အနောက်ကင်မရာ ၃ လုံးနဲ့အတူ Kirin 970 သုံးလာမယ့် Huawei Nova 4

0
238

hole-punch စမတ်ဖုန်းအနေနဲ့ Honor View 20 ၊ Samsung Galaxy A8s တို့လိုမျိုး နောက်ထပ်စမတ်ဖုန်း တစ်လုံးကတော့ Huawei Nova 4 ဖြစ်ပါတယ်။ ဒီဖုန်းကိုတော့ ၁၇ရက်နေ့မှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ သူ့ရဲ့ သတင်းအချက်အလက်များကို ကုမ္ပဏီက အရိပ်အမြွက် ပြသနေပါတယ်။ သူ့မှာ အနောက်ကင်မရာ ၃ လုံးနဲ့အတူ Kirin 970 Chipset များ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Image result for NOVA 4

၆.၄ လက်မ မျက်နှာပြင်နဲ့ IPS LCD ဖြစ်ပြီး 1080 x 2310 pixels ဖော်ပြမှု ရှိမယ်လို့ ဆိုပါတယ်။ ဘက်ထရီစွမ်းအားကတော့ 3750mAh ပါလာမယ်လို့ သိရပါတယ်။ 9V/2A fast charging ထောက်ပံ့ပေးမှာဖြစ်ပြီး dual-card dual-4G dual-VoLTE ကွန်ရက်တွေမှာ အလုပ်လုပ်ပါလိမ့်မယ်။ Huawei Nova 4 ရဲ့ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။ 48MP f/1.8 + 16MP f/2.2 +2MP f/2.4 ကင်မရာများ ဖြစ်ပါတယ်။

ဒါပေမယ့် 20MP+16MP+2MP Camera များ ပါတဲ့ မော်ဒယ်လည်း ထုတ်လုပ်မယ်လို့ သိရပါတယ်။ Huawei Nova 4 မှာ စွမ်းရည်မြင့် Kirin 970 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB + 128GB နဲ့ 6GB + 64GB memory Storage များ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ လက်ဗွေဖတ်စနစ်ကိုတော့ ဖုန်းရဲ့နောက်ကျောဘက်မှာ တပ်ဆင်ပေးထားမှာပါ။

zawgyi


Image result for NOVA 4



LEAVE A REPLY

Please enter your comment!
Please enter your name here