Snapdragon 450 သုံးထားတဲ့ Y7 Pro (2019) ထြက္ရွိလာ

0
305

တရုတ္စမတ္ဖုန္း ထုတ္လုပ္သူ Huawei အေနနဲ႔ လက္ရွိအခ်ိန္မွာ ကမၻာ႔စမတ္ဖုန္း ေစ်းကြက္ရဲ႕ ဒုတိယအႀကီးမားဆုံး စမတ္ဖုန္းထုတ္လုပ္သူ ျဖစ္ဖုိ႔လုပ္ေဆာင္လ်က္ ရွိေနပါတယ္။ လြန္ခဲ့တဲ့ ရက္ပိုင္းက Huawei P Smart (2019) ကို ဥေရာပေစ်းကြက္အတြက္ မိတ္ဆက္ေပးခဲ့ပါတယ္။ ဒီေန႔မွာေတာ့ ေစ်းသက္သာတဲ့ စမတ္ဖုန္းလို႔ ဆိုႏုိင္မယ့္ Huawei Y7 Pro (2019) ဟာ ဗီယက္နမ္ေစ်းကြက္မွာ ထြက္ရွိလာပါတယ္။

Y7 Pro (2019) ကို ၾကည့္လိုက္မယ္ဆိုရင္ P Smart (2019) နဲ႔တူေနတာကို ေတြ႕ရမွာျဖစ္ပါတယ္။ အခ်ိဳ႕အပိုင္းေတြမွာေတာ့ အနည္းငယ္ေလာက္ ကြဲျပားပါလိမ့္မယ္။ chipset ပိုင္းမွာေတာ့Qualcomm ရဲ႕ Snapdragon 450 ကိုသုံးထားပါတယ္။ screen ကေတာ့ 6.26လက္ LCD panel ျဖစ္ၿပီး HD+ resolution, waterdrop notch နဲ႔ 19:9 ratio အခ်ိဳးရွိမွာ ျဖစ္ပါတယ္။ ဒီဖုန္းကို 3 GB RAM နဲ႔ 32 GB storage ထုတ္ထားၿပီး microSD slot ကေနအခ်က္အလက္ေတြ ထပ္တိုးႏုိင္ပါလိမ့္မယ္။

ေနာက္ေက်ာဘက္မွာ dual ကင္မရာ တပ္ဆင္ထားၿပီး 13 MP (f/1.8 aperture ) နဲ႔ 2 MP depth sensor ျဖစ္ပါတယ္။ ရုပ္ထြက္ေကာင္း ပုံရိပ္ေတြကို ရိုက္ကူးႏုိင္မွာပါ။ selfie ကင္မရာအတြက္ေတာ့ selfie သုံးထားပါတယ္။ Y7 Pro (2019) ဖုန္းဟာ Android Oreo အေျချပဳ EMUI 8.2 နဲ႔လာမွာ ျဖစ္ပါတယ္။

Image result for Y7 Pro (2019)

ကြန္ရက္ခ်ိတ္ဆက္ႏုိင္စြမ္းအတြက္ Bluetooth 4.2 နဲ႔အတူ 2.4 GHz Wi-Fi standards မွာ သုံးႏိုင္မွာပါ။ ဘက္ထရီ စြမ္းအားပိုင္းအတြက္ေတာ့ 4,000 mAh ျဖစ္ၿပီး ဒီဖုန္းမွာ fingerprint scanner ထည့္သြင္းထားျခင္းမရွိပါဘူး။ အဲ့ဒီအစား facial unlock ကိုသုံးႏုိင္မွာပါ။ Huawei Y7 Pro (2019) ဖုန္းကို Huawei ရဲ႕ ဗီယက္နမ္စာမ်က္ႏွာမွာ ျပသထားၿပီး ေစ်းႏႈန္းကေတာ့ $170/€150 ဝန္းက်င္နဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ Blue ၊ Black အေရာင္ေတြနဲ႔ ထုတ္လုပ္ေပးထားပါတယ္။

unicode

တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ Huawei အနေနဲ့ လက်ရှိအချိန်မှာ ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်ရဲ့ ဒုတိယအကြီးမားဆုံး စမတ်ဖုန်းထုတ်လုပ်သူ ဖြစ်ဖို့လုပ်ဆောင်လျက် ရှိနေပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက Huawei P Smart (2019) ကို ဥရောပဈေးကွက်အတွက် မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီနေ့မှာတော့ ဈေးသက်သာတဲ့ စမတ်ဖုန်းလို့ ဆိုနိုင်မယ့် Huawei Y7 Pro (2019) ဟာ ဗီယက်နမ်ဈေးကွက်မှာ ထွက်ရှိလာပါတယ်။

Y7 Pro (2019) ကို ကြည့်လိုက်မယ်ဆိုရင် P Smart (2019) နဲ့တူနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အချို့အပိုင်းတွေမှာတော့ အနည်းငယ်လောက် ကွဲပြားပါလိမ့်မယ်။ chipset ပိုင်းမှာတော့Qualcomm ရဲ့ Snapdragon 450 ကိုသုံးထားပါတယ်။ screen ကတော့ 6.26လက် LCD panel ဖြစ်ပြီး HD+ resolution, waterdrop notch နဲ့ 19:9 ratio အချိုးရှိမှာ ဖြစ်ပါတယ်။ ဒီဖုန်းကို 3 GB RAM နဲ့ 32 GB storage ထုတ်ထားပြီး microSD slot ကနေအချက်အလက်တွေ ထပ်တိုးနိုင်ပါလိမ့်မယ်။

နောက်ကျောဘက်မှာ dual ကင်မရာ တပ်ဆင်ထားပြီး 13 MP (f/1.8 aperture ) နဲ့ 2 MP depth sensor ဖြစ်ပါတယ်။ ရုပ်ထွက်ကောင်း ပုံရိပ်တွေကို ရိုက်ကူးနိုင်မှာပါ။ selfie ကင်မရာအတွက်တော့ selfie သုံးထားပါတယ်။ Y7 Pro (2019) ဖုန်းဟာ Android Oreo အခြေပြု EMUI 8.2 နဲ့လာမှာ ဖြစ်ပါတယ်။

ကွန်ရက်ချိတ်ဆက်နိုင်စွမ်းအတွက် Bluetooth 4.2 နဲ့အတူ 2.4 GHz Wi-Fi standards မှာ သုံးနိုင်မှာပါ။ ဘက်ထရီ စွမ်းအားပိုင်းအတွက်တော့ 4,000 mAh ဖြစ်ပြီး ဒီဖုန်းမှာ fingerprint scanner ထည့်သွင်းထားခြင်းမရှိပါဘူး။ အဲ့ဒီအစား facial unlock ကိုသုံးနိုင်မှာပါ။ Huawei Y7 Pro (2019) ဖုန်းကို Huawei ရဲ့ ဗီယက်နမ်စာမျက်နှာမှာ ပြသထားပြီး ဈေးနှုန်းကတော့ $170/€150 ဝန်းကျင်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ Blue ၊ Black အရောင်တွေနဲ့ ထုတ်လုပ်ပေးထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here