တွေက သွေးအေးနေတဲ့ ပရိသတ်တွေကို နှိုးဆွပေးနိုင်ပြီး Ads Fatigue ကိုဖြစ်နေ ရင်တောင်မှ Result ကောင်းနိုင်ပါတယ်။ ကိုယ့်ရဲ့ ကုန်ပစ္စည်းအကြောင်းကြီးပဲ ကြော်ငြာတဲ့ပုံစံကနေ လူတွေရဲ့လိုအပ်ချက်ကို ကိုယ့်ရဲ့ ကုန်ပစ္စည်းက ဘယ်လို ဖြည့်ဆည်းပေးနိုင်တဲ့အကြောင်းကို အဓိကထားပါ။ ပရိုမိုးရှင်းမဟုတ်တဲ့ ကြော်ငြာတွေမှာဆိုရင် ဒီနည်းလမ်းက တော်တော်ကြီးအသုံးဝင်ပါတယ်။

4. Ad ကိုဆန်းသစ်တီထွင်ပါ။

Facebook Ad ဖန်တီးမှုမှာ image, text, headline ဆိုပြီး element တွေပါပါတယ်။ ဒီ element တွေကိုအသေမထားဘဲ ပြောင်းလဲပေးခြင်းကလည်း ထိရောက်ပါတယ်။ ကြော်ငြာပုံစံအသစ်မဟုတ်ပေမယ့် ဆန်းသစ်တဲ့ အမြင်မျိုးဖြစ်အောင် ကြော်ငြာကို ပြောင်းလဲပေးတဲ့သဘောမျိုးပါပဲ။ အထူးသဖြင့် ကြော်ငြာကို တစ်လလုံး run တဲ့အချိန်မျိုးမှာ ထိရောက်ပါတယ်။

5. Ad Format ကိုပြောင်းပါ။

Facebook မှာ ကြော်ငြာလို့ရနိုင်တဲ့ Ad Format တွေအများကြီးပဲ ရှိပါတယ်။ အဲဒီထဲမှာမှ အများဆုံးသုံးကြတာကတော့ ပုံနဲ့စာနဲ့ပါ။ တကယ်ဆိုရင် Ad Format တွေကို စုံလင်အောင်လှည့်လည်သုံးစွဲသင့်ပါတယ်။ အကောင်းဆုံးကတော့ Video Ad Format ပါ။ အဲဒီလိုလှည့်သုံးပေးရင် Audience ညောင်းတော့မှာ မဟုတ်ပါဘူး။

6. ကိုယ့်ရဲ့ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုကိုပြောင်းပြောင်းကြော်ငြာပေးပါ။

ဒါက ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုတစ်မျိုးပဲရှိတဲ့ လုပ်ငန်းတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ E-commerce လိုလုပ်ငန်းမျိုးတွေအတွက်တော့ တော်တော်ကြီးအသုံးဝင်သလို လက်ရှိ Facebook ပေါ်မှာ Marketer တွေ အသုံးအများဆုံး ကြော်ငြာပုံစံလည်းဖြစ်ပါတယ်။ ရောင်းအားကောင်းနေတဲ့ကုန်ပစ္စည်းရဲ့ ကြော်ငြာကို ရပ်တန့်တာမျိုးမဟုတ်ဘဲ ကိုယ်ရဲ့ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုတွေကို Range တစ်ခုနဲ့ ပြောင်းပြောင်းကြော်ငြာပေးတဲ့ ပုံစံကို ပြောတာပါ။

7. အားလပ်ရက်ကို ထင်ဟပ်မယ့်ကြော်ငြာမျိုးကိုဖန်တီးပါ။

အားလပ်ရက်ကို ထပ်ဟပ်တဲ့ကြော်ငြာတွေက ပိုပြီးတော့ Relevant ဖြစ်သလို ရလဒ်လည်းကောင်းတတ်ပါတယ်။ တချို့လုပ်ငန်းတွေအတွက်ဆိုရင် ဒီလိုကြော်ငြာမျိုးက အသက်တမျှအရေးပါပါတယ်။ ROI နဲ့ချိန်ပြီး ဒီလိုမျိုးအချိန်ကိုက် ကြော်ငြာတတ်ဖို့ကလည်း အရေးကြီးပါတယ်။

8. Lookalike Audience တွေဖန်တီးပြီး ကြော်ငြာပါ။

Facebook ရဲ့ Audience Section မှာဆိုရင် Save Audience, Custom Audience နဲ့ Lookalike Audience ဆိုပြီး ရှိပါတယ်။ တကယ်လို့ ကိုယ် Target ထားတဲ့ Audience တွေက တဖြည်းဖြည်း ညောင်းလာပြီ Audience Fatigue ဖြစ်လာပြီဆိုရင်တော့ Lookalike Audience သုံးပြီး ကြော်ငြာပေးသင့်ပါတယ်။ Lookalike Audience ဆိုတာက လက်ရှိကိုယ်ရွေးချယ်ထားတဲ့ Audience Group နဲ့ ဆင်တူတဲ့ Behavior ရှိတဲ့ Audience ကိုပြောတာဖြစ်ပါတယ်။

9. Retargeting Campaign အပေါ် Budget နည်းနည်းပဲသုံးပါ။

Audience ညောင်းခြင်း (Audience Fatigue) ဖြစ်တဲ့အဓိက အကြောင်းအရင်းတွေထဲမှာ Retargeting Campaign တွေက ထိပ်ဆုံးက ပါပါတယ်။ အရင်ဆုံး Retargeting မလုပ်ခင် Audience အရွယ်အစားကို တွက်ထုတ်ပြီး လက်ရှိ Campaign တွေအပေါ် Audience Overlap နဲ့တွက်ထုတ်သင့်ပါတယ်။ ပြီးရင်တော့ အမာခံပရိသတ်တွေကိုပဲ Budget နည်းနည်းနဲ့ Retargeting လုပ်သင့်ပါတယ်။

(Ben Health & JU 9 Ways to Avoid Facebook Ad Fatigue Among Your Target Audience ဆောင်းပါးကို မှီငြမ်းရေးသားပါတယ်။)

မင်းသုခ

LEAVE A REPLY

Please enter your comment!
Please enter your name here