Honor View 20 ဖုန္းရဲ႕အေရွ႕ဘက္ျခမ္းနဲ႔ အေရာင္ဒီဇိုင္းေတြ ထြက္လာ

0
283

Huawei ရဲ့ Brand ခွဲတခု ဖြစ်တဲ့ Honor ဟာ View 20 စမတ်ဖုန်းအသစ်ကို ဟောင်ကောင်မှာ မိတ်ဆက်သွားခဲ့ပါတယ်။ V20 ဖုန်းအကြောင်း အပြည့်အစုံကိုတော့ ဒီဇင်ဘာ ၂၆၊ ဘေဂျင်းမှာ လုပ်မယ့် ပွဲမှာ ပြောသွားဖို့ ရှိပါတယ်။ Global Launch ကိုတော့ ဇန်နဝါရီ ၂၂ ၊ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ လုပ်သွားမှာဖြစ်ပါတယ်။ Display အပေါက်ပါတဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းပါ။ Honor ကတော့ ကမ္ဘာ့ပထမဆုံး screen တွင်း ကင်မရာပါတဲ့ ဖုန်းလို့ ဆိုထားပါတယ်။

Honor V20 ဟာ 48-megapixel ကျောကင်မရာ sensor ပါတဲ့ ပထမဆုံးဖုန်းလည်း ဖြစ်ပါတယ်။ Mate 20 Pro တို့မှာ သုံးခဲ့တဲ့ Kirin 980 Chipset ကိုလည်း V20 မှာ ပြန်သုံးထားပါတယ်။ Kirin 980 ချစ်ပ်မှာ AI အထောက်အပံ့ ရုပ်ထွက်အရည်အသွေးမြင့်မားတဲ့ 48MP ရုပ်ပုံကို ဖန်တီးနိုင်ဖို့ 48MP AI HDR ကိုထည့်သွင်းထားပါတယ်။

ဒါ့အပြင် V20 မှာ Wi-Fi နဲ့ 4G LTE နှစ်ခုပေါင်းပြီး တပြိုင်တည်း Download လုပ်နိုင်မယ့် “Link Turbo” နည်းပညာလည်း ပါဝင်လာဦးမှာပါ။ Wi-Fi နှေးနေရင်လည်း 4G လိုင်း အလိုလို ပြောင်းသုံးပေးမှာ ဖြစ်ပါတယ်။ Wi-Fi နှေးနေလည်း ပေသုံးနေတာမျိုး ကြုံရတော့မှာ မဟုတ်ပါဘူး။ Honor V20 ရဲ့ အဓိကဆွဲဆောင်မှုကတော့ သူ့ရဲ့ Display အပေါက်ပါ။

Notch အစား အပေါက်ပြောင်းသုံးထားတော့ screen နဲ့ ကိုယ်ထည်အချိုး ပိုများသွားပြီး၊ screenအပြည့်ဆိုတာ ပိုပေါ်လွင်သွားပါတယ်။ အပေါက်ကိုတော့ ဖုန်းရဲ့ အပေါ် ဘယ်ဘက်ထောင့်မှာ တွေ့ရမှာပါ။ အရောင်ပိုင်းမှာတော့ Blue, Gray နဲ့ Red ဆိုပြီး ၃ရောင်ထုတ်လုပ်လာမှာ ဖြစ်ပါတယ်။ Magic UI ကိုသုံးရဖို့များပါတယ်။ လက်ရှိခန့်မှန်းထားတဲ့ ဈေးတွေကတော့ $435/€385 ဝန်းကျင်လောက်ရှိမယ်လို့ သိရပါတယ်။

zawgyi

Huawei ရဲ႕ Brand ခြဲတခု ျဖစ္တဲ့ Honor ဟာ View 20 စမတ္ဖုန္းအသစ္ကို ေဟာင္ေကာင္မွာ မိတ္ဆက္သြားခဲ့ပါတယ္။ V20 ဖုန္းအေၾကာင္း အျပည့္အစုံကိုေတာ့ ဒီဇင္ဘာ ၂၆၊ ေဘဂ်င္းမွာ လုပ္မယ့္ ပြဲမွာ ေျပာသြားဖို႕ ရွိပါတယ္။ Global Launch ကိုေတာ့ ဇန္နဝါရီ ၂၂ ၊ ျပင္သစ္ႏုိင္ငံ၊ ပါရီျမိဳ႕မွာ လုပ္သြားမွာျဖစ္ပါတယ္။ Display အေပါက္ပါတဲ့ ကမၻာ့ပထမဆုံး စမတ္ဖုန္းပါ။ Honor ကေတာ့ ကမၻာ့ပထမဆုံး screen တြင္း ကင္မရာပါတဲ့ ဖုန္းလို႕ ဆိုထားပါတယ္။

Honor V20 ဟာ 48-megapixel ေက်ာကင္မရာ sensor ပါတဲ့ ပထမဆုံးဖုန္းလည္း ျဖစ္ပါတယ္။ Mate 20 Pro တို႕မွာ သုံးခဲ့တဲ့ Kirin 980 Chipset ကိုလည္း V20 မွာ ျပန္သုံးထားပါတယ္။ Kirin 980 ခ်စ္ပ္မွာ AI အေထာက္အပံ့ ႐ုပ္ထြက္အရည္အေသြးျမင့္မားတဲ့ 48MP ႐ုပ္ပုံကုိ ဖန္တီးႏိုင္ဖုိ႔ 48MP AI HDR ကိုထည့္သြင္းထားပါတယ္။

ဒါ့အျပင္ V20 မွာ Wi-Fi နဲ႕ 4G LTE ႏွစ္ခုေပါင္းျပီး တျပိဳင္တည္း Download လုပ္ႏိုင္မယ့္ “Link Turbo” နည္းပညာလည္း ပါဝင္လာဦးမွာပါ။ Wi-Fi ေႏွးေနရင္လည္း 4G လိုင္း အလိုလို ေျပာင္းသုံးေပးမွာ ျဖစ္ပါတယ္။ Wi-Fi ေႏွးေနလည္း ေပသုံးေနတာမ်ိဳး ၾကဳံရေတာ့မွာ မဟုတ္ပါဘူး။ Honor V20 ရဲ႕ အဓိကဆြဲေဆာင္မွဳကေတာ့ သူ႕ရဲ႕ Display အေပါက္ပါ။

Notch အစား အေပါက္ေျပာင္းသုံးထားေတာ့ screen နဲ႕ ကိုယ္ထည္အခ်ိဳး ပိုမ်ားသြားျပီး၊ screenအျပည့္ဆိုတာ ပိုေပၚလြင္သြားပါတယ္။ အေပါက္ကုိေတာ့ ဖုန္းရဲ႕ အေပၚ ဘယ္ဘက္ေထာင့္မွာ ေတြ႕ရမွာပါ။ အေရာင္ပိုင္းမွာေတာ့ Blue, Gray နဲ႔ Red ဆိုၿပီး ၃ေရာင္ထုတ္လုပ္လာမွာ ျဖစ္ပါတယ္။ Magic UI ကိုသုံးရဖို႔မ်ားပါတယ္။ လက္ရွိခန္႔မွန္းထားတဲ့ ေစ်းေတြကေတာ့ $435/€385 ဝန္းက်င္ေလာက္ရွိမယ္လို႔ သိရပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here