Mate 20 Pro ထက္ပိုေသးလာမယ့္ Galaxy S10+ ဖုန္းရဲ႕chin

0
216

နေ့စဉ်လိုလို Samsung ရဲ့အသစ်ထွက်မယ့် စမတ်ဖုန်းဖြစ်တဲ့ Galaxy S10 စီးရီးဖုန်းတွေရဲ့ အချက်အလက်တွေ ထွက်ပေါ်နေပါတယ်။ ဒီနေ့မှာလည်း Galaxy S10+ ဖုန်းရဲ့ screen protectorဓာတ်ပုံများပေါက်ကြား ထွက်ပေါ်လာပါတယ်။ ဒီတခါထွက်လာတဲ့ ပုံမှာတော့ chin ဒီဇိုင်းကို တွေ့မြင်လိုက်ရပါတယ်။ S10+ စမတ်ဖုန်းရဲ့ chin ဟာ iPhone X ကိုအကောင်းဆုံး ယှဉ်နိုင်ပြီး Huawei Mate 20 Pro ထက်ပိုသေးသွားပါလိမ့်မယ်။ ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် iPhone X ရဲ့ chin နဲ့တူညီနေတာမျိုးကို တွေ့ရမှာပါ။

Galaxy S10 စီးရီးဖုန်းသစ် ၃မျိုးမှာ တခြားဖုန်းများကို ကြိုးမဲ့အားသွင်းပေးတဲ့ နည်းပညာ(reverse wireless charging) ပါဝင်လာမယ်လို့ သတင်းတွေလည်း ထွက်ထားပါတယ်။ “Powershare” လို့ နာမည်ပေးထားတဲ့ ဒီလုပ်ဆောင်ချက် Galaxy S10 devices အားလုံးမှာ ထည့်သွင်းပေးလာမှာ ဖြစ်ပါတယ်။ Galaxy S10 lineup တွေအနေနဲ့ S10 Lite (5.8-inch ) သုံးထားပြီး၊ ပုံမှန်ဗားရှင်း S10 မှာတော့ 6.1-inch panel မှာ S10 Lite နဲ့တူတဲ့ အရှေ့ဘက်ကင်မရာ ဒီဇိုင်းတပ်ဆင်ထားတာကို တွေ့ရပါတယ်။

ဒီဖုန်း ၂လုံးမှာ သုံးလာမယ့် ကင်မရာတွေဟာ INFINITY-O NOTCH ဒီဇိုင်းပါ။ ကြီးမားတဲ့ S10+ version ဖုန်းမှာတော့ 6.4-inch display နဲ့အတူ TWO INFINITY-O NOTCH တပ်ဆင်ထားတာကို တွေ့ရပါတယ်။ Galaxy S10 Lite ဖုန်းကတော့ Flat Screen နဲ့အတူ ဘေးဘောင်မှာ Side fingerprint ဆင်ဆာတပ်ထားမှာဖြစ်ပြီး နောက်ကျောဘက်မှာ Dual ကင်မရာတပ်ဆင်လာဖို့ များနေပါတယ်။

zawgyi

ေန႔စဥ္လိုလို Samsung ရဲ႕အသစ္ထြက္မယ့္ စမတ္ဖုန္းျဖစ္တဲ့ Galaxy S10 စီးရီးဖုန္းေတြရဲ႕ အခ်က္အလက္ေတြ ထြက္ေပၚေနပါတယ္။ ဒီေန႔မွာလည္း Galaxy S10+ ဖုန္းရဲ႕ screen protectorဓာတ္ပုံမ်ားေပါက္ၾကား ထြက္ေပၚလာပါတယ္။ ဒီတခါထြက္လာတဲ့ ပုံမွာေတာ့ chin ဒီဇိုင္းကို ေတြ႕ျမင္လိုက္ရပါတယ္။ S10+ စမတ္ဖုန္းရဲ႕ chin ဟာ iPhone X ကိုအေကာင္းဆုံး ယွဥ္ႏိုင္ၿပီး Huawei Mate 20 Pro ထက္ပိုေသးသြားပါလိမ့္မယ္။ ႐ုတ္တရက္ၾကည့္လိုက္မယ္ဆိုရင္ iPhone X ရဲ႕ chin နဲ႔တူညီေနတာမ်ိဳးကို ေတြ႕ရမွာပါ။

Galaxy S10 စီးရီးဖုန္းသစ္ ၃မ်ိဳးမွာ တျခားဖုန္းမ်ားကို ႀကိဳးမဲ့အားသြင္းေပးတဲ့ နည္းပညာ(reverse wireless charging) ပါဝင္လာမယ္လို႔ သတင္းေတြလည္း ထြက္ထားပါတယ္။ “Powershare” လို႔ နာမည္ေပးထားတဲ့ ဒီလုပ္ေဆာင္ခ်က္ Galaxy S10 devices အားလုံးမွာ ထည့္သြင္းေပးလာမွာ ျဖစ္ပါတယ္။ Galaxy S10 lineup ေတြအေနနဲ႔ S10 Lite (5.8-inch ) သုံးထားၿပီး၊ ပုံမွန္ဗားရွင္း S10 မွာေတာ့ 6.1-inch panel မွာ S10 Lite နဲ႔တူတဲ့ အေရွ႕ဘက္ကင္မရာ ဒီဇိုင္းတပ္ဆင္ထားတာကို ေတြ႕ရပါတယ္။

ဒီဖုန္း ၂လုံးမွာ သုံးလာမယ့္ ကင္မရာေတြဟာ INFINITY-O NOTCH ဒီဇိုင္းပါ။ ႀကီးမားတဲ့ S10+ version ဖုန္းမွာေတာ့ 6.4-inch display နဲ႔အတူ TWO INFINITY-O NOTCH တပ္ဆင္ထားတာကို ေတြ႕ရပါတယ္။ Galaxy S10 Lite ဖုန္းကေတာ့ Flat Screen နဲ႔အတူ ေဘးေဘာင္မွာ Side fingerprint ဆင္ဆာတပ္ထားမွာျဖစ္ၿပီး ေနာက္ေက်ာဘက္မွာ Dual ကင္မရာတပ္ဆင္လာဖို႔ မ်ားေနပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here