စပ်စ္သီးႏွင့္ က်န္းမာေရး

0
128

photo credit: NDTV Food

စပ်စ္သီးကေတာ့ လူတိုင္းႀကိဳက္တဲ့ အသီးအႏွံေတြထဲကတစ္မ်ိဳးျဖစ္ပါတယ္။  ထမင္းစားၿပီးတဲ့အခါ အခ်ိဳတည္းဖို႔အတြက္ေတာ့ စပ်စ္သီးေလး၊ သရက္သီးေလးစားသံုးၾကေပမယ့္ သရက္သီးကိုေတာ့ ၀မ္းသြားမွာစိုးလို႔ဆိုၿပီး ေလွ်ာ့စားၾကတာေတြ႔ရပါတယ္။ တကယ္ေတာ့ စပ်စ္သီးေလးကလည္း ၀မ္းႏုတ္ေဆးသဖြယ္လုပ္ေဆာင္ေစတတ္တဲ့ အသီးေလးျဖစ္တာကိုေတာ့ မသိသေလာက္ ရွားတယ္လို႔ ေျပာခ်င္ပါတယ္။ စပ်စ္သီးရဲ႕ဓာတ္က သူ႔ကို စားလိုက္ရင္ ဘယ္ေလာက္ပဲ၀မ္းခ်ဳပ္၀မ္းခ်ဳပ္ ပံုမွန္သြား ေစတာျဖစ္ပါတယ္။ ဒါ့အျပင္တျခားေရာဂါေတြဘာေတြေပ်ာက္ေသးလဲဆိုတာကို တင္ျပေပးပါဦးမယ္။

photo credit: Alibaba

စပ်စ္သီးမွာ ေရဓာတ္ပါ၀င္မႈဟာ ၇၀ မွ ၈၀%၊ သၾကားဓာတ္ကေတာ့ ၁၅ မွ ၃၀% အထိ ပါ၀င္တယ္လို႔သိရပါတယ္။ ဒါေၾကာင့္ ဒီသစ္သီးေလးဟာ အလံုးေလးေသးတယ္ဆိုေပမယ့္ သူ႔မွာပါ၀င္တဲ့ဓာတ္ေတြက ေရာဂါမ်ိဳးစံုေပ်ာက္ကင္းေစတယ္လို႔ သိရတဲ့အတြက္ တန္ဖိုးကလည္းေစ်းမႀကီးသလို ေနရာအႏွံ႔မွာလည္း ၀ယ္ယူစားသံုးႏိုင္တာမို႔ အဆင္ေျပႏိုင္တဲ့အသီးေလးျဖစ္ပါတယ္။ အထူးသျဖင့္ ပန္းနာရင္ၾကပ္နဲ႔ လည္ေခ်ာင္းတစ္ေလွ်ာက္ ေရာဂါမ်ားလည္းေပ်ာက္ကင္းေစတယ္လို႔ သိရပါတယ္။ စပ်စ္သီးေျခာက္ကပို၍ ထိေရာက္ေၾကာင္းသိရပါတယ္။

Image result for grape dry

photo credit: AbundantLifeFoods

ဒါမွမဟုတ္ေသးပါဘူး၊ ေခါင္းတစ္ျခမ္းကိုက္ေနတယ္။ ဘာလုပ္ရမွန္းမသိတဲ့သူေတြအတြက္ မနက္တိုင္း စပ်စ္သီးေဖ်ာ္ရည္ေလးေသာက္သံုးဖို႔တိုက္တြန္းခ်င္ပါတယ္။ အသီးကို ေရနည္းနည္းနဲ႔ေဖ်ာ္ကာ ေသာက္ေပးရမွာျဖစ္ပါတယ္။ ႏွလံုးေရာဂါျဖစ္ခ်င္သူမ်ားအတြက္လည္း တားဆီးကာကြယ္ေပးတယ္လို႔ သိရပါတယ္။ ေသြးလည္ပတ္မႈအားေကာင္းၿပီး ေသြးခဲမႈမျဖစ္ေအာင္ တားဆီးေပးေၾကာင္းသိရပါတယ္။ ကိုလက္စထေရာကိုလည္း ေလွ်ာ့ခ်ေပးကာ ေသြးလမ္းေၾကာင္း ပိတ္ျခင္းမွလည္းကာကြယ္ေပးပါတယ္။  ႏွလံုးေရယဂါရွိသူမ်ားအေနနဲ႔လည္း စပ်စ္သီးကို ပံုမွန္စားသံုးေပးပါက ေ၀ဒနာကိုသက္သာေစပါတယ္။

တစ္ခါတေလ ရင္ျပည့္ရင္ကယ္ျဖစ္ေနတဲ့ အခ်ိန္ေလးေတြမွာလည္း စပ်စ္သီးေလးစားလိုက္ရရင္ အစာေၾကရင္ေခ်ာင္သြားကာေနလို႔ေကာင္းသြားမွာအမွန္ျဖစ္ပါတယ္။

(Unicode Version)

စပျစ်သီးနှင့် ကျန်းမာရေး

စပျစ်သီးကတော့ လူတိုင်းကြိုက်တဲ့ အသီးအနှံတွေထဲကတစ်မျိုးဖြစ်ပါတယ်။  ထမင်းစားပြီးတဲ့အခါ အချိုတည်းဖို့အတွက်တော့ စပျစ်သီးလေး၊ သရက်သီးလေးစားသုံးကြပေမယ့် သရက်သီးကိုတော့ ဝမ်းသွားမှာစိုးလို့ဆိုပြီး လျှော့စားကြတာတွေ့ရပါတယ်။ တကယ်တော့ စပျစ်သီးလေးကလည်း ဝမ်းနုတ်ဆေးသဖွယ်လုပ်ဆောင်စေတတ်တဲ့ အသီးလေးဖြစ်တာကိုတော့ မသိသလောက် ရှားတယ်လို့ ပြောချင်ပါတယ်။ စပျစ်သီးရဲ့ဓာတ်က သူ့ကို စားလိုက်ရင် ဘယ်လောက်ပဲဝမ်းချုပ်ဝမ်းချုပ် ပုံမှန်သွား စေတာဖြစ်ပါတယ်။ ဒါ့အပြင်တခြားရောဂါတွေဘာတွေပျောက်သေးလဲဆိုတာကို တင်ပြပေးပါဦးမယ်။

စပျစ်သီးမှာ ရေဓာတ်ပါဝင်မှုဟာ ၇၀ မှ ၈၀%၊ သကြားဓာတ်ကတော့ ၁၅ မှ ၃၀% အထိ ပါဝင်တယ်လို့သိရပါတယ်။ ဒါကြောင့် ဒီသစ်သီးလေးဟာ အလုံးလေးသေးတယ်ဆိုပေမယ့် သူ့မှာပါဝင်တဲ့ဓာတ်တွေက ရောဂါမျိုးစုံပျောက်ကင်းစေတယ်လို့ သိရတဲ့အတွက် တန်ဖိုးကလည်းဈေးမကြီးသလို နေရာအနှံ့မှာလည်း ဝယ်ယူစားသုံးနိုင်တာမို့ အဆင်ပြေနိုင်တဲ့အသီးလေးဖြစ်ပါတယ်။ အထူးသဖြင့် ပန်းနာရင်ကြပ်နဲ့ လည်ချောင်းတစ်လျှောက် ရောဂါများလည်းပျောက်ကင်းစေတယ်လို့ သိရပါတယ်။ စပျစ်သီးခြောက်ကပို၍ ထိရောက်ကြောင်းသိရပါတယ်။

ဒါမှမဟုတ်သေးပါဘူး၊ ခေါင်းတစ်ခြမ်းကိုက်နေတယ်။ ဘာလုပ်ရမှန်းမသိတဲ့သူတွေအတွက် မနက်တိုင်း စပျစ်သီးဖျော်ရည်လေးသောက်သုံးဖို့တိုက်တွန်းချင်ပါတယ်။  အသီးကို ရေနည်းနည်းနဲ့ဖျော်ကာ သောက်ပေးရမှာဖြစ်ပါတယ်။ နှလုံးရောဂါဖြစ်ချင်သူများအတွက်လည်း တားဆီးကာကွယ်ပေးတယ်လို့ သိရပါတယ်။ သွေးလည်ပတ်မှုအားကောင်းပြီး သွေးခဲမှုမဖြစ်အောင် တားဆီးပေးကြောင်းသိရပါတယ်။ ကိုလက်စထရောကိုလည်း လျှော့ချပေးကာ သွေးလမ်းကြောင်း ပိတ်ခြင်းမှလည်းကာကွယ်ပေးပါတယ်။  နှလုံးရေယဂါရှိသူများအနေနဲ့လည်း စပျစ်သီးကို ပုံမှန်စားသုံးပေးပါက ဝေဒနာကိုသက်သာစေပါတယ်။

တစ်ခါတလေ ရင်ပြည့်ရင်ကယ်ဖြစ်နေတဲ့ အချိန်လေးတွေမှာလည်း စပျစ်သီးလေးစားလိုက်ရရင် အစာကြေရင်ချောင်သွားကာနေလို့ကောင်းသွားမှာအမှန်ဖြစ်ပါတယ်။