eSports က အာမခံချက်ရှိတဲ့ အသက်မွေးဝမ်းကျောင်းနယ်ပယ်ဖြစ်နေပြီလား

0
148
SKT Faker at the Madison Square Garden.

eSports လို့ခေါ်တဲ့ ဗီဒီယိုဂိမ်းအားကစားနည်းဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရေပန်းစားလာခဲ့ပါတယ်။ ယနေ့ခေတ်လူငယ်အများစုဟာလည်း ပရော်ဖက်ရှင်နယ် eSports ကစားသမားတစ်ဦးအဖြစ်ရပ် တည်နိုင်ဖို့ ရည်မှန်းချက်တွေရှိလာခဲ့ကြပါတယ်။ သင့်တင့်မျှတဲ့ဝင်ငွေပမာဏတစ်ခုနဲ့အတူ eSports player တစ်ဦးအဖြစ် ရပ်တည်လိုတယ်ဆိုရင်တော့ ကမ္ဘာ့အကောင်းဆုံးလက်ရည်ကို ပိုင်ဆိုင်ထားတဲ့ကစားသမား ၃၀၀ ကနေ ၄၀၀ အတွင်းမှာပါဝင်နိုင်ဖို့လိုအပ် မှာဖြစ်ပါတယ်။

ROX Tigers versus SK Telecom T1 at the 2016 World Championship – Semifinals at Madison Square Garden in New York City, New York, USA on 21 October 2016.

မကြာသေးခင်ကာလအတွင်း အရှေ့တောင်အာရှဒေသအတွင်းမှာ eSports ကို လေ့ကျင့်သင်ကြားပေးတဲ့ အကယ်ဒမီကျောင်းတွေတောင် ပေါ်ထွက်လာနေပြီး လူငယ်မျိုးဆက်သစ်တွေအနေနဲ့ အနာဂတ်မှာ eSports စူပါစတားတွေဖြစ်လာ နိုင်မယ့် အခွင့်အလမ်းတွေထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် မေးခွန်းတစ်ခုကတော့ eSports ဟာ တခြားရေပန်းစားတဲ့ အသက်မွေးဝမ်းကျောင်းနယ်ပယ်တွေလိုမျိုး အာမခံချက်ရှိပြီး ဆွဲဆောင်မှုရှိတဲ့အနာဂတ်ကို ဖန်တီးပေးနိုင်ပါ့မလား ဆိုတာပဲဖြစ်ပါတယ်။ ValuePenguin ဆိုတဲ့ငွေကြေးဆိုင်ရာအကြံပေး website တစ်ခုကတော့ ဗီဒီယိုဂိမ်းအားကစားနည်းဖြစ်တဲ့ eSports ဟာ လူငယ်တွေအတွက် အနာဂတ်အလားအလာရှိတဲ့ အသက်မွေးဝမ်းကျောင်းမျိုး၊ အချိန်မရွေး ရှင်သန်ရပ်တည်နိုင်တဲ့ ရွေးချယ်မှုမျိုး ဖြစ်မလာသေးဘူးလို့ သုံးသပ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ eSports နဲ့ပတ်သက်ပြီး လူငယ်တွေရဲ့စိတ်ပါဝင်စားမှုတွေ မြင့်တက်လာသလို ကောင်းမွန်တဲ့ရည်မှန်း ချက်တွေနဲ့ လေ့ကျင့်ပြင်ဆင်မှုတွေလုပ်လာတာကိုတွေ့ရပါတယ်။ ဥပမာအားဖြင့် ၂၀၁၇ ခုနှစ်မှာ ကျင်းပခဲ့တဲ့ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲဟာ အကြီးအကျယ်အခမ်း နားဆုံးဖြစ်ခဲ့ပြီး အွန်လိုင်း၊ ရုပ်သံတွေကနေ ကြည့်ရှုအားပေးသူအရေအတွက် ၁၀၆ သန်းအထိရှိခဲ့တယ်လို့ သိရပါတယ်။ ယနေ့ကမ္ဘာပေါ်မှာ အကောင်းဆုံး League Player လို့သတ်မှတ်ခံထားရတဲ့ တောင် ကိုရီးယားနိုင်ငံသား Faker ဆိုသူလူငယ်လေးဟာ ၂၀၁၇ ခုနှစ်အတွင်းမှာပဲ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၂ သန်းခွဲရရှိမယ့် ပရော်ဖက်ရှင်နယ် စာချုပ်တစ်ရပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီသတင်းတွေနဲ့အတူ eSports နယ်ပယ်မှာ ရင်းနှီးမြှုပ်နှံလိုတဲ့ စီးပွားရေးသမားတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် တစ်ခုစဉ်းစားရမှာက Faker တို့လို ထင်ပေါ်ကျော် ကြားကာ Player တွေရနေတဲ့ ငွေကြေးပမာဏဟာ ကမ္ဘာပေါ်က ပရော်ဖက်ရှင်နယ် ကစားသမားအများစုအတွက် ကိုယ်စားပြုတဲ့ပမာဏမျိုးတော့ မဟုတ်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ လက်ရှိအချိန်အထိ Gamer လူငယ်အများစုဟာ ၀ါသနာကိုသာစားသုံးပြီး ခက်ခဲကြမ်းတမ်းတဲ့ဘ၀ကို ရင်ဆိုင်ကျော်ဖြတ်နေကြရဆဲဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ် eSports player တစ်ယောက်အနေနဲ့ ၀င်ငွေရနိုင်မယ့်အခွင့်အလမ်းတွေဟာ အကန့်အသတ်ရှိထားတာကိုတွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီဒီယိုဂိမ်းအမျိုးအစားပေါင်း မြောက်မြား စွာရှိတဲ့အထဲက ထိပ်တန်း ၅ ခုလောက်ကသာ ပုံမှန်ဝင်ငွေရရှိနိုင်တဲ့ Game အမျိုးအစားတွေဖြစ်ကြလို့ပါပဲ။ eSports player တွေရရှိတဲ့ ၀င်ငွေတွေထဲမှာဆုကြေးအပြင် လစာရနိုင်မယ့်အခြေအနေပါထည့် တွက်မယ်ဆိုရင်တော့ သိပ်ကိုအခွင့်အလမ်းနည်းပါးသွားပါပြီ။ ကမ္ဘာ့ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ ပရော်ဖက်ရှင်နယ်စစ်စစ်တွေတောင် လစာလိုပုံမှန်ဝင်ငွေမျိုးရရှိဖို့က ခက်ခဲနေဆဲပါ။ ဥပမာအားဖြင့် ယခုနှစ်အစောပိုင်းက League of Legends ဟာ မြောက်အမေရိကတိုက်က ပရော်ဖက်ရှင်နယ် ကစားသမားတွေအတွက် လစာအဖြစ် ဒေါ်လာ ၇  သောင်းခွဲ သတ်မှတ်ခဲ့တယ်လို့သိရပါတယ်။ ဒါဟာ ပုံမှန်ပါဝင်ယှဉ်ပြိုင်ခွင့် ရတဲ့ Gamer တွေအတွက်သာဖြစ်ပြီး အရံကစားသမားတွေ၊ အငယ်တန်းလိဂ်ပြိုင်ပွဲတွေက ကစားသမားတွေအတွက်မပါဝင်သေးပါဘူး။ လက်ရည်နိမ့်သေးတဲ့ ကစားသမားတွေအတွက်ကတော့ တစ်နှစ်ကိုဒေါ်လာ ၂ သောင်းကနေ ၃ သောင်းလောက်အထိပဲ ၀င်ငွေရှိတယ်လို့သိရပါတယ်။ ဒါဟာ နည်းပညာပိုင်းအရရော၊ Game ယဉ်ကျေးမှုပိုင်းအရရော ဖွံ့ ဖြိုးတိုးတက်နေတဲ့ အမေရိကန်လိုနေရာမျိုးမှာဖြစ်ပြီး အာရှဒေသဘက်တွေမှာတော့ ဒီထက်ပိုပြီးမျှော်လင့်ချက်နည်းပါးနေတာကို တွေ့ရပါတယ်။ အာရှရဲ့ eSports ဈေးကွက်အထွန်းကားဆုံးဖြစ်တဲ့ တောင်ကိုရီးယားမှာတောင် ပရော်ဖက်ရှင် နယ်ကစားသမားတွေရဲ့ ၄၅ ရာခိုင်နှုန်းကသာ တစ်နှစ်ကို ဒေါ်လာ ၅ သောင်းအောက် ဆုကြေးခံစားခွင့်ရရှိတာကိုတွေ့ရပါတယ်။ ဒီပမာဏဟာ အဲဒီနိုင်ငံသားဖြစ်တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား Faker ရရှိတဲ့ဆုကြေးရဲ့ ၂ ရာခိုင်နှုန်းပဲရှိပါသေးတယ်။ အရှေ့တောင်အာရှက Player တွေအတွက်ကတော့ အခွင့်အလမ်းကို စောင့်မျှော်ရင်း လက်ရည်အမြင့်မားဆုံးဖြစ်အောင် လေ့ကျင့်ဖြည့်ဆည်းရမယ့်အချိန်ကာလပဲဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းက ဖိလစ်ပိုင်ရဲ့ထိပ်တန်း ပရော်ဖက်ရှင်နယ် Gamer တွေဟာ တစ်နှစ်အတွင်း အမြင့်ဆုံးရတဲ့ဆုကြေးငွေဟာ ဒေါ်လာ ၃၆၀၀ ပဲရှိခဲ့ပါတယ်။ အချုပ်အားဖြင့်တော့ eSports နယ်ပယ်မှ မျှော်လင့်ချက်တွေက တောက်ပလာဖို့ အချိန်ယူရဦးမှာပဲဖြစ်ပါတယ်။

Ref : Is becoming an eSports athlete a good career choice?

LEAVE A REPLY

Please enter your comment!
Please enter your name here