Hi Mobile (ကမာရွတ်)

0
258













(Unicode Version)

Hi Mobile (ကမာရွတ်)
မဝင်းပပသော် (ဆိုင်တာဝန်ခံ)
Hi Mobile (ကမာရွတ်) Showroom အကြောင်း
Hi-Mobile (ကမာရွတ်)အရောင်း Showroom ကို ၂၀၁၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး မော်ဒယ်မြင့် Smart Phone မျိုးစုံ၊ Tablet မျိုးစုံ၊ Keypad အမျိုးမျိုး၊ အထိုင်ဖုန်းအမျိုးမျိုးနှင့် ၎င်းတို့နှင့်ဆက်စပ်သော Accessories ပစ္စည်းမျိုးစုံတို့ကို တစ်နေရာတည်းမှာရွေးချယ်၍ ဝယ်ယူရရှိနိုင်အောင် ရောင်းချပေးလျက်ရှိပါတယ်။ MPT, Telenor, Ooredoo, Mytel Simcard များအပြင် ငွေဖြည့်ကတ်အမျိုးမျိုး၊ OTG Stick, Memory Stick, Ananda 4G နှင့် Telenor Broadband များကိုလည်း ဝယ်ယူရရှိနိုင်ပါတယ်။ ဒါ့အပြင် True Money ဖြင့် ငွေလွှဲ ဝန်ဆောင်မှုကိုလည်း ဆောင်ရွက်ပေးပါသေးတယ်။ မိဘပြည်သူ Customer များရဲ့အခက်အခဲများကို ကူညီ ဖြေရှင်းနိုင်ရန်အတွက်လည်း showroom နှင့်အတူ service center ကိုပါ တွဲဖက်၍ ဖွင့်လှစ်ထားပါတယ်။

Hi Mobile (ကမာရွတ်) Showroom မှပေးချင်သော Message
Hi-Mobile (ကမာရွတ်) အရောင်း Showroom မှ အရည်အသွေးမြင့်မားကောင်းမွန်ပြီး Customers များ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်သော Brand New Handsets များနှင့် Accessories ပစ္စည်းများကို ပစ္စည်းမှန် ဈေးနှုန်းမှန်ဖြင့် ရောင်းချပေးနေပါတယ်။ ဝယ်ယူအားပေးသော Customers များကို ကျေးဇူးတုံ့ပြန်သော အနေဖြင့်လည်း Promotion လက်ဆောင်ပစ္စည်းများကို မကြာခဏဆိုသလို ပေးလျက်ရှိပါတယ်။ Hi-Mobile (ကမာရွတ်)အရောင်း Showroom မှ စစ်မှန်သောပစ္စည်း၊ ချိုသာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိ တာကြောင့် လာရောက်ဝယ်ယူအားပေးသောကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

Hi Mobile (ကမာရွတ်) Showroom ရဲ့ဝန်ဆောင်မှုများ
Hi-Mobile (ကမာရွတ်) အရောင်း Showroom မှ Mobile Handset များကို ဝယ်ယူအားပေးသော Customers များအားလိုအပ်တဲ့ Applications နှင့် Games များကို စိတ်တိုင်းကျထည့်သွင်းပေးမှာဖြစ်ပြီး မိဘပြည်သူ Customers များဝယ်ယူသော Brand အပေါ်မူတည်၍ အကင်စက်၊ ပန်ကာ၊ Hairdryer၊ မီးပူ၊ Powerbank ၊ Selfie Stick၊ Cover၊ မှန်မကွဲ၊ Sim Card၊ Earphone ၊ LED မီးချောင်း၊ Ring Stand ၊ Cable ကြိုးအစရှိတဲ့ Promotion လက်ဆောင်များကိုပေးပြီး ကျေးဇူးတုံ့ပြန်သွားမှာ ဖြစ်ပါတယ်။ ဒ့ါအပြင် လစဉ်လတိုင်းမှာလည်း မတူညီတဲ့ Promotion အစီအစဉ်များကို Customer များအတွက် စီစဉ်ပေးလျက်ရှိပါတယ်။ Hi-Mobile (ကမာရွတ်)အရောင်း Shworoom မှ မည်သည့် Smartphone ကို မဆို Official One Year Warranty ဖြင့် ရောင်းချပေးသွားမှာဖြစ်ပြီး Software ပိုင်းအတွက်ကတော့ Life Time Warranty ပေးသွားမှာ ဖြစ်ပါတယ်။ Hi-Mobile (ကမာရွတ်) အရောင်း Showroom မှ Mobile Phone များကိုဝယ်ယူအားပေးတဲ့ customers များအနေဖြင့် တစ်ပတ်အတွင်း User Fault ကြောင့်မဟုတ်ဘဲ Factory Fault ကြောင့်တစ်စုံတစ်ရာချို့ယွင်းမှု ဖြစ်ပေါ်ပါက အဆင်ပြေအောင်ပြန်လည်၍ ညှိနှိုင်းဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

Hi Mobile (ကမာရွတ်) Showroom မှာဝယ်ယူရင် စိတ်ချရမယ့်အချက်
Hi-Mobile (ကမာရွတ်)အရောင်း Showroom မှာဆိုရင် ဝယ်ယူအားပေးတဲ့ ကမာရွတ်မြို့နယ်က မိဘပြည်သူ တွေစိတ်ချယုံကြည်စွာနဲ့ အသုံးပြုလို့ရရှိနိုင်အောင် ကုမ္ပဏီထုတ် Mobile Handset တွေကိုသာ ဝန်ဆောင်မှု အမျိုးမျိုး၊ အာမခံအမျိုးမျိုးနဲ့ရောင်းချပေးနေလို့ ယုံကြည်စွာနဲ့လာရောက်လေ့လာ ဝယ်ယူအားပေးနိုင်ပါတယ် ရှင့်။

Hi Mobile (ကမာရွတ်) Showroom မှာဝယ်ယူရရှိနိုင်မည့် ဖုန်းအမျိုးအစားများ
Hi-Mobile (ကမာရွတ်) အရောင်း Showroom မှ ဈေးနှုန်းချိုသာပြီး အရည်အသွေးမြင့်မားကောင်းမွန်တဲ့ Mobile Handset တွေဖြစ်တဲ့ Apple, Samsung, Xiaomi, Huawei, Vivo, OPPO, Honor, Nokia, Meizu, Tecno, Gionee ဖုန်းများအပြင် Tablets, Keypad Phone အမျိုးမျိုးနှင့် အထိုင်ဖုန်းများကိုလည်း ဝယ်ယူ ရရှိနိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here