Fingerprint Sensor ပါလာမယ့္ Hyundai ရဲ႕ ကား

0
232

(Zawgyi Version)

စမတ္ဖုန္းမ်ားမွာ ပါတဲ့ လက္ေဗြရာ အာရံုခံ ကိရိယာကို ဟြန္ဒိုင္းက သူ႔ရဲ႕ ကားမ်ားမွာ ထည့္သြင္းေတာ့မွာ ျဖစ္ပါတယ္။ ဟြန္ဒိုင္းက ၂၀၁၉ ခုႏွစ္မွာ အေမရိကန္ အပါအ၀င္ ႏုိင္ငံအခ်ိဳ႕မွာ ေရာင္းခ်မယ့္ Santa Fe ကားမ်ားမွာ လက္ေဗြရာ အာရံုခံကိရိယာ ထည့္သြင္းေပးမယ္လို႔ ေၾကညာလိုက္ပါတယ္။ ကားရဲ႕ တံခါးလက္ကိုင္မွာ အဲဒီကိရိယာကိုျမွပ္ႏွံထားမွာ ျဖစ္ပါတယ္။ ကားပိုင္ရွင္ဟာ သူ႔ရဲ႕ လက္ေဗြရာမ်ားကို ကားမွာ မွတ္ပံုတင္ၿပီးတာနဲ႔ ကားတံခါးဖြင့္ျခင္းကို လက္ေဗြရာ ကိရိယာကေန ျပဳလုပ္နုိင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ကားထဲမွာလည္း လက္ေဗြရာ ကိရိယာ ထည့္သြင္းထားမွာ ျဖစ္ၿပီး ကားစက္ႏိႈးျခင္းကို ျပဳလုပ္ႏုိင္ပါတယ္။ ဟြန္ဒိုင္းက အျခား လူတစ္ေယာက္က သူ႔လက္ျဖင့္ ပိုင္ရွင္ရဲ႕ကားမွ လက္ေဗြရာ ကိရိယာကို Unlock လုပ္ရင္ အႀကိမ္ ၅၀၀၀၀ မွာ ၁ ႀကိမ္သာ ေအာင္ျမင္ႏုိင္တယ္လို႔ ေျပာပါတယ္။

သူရေနာင္

=====

(Unicode Version)

စမတ်ဖုန်းများမှာ ပါတဲ့ လက်ဗွေရာ အာရုံခံ ကိရိယာကို ဟွန်ဒိုင်းက သူ့ရဲ့ ကားများမှာ ထည့်သွင်းတော့မှာ ဖြစ်ပါတယ်။ ဟွန်ဒိုင်းက ၂၀၁၉ ခုနှစ်မှာ အမေရိကန် အပါအဝင် နိုင်ငံအချို့မှာ ရောင်းချမယ့် Santa Fe ကားများမှာ လက်ဗွေရာ အာရုံခံကိရိယာ ထည့်သွင်းပေးမယ်လို့ ကြေညာလိုက်ပါတယ်။ ကားရဲ့ တံခါးလက်ကိုင်မှာ အဲဒီကိရိယာကိုမြှပ်နှံထားမှာ ဖြစ်ပါတယ်။ ကားပိုင်ရှင်ဟာ သူ့ရဲ့ လက်ဗွေရာများကို ကားမှာ မှတ်ပုံတင်ပြီးတာနဲ့ ကားတံခါးဖွင့်ခြင်းကို လက်ဗွေရာ ကိရိယာကနေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကားထဲမှာလည်း လက်ဗွေရာ ကိရိယာ ထည့်သွင်းထားမှာ ဖြစ်ပြီး ကားစက်နှိုးခြင်းကို ပြုလုပ်နိုင်ပါတယ်။ ဟွန်ဒိုင်းက အခြား လူတစ်ယောက်က သူ့လက်ဖြင့် ပိုင်ရှင်ရဲ့ကားမှ လက်ဗွေရာ ကိရိယာကို Unlock လုပ်ရင် အကြိမ် ၅၀၀၀၀ မှာ ၁ ကြိမ်သာ အောင်မြင်နိုင်တယ်လို့ ပြောပါတယ်။

သူရနောင်

LEAVE A REPLY

Please enter your comment!
Please enter your name here