Essential Phone PH-2 ကိုထုတ္လုပ္ဖို႔ ျပင္ဆင္ေန

0
184

Essential Phone (သို့) PH-1ဟာ ၂၀၁၇ တုန်းက Android ပူးတွဲတည်ထောင်သူ ဖြစ်တဲ့ Andy Rubin ဖန်တီးတဲ့ စမတ်ဖုန်းဖြစ်တာနဲ့အညီ စမတ်ဖုန်း သုံးစွဲသူတွေအနေနဲ့ အများကြီး မျှော်လင့်ထားတဲ့ ဖုန်းတစ်လုံးပါ။ သို့ပေမယ့် Essential PH-1 ဟာ ဈးကွက်မှာ ထင်မှတ်ထားသလောက် အောင်မြင်ခြင်း မရှိခဲ့ပါဘူး။ updates တွေပုံမှန် ရရှိနေတဲ့အပြင် notch ဒီဇိုင်းတွေ ရဲ့ ခေတ်ဦးအစလို့ ဆိုနိုင်တဲ့ ဒီဖုန်းကို သုံးစွဲသူတွေက သိပ်ကြိုက်နှစ်သက်ခြင်း မရှိခဲ့တာကိုတွေ့ရပါတယ်။

Image result for essential phone 2

အခုတော့ ကုမ္ပဏီအနေနဲ့ ‘next mobile product’ ကိုထုတ်လုပ်ဖို့ ပြင်ဆင်နေပါပြီ။ လက်ရှိထွက်ထားတဲ့ သတင်းတွေအရ PH-2 လု့ိသိရပြီး အရှေ့ဘက် display မှာအပြောင်းအလဲတွေ ဖြစ်လာပါလိမ့်မယ်။ ဘယ်အချိန်မှာ ထုတ်လုပ်ပေးလာမလဲဆိုတာကိုတော့ မသိရသေးပါဘူး။ အခုတော့ Essential PH-1 ထုတ်လုပ်မှုကိုလည်း ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ Essential PH-1 ကိုတော့ တဖြည်းဖြည်း ဈေးလျော့ရောင်းချတဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။

Image result for essential phone 2

Essential PH-1 မှာ ၅.၇၁ လက်မ 2560x1312p Display တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon 835 Chipset ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 13MP Camera ၂ လုံးတပ်ဆင်ထားပြီး တစ်လုံးမှာ ကာလာ နဲ့ နောက်တစ်လုံးမှာ Monochrome ဖြစ်ပါတယ်။ Selfie ကင်မရာ ကတော့ 8MP ဖြစ်ပါတယ်။ 4GB RAM မှာ 128GB Storage နဲ့အတူ 3040mAh Battery များပါပါတယ်။ Essential Phone ဟာ Qualcomm Snapdragon 835 Chipset ထည့်သွင်းထားတဲ့ ဈေးအပေါဆုံး စမတ်ဖုန်းလို့ ဆိုရမှာပါ။

zawgyi

Essential Phone (သို႔) PH-1ဟာ ၂၀၁၇ တုန္းက Android ပူးတြဲတည္ေထာင္သူ ျဖစ္တဲ့ Andy Rubin ဖန္တီးတဲ့ စမတ္ဖုန္းျဖစ္တာနဲ႔အညီ စမတ္ဖုန္း သုံးစြဲသူေတြအေနနဲ႔ အမ်ားႀကီး ေမွ်ာ္လင့္ထားတဲ့ ဖုန္းတစ္လုံးပါ။ သုိ႔ေပမယ့္ Essential PH-1 ဟာ စ်းကြက္မွာ ထင္မွတ္ထားသေလာက္ ေအာင္ျမင္ျခင္း မရွိခဲ့ပါဘူး။ updates ေတြပုံမွန္ ရရွိေနတဲ့အျပင္ notch ဒီဇုိင္းေတြ ရဲ႕ ေခတ္ဦးအစလို႔ ဆိုႏုိင္တဲ့ ဒီဖုန္းကို သုံးစြဲသူေတြက သိပ္ႀကိဳက္ႏွစ္သက္ျခင္း မရွိခဲ့တာကိုေတြ႕ရပါတယ္။

အခုေတာ့ ကုမၸဏီအေနနဲ႔ ‘next mobile product’ ကိုထုတ္လုပ္ဖုိ႔ ျပင္ဆင္ေနပါၿပီ။ လက္ရွိထြက္ထားတဲ့ သတင္းေတြအရ PH-2 လု႔ိသိရၿပီး အေရွ႕ဘက္ display မွာအေျပာင္းအလဲေတြ ျဖစ္လာပါလိမ့္မယ္။ ဘယ္အခ်ိန္မွာ ထုတ္လုပ္ေပးလာမလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။ အခုေတာ့ Essential PH-1 ထုတ္လုပ္မႈကုိလည္း ရပ္ဆိုင္းလိုက္ၿပီ ျဖစ္ပါတယ္။ Essential PH-1 ကိုေတာ့ တျဖည္းျဖည္း ေစ်းေလ်ာ့ေရာင္းခ်တဲ့ အေျခအေနေတြ ျဖစ္ခဲ့ပါတယ္။

Essential PH-1 မွာ ၅.၇၁ လက္မ 2560x1312p Display တပ္ဆင္ထားပါတယ္။ Qualcomm Snapdragon 835 Chipset ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာ 13MP Camera ၂ လံုးတပ္ဆင္ထားၿပီး တစ္လံုးမွာ ကာလာ နဲ႔ ေနာက္တစ္လံုးမွာ Monochrome ျဖစ္ပါတယ္။ Selfie ကင္မရာ ကေတာ့ 8MP ျဖစ္ပါတယ္။ 4GB RAM မွာ 128GB Storage နဲ႔အတူ 3040mAh Battery မ်ားပါပါတယ္။ Essential Phone ဟာ Qualcomm Snapdragon 835 Chipset ထည့္သြင္းထားတဲ့ ေစ်းအေပါဆံုး စမတ္ဖုန္းလို႔ ဆိုရမွာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here