အနာဂတ္ကိုၿခိမ္းေျခာက္ေနေသာ e-Waste အမိႈက္မ်ား

0
249

စာဖတ္သူတို႔ရဲ႕အိမ္မွာမိသားစု၀င္အားလံုးကိုင္ေဆာင္သံုးစြဲေနတဲ့လက္ကုိင္မိုဘုိင္းဖုန္းဘယ္ႏွလံုးရွိပါသလဲ။ ၂၀၁၆ခုႏွစ္ကိုအေျခခံတြက္ခ်က္ထားတဲ့ Forbes မဂၢဇင္းရဲ႕အလိုအရေတာ့ကမၻာေပၚမွာမိုဘုိင္းဖုန္းသန္း ၇၀၀၀ ေလာက္ရွိၿပီးေတာ့လူဦးေရသန္း၅၀ ေက်ာ္ေနထုိင္တဲ့ ျမန္မာႏုိင္ငံမွာေတာ့လက္ကုိင္မိုဘိုင္းဖုန္းအေရအတြက္ ၄၅သန္းေက်ာ္ေလာက္ရွိေနပါတယ္တဲ့။ အဲ့ထဲကမွ၂၇သန္းေလာက္ကစမတ္ဖုန္းေတြပါတဲ့။ ျမန္မာႏိုင္ငံသားေတြဟာပ်မ္းမွ်လူတစ္ဦးကိုဖုန္းတစ္လံုးနီးပါးကိုင္ေဆာင္သံုးစြဲေနၾကတယ္ဆိုတဲ့သေဘာလို႔ဆိုရပါမယ္။

၂၀၁၃ခုႏွစ္မိုဘုိင္းဆက္သြယ္ေရးက႑ ျပဳျပင္ေျပာင္းလဲေရး ျပဳလုပ္ၿပီးခ်ိန္ကေနစတင္ၿပီး ေရတြက္မယ္ဆိုရင္စာဖတ္သူတစ္ေယာက္ဟာလက္ကိုင္မိုဘုိင္းဖုန္းဘယ္ႏွလံုးမ်ားကိုင္ေဆာင္သံုးစြဲခဲ့ၿပီးပါၿပီလဲ။ ဖုန္းတစ္လံုးကိုတစ္ႏွစ္ခြဲႏႈန္းနဲ႔ပ်မ္းမွ်တြက္ခ်က္မယ္ဆိုရင္ေတာင္မွ၂၀၁၄ခုႏွစ္ကေန၂၀၁၈ခုႏွစ္အထိ ၅ႏွစ္တာကာလအတြင္း ျမန္မာႏုိင္ငံသားလူတစ္ေယာက္ဟာအနည္းဆံုးဖုန္းအမ်ိဳးအစားႏွစ္မ်ိဳးေလာက္ကိုသံုးစြဲျဖစ္ခဲ့ၾကမွာပါ။

အထက္ေဖာ္ျပပါ ေမးခြန္းႏွစ္ခုကို ေျဖဆိုၿပီးတဲ့အခါမွာစာဖတ္သူတို႔ကုိအရမ္းအေရးႀကီးတဲ့ ေမးခြန္းတစ္ခုထပ္ၿပီးေမးျမန္းလိုပါတယ္။ အဲဒါကေတာ့ အသံုးမျပဳျဖစ္ေတာ့တဲ့မိုဘုိင္းဖုန္းေတြကို ဘယ္ပံုဘယ္နည္းစြန္႔ပစ္လုိက္ၾကပါသလဲဆိုတာပါပဲ။ မိတ္ေဆြတို႔အေနနဲ႔ မိမိတို႔ရဲ႕လက္ထဲမွာရွိေနတဲ့မိုဘိုင္းဖုန္းေတြကိုခဏထားၿပီး အရင္တုန္းကသံုးခဲ့တဲ့တီဗီ အေဟာင္းေတြ၊ကြန္ပ်ဴတာေမာ္နီတာအေဟာင္းေတြ၊ ဖုန္းအေဟာင္းေတြ၊ ကက္ဆက္ေတြစတဲ့လွ်ပ္စစ္ပစၥည္းေတြဘယ္ေရာက္ကုန္ပါသလဲ။ ဘယ္လိုစြန္႔ပစ္လိုက္ၾကပါသလဲ။ ဒီအရာေတြကပတ္၀န္းက်င္ကိုအက်ိဳးျပဳသလား၊ ဒုကၡေပးသလားဆုိတာ ေတြးေတာမိဖူးပါသလား။

အဲဒီလိုမ်ိဳးအီလက္ထရြန္နစ္လူသံုးကုန္စြန္႔ပစ္ပစၥည္းေတြကို e-waste လို႔ ေခၚပါတယ္။ ဥပမာတစ္ခုေျပာရရင္ ျမန္မာႏုိင္ငံထက္ဆယ္စုႏွစ္တစ္ခုစြန္းစြန္းေလာက္ေစာၿပီး ၂၀၀၁ခုႏွစ္မွာမိုဘိုင္းဆက္သြယ္ေရးကြန္ရက္စတင္မိတ္ဆက္ခဲ့တဲ့အာဖရိကတုိက္ကႏိုင္ဂ်ီးရီးယားဟာ ၂၀၀၁ခုႏွစ္တြင္ Tele-density က၁% သာရွိရာကေန ၂၀၀၆ ခုႏွစ္မွာေတာ့၂၅% အထိတိုးပြားလာပါတယ္တဲ့။ ၂၀၁၅ခုႏွစ္မွာေတာ့ ၉၈% အထိေရာက္ရွိလာပါတယ္တဲ့။ ဒီအေပၚမွာစနစ္တက်သုေတသနလုပ္တဲ့အခါမွာတစ္ႏွစ္ကိုဖုန္းအလံုးေရ၃သန္းနဲ႔ေလာက္ e-waste အမိႈက္အျဖစ္ ထြက္ရွိလာတာကို ေတြ႕ရပါတယ္တဲ့။

အဲဒီဖုန္းအလံုးေရ၃သန္းဟာ ခန္႔မွန္းအေလးခ်ိန္တန္ ၃၂၀၀ ရွိႏိုင္ၿပီးေတာ့ ပလတ္စတစ္စြန္႔ပစ္ပစၥည္းက တန္ ၁၈၀၀၊ခဲက ၁၅တန္၊ ေၾကးက ၁၂၄ တန္ထြက္ႏိုင္ပါသတဲ့။ ဒီထဲမွာ မိုဘိုင္းဖုန္းအမိႈက္ကေတာ့ အျမန္ဆံုးတိုးလာေနတဲ့အမိႈက္ပါပဲ။ မိုဘုိင္းဖုန္းနဲ႔ တျခားလွ်ပ္စစ္ပစၥည္းေတြမွာ ေရႊ၊ ေငြအစရွိတဲ့တန္ဖိုးရွိတဲ့ဓာတ္သတၱဳေတြပါ၀င္ေနပါတယ္။ ဒါ့အျပင္မိုဘုိင္းဖုန္းအလံုးေပါင္းတစ္သန္းကို Recycle လုပ္ရင္ ပ်မ္းမွ်သြပ္က ၃၅,၂၇၄ ေပါင္၊ ေငြက ၇၇၂ ေပါင္၊ ေရႊက ၇၅ ေပါင္၊ ပါလာဒီယမ္က ၃၃ ေပါင္ျပန္ထြက္လာပါဦးမယ္။ ဒါေတြဟာ သုေတသနျပဳခ်က္ကထြက္ရွိလာတဲ့အေျဖေတြျဖစ္ေပမယ့္ တကယ့္လက္ေတြ႕မွာေတာ့ စနစ္တက်ကိုင္တြယ္ထိန္းသိမ္းႏုိင္စြမ္းမရွိတာေၾကာင့္ က်န္းမာေရးဆုိင္ရာ ေဘးထြက္ဆိုးက်ိဳးေတြထင္ထင္ရွားရွားႀကံဳေတြ႕ေနရပါေတာ့တယ္။

တစ္ကမၻာလံုးအတိုင္းအတာအေနနဲ႔ ေျပာရမယ္ဆိုရင္ေတာ့ e-wasteေတြဟာ တစ္ႏွစ္ကိုပ်မ္းမွ်မက္ထရစ္တန္သန္း ၂၀ ကေန သန္း ၅၀ ေလာက္အထိ ထြက္ရွိေနၿပီးေတာ့ ဒါဟာတစ္ကမၻာလံုးကစြန္႔ပစ္တဲ့ အစိုင္အခဲအမိႈက္စုစုေပါင္းရဲ႕ ၅% ေလာက္ပမာဏျဖစ္ပါတယ္။ အမ်ားဆံုးထြက္ရွိတဲ့ႏိုင္ငံကေတာ့ တ႐ုတ္နဲ႔အေမရိကျဖစ္ပါတယ္။

ဒါ့အျပင္ တစ္ကမၻာလံုးမွာ E-waste ထြက္ရွိမႈကလည္း ႏွစ္စဥ္၁၁% ေလာက္ပံုမွန္တိုးတက္ေနပါေသးတယ္။ ဒါကေတာ့အီဂ်စ္ကပိရမစ္ႀကီး ၃ခုစာေလာက္ရဲ႕အေလးခ်ိန္နဲ႔ညီမွ်တဲ့ပမာဏပါပဲ။ ကမၻာေပၚမွာလူတစ္ဦးကို ပ်မ္းမွ် e-waste ၇ ကီလိုဂရမ္စြန္႔ပစ္ေနတယ္ဆိုတဲ့သေဘာပါ။

ၿပီးခဲ့တဲ့ဆယ္စုႏွစ္ကအထိ e-waste ေတြကဒီေလာက္အထိမေပါမ်ားေသးတဲ့အတြက္စြန္႔ပစ္တဲ့ေနရာမွာ ျပသနာမႀကီးလွပါဘူး။ ဒါေပမယ့္ ဒီႏွစ္အနည္းငယ္အတြင္းမွာပဲ e-waste လို႔အတိုေကာက္ေခၚၾကတဲ့ အီလက္ထရြန္နစ္စြန္႔ပစ္ပစၥည္းအမိႈက္ေတြရဲ႕ျပသနာက အေတာ္ကိုႀကီးလာေနပါၿပီ။ ၀ယ္အား၊ သြင္းအားမ်ားလြန္းလာေပမယ့္ သူတို႔ကိုစြန္႔ပစ္ရာမွာစနစ္တက်ျပန္လည္အသံုးခ်ၿပီး သဘာ၀,၀န္းက်င္နဲ႔သက္ရွိေတြကို အႏၲရာယ္ကင္းေအာင္မလုပ္ႏိုင္ၾကပါဘူး။

၂၀၁၃ခုႏွစ္မွာမိုဘုိင္းဆက္သြယ္ေရးက႑ ျပဳျပင္ေျပာင္းလဲမႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ပိုင္းမွာ ျမန္မာႏုိင္ငံအတြင္းမွာဆက္သြယ္ေရးနဲ႔နည္းပညာက႑ဟာအရိွန္အဟုန္ေကာင္းေကာင္းနဲ႔ ေျပာင္းလဲလာခဲ့ပါတယ္။ အဲသည္ေနာက္ပိုင္းမွာ လူအမ်ားလက္လွမ္းမီတဲ့ ေစ်းႏႈန္းေတြနဲ႔၀င္ေရာက္လာတဲ့နည္းပညာလူသံုးကုန္ပစၥည္းေတြေပါမ်ားလာတာေၾကာင့္လည္း ေက်းလက္ေဒသေတြအထိနည္းပညာနဲ႔ပိုမိုနီးစပ္လာၾကပါတယ္။

နည္းပညာထုတ္ကုန္ေတြကိုလက္လွမ္းမီွလာတာနဲ႔အမွ် နည္းပညာစြန္႔ပစ္ပစၥည္းေတြကိုလည္း အရင္ကထက္ပိုမိုစြန္႔ပစ္ျဖစ္လာပါေတာ့တယ္။ ၿမိဳ႕ေပၚေဒသေတြမွာေတာ့ မိုဘုိင္းဖုန္းအပါအ၀င္ အီလက္ထရြန္နစ္ပစၥည္းအေဟာင္းေတြဟာ အေဟာင္းဆုိင္ေတြမွာသြားစုေနတတ္ၿပီးေတာ့ အဲဒီဆိုင္ေတြကေနတစ္ဆင့္ လံုး၀သံုးမရတဲ့ပစၥည္းအစအနေတြျဖစ္တဲ့အထိ ခြဲျခမ္းစိတ္ျဖာျခင္းခံရပါတယ္။

ၿမိဳ႕ေပၚေဒသေတြမွာ အေဟာင္းဆုိင္ေတြေၾကာင့္ e-waste ေတြကိုအတန္အသင့္ထိန္းခ်ဳပ္ႏိုင္ေပမယ့္ ေက်းလက္ေဒသေတြနဲ႔ ေ၀းလံသီေခါင္တဲ့အရပ္ေတြမွာေတာ့ ဒီလို e-waste ေတြကုိဘယ္လိုစြန္႔ပစ္ၿပီး ဒီစြန္႔ပစ္ပစၥည္းေတြေၾကာင့္ျဖစ္လာႏိုင္တဲ့ က်န္းမာေရးနဲ႔သဘာ၀ပတ္၀န္းက်င္ထိခိုက္လာႏိုင္မႈေတြရွိတယ္ဆိုတာကို လူတိုင္းနီးပါးမသိရွိၾကပါဘူး။ ဒါဟာအႏၲရာယ္မ်ားတဲ့အေျခအေနျဖစ္ပါတယ္။

၂၀၁၂ ခုႏွစ္ကုလသမဂၢရဲ႕အစီရင္ခံစာေတြအရ ျမန္မာႏုိင္ငံရဲ႕ထြက္ရွိမႈပမာဏက၅၂.၆မက္ထရစ္တန္ရွိခဲ့ပါတယ္။ ဒါေပမယ့္ ျပည္တြင္းမွာေတာ့ခုခ်ိန္ထိ e-waste နဲ႔ပတ္သက္ၿပီး တိက်တဲ့အခ်က္အလက္ေတြထုတ္ေဖာ္ႏုိင္ျခင္းမရွိတာကလည္း ျပင္ဆင္သင့္တဲ့အခ်က္ျဖစ္ပါတယ္။

ႏိုင္ငံတကာမွာေတာ့ပုဂၢလိကကုမၸဏီေတြကဒီအမိႈက္မ်ိဳးေတြကိုလက္ခံေနၿပီး အဲဒီအထဲကသံုးလို႔ရတဲ့ဓာတ္သတၱဳေတြျပန္ထုတ္၊ က်န္တဲ့အမိႈက္ေတြကိုစနစ္တက်စြန္႔ပစ္တာမ်ိဳးေတြ ျပန္လည္လုပ္ကိုင္ၾကပါတယ္။ အဲလိုလုပ္ကိုင္တဲ့ေနရာမွာေတာင္မွစနစ္မက်တာ၊ ေငြကုန္ေၾကးက်မႈမ်ားတာေတြေၾကာင့္ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြက ေဒသခံလူထုေတြကဆန္႔က်င္မႈေတြရွိေနပါတယ္။ အဓိကအားျဖင့္သဘာ၀၀န္းက်င္ကိုအင္မတန္ထိခိုက္ေစတာေၾကာင့္ျဖစ္ပါတယ္။ လက္ရွိအခ်ိန္အထိ ဒီျပသနာရဲ႕အတိမ္အနက္ကိုဖြံ႕ၿဖိဳးဆဲႏိုင္ငံတခ်ဳိ႕ေလာက္ကပဲ ေစာေၾကာႏိုင္ၾကပါေသးတယ္။

ဖြံ႕ၿဖိဳးဆဲႏိုင္ငံအမ်ားစုရဲ႕ e-waste ပစၥည္း၈၀% ကေန၈၅ % ဟာ သာမန္အမိႈက္ပံုဒါမွမဟုတ္အမိႈက္မီး႐ိႈ႕တဲ့စက္ေတြမွာပဲအဆံုးသတ္ေနတဲ့အတြက္အဆိပ္ေငြ႕ေတြ ေလထုထဲ ေရာက္ေနပါတယ္။ ဥပမာအားျဖင့္ အေမရိကန္ႏိုင္ငံက အမိႈက္စုစုေပါင္းရဲ႕ႏွစ္ရာခိုင္ႏႈန္းကသာ e-waste ေတြျဖစ္ေပမယ့္အမိႈက္ေၾကာင့္ျဖစ္ေပၚတဲ့အဆိပ္၇၀ရာခိုင္ႏႈန္းေလာက္ကအဲ့ပမာဏေလးကေနထြက္ရွိတာပါ။ e-waste ေတြထဲက ခဲဓာတ္တစ္ခုတည္းကေတာင္ လူနဲ႔သတၱ၀ါေတြရဲ႕အာ႐ုံေၾကာ၊ ေသြးနဲ႔ ေက်ာက္ကပ္ကိုဖ်က္ဆီးႏိုင္ပါတယ္။

e-waste ကထြက္တဲ့အရည္ေတြ၊ အမႈန္ေတြ၊ ဓာတ္ေတြက ေသာက္သံုးေရေတြထဲကို၀င္ႏုိင္သလို၊ မီး႐ိႈ႕လို႔ထြက္တဲ့အဆိပ္ေငြ႕ကလူနဲ႔သတၱ၀ါေတြရဲ႕အသက္႐ွဴလမ္းေၾကာင္းထဲကို၀င္ႏိုင္ၿပီးဆိုးရြားတဲ့ က်န္းမာေရးထိခုိက္မႈေတြျဖစ္ေစႏုိင္ပါတယ္။ဒါေတြကိုစနစ္တက်ျပန္ၿပီး အသံုးမခ်ႏုိင္ေသးရင္ေတာ့ လာမယ့္ဆယ္စုႏွစ္မွာ e-waste ျပသနာဟာ နည္းပညာထုတ္ကုန္ေတြဗံုးေပါလေအာအသံုးျပဳလာေနတဲ့ ဖြံ႕ၿဖိဳးဆဲႏိုင္ငံတစ္ခုအတြက္ႀကီးမားတဲ့က်န္းမာေရးနဲ႔ သဘာ၀ပတ္၀န္းက်င္ဆုိင္ရာ ျပသနာတစ္ရပ္ျဖစ္လာပါလိမ့္မယ္။

e-waste ေတြကို Recycle စနစ္တက်လုပ္ဖို႔စနစ္က်တဲ့စည္းမ်ဥ္းစည္းကမ္းနဲ႔ ဥပေဒအားနည္းတဲ့အတြက္အာရွနဲ႔အာဖရိက ေဒသေတြမွာ ေရ၊ ေျမ၊ ေလထုနဲ႔သက္ရွိေတြအဆိပ္သင့္မႈေတြႀကီးႀကီးမားမား ျဖစ္ပြားေနတာဟာထင္ရွားတဲ့ဥပမာျဖစ္ပါတယ္။

ေမာင္မုိးဇြန္

(Unicode Version)

အနာဂတ်ကိုခြိမ်းခြောက်နေသော e-Waste အမှိုက်များ

စာဖတ်သူတို့ရဲ့အိမ်မှာမိသားစုဝင်အားလုံးကိုင်ဆောင်သုံးစွဲနေတဲ့လက်ကိုင်မိုဘိုင်းဖုန်းဘယ်နှလုံးရှိပါသလဲ။ ၂၀၁၆ခုနှစ်ကိုအခြေခံတွက်ချက်ထားတဲ့ Forbes မဂ္ဂဇင်းရဲ့အလိုအရတော့ကမ္ဘာပေါ်မှာမိုဘိုင်းဖုန်းသန်း ၇၀၀၀ လောက်ရှိပြီးတော့လူဦးရေသန်း၅၀ ကျော်နေထိုင်တဲ့ မြန်မာနိုင်ငံမှာတော့လက်ကိုင်မိုဘိုင်းဖုန်းအရေအတွက် ၄၅သန်းကျော်လောက်ရှိနေပါတယ်တဲ့။ အဲ့ထဲကမှ၂၇သန်းလောက်ကစမတ်ဖုန်းတွေပါတဲ့။ မြန်မာနိုင်ငံသားတွေဟာပျမ်းမျှလူတစ်ဦးကိုဖုန်းတစ်လုံးနီးပါးကိုင်ဆောင်သုံးစွဲနေကြတယ်ဆိုတဲ့သဘောလို့ဆိုရပါမယ်။

၂၀၁၃ခုနှစ်မိုဘိုင်းဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ပြီးချိန်ကနေစတင်ပြီး ရေတွက်မယ်ဆိုရင်စာဖတ်သူတစ်ယောက်ဟာလက်ကိုင်မိုဘိုင်းဖုန်းဘယ်နှလုံးများကိုင်ဆောင်သုံးစွဲခဲ့ပြီးပါပြီလဲ။ ဖုန်းတစ်လုံးကိုတစ်နှစ်ခွဲနှုန်းနဲ့ပျမ်းမျှတွက်ချက်မယ်ဆိုရင်တောင်မှ၂၀၁၄ခုနှစ်ကနေ၂၀၁၈ခုနှစ်အထိ ၅နှစ်တာကာလအတွင်း မြန်မာနိုင်ငံသားလူတစ်ယောက်ဟာအနည်းဆုံးဖုန်းအမျိုးအစားနှစ်မျိုးလောက်ကိုသုံးစွဲဖြစ်ခဲ့ကြမှာပါ။

အထက်ဖော်ပြပါ မေးခွန်းနှစ်ခုကို ဖြေဆိုပြီးတဲ့အခါမှာစာဖတ်သူတို့ကိုအရမ်းအရေးကြီးတဲ့ မေးခွန်းတစ်ခုထပ်ပြီးမေးမြန်းလိုပါတယ်။ အဲဒါကတော့ အသုံးမပြုဖြစ်တော့တဲ့မိုဘိုင်းဖုန်းတွေကို ဘယ်ပုံဘယ်နည်းစွန့်ပစ်လိုက်ကြပါသလဲဆိုတာပါပဲ။ မိတ်ဆွေတို့အနေနဲ့ မိမိတို့ရဲ့လက်ထဲမှာရှိနေတဲ့မိုဘိုင်းဖုန်းတွေကိုခဏထားပြီး အရင်တုန်းကသုံးခဲ့တဲ့တီဗီ အဟောင်းတွေ၊ကွန်ပျူတာမော်နီတာအဟောင်းတွေ၊ ဖုန်းအဟောင်းတွေ၊ ကက်ဆက်တွေစတဲ့လျှပ်စစ်ပစ္စည်းတွေဘယ်ရောက်ကုန်ပါသလဲ။ ဘယ်လိုစွန့်ပစ်လိုက်ကြပါသလဲ။ ဒီအရာတွေကပတ်ဝန်းကျင်ကိုအကျိုးပြုသလား၊ ဒုက္ခပေးသလားဆိုတာ တွေးတောမိဖူးပါသလား။

အဲဒီလိုမျိုးအီလက်ထရွန်နစ်လူသုံးကုန်စွန့်ပစ်ပစ္စည်းတွေကို e-waste လို့ ခေါ်ပါတယ်။ ဥပမာတစ်ခုပြောရရင် မြန်မာနိုင်ငံထက်ဆယ်စုနှစ်တစ်ခုစွန်းစွန်းလောက်စောပြီး ၂၀၀၁ခုနှစ်မှာမိုဘိုင်းဆက်သွယ်ရေးကွန်ရက်စတင်မိတ်ဆက်ခဲ့တဲ့အာဖရိကတိုက်ကနိုင်ဂျီးရီးယားဟာ ၂၀၀၁ခုနှစ်တွင် Tele-density က၁% သာရှိရာကနေ ၂၀၀၆ ခုနှစ်မှာတော့၂၅% အထိတိုးပွားလာပါတယ်တဲ့။ ၂၀၁၅ခုနှစ်မှာတော့ ၉၈% အထိရောက်ရှိလာပါတယ်တဲ့။ ဒီအပေါ်မှာစနစ်တကျသုတေသနလုပ်တဲ့အခါမှာတစ်နှစ်ကိုဖုန်းအလုံးရေ၃သန်းနဲ့လောက် e-waste အမှိုက်အဖြစ် ထွက်ရှိလာတာကို တွေ့ရပါတယ်တဲ့။

အဲဒီဖုန်းအလုံးရေ၃သန်းဟာ ခန့်မှန်းအလေးချိန်တန် ၃၂၀၀ ရှိနိုင်ပြီးတော့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းက တန် ၁၈၀၀၊ခဲက ၁၅တန်၊ ကြေးက ၁၂၄ တန်ထွက်နိုင်ပါသတဲ့။ ဒီထဲမှာ မိုဘိုင်းဖုန်းအမှိုက်ကတော့ အမြန်ဆုံးတိုးလာနေတဲ့အမှိုက်ပါပဲ။ မိုဘိုင်းဖုန်းနဲ့ တခြားလျှပ်စစ်ပစ္စည်းတွေမှာ ရွှေ၊ ငွေအစရှိတဲ့တန်ဖိုးရှိတဲ့ဓာတ်သတ္တုတွေပါဝင်နေပါတယ်။ ဒါ့အပြင်မိုဘိုင်းဖုန်းအလုံးပေါင်းတစ်သန်းကို Recycle လုပ်ရင် ပျမ်းမျှသွပ်က ၃၅,၂၇၄ ပေါင်၊ ငွေက ၇၇၂ ပေါင်၊ ရွှေက ၇၅ ပေါင်၊ ပါလာဒီယမ်က ၃၃ ပေါင်ပြန်ထွက်လာပါဦးမယ်။ ဒါတွေဟာ သုတေသနပြုချက်ကထွက်ရှိလာတဲ့အဖြေတွေဖြစ်ပေမယ့် တကယ့်လက်တွေ့မှာတော့ စနစ်တကျကိုင်တွယ်ထိန်းသိမ်းနိုင်စွမ်းမရှိတာကြောင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေထင်ထင်ရှားရှားကြုံတွေ့နေရပါတော့တယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ပြောရမယ်ဆိုရင်တော့ e-wasteတွေဟာ တစ်နှစ်ကိုပျမ်းမျှမက်ထရစ်တန်သန်း ၂၀ ကနေ သန်း ၅၀ လောက်အထိ ထွက်ရှိနေပြီးတော့ ဒါဟာတစ်ကမ္ဘာလုံးကစွန့်ပစ်တဲ့ အစိုင်အခဲအမှိုက်စုစုပေါင်းရဲ့ ၅% လောက်ပမာဏဖြစ်ပါတယ်။ အများဆုံးထွက်ရှိတဲ့နိုင်ငံကတော့ တရုတ်နဲ့အမေရိကဖြစ်ပါတယ်။

ဒါ့အပြင် တစ်ကမ္ဘာလုံးမှာ E-waste ထွက်ရှိမှုကလည်း နှစ်စဉ်၁၁% လောက်ပုံမှန်တိုးတက်နေပါသေးတယ်။ ဒါကတော့အီဂျစ်ကပိရမစ်ကြီး ၃ခုစာလောက်ရဲ့အလေးချိန်နဲ့ညီမျှတဲ့ပမာဏပါပဲ။ ကမ္ဘာပေါ်မှာလူတစ်ဦးကို ပျမ်းမျှ e-waste ၇ ကီလိုဂရမ်စွန့်ပစ်နေတယ်ဆိုတဲ့သဘောပါ။

နိုက်ဂျီရီးယားဆက်သွယ်ရေးလုပ်ငန်းရဲ့e-waste ပြသနာကိုအခြေခံပြီးဆက်စပ်တွေးမိတာက မြန်မာပြည်ဆက်သွယ်ရေးကဏ္ဍရဲ့အရှိန်အဟုန်ပြင်းပြင်းဖွံ့ထွားလာမှုနဲ့ ပြည်တွင်းကအမှိုက်သိမ်းစနစ်တွေရဲ့အဆက်အစပ်ပါပဲ။ လက်ရှိသုံးစွဲနေတဲ့မိုဘိုင်းဟန်းဆက်တွေရဲ့Toxicity components တွေကြောင့် ဖြစ်လာနိုင်တဲ့အဆိပ်သင့်မှုတွေကိုကာကွယ်ဖို့ Toxic materials တွေကိုစနစ်တကျစွန့်ပစ်နိုင်မယ့်နည်းလမ်းတွေ၊ စနစ်တွေ မြန်မာပြည်မှာမရှိသေးပါဘူး။

ပြီးခဲ့တဲ့ဆယ်စုနှစ်ကအထိ e-waste တွေကဒီလောက်အထိမပေါများသေးတဲ့အတွက်စွန့်ပစ်တဲ့နေရာမှာ ပြသနာမကြီးလှပါဘူး။ ဒါပေမယ့် ဒီနှစ်အနည်းငယ်အတွင်းမှာပဲ e-waste လို့အတိုကောက်ခေါ်ကြတဲ့ အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်းအမှိုက်တွေရဲ့ပြသနာက အတော်ကိုကြီးလာနေပါပြီ။ ဝယ်အား၊ သွင်းအားများလွန်းလာပေမယ့် သူတို့ကိုစွန့်ပစ်ရာမှာစနစ်တကျပြန်လည်အသုံးချပြီး သဘာဝ,၀န်းကျင်နဲ့သက်ရှိတွေကို အန္တရာယ်ကင်းအောင်မလုပ်နိုင်ကြပါဘူး။

၂၀၁၃ခုနှစ်မှာမိုဘိုင်းဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်းမှာဆက်သွယ်ရေးနဲ့နည်းပညာကဏ္ဍဟာအရှိန်အဟုန်ကောင်းကောင်းနဲ့ ပြောင်းလဲလာခဲ့ပါတယ်။ အဲသည်နောက်ပိုင်းမှာ လူအများလက်လှမ်းမီတဲ့ ဈေးနှုန်းတွေနဲ့ဝင်ရောက်လာတဲ့နည်းပညာလူသုံးကုန်ပစ္စည်းတွေပေါများလာတာကြောင့်လည်း ကျေးလက်ဒေသတွေအထိနည်းပညာနဲ့ပိုမိုနီးစပ်လာကြပါတယ်။

နည်းပညာထုတ်ကုန်တွေကိုလက်လှမ်းမှီလာတာနဲ့အမျှ နည်းပညာစွန့်ပစ်ပစ္စည်းတွေကိုလည်း အရင်ကထက်ပိုမိုစွန့်ပစ်ဖြစ်လာပါတော့တယ်။ မြို့ပေါ်ဒေသတွေမှာတော့ မိုဘိုင်းဖုန်းအပါအဝင် အီလက်ထရွန်နစ်ပစ္စည်းအဟောင်းတွေဟာ အဟောင်းဆိုင်တွေမှာသွားစုနေတတ်ပြီးတော့ အဲဒီဆိုင်တွေကနေတစ်ဆင့် လုံးဝသုံးမရတဲ့ပစ္စည်းအစအနတွေဖြစ်တဲ့အထိ ခွဲခြမ်းစိတ်ဖြာခြင်းခံရပါတယ်။

မြို့ပေါ်ဒေသတွေမှာ အဟောင်းဆိုင်တွေကြောင့် e-waste တွေကိုအတန်အသင့်ထိန်းချုပ်နိုင်ပေမယ့် ကျေးလက်ဒေသတွေနဲ့ ဝေးလံသီခေါင်တဲ့အရပ်တွေမှာတော့ ဒီလို e-waste တွေကိုဘယ်လိုစွန့်ပစ်ပြီး ဒီစွန့်ပစ်ပစ္စည်းတွေကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးနဲ့သဘာဝပတ်ဝန်းကျင်ထိခိုက်လာနိုင်မှုတွေရှိတယ်ဆိုတာကို လူတိုင်းနီးပါးမသိရှိကြပါဘူး။ ဒါဟာအန္တရာယ်များတဲ့အခြေအနေဖြစ်ပါတယ်။ ဒါတွေကိုစနစ်တကျကိုင်တွယ်ဖို့ မြန်မာနိုင်ငံမှာ waste management policy လည်းမထွက်ရှိသေးပါဘူး။

လက်ရှိရန်ကုန်မှာအမှိုက်စွန့်ပစ်ပစ္စည်းတွေကနေလျှပ်စစ်ဓာတ်အား ပြန်လည်ထုတ်လုပ်တဲ့စက်ရုံနှစ်ရုံတည်ဆောက်ထားပေမယ့် တီဗီ၊ မော်နီတာ၊ မိုဘိုင်းဖုန်း၊ အဲယားကွန်း၊ ရေခဲသေတ္တာအဟောင်း တွေဖြစ်တဲ့e-waste ကို ပြန်လည်သန့်စင်အသုံးပြုတဲ့စက်ရုံမျိုးတော့ မရှိသေးပါဘူး။

၂၀၁၂ ခုနှစ်ကုလသမဂ္ဂရဲ့အစီရင်ခံစာတွေအရ မြန်မာနိုင်ငံရဲ့ထွက်ရှိမှုပမာဏက၅၂.၆မက်ထရစ်တန်ရှိခဲ့ပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာတော့ခုချိန်ထိ e-waste နဲ့ပတ်သက်ပြီး တိကျတဲ့အချက်အလက်တွေထုတ်ဖော်နိုင်ခြင်းမရှိတာကလည်း ပြင်ဆင်သင့်တဲ့အချက်ဖြစ်ပါတယ်။

နိုင်ငံတကာမှာတော့ပုဂ္ဂလိကကုမ္ပဏီတွေကဒီအမှိုက်မျိုးတွေကိုလက်ခံနေပြီး အဲဒီအထဲကသုံးလို့ရတဲ့ဓာတ်သတ္တုတွေပြန်ထုတ်၊ ကျန်တဲ့အမှိုက်တွေကိုစနစ်တကျစွန့်ပစ်တာမျိုးတွေ ပြန်လည်လုပ်ကိုင်ကြပါတယ်။ အဲလိုလုပ်ကိုင်တဲ့နေရာမှာတောင်မှစနစ်မကျတာ၊ ငွေကုန်ကြေးကျမှုများတာတွေကြောင့်ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဒေသခံလူထုတွေကဆန့်ကျင်မှုတွေရှိနေပါတယ်။ အဓိကအားဖြင့်သဘာ၀၀န်းကျင်ကိုအင်မတန်ထိခိုက်စေတာကြောင့်ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဒီပြသနာရဲ့အတိမ်အနက်ကိုဖွံ့ဖြိုးဆဲနိုင်ငံတချို့လောက်ကပဲ စောကြောနိုင်ကြပါသေးတယ်။

မြန်မာနိုင်ငံအပါအဝင်ဖွံ့ဖြိုးဆဲနိုင်ငံအများစုရဲ့ e-waste ပစ္စည်း၈၀% ကနေ၈၅ % ဟာ သာမန်အမှိုက်ပုံဒါမှမဟုတ်အမှိုက်မီးရှို့တဲ့စက်တွေမှာပဲအဆုံးသတ်နေတဲ့အတွက်အဆိပ်ငွေ့တွေ လေထုထဲ ရောက်နေပါတယ်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံက အမှိုက်စုစုပေါင်းရဲ့နှစ်ရာခိုင်နှုန်းကသာ e-waste တွေဖြစ်ပေမယ့်အမှိုက်ကြောင့်ဖြစ်ပေါ်တဲ့အဆိပ်၇၀ရာခိုင်နှုန်းလောက်ကအဲ့ပမာဏလေးကနေထွက်ရှိတာပါ။ e-waste တွေထဲက ခဲဓာတ်တစ်ခုတည်းကတောင် လူနဲ့သတ္တဝါတွေရဲ့အာရုံကြော၊ သွေးနဲ့ ကျောက်ကပ်ကိုဖျက်ဆီးနိုင်ပါတယ်။

e-waste ကထွက်တဲ့အရည်တွေ၊ အမှုန်တွေ၊ ဓာတ်တွေက သောက်သုံးရေတွေထဲကိုဝင်နိုင်သလို၊ မီးရှို့လို့ထွက်တဲ့အဆိပ်ငွေ့ကလူနဲ့သတ္တဝါတွေရဲ့အသက်ရှူလမ်းကြောင်းထဲကိုဝင်နိုင်ပြီးဆိုးရွားတဲ့ ကျန်းမာရေးထိခိုက်မှုတွေဖြစ်စေနိုင်ပါတယ်။ဒါတွေကိုစနစ်တကျပြန်ပြီး အသုံးမချနိုင်သေးရင်တော့ လာမယ့်ဆယ်စုနှစ်မှာ e-waste ပြသနာဟာ မြန်မာပြည်လိုနည်းပညားထုတ်ကုန်တွေဗုံးပေါလအောအသုံးပြုလာနေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအတွက်ကြီးမားတဲ့ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြသနာတစ်ရပ်ဖြစ်လာပါလိမ့်မယ်။

e-waste တွေကို Recycle စနစ်တကျလုပ်ဖို့စနစ်ကျတဲ့စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေအားနည်းတဲ့အတွက်အာရှနဲ့အာဖရိက ဒေသတွေမှာ ရေ၊ မြေ၊ လေထုနဲ့သက်ရှိတွေအဆိပ်သင့်မှုတွေကြီးကြီးမားမား ဖြစ်ပွားနေတာဟာထင်ရှားတဲ့ဥပမာဖြစ်ပါတယ်။ နည်းပညာဖွံ့ဖြိုးလာခြင်းနဲ့အတူ e-waste ထွက်ရှိမှုပမာဏအရှိန်အဟုန်နဲ့ မြင့်တက်လာနေတဲ့ မြန်မာနိုင်ငံအနေနဲ့ဒါတွေကို စောလျင်စွာဥပမာယူပြင်ဆင်ထားဖို့လိုအပ်ပါတယ်လို့ အကြံပေးပါရစေ။

မောင်မိုးဇွန်