ဒေါ်လာ ၁၉၀ နဲ့ရောင်းချလာမယ့် HUAWEI P SMART (2019) ဖုန်း

0
632

HUAWEI အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က တရုတ်မှာ HUAWEI P SMART ဖုန်းသစ်ကို ကြေညာခဲ့ပါတယ်။ အဲ့ဒီဖုန်းမှာ Kirin 710 SoC ကိုသုံးထားပါတယ်။ အခုတော့ P SMART ဖုန်းကို လာမယ့်၂၀၁၉ ဇန်နဝါရီ ၁၁ရက်နေ့မှာတော့ ဗြိတိန်မှာ ရောင်းချလာတော့မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ယူရို 149 ($190) နဲ့ပါ။ သူ့ကို ဥရောပမှာ ယူရို ၂၅၀ ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၂ ရက်နေ့မှာ စတင် ရောင်းချမယ်လို့ ထင်ရပါတယ်။

Huawei P Smart ဖုန်းမှာ 6.21 လက်မ water drop screen နဲ့ဖြစ်ပြီး 2340×1080 resolution ဖြစ်ပါတယ်။ screen aspect ratio ကတော့ 19.5:9 နဲ့ဖြစ်ပါတယ်။ နောက်ကျောဘက် ဒီဇိုင်းကတော့ လက်ရှိလူကြိုက်များနေတဲ့ gradient design နဲ့ဖြစ်ပြီး midnight black, blue-green နဲ့ aurora blue ဆိုပြီး အရောင်တွေ ရွေးချယ်နိုင်မှာပါ။ စမတ်ဖုန်းရဲ့ ပါဝါစွမ်းအားအတွက် 12nm Kirin 710 processor ကိုသုံးထားပါတယ်။ ကင်မရာ တပ်ဆင်ထားမှု အပိုင်းမှာတော့ dual rear AI ကင်မရာဖြစ်တဲ့ 13MP+2MP နဲ့ အရှေ့ဘက်မှာ 8MP Selfie Camera ပါပါတယ်။

Image result for huawei p smart 2019

3GB RAM , 64GB Storage ထည့်သွင်းထားပါတယ်။ 3400mAh Battery ပါပါတယ်။ Android 9.0 Pie အခြေပြု EMUI 9.0 မောင်းနှင်ထားပါတယ်။ software/hardware graphics ကိုထိန်းညှိပေးတဲ့ GPU Turbo technology ကိုလည်း ထည့်ပေးထားပါတယ်။ graphics processing ပိုင်းမှာ 60% နဲ့ power consumption ပိုင်းမှာ 30% ပိုကောင်းလာမှာဖြစ်ပါတယ်။

zawgyi




LEAVE A REPLY

Please enter your comment!
Please enter your name here