အတက္ထြက္ျခင္းအတြက္ ေဆးေကာင္းတစ္လက္

0
723

အတက္ထြက္တယ္ဆိုတာနဲ႔ ဘယ္ေနရာကထြက္တာလဲ၊ ဘာလို႔ထြက္တာလဲဆိုတာေတြကို သိေစခ်င္တာေၾကာင့္ တင္ျပေပးလိုက္ရပါတယ္။ လမ္းမ်ားမ်ားေလွ်ာက္ျဖစ္သြားရင္လည္း စူးေအာင့္လာၿပီး လမ္းေကာင္းေကာင္းမေလွ်ာက္ႏိုင္ေတာ့သလိုျဖစ္လာတာဟာ ဖေနာင့္အတက္ထြက္ခ်င္လို႔ စူးနစ္တာမ်ိဳးလို႔သိရပါတယ္။

ဒီလိုျဖစ္တာကို ဘာလို႔ဖေနာင့္အတက္ထြက္တယ္လို႔ေျပာရတာလံဆိုရင္ေတာ့ ဖေနာင့္အရိုးမွာ ကယ္လ္ဆီယမ္အနည္ထိုင္လို႔ ျဖစ္ရတာပါလို႔သိရပါတယ္။ တကယ္တမ္းေျပာရရင္ေတာ့ ပ်က္စီးမႈကိုျပဳျပင္ဖို႔ခႏၶာကိုယ္က ကယ္လ္ဆီယမ္ေတြထုတ္ေပးရတာေၾကာင့္ ဖေနာင့္ အရိုး calcaneus မွာ ကယ္လ္ဆီယမ္ေတြစုပံုလာရာမွ ေသးငယ္တဲ့အရိုးအတက္ေလးေတြျဖစ္လာပါတယ္။  အဲလိုအရိုးအတက္ဆိုတာကလည္း လူအမ်ားစုမွာျဖစ္တတ္ေပမယ့္ လကၡဏာမျပလို႔ မသိၾကသူမ်ားတာမို႔ ဘာနဲ႔ခိုက္မိလို႔ နာတာလဲပဲထင္ေနၾကမွာျဖစ္ပါတယ္။  ဒီလိုမ်ိဳးေတြျဖစ္လာတဲ့ေနရာေတြအမ်ားဆံုးကိုေျပာျပရရင္ ဖေနာင့္ရိုးနဲ႔ေျခဖ၀ါးရိုးေတြကို ဆက္သြယ္ထားတဲ့ ေနရာေတြမွာ  အရြတ္ေရာင္တဲ့အခါမ်ားမွာေတာ့ ဖေနာင့္ကစတင္ၿပီးနာလာတာျဖစ္ပါတယ္။ အရိုးအတက္ေၾကာင့္လို႔ထင္ေနမွာစိုးလို႔ အရြတ္ေရာင္တာလို႔သိရပါတယ္။  ဒိလိုမ်ိဳးေတြနာက်င္လာတာေတြေၾကာင့္ ဓာတ္မွန္ ရိုက္ၾကည့္တဲ့အခ်ိန္မွာ အတက္ထြက္တာရွိႏိုင္ေပမယ့္ ေျခဖေနာင့္ကနာခ်င္မွနာတယ္ဆိုတာလည္းသိရပါတယ္။

photo credit: fracturedheelbone

ဒီလိုေရာဂါမ်ိဳးဟာ ဘယ္သူေတြမွာျဖစ္တတ္တာလဲဆိုတာကိုေျပာျပရမယ္ဆိုရင္ေတာ့ အသက္အရြယ္အလိုက္နဲ႔ အခ်ိန္မေရြးျဖစ္ႏိုင္တာသိရသလို၊ အထူးသျဖင့္ ၀တဲ့သူေတြ မွာပိုျဖစ္ေလ့ရွိကာ ေတာင္ေပၚေဒသ ေနထိုင္သူ၊ ေဒါက္ဖိနပ္အျမင့္စီးသူမ်ား၊ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးမ်ားလည္းျဖစ္တတ္ပါတယ္။ ဒါ့အျပင္ အားကစားသမားေတြအေနႏွင့္ အေၾကာမေလွ်ာ့မိဘဲ ေလ့က်င့္ခန္း လုပ္မိတဲ့အခါမ်ိုးမွာလည္းျဖစ္တတ္ တယ္လို႕သိရပါတယ္။ ေျခေထာက္မွာတင္ျဖစ္တတ္တာမ်ိဳးမဟုတ္ဘဲ ကုတ္၊ေက်ာ၊ခါးစတဲ့ေနရာေတြမွာလည္းျဖစ္တတ္ေၾကာင္းသိရပါတယ္။ ေျခဖ၀ါးပတ္၀န္းက်င္ တစ္ရႈးေတြေရာင္ရမ္းမႈေၾကာင့္ ဖေနာင့္ ေနရာကလည္း စတင္နာလာတာလည္းျဖစ္ႏိုင္ပါတယ္။

အမ်ားစုအေနႏွင့္ကေတာ့ လမ္းေလွ်ာက္မ်ားတဲ့အခါတို႔ မွာစတင္အခ်က္ျပလာတတ္ေပမယ့္ တခ်ိဳ႔ကေတာ့ အခ်က္မျပဘဲနာတတ္တာကိုေတြ႔ရမွာျဖစ္ပါတယ္။ စူးၿပီးနာမယ္၊ ၿပီးရင္နီလာမယ္၊ ေရာင္ေနမယ္၊ ဒါဆိုရင္ေတာ့ေသခ်ာတာကေတာ့အတက္ထြက္တာပါလို႔ေျပာခ်င္ပါတယ္။ပိုၿပီးေသခ်ာဖို႔အတြက္ ဆရာ၀န္နဲ႔ျပသသင့္ပါတယ္။

ပထမဆံုးကုသနည္းေလးကိုေျပာျပရမယ္ဆိုရင္ေတာ့ ေျခဖေနာင့္ အတက္ထြက္တဲ့အခါ  အလြယ္ဆံုးကေရခဲေလးကပ္ေပးရပါမယ္။ ဒီလိုမွမဟုတ္ေသးရင္ေတာ့ ကိုရံႀကီးဂမုန္းအရြက္ကို မီးကင္ၿပီး၊ဒဏ္ေၾကေဆးေလးလိမ္းကာ မီးကင္ၿပီးသားအရြက္ကို ပတ္စီးၿပီးထားေပးလိုက္ရင္လည္း သက္သာေပ်ာက္ကင္းေစပါတယ္လို႔ ေျပာခ်င္ပါတယ္။  အဲဒီအရြက္ကို အေၾကာဘက္ကေန မီးကင္ရပါမယ္၊ ေႏြးေႏြးေလးျဖစ္တဲ့အခ်ိန္မွာပဲ လက္ဖ၀ါးနဲ႔ ရိုက္ကာေဆးလိမ္းၿပီးသားေနရာကို အရြက္ကိုပတ္၍စီးေပးရပါမယ္။ ဖေနာင့္အတက္ထြက္နာက်င္ျခင္းမွကင္းေ၀းေစပါတယ္။

photos credit

(Unicode Version)

အတက်ထွက်ခြင်းအတွက် ဆေးကောင်းတစ်လက်

အတက်ထွက်တယ်ဆိုတာနဲ့ ဘယ်နေရာကထွက်တာလဲ၊ ဘာလို့ထွက်တာလဲဆိုတာတွေကို သိစေချင်တာကြောင့် တင်ပြပေးလိုက်ရပါတယ်။ လမ်းများများလျှောက်ဖြစ်သွားရင်လည်း စူးအောင့်လာပြီး လမ်းကောင်းကောင်းမလျှောက်နိုင်တော့သလိုဖြစ်လာတာဟာ ဖနောင့်အတက်ထွက်ချင်လို့ စူးနစ်တာမျိုးလို့သိရပါတယ်။

ဒီလိုဖြစ်တာကို ဘာလို့ဖနောင့်အတက်ထွက်တယ်လို့ပြောရတာလံဆိုရင်တော့ ဖနောင့်အရိုးမှာ ကယ်လ်ဆီယမ်အနည်ထိုင်လို့ ဖြစ်ရတာပါလို့သိရပါတယ်။ တကယ်တမ်းပြောရရင်တော့ ပျက်စီးမှုကိုပြုပြင်ဖို့ခန္ဓာကိုယ်က ကယ်လ်ဆီယမ်တွေထုတ်ပေးရတာကြောင့် ဖနောင့် အရိုး calcaneus မှာ ကယ်လ်ဆီယမ်တွေစုပုံလာရာမှ သေးငယ်တဲ့အရိုးအတက်လေးတွေဖြစ်လာပါတယ်။  အဲလိုအရိုးအတက်ဆိုတာကလည်း လူအများစုမှာဖြစ်တတ်ပေမယ့် လက္ခဏာမပြလို့ မသိကြသူများတာမို့ ဘာနဲ့ခိုက်မိလို့ နာတာလဲပဲထင်နေကြမှာဖြစ်ပါတယ်။  ဒီလိုမျိုးတွေဖြစ်လာတဲ့နေရာတွေအများဆုံးကိုပြောပြရရင် ဖနောင့်ရိုးနဲ့ခြေဖဝါးရိုးတွေကို ဆက်သွယ်ထားတဲ့ နေရာတွေမှာ  အရွတ်ရောင်တဲ့အခါများမှာတော့ ဖနောင့်ကစတင်ပြီးနာလာတာဖြစ်ပါတယ်။ အရိုးအတက်ကြောင့်လို့ထင်နေမှာစိုးလို့ အရွတ်ရောင်တာလို့သိရပါတယ်။  ဒိလိုမျိုးတွေနာကျင်လာတာတွေကြောင့် ဓာတ်မှန် ရိုက်ကြည့်တဲ့အချိန်မှာ အတက်ထွက်တာရှိနိုင်ပေမယ့် ခြေဖနောင့်ကနာချင်မှနာတယ်ဆိုတာလည်းသိရပါတယ်။

ဒီလိုရောဂါမျိုးဟာ ဘယ်သူတွေမှာဖြစ်တတ်တာလဲဆိုတာကိုပြောပြရမယ်ဆိုရင်တော့ အသက်အရွယ်အလိုက်နဲ့ အချိန်မရွေးဖြစ်နိုင်တာသိရသလို၊ အထူးသဖြင့် ဝတဲ့သူတွေ မှာပိုဖြစ်လေ့ရှိကာ တောင်ပေါ်ဒေသ နေထိုင်သူ၊ ဒေါက်ဖိနပ်အမြင့်စီးသူများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများလည်းဖြစ်တတ်ပါတယ်။ ဒါ့အပြင် အားကစားသမားတွေအနေနှင့် အကြောမလျှော့မိဘဲ လေ့ကျင့်ခန်း လုပ်မိတဲ့အခါမျိုးမှာလည်းဖြစ်တတ် တယ်လို့သိရပါတယ်။ ခြေထောက်မှာတင်ဖြစ်တတ်တာမျိုးမဟုတ်ဘဲ ကုတ်၊ကျော၊ခါးစတဲ့နေရာတွေမှာလည်းဖြစ်တတ်ကြောင်းသိရပါတယ်။ ခြေဖဝါးပတ်ဝန်းကျင် တစ်ရှုးတွေရောင်ရမ်းမှုကြောင့် ဖနောင့် နေရာကလည်း စတင်နာလာတာလည်းဖြစ်နိုင်ပါတယ်။

အများစုအနေနှင့်ကတော့ လမ်းလျှောက်များတဲ့အခါတို့ မှာစတင်အချက်ပြလာတတ်ပေမယ့် တချို့ကတော့ အချက်မပြဘဲနာတတ်တာကိုတွေ့ရမှာဖြစ်ပါတယ်။ စူးပြီးနာမယ်၊ ပြီးရင်နီလာမယ်၊ ရောင်နေမယ်၊ ဒါဆိုရင်တော့သေချာတာကတော့အတက်ထွက်တာပါလို့ပြောချင်ပါတယ်။ပိုပြီးသေချာဖို့အတွက် ဆရာဝန်နဲ့ပြသသင့်ပါတယ်။

ပထမဆုံးကုသနည်းလေးကိုပြောပြရမယ်ဆိုရင်တော့ ခြေဖနောင့် အတက်ထွက်တဲ့အခါ  အလွယ်ဆုံးကရေခဲလေးကပ်ပေးရပါမယ်။ ဒီလိုမှမဟုတ်သေးရင်တော့ ကိုရံကြီးဂမုန်းအရွက်ကို မီးကင်ပြီး ၊ဒဏ်ကြေဆေးလေးလိမ်းကာ မီးကင်ပြီးသားအရွက်ကို ပတ်စီးပြီးထားပေးလိုက်ရင်လည်း သက်သာပျောက်ကင်းစေပါတယ်လို့ ပြောချင်ပါတယ်။  အဲဒီအရွက်ကို အကြောဘက်ကနေ မီးကင်ရပါမယ်၊ နွေးနွေးလေးဖြစ်တဲ့အချိန်မှာပဲ လက်ဖဝါးနဲ့ ရိုက်ကာဆေးလိမ်းပြီးသားနေရာကို အရွက်ကိုပတ်၍စီးပေးရပါမယ်။ ဖနောင့်အတက်ထွက်နာကျင်ခြင်းမှကင်းဝေးစေပါတယ်။