Facebook ေၾကာင့္ ဒုကၡေရာက္ေစႏိုင္မယ့္အခ်က္ (၇)ခ်က္

0
338

photo credit: BookingInstitution

Facebook လူမႈကြန္ရက္ဟာ အံ့အားသင့္ဖြယ္လုပ္ေဆာင္မႈမ်ားစြာကိုေပးစြမ္းႏိုင္ၿပီး လူေတြကိုတစ္ေယာက္နဲ႔တစ္ေယာက္ ခ်ိတ္ဆက္ေပးႏိုင္စြမ္းရွိပါတယ္။ ဒီလုိေကာင္းက်ိဳးေတြရွိေသာ္လည္း သံုးစြဲသူမ်ားကိုဒုကၡေပးႏိုင္စြမ္းရွိေသာဆိုးက်ိဳးမ်ားစြာလည္းရွိေနပါတယ္။ Facebook ေၾကာင့္ လူမႈေရးျပသနာေတြ၊ လုပ္ငန္းခြင္ျပသနာေတြတက္႐ံုမွ်မကႏိုင္ငံေရးနဲ႔ပတ္သက္တဲ့ျပသနာေတြမ်ားစြာလည္းတက္ပါတယ္။ အခ်ိဳ႕ေသာ အဓိက႐ုဏ္းေတြက Facebook ေၾကာင့္ျဖစ္ခဲ့တဲ့သာဓကေတြလည္း မနည္းမေနာပါပဲ။ ေခတ္အေျခအေနအရ Facebook ကို လူေတြကဆက္လက္အသံုးျပဳေနၾကဦးမွာျဖစ္တဲ့အတြက္ မိမိတို႔အေနနဲ႕Facebook ကို တစ္လြဲအသံုးမခ်မိႏိုင္ေစဖို႔လုိအပ္ပါတယ္။ ဘယ္ေလာက္ပဲေကာင္းမြန္တဲ့စနစ္ပင္ျဖစ္ ေနေစကာမူ သံုးစြဲသူေတြရဲ႕အသံုးမခ်တတ္မႈေတြေၾကာင့္ မိမိတို႔အတြက္အက်ိဳးမဲ့ျခင္းမ်ားစြာကိုသာ ယူေဆာင္လာႏိုင္မွာျဖစ္ပါတယ္။ ဒီအခ်က္ေလးေတြသိထားမယ္ဆိုရင္ မျဖစ္သင့္တာေတြျဖစ္မွာမဟုတ္ေတာ့ပါဘူး . . .

photo credit: Mashable

ခ်စ္သူေတြအၾကား အထင္အျမင္လြဲမႈမ်ား

Facebook မွာ ကိုယ့္ရဲ႕အဆက္ေဟာင္းေတြနဲ႔ ျပန္လည္ခ်ိတ္ဆက္ႏိုင္ဖို႔က အလြန္တရာလြယ္ကူလွပါတယ္။ လက္ရွိ သမီးရည္းစားစံုတြဲေတြအၾကားမွ ာသူတုိ႕ရဲ႕ရည္းစားေဟာင္းေတြနဲ႔ဆက္သြယ္မႈတစ္စံုတစ္ရာရွိေနျခင္းက သေဘာထားကြဲလြဲမႈေတြရွိလာႏိုင္ပါတယ္။ သူတုိ႔ရဲ႕အဆက္ေဟာင္းေတြနဲ႔ပဲျဖစ္ျဖစ္၊ အျခားသူမ်ားနဲ႔ပဲျဖစ္ျဖစ္အလြန္အမင္းရင္းရင္းႏွီးႏွီးရွိေနျခင္းေတြကလက္ရွိစံုတြဲမ်ားအၾကား သ၀န္တိုစိတ္ေကာက္စရာအေၾကာင္းအခ်က္ေတြ ျဖစ္လာႏိုင္ပါတယ္။ တစ္ခါတေလမွာ အမိႈက္ကစျပသဒ္မီးေလာင္ဆိုသလိုမ်ိဳးComment ေလးတစ္ခု၊ Post ေလးတစ္ခုက ခ်စ္သူေတြအၾကားလမ္းခြဲသြားႏိုင္ေစေလာက္တဲ့အထိ ႀကီးထြားလာႏိုင္ပါတယ္။ ဒါေၾကာင့္ Facebook မွာ လူေပါင္းမ်ားစြာကိုခ်ိတ္ဆက္စကားေျပာႏိုင္ေပမယ့္ ကိုယ့္ရဲ႕ခ်စ္သူအေပၚသစၥာရွိစြာနဲ႔ ဆင္ဆင္ျခင္ျခင္အသံုးျပဳျခင္းျဖင့္ လမ္းခြဲရမယ့္အျဖစ္ေတြကို ေရွာင္ရွားႏိုင္မွာျဖစ္ပါတယ္။ ေနာက္ထပ္ျပသနာတစ္ခုကေတာ့ Password အျပန္အလွန္ေပးသုံးရတာမ်ိဳးေတြပါ။

စိတ္ဖိစီးမႈမ်ား

လူေတြက Facebook ေပၚမွာ သူတို႕ရဲ႕သူငယ္ခ်င္းေတြနဲ႕အျပန္အလွန္ခ်ိတ္ဆက္ေနၾကရတဲ့အခါ သူတို႕ဟာမၾကာခဏဆိုသလိုပဲ သူတုိ႕ရဲ႕သူငယ္ခ်င္းေတြကပိုမိုေကာင္းမြန္ေသာ ဘ၀ေတြကိုပိုင္ဆိုင္ၾကတယ္။ သူတို႔ထက္ပိုမိုသာလြန္မႈေတြရွိတယ္ဆိုတာလိုမ်ိဳး အေတြးေတြက သူတို႔အတြက္ စိတ္ဖိစီးမႈမ်ားစြာကိုယူေဆာင္လာၿပီး စိတ္ဓာတ္က်ဆင္းျခင္းေတြကိုျဖစ္ေပၚေစပါတယ္။ မ်ားစြာေသာလူေတြဟာ သူတို႔လက္ရွိဘ၀အေျခအေနနဲ႕မတူညီတဲ့အေျခအေနတစ္ခုကို Facebook မွာထုတ္ေဖာ္ေလ့ရွိၾကပါတယ္။ ထို႕ျပင္ Facebook ေပၚမွာအရွက္ရဖြယ္ရာလုိမ်ိဳးမိမိအားေရးသား ေဖာ္ျပေလ့ရွိေသာအေၾကာင္းအရာေတြ၊ ေဒါသထြက္ဖြယ္ရာအေၾကာင္းအရာေတြက ျပင္းထန္သည့္စိတ္ေ၀ဒနာမ်ားကို ခံစားရႏိုင္ေစပါတယ္။အက်ိဳးဆက္အေနနဲ႕မွားယြင္းေသာဆံုးျဖတ္ခ်က္မ်ားကိုခ်မွတ္ေစဖို႕မသိမသာတြန္းအားေပးလ်က္ရွိေသာအခ်က္တစ္ခုလည္းျဖစ္တယ္လုိ႕သုေတသနမ်ားစြာကေနေဖာ္ျပေနပါတယ္။

photo credit: theverge.com

မတူကြဲျပားေသာေလာက

Facebook မွာသံုးစြဲသူေတြအေနျဖင့္ သူတို႕ဘာေတြပဲျမင္ခ်င္တယ္ဆိုတာကို ထိန္းခ်ဳပ္ထားႏိုင္ပါတယ္။ သူတို႕နဲ႕စိတ္ကူးစိတ္သန္းတူညီေသာလူမ်ား၊ တန္ဖိုးထားမွဳတူညီေသာလူကို Friends အျဖစ္ ေရြးခ်ယ္ထားႏိုင္ပါတယ္။ တကယ္ေတာ့လူ႕သေဘာသဘာ၀အရ မတူညီေသာအေတြ႕အႀကံဳေတြ၊ အေတြးအေခၚေတြမ်ားစြာရွိေသာေၾကာင့္ ဒီလိုမ်ိဳးက်ဥ္းေျမာင္းသည့္နယ္ပယ္ထဲမွာေနထိုင္ျခင္းက မတူကြဲျပားစြာရွိေနေသာ ျပင္ပေလာကႀကီးနဲ႕ခ်ိတ္ဆက္လုပ္ေဆာင္ႏိုင္ေစဖို႕ကို အဟန္႕အတားျဖစ္ႏိုင္ေစမွာျဖစ္ပါတယ္။

က်န္းမာေရးကိုထိခိုက္ေစျခင္း

လူေတြဟာကြန္ပ်ဴတာမွာပဲျဖစ္ျဖစ္၊ လက္ကိုင္ဖုန္းေတြမွာပဲျဖစ္ျဖစ္ Facebook ကုိ အၿမဲတေစသံုးစြဲေနေလ့ရွိၾကပါတယ္။ သူတုိ႕သူငယ္ခ်င္းေတြကတင္လိုက္တဲ့Post ေတြမ်ားစြာကိုလုိက္လံဖတ္႐ႈရင္းနဲ႕အခ်ိန္ကုန္မွန္းမသိကုန္သြားေလ့ရွိပါတယ္။ကြန္ပ်ဴတာစားပြဲမွာၾကာျမင့္စြာထိုင္ျခင္း၊ၿငိမ္ကုပ္ၿပီးစမတ္ဖုန္းကိုမ်က္လံုးနဲ႕မခြာဘဲအခ်ိန္ၾကာျမင့္စြာသံုးစြဲျခင္းေတြကႏွလံုးေရာဂါ၊အျမင္ပိုင္းျပႆနာနဲ႕ ေသြးခဲျခင္းေတြလိုမ်ိဳးက်န္းမာေရးကိုထိခိုက္ေစသည့္အရာမ်ားျဖစ္ေပၚလာႏိုင္ပါတယ္။ဒီေရာဂါသံုးခုကေတာ့အဓိကျဖစ္တဲ့အေၾကာင္းေတြပဲျဖစ္ပါတယ္။ဒါေၾကာင့္သိပ္အၾကာႀကီးမသံုးဘဲ ေလ့က်င့္ခန္းမ်ားကိုပံုမွန္လုပ္ေဆာင္သင့္ပါတယ္။

ျပင္ပသူငယ္ခ်င္းမ်ားႏွင့္ ဆက္ဆံေရးထိခိုက္ႏိုင္ျခင္း

အခ်ိဳ႕ေသာသူေတြက Facebook မွာ ရွိမေနတတ္ၾကဘဲသမား႐ုိးက်ေနထိုင္ေလ့ရွိပါတယ္။ သူတုိ႕က မိမိတို႕ကို message တစ္ေစာင္၊ comment တစ္ခုတေလမွပို႕ႏိုင္မွာမဟုတ္ပါဘူး။ အကယ္၍မိမိတို႕က Facebook ေပၚမွ သူငယ္ခ်င္းမ်ားနဲ႔ပဲအခ်ိန္ကုန္ေနမယ္ဆိုလွ်င္ေတာ့ အျခားေသာသူငယ္ခ်င္းမ်ားကို လ်စ္လ်ဴ႐ႈရာလည္းက်ႏိုင္မွာျဖစ္ပါတယ္။ ထုိ႕ျပင္ ကိုယ့္ရဲ႕မိသားစု၀င္ေတြနဲ႔နီးနီးေလးနဲ႔ေ၀းေနတဲ့အျဖစ္မ်ိဳးေတြ မရွိရေလေအာင္ Facebook ေပၚမွာပဲ အခ်ိန္ကုန္ေနရတဲ့အျဖစ္ေတြကို သတိထားမယ္ဆိုလွ်င္ေတာ့ ေကာင္းမြန္ေႏြးေထြးေသာ အသိုက္အ၀န္းကိုပိုင္ဆိုင္ႏိုင္ေစမွာျဖစ္ပါတယ္။

မူပိုင္ခြင့္အား ခ်ိဳးေဖာက္ျခင္း

Facebook ေပၚမွ ာfree sharing ေတြအလြန္မ်ားပါတယ္။ အခ်ိဳ႕ေသာ သူေတြကမူပိုင္ခြင့္အရ ကာကြယ္ကန္႕သတ္ထားတဲ့အရာေတြကို sharing လုပ္ျခင္းျဖင့္ တစ္ပါးသူရဲ႕မူပိုင္ခြင့္ကိုခ်ိဳးေဖာက္သလိုမ်ိဳး ျဖစ္ေနတတ္ပါတယ္။ မေတာ္တဆမ်ားမူပိုင္ခြင့္အရ မိမိတို႕ကိုတရားစြဲဆိုမႈေတြလုပ္ေဆာင္လာမယ္ဆိုရင္ မလိုလားအပ္ဘဲအမႈအခင္းမ်ားနဲ႔ႀကံဳေတြ႕ရႏိုင္တာကိုဂရုျပဳရမွာျဖစ္ပါတယ္။

ၿခိမ္းေျခာက္ခံရႏိုင္မႈ

Bullying ကိစၥကလူမႈကြန္ရက္မ်ားမွာအလြန္ဆိုးရြားေသာ ျပသနာျဖစ္ပါတယ္။ အထူးသျဖင့္ ဆယ္ေက်ာ္သက္ရြယ္မ်ားမွာအဓိကျဖစ္ေလ့ျဖစ္ထရွိပါတယ္။ Message မ်ားေပးပို႕ကာ စိတ္အေႏွာင့္အယွက္ ျဖစ္ေအာင္လုပ္ေဆာင္ျခင္း၊ facebook မွာ မိမိကိုအရွက္ခြဲျခင္း၊ ၿခိမ္းေျခာက္အက်ပ္ကိုင္ျခင္းမ်ားက ဆယ္ေက်ာ္သက္လူငယ္မ်ားစြာအား မိမိကိုယ္မိမိေသေၾကာင္းႀကံစည္ႏိုင္ျခင္းေတြအထိ ျဖစ္ေပၚေစႏိုင္ပါတယ္။

သက္ပုိင္

(Unicode Version)

Facebook ကြောင့် ဒုက္ခရောက်စေနိုင်မယ့်အချက် (၇)ချက်

Facebook လူမှုကွန်ရက်ဟာ အံ့အားသင့်ဖွယ်လုပ်ဆောင်မှုများစွာကိုပေးစွမ်းနိုင်ပြီး လူတွေကိုတစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်ပေးနိုင်စွမ်းရှိပါတယ်။ ဒီလိုကောင်းကျိုးတွေရှိသော်လည်း သုံးစွဲသူများကိုဒုက္ခပေးနိုင်စွမ်းရှိသောဆိုးကျိုးများစွာလည်းရှိနေပါတယ်။ Facebook ကြောင့် လူမှုရေးပြသနာတွေ၊ လုပ်ငန်းခွင်ပြသနာတွေတက်ရုံမျှမကနိုင်ငံရေးနဲ့ပတ်သက်တဲ့ပြသနာတွေများစွာလည်းတက်ပါတယ်။ အချို့သော အဓိကရုဏ်းတွေက Facebook ကြောင့်ဖြစ်ခဲ့တဲ့သာဓကတွေလည်း မနည်းမနောပါပဲ။ ခေတ်အခြေအနေအရ Facebook ကို လူတွေကဆက်လက်အသုံးပြုနေကြဦးမှာဖြစ်တဲ့အတွက် မိမိတို့အနေနဲ့Facebook ကို တစ်လွဲအသုံးမချမိနိုင်စေဖို့လိုအပ်ပါတယ်။ ဘယ်လောက်ပဲကောင်းမွန်တဲ့စနစ်ပင်ဖြစ် နေစေကာမူ သုံးစွဲသူတွေရဲ့အသုံးမချတတ်မှုတွေကြောင့် မိမိတို့အတွက်အကျိုးမဲ့ခြင်းများစွာကိုသာ ယူဆောင်လာနိုင်မှာဖြစ်ပါတယ်။ ဒီအချက်လေးတွေသိထားမယ်ဆိုရင် မဖြစ်သင့်တာတွေဖြစ်မှာမဟုတ်တော့ပါဘူး . . .

ချစ်သူတွေအကြား အထင်အမြင်လွဲမှုများ
Facebook မှာ ကိုယ့်ရဲ့အဆက်ဟောင်းတွေနဲ့ ပြန်လည်ချိတ်ဆက်နိုင်ဖို့က အလွန်တရာလွယ်ကူလှပါတယ်။ လက်ရှိ သမီးရည်းစားစုံတွဲတွေအကြားမှ ာသူတို့ရဲ့ရည်းစားဟောင်းတွေနဲ့ဆက်သွယ်မှုတစ်စုံတစ်ရာရှိနေခြင်းက သဘောထားကွဲလွဲမှုတွေရှိလာနိုင်ပါတယ်။ သူတို့ရဲ့အဆက်ဟောင်းတွေနဲ့ပဲဖြစ်ဖြစ်၊ အခြားသူများနဲ့ပဲဖြစ်ဖြစ်အလွန်အမင်းရင်းရင်းနှီးနှီးရှိနေခြင်းတွေကလက်ရှိစုံတွဲများအကြား သဝန်တိုစိတ်ကောက်စရာအကြောင်းအချက်တွေ ဖြစ်လာနိုင်ပါတယ်။ တစ်ခါတလေမှာ အမှိုက်ကစပြသဒ်မီးလောင်ဆိုသလိုမျိုးComment လေးတစ်ခု၊Post လေးတစ်ခုက ချစ်သူတွေအကြားလမ်းခွဲသွားနိုင်စေလောက်တဲ့အထိ ကြီးထွားလာနိုင်ပါတယ်။ ဒါကြောင့် Facebook မှ ာလူပေါင်းများစွာကိုချိတ်ဆက်စကားပြောနိုင်ပေမယ့် ကိုယ့်ရဲ့ချစ်သူအပေါ်သစ္စာရှိစွာနဲ့ ဆင်ဆင်ခြင်ခြင်အသုံးပြုခြင်းဖြင့် လမ်းခွဲရမယ့်အဖြစ်တွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်ပြသနာတစ်ခုကတော့ Password အပြန်အလှန်ပေးသုံးရတာမျိုးတွေပါ။

စိတ်ဖိစီးမှုများ
လူတွေက Facebook ပေါ်မှာ သူတို့ရဲ့သူငယ်ချင်းတွေနဲ့အပြန်အလှန်ချိတ်ဆက်နေကြရတဲ့အခါ သူတို့ဟာမကြာခဏဆိုသလိုပဲ သူတို့ရဲ့သူငယ်ချင်းတွေကပိုမိုကောင်းမွန်သော ဘဝတွေကိုပိုင်ဆိုင်ကြတယ်။ သူတို့ထက်ပိုမိုသာလွန်မှုတွေရှိတယ်ဆိုတာလိုမျိုး အတွေးတွေက သူတို့အတွက် စိတ်ဖိစီးမှုများစွာကိုယူဆောင်လာပြီး စိတ်ဓာတ်ကျဆင်းခြင်းတွေကိုဖြစ်ပေါ်စေပါတယ်။ များစွာသောလူတွေဟာ သူတို့လက်ရှိဘဝအခြေအနေနဲ့မတူညီတဲ့အခြေအနေတစ်ခုကို Facebook မှာထုတ်ဖော်လေ့ရှိကြပါတယ်။ ထို့ပြင် Facebook ပေါ်မှာအရှက်ရဖွယ်ရာလိုမျိုးမိမိအားရေးသား ဖော်ပြလေ့ရှိသောအကြောင်းအရာတွေ၊ ဒေါသထွက်ဖွယ်ရာအကြောင်းအရာတွေက ပြင်းထန်သည့်စိတ်ဝေဒနာများကို ခံစားရနိုင်စေပါတယ်။အကျိုးဆက်အနေနဲ့မှားယွင်းသောဆုံးဖြတ်ချက်များကိုချမှတ်စေဖို့မသိမသာတွန်းအားပေးလျက်ရှိသောအချက်တစ်ခုလည်းဖြစ်တယ်လို့သုတေသနများစွာကနေဖော်ပြနေပါတယ်။

မတူကွဲပြားသောလောက
Facebook မှာသုံးစွဲသူတွေအနေဖြင့် သူတို့ဘာတွေပဲမြင်ချင်တယ်ဆိုတာကို ထိန်းချုပ်ထားနိုင်ပါတယ်။ သူတို့နဲ့စိတ်ကူးစိတ်သန်းတူညီသောလူများ၊ တန်ဖိုးထားမှုတူညီသောလူကို Friends အဖြစ် ရွေးချယ်ထားနိုင်ပါတယ်။ တကယ်တော့လူ့သဘောသဘာဝအရ မတူညီသောအတွေ့အကြုံတွေ၊ အတွေးအခေါ်တွေများစွာရှိသောကြောင့် ဒီလိုမျိုးကျဉ်းမြောင်းသည့်နယ်ပယ်ထဲမှာနေထိုင်ခြင်းက မတူကွဲပြားစွာရှိနေသော ပြင်ပလောကကြီးနဲ့ချိတ်ဆက်လုပ်ဆောင်နိုင်စေဖို့ကို အဟန့်အတားဖြစ်နိုင်စေမှာဖြစ်ပါတယ်။

ကျန်းမာရေးကိုထိခိုက်စေခြင်း
လူတွေဟာကွန်ပျူတာမှာပဲဖြစ်ဖြစ်၊ လက်ကိုင်ဖုန်းတွေမှာပဲဖြစ်ဖြစ် Facebook ကို အမြဲတစေသုံးစွဲနေလေ့ရှိကြပါတယ်။ သူတို့သူငယ်ချင်းတွေကတင်လိုက်တဲ့Post တွေများစွာကိုလိုက်လံဖတ်ရှုရင်းနဲ့အချိန်ကုန်မှန်းမသိကုန်သွားလေ့ရှိပါတယ်။ကွန်ပျူတာစားပွဲမှာကြာမြင့်စွာထိုင်ခြင်း၊ငြိမ်ကုပ်ပြီးစမတ်ဖုန်းကိုမျက်လုံးနဲ့မခွာဘဲအချိန်ကြာမြင့်စွာသုံးစွဲခြင်းတွေကနှလုံးရောဂါ၊အမြင်ပိုင်းပြဿနာနဲ့ သွေးခဲခြင်းတွေလိုမျိုးကျန်းမာရေးကိုထိခိုက်စေသည့်အရာများဖြစ်ပေါ်လာနိုင်ပါတယ်။ဒီရောဂါသုံးခုကတော့အဓိကဖြစ်တဲ့အကြောင်းတွေပဲဖြစ်ပါတယ်။ဒါကြောင့်သိပ်အကြာကြီးမသုံးဘဲ လေ့ကျင့်ခန်းများကိုပုံမှန်လုပ်ဆောင်သင့်ပါတယ်။

ပြင်ပသူငယ်ချင်းများနှင့် ဆက်ဆံရေးထိခိုက်နိုင်ခြင်း
အချို့သောသူတွေက Facebook မှာ ရှိမနေတတ်ကြဘဲသမားရိုးကျနေထိုင်လေ့ရှိပါတယ်။ သူတို့က မိမိတို့ကို message တစ်စောင်၊ comment တစ်ခုတလေမှပို့နိုင်မှာမဟုတ်ပါဘူး။ အကယ်၍မိမိတို့က Facebook ပေါ်မှ သူငယ်ချင်းများနဲ့ပဲအချိန်ကုန်နေမယ်ဆိုလျှင်တော့ အခြားသောသူငယ်ချင်းများကို လျစ်လျူရှုရာလည်းကျနိုင်မှာဖြစ်ပါတယ်။ ထို့ပြင် ကိုယ့်ရဲ့မိသားစုဝင်တွေနဲ့နီးနီးလေးနဲ့ဝေးနေတဲ့အဖြစ်မျိုးတွေ မရှိရလေအောင် Facebook ပေါ်မှာပဲ အချိန်ကုန်နေရတဲ့အဖြစ်တွေကို သတိထားမယ်ဆိုလျှင်တော့ ကောင်းမွန်နွေးထွေးသော အသိုက်အဝန်းကိုပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။

မူပိုင်ခွင့်အား ချိုးဖောက်ခြင်း
Facebook ပေါ်မှ ာfree sharing တွေအလွန်များပါတယ်။ အချို့သော သူတွေကမူပိုင်ခွင့်အရ ကာကွယ်ကန့်သတ်ထားတဲ့အရာတွေကို sharing လုပ်ခြင်းဖြင့် တစ်ပါးသူရဲ့မူပိုင်ခွင့်ကိုချိုးဖောက်သလိုမျိုး ဖြစ်နေတတ်ပါတယ်။ မတော်တဆများမူပိုင်ခွင့်အရ မိမိတို့ကိုတရားစွဲဆိုမှုတွေလုပ်ဆောင်လာမယ်ဆိုရင် မလိုလားအပ်ဘဲအမှုအခင်းများနဲ့ကြုံတွေ့ရနိုင်တာကိုဂရုပြုရမှာဖြစ်ပါတယ်။

ခြိမ်းခြောက်ခံရနိုင်မှု
Bullying ကိစ္စကလူမှုကွန်ရက်များမှာအလွန်ဆိုးရွားသော ပြသနာဖြစ်ပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်ရွယ်များမှာအဓိကဖြစ်လေ့ဖြစ်ထရှိပါတယ်။ Message များပေးပို့ကာ စိတ်အနှောင့်အယှက် ဖြစ်အောင်လုပ်ဆောင်ခြင်း၊ facebook မှာ မိမိကိုအရှက်ခွဲခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများက ဆယ်ကျော်သက်လူငယ်များစွာအား မိမိကိုယ်မိမိသေကြောင်းကြံစည်နိုင်ခြင်းတွေအထိ ဖြစ်ပေါ်စေနိုင်ပါတယ်။

သက်ပိုင်