ခက္ခဲၾကမ္းတမ္း သူတို႔လုပ္ငန္း

0
569

photo credit : TheNewYorkTime

အလုပ္ဟူသမွ်ဂုဏ္ရွိစြလို႔ဆိုေပမယ့္လည္း တစ္ခါတစ္ခါ ကိုယ္လုပ္ေနတဲ့ အလုပ္အကိုင္ေတြကမွ ဂုဏ္အရွိဆံုးလို႔ထင္ေနသူတို႔အတြက္ တျခားသူေတြလုပ္ေနၾကတဲ့ အလုပ္အကိုင္ေတြဟာလည္း ဂုဏ္မရွိဘူး၊ေသးသိမ္ႏုတ္ဖ်င္းလိုက္တာလို႔ထင္ေနၾကသူမ်ား၊ ကိုယ္ခ်င္းစာ တရားေလးေတြနဲ႔ ေတြးၿပီး ဒီေလာက္ခက္ခဲတဲ့ အလုပ္ေတြကို လုပ္ေပးေနတဲ့သူေတြရွိတာပဲေက်းဇူးရွာတင္ေနရမွာျဖစ္ပါတယ္။ တခ်ိဳ႕ဆိုရင္ အသက္အႏၱရာယ္အမ်ားႀကီးရွိႏိုင္တဲ့ အလုပ္ေတြကိုလုပ္ေနရတာမို႔ သူတို႔သာ မလုပ္ေပးဘူးဆိုရင္ ကိုယ္တိုင္လုပ္ယူမွရမယ့္အေျခအေနမ်ားကို လုပ္ေပးေနျခင္းဟာ ေသးသိမ္တယ္လို႔ မယူဆၾကဖို႔ ေျပာခ်င္ပါတယ္။ ဘယ္လိုခက္ခဲတဲ့ အလုပ္ေတြလဲလို႔ ေတြးေနၾကမယ္ထင္ပါတယ္။

photo credit: geoterra.co.uk        photo credit: LehighUniversity

လမ္းအေပါက္အဖံုးေတြကို ထုတ္လုပ္ရတဲ့ အလုပ္သမားမ်ားအေနနဲ႔ သူတို႔လုပ္ေပးေနတဲ့ လမ္းအေပါက္အဖံုးေတြကို သံရည္က်ိဳေလာင္းၿပီး၊ မိုလို႔ေခၚတဲ့ ပံုစံခြက္ေတြထဲက်ိဳၿပီးသား သံရည္ပူေတြကို ေလာင္းထည့္လုပ္ေပးရျခင္းျဖစ္ပါတယ္။ နယူးေယာက္ၿမိဳ႕မွာေတာ့ တစ္ႏွစ္ကို အဖံုးေပါင္း ၃၀၀၀ ခန္႔ကို ထုတ္လုပ္ေပးေနပါတယ္လို႔သိရပါတယ္။ ဒီလိုအလုပ္သမားေတြအေနႏွင့္ သတၱဳရည္က်ိဳရာမွာ အကာအကြယ္မဲ့လုပ္ေနရတဲ့အတြက္ အသားအေရေတြ မၾကာခဏေလာင္က်ြမ္းထိခိုက္ခံရတာေတြလည္းရွိတဲ့အတြက္ အႏၱရာယ္ရွိတဲ့ အလုပ္တစ္ခုျဖစ္ပါတယ္။

photo credit: photovolcanica

အျမင့္ေပ ၈၅၃၀ေပ ျမင့္တဲ့ မီးေတာင္တြင္းထဲကေန ဆာလဖာေတြကို ထုတ္ယူရတဲ့အလုပ္ဆိုတာ ၾကားရတာနဲ႔ေတာင္ အသည္းယားမိပါတယ္။ အပူခ်ိန္ဟာလည္း တစ္ခါတစ္ရံ ၄၀၀ ဒီဂရီဆဲစီးယပ္စ္ေလာက္အထိရွိေနတဲ့အဲဒီေနရာမွာဆာလဖာဆိုတဲ့ ဒီသတၱဳကို တူးေဖာ္ေပးရတဲ့ သူတို႔အတြက္ကလည္း ဂုဏ္ယူစရာလုိ႔ပဲေျပာလို႔ရပါတယ္။ ဆာလဖာဆိုတာဟာ မီးရွႈိ႕တဲ့အခါ ျပင္းထန္စူးရွတဲ့ အနံ႔ရေစတာမို႔ ေန႔တိုင္းမီးေတာင္ကဆာလဖာေတြကို တူးေဖာ္ေနရတဲ့ သူတို႔ဘ၀အတြက္ ခက္ခဲၾကမ္းတမ္းတယ္လို႔ေတာင္ မေတြးႏိုင္ၾကေတာ့ပါဘူး။ ပူျပင္းလြန္းေပမယ့္လည္း ပိုက္ဆံ ၁၀ ေဒၚလာ ေလာက္ရဖို႔ အသက္နဲ႔ရင္းၿပီးလုပ္ေနရတဲ့ လူေတြလည္းရွိေနပါတယ္ဆိုတာကို သိရပါတယ္။

photo credit: Notbl.com

ဒါ့အျပင္ ထူးျခားတဲ့ အလုပ္အကိုင္ေတြကိုမွ စိတ္၀င္စားၾကသူမ်ားဆိုရင္ေတာ့ အေမႊးအႀကိဳင္အနံ႔ခံသူမ်ားလို႔နာမည္လွလွေလးေပးထားတဲ့ Odor testers လုပ္ငန္းမွာဆိုရင္လည္း ေယာက်ာၤးမိန္းမ အရြယ္မေရြးလူေပါင္းစံုရဲ႕အနံ႔ကိုရႈေပးရတဲ့ အလုပ္ကေတာ့ ရယ္စရာလည္းေကာင္းသလို ေအာ့အန္တတ္တဲ့သူမ်ားဆို အဆင္မေျပႏိုင္တဲ့ အလုပ္မို႔ ခက္ခဲတဲ့ အလုပ္လို႔ေျပာခ်င္ပါတယ္။ ဒီလိုလုပ္ရတဲ့ေနရာကေတာ့ အဲဒီကုမၸဏီရဲ႕ ခ်ိဳင္းလိမ္းဆီနဲ႔ေခ်ြးတိတ္ေဆးထုတ္လုပ္တဲ့အလုပ္ခြင္မွ ၀န္ထမ္းမ်ားရဲ႕ခက္ခဲမႈလို႔ေျပာခ်င္ပါတယ္။ ကိုယ့္အေနနဲ႔ တစ္ေနလံုးေနရတဲ့အခ်ိန္ေတြမွာဆို သူမ်ားအနံ႔မေျပာနဲ႔ ကိုယ့္အနံ႔ေတာင္ တစ္ခါတစ္ခါ ရြံလြန္းလို႔ သူမ်ားအနံ႔ကိုေတာင္ခံရဦးမယ္ဆိုတာေတာ့ မျဖစ္ႏုိင္ေပမယ့္လုပ္ေနၾကရပါတယ္။ သူတို႔အတြက္ ၀ါသနာပါတယ္၊စိတ္၀င္စားတဲ့ အလုပ္တစ္ခုဆိုေပမယ့္လည္း ထမင္းစားခ်င္စိတ္ကုန္ႏိုင္ေလာက္တဲ့ ရႈတဲ့အလုပ္ကေတာ့ ပိုၿပီးခက္ခဲတယ္လို႔ထင္ပါတယ္။ ကိုယ့္အေနနဲ႔ ဒီေလာက္ခက္ခဲတဲ့ အလုပ္ေတြမလုပ္ရတဲ့ အတြက္ ေပ်ာ္မိပါတယ္လို႔ေျပာခ်င္ပါတယ္။

(Unicode Version)

ခက်ခဲကြမ်းတမ်း သူတို့လုပ်ငန်း

အလုပ်ဟူသမျှဂုဏ်ရှိစွလို့ဆိုပေမယ့်လည်း တစ်ခါတစ်ခါ ကိုယ်လုပ်နေတဲ့ အလုပ်အကိုင်တွေကမှ ဂုဏ်အရှိဆုံးလို့ထင်နေသူတို့အတွက် တခြားသူတွေလုပ်နေကြတဲ့ အလုပ်အကိုင်တွေဟာလည်း ဂုဏ်မရှိဘူး၊သေးသိမ်နုတ်ဖျင်းလိုက်တာလို့ထင်နေကြသူများ၊ ကိုယ်ချင်းစာ တရားလေးတွေနဲ့ တွေးပြီး ဒီလောက်ခက်ခဲတဲ့ အလုပ်တွေကို လုပ်ပေးနေတဲ့သူတွေရှိတာပဲကျေးဇူးရှာတင်နေရမှာဖြစ်ပါတယ်။ တချို့ဆိုရင် အသက်အန္တရာယ်အများကြီးရှိနိုင်တဲ့ အလုပ်တွေကိုလုပ်နေရတာမို့ သူတို့သာ မလုပ်ပေးဘူးဆိုရင် ကိုယ်တိုင်လုပ်ယူမှရမယ့်အခြေအနေများကို လုပ်ပေးနေခြင်းဟာ သေးသိမ်တယ်လို့ မယူဆကြဖို့ ပြောချင်ပါတယ်။ ဘယ်လိုခက်ခဲတဲ့ အလုပ်တွေလဲလို့ တွေးနေကြမယ်ထင်ပါတယ်။

လမ်းအပေါက်အဖုံးတွေကို ထုတ်လုပ်ရတဲ့ အလုပ်သမားများအနေနဲ့ သူတို့လုပ်ပေးနေတဲ့ လမ်းအပေါက်အဖုံးတွေကို သံရည်ကျိုလောင်းပြီး၊ မိုလို့ခေါ်တဲ့ ပုံစံခွက်တွေထဲကျိုပြီးသား သံရည်ပူတွေကို လောင်းထည့်လုပ်ပေးရခြင်းဖြစ်ပါတယ်။ နယူးယောက်မြို့မှာတော့ တစ်နှစ်ကို အဖုံးပေါင်း ၃၀၀၀ ခန့်ကို ထုတ်လုပ်ပေးနေပါတယ်လို့သိရပါတယ်။ ဒီလိုအလုပ်သမားတွေအနေနှင့် သတ္တုရည်ကျိုရာမှာ အကာအကွယ်မဲ့လုပ်နေရတဲ့အတွက် အသားအရေတွေ မကြာခဏလောင်ကျွမ်းထိခိုက်ခံရတာတွေလည်းရှိတဲ့အတွက် အန္တရာယ်ရှိတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။

အမြင့်ပေ ၈၅၃၀ပေ မြင့်တဲ့ မီးတောင်တွင်းထဲကနေ ဆာလဖာတွေကို ထုတ်ယူရတဲ့အလုပ်ဆိုတာ ကြားရတာနဲ့တောင် အသည်းယားမိပါတယ်။ အပူချိန်ဟာလည်း တစ်ခါတစ်ရံ ၄၀၀ ဒီဂရီဆဲစီးယပ်စ်လောက်အထိရှိနေတဲ့အဲဒီနေရာမှာဆာလဖာဆိုတဲ့ ဒီသတ္တုကို တူးဖော်ပေးရတဲ့ သူတို့အတွက်ကလည်း ဂုဏ်ယူစရာလို့ပဲပြောလို့ရပါတယ်။ ဆာလဖာဆိုတာဟာ မီးရှှို့တဲ့အခါ ပြင်းထန်စူးရှတဲ့ အနံ့ရစေတာမို့ နေ့တိုင်းမီးတောင်ကဆာလဖာတွေကို တူးဖော်နေရတဲ့ သူတို့ဘဝအတွက် ခက်ခဲကြမ်းတမ်းတယ်လို့တောင် မတွေးနိုင်ကြတော့ပါဘူး။ ပူပြင်းလွန်းပေမယ့်လည်း ပိုက်ဆံ ၁၀ ဒေါ်လာ လောက်ရဖို့ အသက်နဲ့ရင်းပြီးလုပ်နေရတဲ့ လူတွေလည်းရှိနေပါတယ်ဆိုတာကို သိရပါတယ်။

ဒါ့အပြင် ထူးခြားတဲ့ အလုပ်အကိုင်တွေကိုမှ စိတ်ဝင်စားကြသူများဆိုရင်တော့ အမွှေးအကြိုင်အနံ့ခံသူများလို့နာမည်လှလှလေးပေးထားတဲ့ Odor testers လုပ်ငန်းမှာဆိုရင်လည်း ယောကျာၤးမိန်းမ အရွယ်မရွေးလူပေါင်းစုံရဲ့အနံ့ကိုရှုပေးရတဲ့ အလုပ်ကတော့ ရယ်စရာလည်းကောင်းသလို အော့အန်တတ်တဲ့သူများဆို အဆင်မပြေနိုင်တဲ့ အလုပ်မို့ ခက်ခဲတဲ့ အလုပ်လို့ပြောချင်ပါတယ်။ ဒီလိုလုပ်ရတဲ့နေရာကတော့ အဲဒီကုမ္ပဏီရဲ့ ချိုင်းလိမ်းဆီနဲ့ချွေးတိတ်ဆေးထုတ်လုပ်တဲ့အလုပ်ခွင်မှ ဝန်ထမ်းများရဲ့ခက်ခဲမှုလို့ပြောချင်ပါတယ်။ ကိုယ့်အနေနဲ့ တစ်နေလုံးနေရတဲ့အချိန်တွေမှာဆို သူများအနံ့မပြောနဲ့ ကိုယ့်အနံ့တောင် တစ်ခါတစ်ခါ ရွံလွန်းလို့ သူများအနံ့ကိုတောင်ခံရဦးမယ်ဆိုတာတော့ မဖြစ်နိုင်ပေမယ့်လုပ်နေကြရပါတယ်။ သူတို့အတွက် ဝါသနာပါတယ်၊စိတ်ဝင်စားတဲ့ အလုပ်တစ်ခုဆိုပေမယ့်လည်း ထမင်းစားချင်စိတ်ကုန်နိုင်လောက်တဲ့ ရှုတဲ့အလုပ်ကတော့ ပိုပြီးခက်ခဲတယ်လို့ထင်ပါတယ်။ ကိုယ့်အနေနဲ့ ဒီလောက်ခက်ခဲတဲ့ အလုပ်တွေမလုပ်ရတဲ့ အတွက် ပျော်မိပါတယ်လို့ပြောချင်ပါတယ်။