ရိုးသားစြာ ေနထိုင္ၾကသူမ်ား

0
139

ေခတ္အမီဆံုးႏိုင္ငံတစ္ခုအျဖစ္ လူသိမ်ားေနတဲ့ အေမရိကန္ႏီုင္ငံဆိုတာ ကမၻာ့အင္အားႀကီးႏိုင္ငံ နည္းပညာအရလည္း ေခတ္မီႏိုင္ငံတစ္ခုျဖစ္တယ္လို႔ အားလံုးလည္းသိေနၾကတာျဖစ္ပါတယ္။ ဒီေလာက္ေခတ္မီတဲ့ႏိုင္ငံအႀကီးႀကီးမွာ ဘယ္လိုနည္းပညာေတြကိုမွအသံုးမျပဳ၊ မပတ္သက္ဘဲ ေရွးရိုးအတိုင္းေနထိုင္ေနၾကတဲ့သူေတြရွိေနေသးတယ္ဆိုတာသိေစခ်င္လို႔တင္ျပေပးခ်င္ပါတယ္။ ဒီလိုလူေတြ အမ်ားႀကီးရွိေနၾကတယ္ဆိုတဲ့အဲဒီလိုေတြကိုေတာ့ Amish လူမ်ိဳးစုေတြလို႔သိရပါတယ္။

သူတို႔ကေတာ့ မိရိုးဖလာ ခရစ္ယာန္ ၀ါဒီ ေတြျဖစ္ၿပီး၊ဆြစ္ဇာ လန္ကေျပာင္းလာတာလို႔သိရကာ ေျမာက္အေမရိကတိုက္က အေမရိကန္နဲ႔ကေနဒါတို႔မွာေနထိုင္ၾကတယ္လို႔သိရပါတယ္။ ဆြစ္ဇာလန္လူမ်ိဳးတရားေဟာဆရာမွ ဒီ Amishလူမ်ိဳးေတြကို စတင္ပ်ိဳးေထာင္မ်ိဳးေစ့ခ်ေပးခဲ့တာျဖစ္ပါတယ္။ အေကာင္းဆံုး၀ါဒဟာ ရိုးသားျခင္းပါ ဆိုတာကို ေခတ္မီလာတာနဲ႔အမွ် ကမၻာႀကီးပိုၿပီးဆုတ္ယုတ္လာတဲ့အခ်ိန္မွာ ဒီလိုလူမ်ိဳးေတြက တျခားႏိုင္ငံသူႏိုင္ငံသားေတြ ေခတ္မီတဲ့ေနာက္မလိုက္ဘဲေအးေဆးစြာေနထိုင္ေနၾကတယ္ဆိုတာမ်ိဳး သက္ေသျပေနတာကို ဗဟုသုတရေစခ်င္တာရယ္၊ ဘယ္တိုင္းျပည္၊ ဘယ္ႏိုင္ငံေတြကဘယ္ေလာက္ တိုးတက္ေနပါေစ သူတို႔ကေတာ့ ေနၿမဲအတိုင္းလႈပ္ရွားသြားလာၿပီး၊စားေသာက္ေနထိုင္ၾကတယ္လို႔သိရပါတယ္။

အရိုးသားဆံုးဆိုတဲ့အေနအထားမ်ိဳးေတြအျဖစ္ သူတို႔ေနထိုင္တဲ့ရြာကေလးမွာကိုပဲ မီးလင္းဖို၊ ျမင္းေတြ၊ ထြန္တံုးေတြ၊ ေပါက္ျပားေတြပဲေတြ႔ရမွာျဖစ္ကာ အိမ္မ်ားဟာလည္း သစ္သား၊ ေက်ာက္တံုးအဓိကထားၿပီး ေဆာက္ထားၾကတယ္ဆိုတာသိရပါတယ္။ အဲဒါအျပင္ အမ်ဳိးသမီးေတြအေနနဲ႔ အလွျပင္တာကို မႏွစ္သက္တာေၾကာင့္ ဘာအလွျပင္ပစၥည္းမွ မသံုးသလိုသူတို႔အတြက္ ဘာနည္းပညာပစၥည္းမွမလိုအပ္ဘူးလို႔ခံယူထား သူမ်ားျဖစ္ၾကပါတယ္။ ညဘက္အတြက္ကိုလည္း ဖေယာင္းတိုင္မ်ားအိမ္တိုင္းထြန္းထားတဲ့Amishေတြရဲ႕ေနရပ္မွာဘာတူရိယာမွ ပါ၀င္ျဖည့္စြက္မထားဘဲ ဘုရားေက်ာင္းမွ ဓမၼေတးသံကိုကိုပဲ ဆြတ္ပ်ံ႕ဖြယ္နားဆင္ရမွာျဖစ္ပါတယ္။ဒီလူမ်ိဳးေတြရဲ႕ လူငယ္ေတြအေနနဲ႔ အသက္ ၁၄ ႏွစ္၊ ၁၈ ႏွစ္ၾကားေရာက္ရွိလာရင္ေတာ့ အျပင္ေလာကမွာတစ္ကိုယ္တည္းရပ္တည္ႏိုင္ဖို႔ အျပင္ေလာကကိုထြက္ၿပီးသင္ယူရပါတယ္။ မိမိသြားခ်င္တဲ့လမ္းေၾကာင္းကို ကိုယ္တိုင္ေဖာက္ႏိုင္ဖို႔ မိဘေတြကခြင့္ျပဳေပးထားတဲ့ဓေလ့ကို အသံုးျပဳေနတာေတြသိရပါတယ္။ အျပင္ေလာကအေၾကာင္းသိၿပီဆိုတဲ့အခ်ိန္မွာ အိမ္ကိုျပန္လာၿပီး က်င့္သံုးေနတဲ့ဓေလ့အတိုင္းအသက္ထက္ဆံုးေနထိုင္သြားတတ္ၾကသလို၊တခ်ိဳ႕ကလည္း မိမိတို႔က်င္လည္ခဲ့တဲ့ ျပင္ပလူေနမႈဘ၀ကိုပဲေရြးခ်ယ္ခဲ့မယ္ဆိုရင္ေတာ့ မိသားစုကိုခြဲခြာၿပီး ကိုယ့္ယံုၾကည္ခ်က္ အတိုင္းခရီးဆက္ထြက္ရမွာျဖစ္ပါတယ္။ ဘယ္လိုနည္းနဲ႔မွခ်ည္ေႏွာင္ထားျခင္းမ်ိဳးမရွိေစဘဲလြတ္လပ္စြာေနထိုင္ခြင့္အျပည့္ေပးထားတဲ့လူမ်ိဳးေတြျဖစ္ေၾကာင္း သိရပါတယ္။ ေနာက္ထပ္ဓေလ့တစ္ခုကိုေျပာျပရရင္ bundlingဆိုတဲ့ ေပါင္းစည္းျခင္းဓေလ့ကလည္း သူတို႔ ရဲ႕သမၼာက်မ္းစာအရပဲက်င့္သံုးေနၾကတာျဖစ္ပါတယ္။ လက္ထပ္ဖို႔ရည္ရြယ္ထားတဲ့အမ်ိဳးသားနဲ႔အမ်ိဳးသမီးတို႔ကို အိမ္ရဲ႕ အေႏြးေထြးဆံုးနဲ႔ သက္ေသာင့္သက္သာ အရွိဆံုးျဖစ္တဲ့ကုတင္ေပၚမွာတစ္ညတာ ကိုကုန္ဆံုးခြင့္ျပဳေပးတာပဲျဖစ္ပါတယ္။  အ၀တ္အစား အျပည့္အစံု၀တ္ဆင္ထားတဲ့အဲဒီအတဲြဟာထိေတြ႕ခြင့္ မျပဳလုပ္ရဘဲ ႏွစ္ဦးၾကားမွာအရာ၀တၱဳတစ္ခုျခားထားကာ တစ္ညလံုး စကားလက္ဆံုေျပာရတာျဖစ္တယ္လို႔သိရပါတယ္။ ဒီဟာလည္းသူတို႔လူမ်ိဳးေတြရဲ႕ဓေလ့ျဖစ္ပါတယ္။ ေနာက္တစ္ေန႔မနက္မွာေတာ့ ဘုရားေက်ာင္းသြားၿပီး၊ မဆီေလ်ာ္တဲ့ဘယ္လိုကိစၥကိုမွမေဆာင္ရြက္ခဲ့ေၾကာင္းဖြင့္ဟ၀န္ခံၾကရပါတယ္လို႔မွတ္သားရပါတယ္။ အိမ္ေထာင္တစ္ခုမတည္ေထာင္ခင္ ယံုၾကည္မႈကို တည္ေဆာက္ရတဲ့သေဘာျဖစ္ပါတယ္လို႔သိရပါတယ္။

ဒီေလာက္ေရွးရိုးစံတဲ့အထဲကမွ ေဟာလိ၀ုဒ္အထိ နာမည္ေက်ာ္တဲ့ သရုပ္ေဆာင္ တစ္ေယာက္ေပၚထြက္ခဲ့တာရွိတယ္လို႔လည္းသိရပါတယ္။ သူ႔နာမည္ကေတာ့ Mine Me in Austin Powerဇာတ္ကားထဲက Verne Troyer ဆိုတဲ့သူပဲျဖစ္ပါတယ္။ သူကေတာ့ မိဘေတြက ဒီအဖဲြ႔အစည္းမွခြဲထြက္ကာတျခားေနရာသို႔ေျပာင္းလာခဲ့တာမို႔ျဖစ္ပါတယ္လို႔သိရပါတယ္။ ခ်စ္သူခ်င္းေတြ႕ဆံုမႈအတြက္ဆိုရာမွာလည္း ဘုရားေက်ာင္းတက္ၿပီးခ်ိန္မွာအမ်ိဳးသားရဲ႕ကမ္းလွမ္းမႈကိုလက္ခံပါကျမင္းလွည္းနဲ႔အိမ္ကိုလိုက္ပို႔ခြင့္ရွိၿပီး၊အိမ္ျပန္ခရီးတိုေလးမွေန မိန္းကေလးရဲ႕မိဘမ်ားခြင့္ျပဳခ်က္ရပါက မိန္းကေလး၏အိပ္ရာအထိသြားကာတစ္ညလံုးကုန္ဆံုးႏိုင္ပါတယ္လို႔ေျပာျပထားပါတယ္။ ဒီလိုတစ္ညတာ ကုန္ဆံုးရာမွာလည္း သတ္မွတ္ထားတဲ့ဓေလ့အတိုင္း လိုက္နာရပါတယ္လို႔သိရပါတယ္။

စိတ္၀င္စားဖြယ္ေကာင္းတဲ့ ဒီလူမ်ိဳးေတြရဲ႕ ဓေလ့ထံုးတမ္းေတြနဲ႔ေနထိုင္စားေသာက္မႈေတြေၾကာင့္ သူတို႔ေဒသမွာ ကင္ဆာေရာဂါနဲ႔တျခားေရာဂါေတြျဖစ္ပြားတာရွားပါးလွေၾကာင္းလည္းသိရပါတယ္။ ေစ့စပ္ၿပီးအမ်ားကလက္မခံဘူးဆိုလည္း စိန္လက္စြပ္ေပးၿပီးလက္ထပ္ခြင့္မေတာင္းရဘဲေၾကြပန္းကန္ ဒါမွမဟုတ္ အ၀တ္စတစ္ခုေပးၿပီး ေစ့စပ္ပြဲကိုဖ်က္သိမ္းေပးရကာ ဘုရားေက်ာင္းကခြင့္ျပဳေပးမွအထေျမာက္ေၾကာင္း အံ့ၾသစြာသိရပါတယ္။ ဒီထက္ထူးျခားတာေလးေျပာခ်င္ပါေသးတယ္။ သူတို႔ဟာ အဆင္ေတြပါတဲ့အ၀တ္ေတြကို ဘယ္ေတာ့မွမ၀တ္သလို၊ လက္အရွည္ေဘာင္းဘီရွည္ကိုသာ၀တ္ဆင္အသံုးျပဳၾကတယ္လို႔လည္းသိရပါတယ္။ အဲဒီလိုေရွးဆန္တဲ့လူမ်ိဳးေတြအေၾကာင္း သိခြင့္ရေစတဲ့အတြက္ဗဟုသုတျဖစ္ေစပါတယ္။

(Unicode Version)

ရိုးသားစွာ နေထိုင်ကြသူများ

ခေတ်အမီဆုံးနိုင်ငံတစ်ခုအဖြစ် လူသိများနေတဲ့ အမေရိကန်နီုင်ငံဆိုတာ ကမ္ဘာ့အင်အားကြီးနိုင်ငံ နည်းပညာအရလည်း ခေတ်မီနိုင်ငံတစ်ခုဖြစ်တယ်လို့ အားလုံးလည်းသိနေကြတာဖြစ်ပါတယ်။ ဒီလောက်ခေတ်မီတဲ့နိုင်ငံအကြီးကြီးမှာ ဘယ်လိုနည်းပညာတွေကိုမှအသုံးမပြု၊ မပတ်သက်ဘဲ ရှေးရိုးအတိုင်းနေထိုင်နေကြတဲ့သူတွေရှိနေသေးတယ်ဆိုတာသိစေချင်လို့တင်ပြပေးချင်ပါတယ်။ ဒီလိုလူတွေ အများကြီးရှိနေကြတယ်ဆိုတဲ့အဲဒီလိုတွေကိုတော့ Amishလူမျိုးစုတွေလို့သိရပါတယ်။

သူတို့ကတော့ မိရိုးဖလာ ခရစ်ယာန် ဝါဒီ တွေဖြစ်ပြီး၊ဆွစ်ဇာ လန်ကပြောင်းလာတာလို့သိရကာ မြောက်အမေရိ ကတိုက်က အမေရိကန်နဲ့ကနေဒါတို့မှာနေထိုင်ကြတယ်လို့သိရပါတယ်။ ဆွစ်ဇာလန်လူမျိုးတရားဟောဆရာမှ ဒီ Amishလူမျိုးတွေကို စတင်ပျိုးထောင်မျိုးစေ့ချပေးခဲ့တာဖြစ်ပါတယ်။ အကောင်းဆုံးဝါဒဟာ ရိုးသားခြင်းပါ ဆိုတာကို ခေတ်မီလာတာနဲ့အမျှ ကမ္ဘာကြီးပိုပြီးဆုတ်ယုတ်လာတဲ့အချိန်မှာ ဒီလိုလူမျိုးတွေက တခြားနိုင်ငံသူနိုင်ငံသားတွေ ခေတ်မီတဲ့နောက်မလိုက်ဘဲအေးဆေးစွာနေထိုင်နေကြတယ်ဆိုတာမျိုး သက်သေပြနေတာကို ဗဟုသုတရစေချင်တာရယ်၊ ဘယ်တိုင်းပြည်၊ ဘယ်နိုင်ငံတွေကဘယ်လောက် တိုးတက်နေပါစေ သူတို့ကတော့ နေမြဲအတိုင်းလှုပ်ရှားသွားလာပြီး၊စားသောက်နေထိုင်ကြတယ်လို့သိရပါတယ်။

အရိုးသားဆုံးဆိုတဲ့အနေအထားမျိုးတွေအဖြစ် သူတို့နေထိုင်တဲ့ရွာကလေးမှာကိုပဲ မီးလင်းဖို၊ မြင်းတွေ၊ ထွန်တုံးတွေ၊ ပေါက်ပြားတွေပဲတွေ့ရမှာဖြစ်ကာ အိမ်များဟာလည်း သစ်သား၊ ကျောက်တုံးအဓိကထားပြီး ဆောက်ထားကြတယ်ဆိုတာသိရပါတယ်။ အဲဒါအပြင် အမျိုးသမီးတွေအနေနဲ့ အလှပြင်တာကို မနှစ်သက်တာကြောင့် ဘာအလှပြင်ပစ္စည်းမှ မသုံးသလိုသူတို့အတွက် ဘာနည်းပညာပစ္စည်းမှမလိုအပ်ဘူးလို့ခံယူထား သူများဖြစ်ကြပါတယ်။ ညဘက်အတွက်ကိုလည်း ဖယောင်းတိုင်များအိမ်တိုင်းထွန်းထားတဲ့Amishတွေရဲ့နေရပ်မှာဘာတူရိယာမှ ပါဝင်ဖြည့်စွက်မထားဘဲ ဘုရားကျောင်းမှ ဓမ္မတေးသံကိုကိုပဲ ဆွတ်ပျံ့ဖွယ်နားဆင်ရမှာဖြစ်ပါတယ်။ဒီလူမျိုးတွေရဲ့ လူငယ်တွေအနေနဲ့ အသက် ၁၄ နှစ်၊ ၁၈ နှစ်ကြားရောက်ရှိလာရင်တော့ အပြင်လောကမှာတစ်ကိုယ်တည်းရပ်တည်နိုင်ဖို့ အပြင်လောကကိုထွက်ပြီးသင်ယူရပါတယ်။ မိမိသွားချင်တဲ့လမ်းကြောင်းကို ကိုယ်တိုင်ဖောက်နိုင်ဖို့ မိဘတွေကခွင့်ပြုပေးထားတဲ့ဓလေ့ကို အသုံးပြုနေတာတွေသိရပါတယ်။ အပြင်လောကအကြောင်းသိပြီဆိုတဲ့အချိန်မှာ အိမ်ကိုပြန်လာပြီး ကျင့်သုံးနေတဲ့ဓလေ့အတိုင်းအသက်ထက်ဆုံးနေထိုင်သွားတတ်ကြသလို၊တချို့ကလည်း မိမိတို့ကျင်လည်ခဲ့တဲ့ ပြင်ပလူနေမှုဘဝကိုပဲရွေးချယ်ခဲ့မယ်ဆိုရင်တော့ မိသားစုကိုခွဲခွာပြီး ကိုယ့်ယုံကြည်ချက် အတိုင်းခရီးဆက်ထွက်ရမှာဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့မှချည်နှောင်ထားခြင်းမျိုးမရှိစေဘဲလွတ်လပ်စွာနေထိုင်ခွင့်အပြည့်ပေးထားတဲ့လူမျိုးတွေဖြစ်ကြောင်း သိရပါတယ်။ နောက်ထပ်ဓလေ့တစ်ခုကိုပြောပြရရင် bundlingဆိုတဲ့ ပေါင်းစည်းခြင်းဓလေ့ကလည်း သူတို့ ရဲ့သမ္မာကျမ်းစာအရပဲကျင့်သုံးနေကြတာဖြစ်ပါတယ်။ လက်ထပ်ဖို့ရည်ရွယ်ထားတဲ့အမျိုးသားနဲ့အမျိုးသမီးတို့ကို အိမ်ရဲ့ အနွေးထွေးဆုံးနဲ့ သက်သောင့်သက်သာ အရှိဆုံးဖြစ်တဲ့ကုတင်ပေါ်မှာတစ်ညတာ ကိုကုန်ဆုံးခွင့်ပြုပေးတာပဲဖြစ်ပါတယ်။  အဝတ်အစား အပြည့်အစုံဝတ်ဆင်ထားတဲ့အဲဒီအတွဲဟာထိတွေ့ခွင့် မပြုလုပ်ရဘဲ နှစ်ဦးကြားမှာအရာဝတ္တုတစ်ခုခြားထားကာ တစ်ညလုံး စကားလက်ဆုံပြောရတာဖြစ်တယ်လို့သိရပါတယ်။ ဒီဟာလည်းသူတို့လူမျိုးတွေရဲ့ဓလေ့ဖြစ်ပါတယ်။ နောက်တစ်နေ့မနက်မှာတော့ ဘုရားကျောင်းသွားပြီး၊ မဆီလျော်တဲ့ဘယ်လိုကိစ္စကိုမှမဆောင်ရွက်ခဲ့ကြောင်းဖွင့်ဟဝန်ခံကြရပါတယ်လို့မှတ်သားရပါတယ်။ အိမ်ထောင်တစ်ခုမတည်ထောင်ခင် ယုံကြည်မှုကို တည်ဆောက်ရတဲ့သဘောဖြစ်ပါတယ်လို့သိရပါတယ်။

ဒီလောက်ရှေးရိုးစံတဲ့အထဲကမှ ဟောလိဝုဒ်အထိ နာမည်ကျော်တဲ့ သရုပ်ဆောင် တစ်ယောက်ပေါ်ထွက်ခဲ့တာရှိတယ်လို့လည်းသိရပါတယ်။ သူ့နာမည်ကတော့ Mine Me in Austin Powerဇာတ်ကားထဲက Verne Troyer ဆိုတဲ့သူပဲဖြစ်ပါတယ်။ သူကတော့ မိဘတွေက ဒီအဖွဲ့အစည်းမှခွဲထွက်ကာတခြားနေရာသို့ပြောင်းလာခဲ့တာမို့ဖြစ်ပါတယ်လို့သိရပါတယ်။ ချစ်သူချင်းတွေ့ဆုံမှုအတွက်ဆိုရာမှာလည်း ဘုရားကျောင်းတက်ပြီးချိန်မှာအမျိုးသားရဲ့ကမ်းလှမ်းမှုကိုလက်ခံပါကမြင်းလှည်းနဲ့အိမ်ကိုလိုက်ပို့ခွင့်ရှိပြီး၊အိမ်ပြန်ခရီးတိုလေးမှနေ မိန်းကလေးရဲ့မိဘများခွင့်ပြုချက်ရပါက မိန်းကလေး၏အိပ်ရာအထိသွားကာတစ်ညလုံးကုန်ဆုံးနိုင်ပါတယ်လို့ပြောပြထားပါတယ်။ ဒီလိုတစ်ညတာ ကုန်ဆုံးရာမှာလည်း သတ်မှတ်ထားတဲ့ဓလေ့အတိုင်း လိုက်နာရပါတယ်လို့သိရပါတယ်။

စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဒီလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းတွေနဲ့နေထိုင်စားသောက်မှုတွေကြောင့် သူတို့ဒေသမှာ ကင်ဆာရောဂါနဲ့တခြားရောဂါတွေဖြစ်ပွားတာရှားပါးလှကြောင်းလည်းသိရပါတယ်။ စေ့စပ်ပြီးအများကလက်မခံဘူးဆိုလည်း စိန်လက်စွပ်ပေးပြီးလက်ထပ်ခွင့်မတောင်းရဘဲကြွေပန်းကန် ဒါမှမဟုတ် အဝတ်စတစ်ခုပေးပြီး စေ့စပ်ပွဲကိုဖျက်သိမ်းပေးရကာ ဘုရားကျောင်းကခွင့်ပြုပေးမှအထမြောက်ကြောင်း အံ့သြစွာသိရပါတယ်။ ဒီထက်ထူးခြားတာလေးပြောချင်ပါသေးတယ်။ သူတို့ဟာ အဆင်တွေပါတဲ့အဝတ်တွေကို ဘယ်တော့မှမဝတ်သလို၊ လက်အရှည်ဘောင်းဘီရှည်ကိုသာဝတ်ဆင်အသုံးပြုကြတယ်လို့လည်းသိရပါတယ်။ အဲဒီလိုရှေးဆန်တဲ့လူမျိုးတွေအကြောင်း သိခွင့်ရစေတဲ့အတွက်ဗဟုသုတဖြစ်စေပါတယ်။