ကတက္ဥကိုဘယ္လိုစားသံုးမလဲ

0
207

crdphoto (Amozon)

ကစြန္းဥကို လူတိုင္းသိၾကေပမယ့္ ကတက္ဥဆိုတာေတာ့ သိတဲ့သူနည္းပါးလွပါတယ္။ ေစ်းေတြမွာ ေတြ႔ဖူးၾကတဲ့သူေတြရွိေပမယ့္လည္း၊ ကိုယ္တိုင္စားသံုးဖို႔ကေတာ့ သိပ္မရွိလွတာမို႔ ျမင္ဖူးေပမယ့္ ဘာဥလဲလို႔ ေမးရတဲ့အထိ မသိသူမ်ားလွပါတယ္။

crdphoto (Amozon)

သိသူေဖာ္စား မသိသူေက်ာ္သြားဆိုတာလိုပဲ သိတဲ့သူအမ်ားအျပားကေတာ့ ကင္ဆာဆဲလ္ေတြေသေစၿပီး ေက်ာက္ကပ္လို ေရာဂါဆိုးသာမက ခႏၶာကိုယ္ထဲမွ အဆိပ္မ်ားကိုပါ ဖယ္ရွားေပးတယ္လို႔ သိရပါတယ္။

crdphoto  (Facebook.com)
ကတက္ဥဟာ ခ်က္စားလို႔လည္းေကာင္းပါတယ္။ ဥကို ေရစင္ေအာင္ေဆးကာ အေမႊးေလးေတြနဲ႔ အခြံကို သင္လိုက္ပါ။အဲဒီေနာက္ ပါးပါးလွီးထည့္ လံုးခ်က္ရံုေလးျဖင့္ ခ်က္ကာ ပင္စိမ္းေလးအုပ္ၿပီး၊ ပုစြန္ အခပ္ေလးနဲ႔ဆို ပိုၿပီး အဆင္ေျပကာ စားေကာင္းေစပါတယ္။

crdphoto (Facebook.com)
ဒီလိုကတက္ဥကို စားေပးျခင္းျဖင့္ ရရွိႏိုင္တဲ့ အက်ိဳးေက်းဇူးေတြကလည္း မ်ားျပားလွတာကို ေတြ႔ရမွာျဖစ္ပါတယ္။ တစ္ေနကုန္ အလုပ္လုပ္ၿပီး ေမာပန္းႏြမ္းနယ္၊ အားအင္ကုန္ခမ္းသမွ်ေတြကိုျပန္ လည္ျမွင့္တင္ေပးေၾကာင္းသိရပါတယ္။ ရင္က်ပ္ပန္းနာကိုလည္းသက္သာေစတဲ့အျပင္ ေခ်ာင္းဆိုး၊ ေခ်ာင္းေျခာက္ဆိုးျခင္းမ်ား၊ သံေကာင္၊ တုတ္ေကာင္မ်ားက်ေစျခင္းကိုလည္း ျဖစ္ေစပါတယ္။

crdphoto (foodelicacy.com)
၀မ္းတြင္းအပူအစပ္မ်ားကိုလည္း ဖယ္ရွားေပးကာ ၀ိတ္ခ်ခ်င္သူမ်ားအေနျဖင့္လည္း အဆင္ေျပေစပါတယ္။ ဆိးလည္းေကာင္းေစကာ အရိုးပြျခင္း၊ ေသြးဆံုးကိုင္ျခင္း၊ အဆစ္အျမစ္နာက်င္ကိုက္ခဲမႈဒဏ္ကိုလည္း သက္သာေပ်ာက္ကင္းေစႏိုင္ေၾကာင္းသိရပါတယ္။ အဲဒီကတက္ဥေတြကို တရုတ္လူမ်ိဳးေတြအားလံုးက ေဆးမ်ားေဖာ္စပ္ စားေသာက္ၾကတာကိုလည္း မွတ္သားရပါတယ္။

crdphoto (YouTube)

(unicode)

ကတက်ဥကိုဘယ်လိုစားသုံးမလဲ

ကစွန်းဥကို လူတိုင်းသိကြပေမယ့် ကတက်ဥဆိုတာတော့ သိတဲ့သူနည်းပါးလှပါတယ်။ ဈေးတွေမှာ တွေ့ဖူးကြတဲ့သူတွေရှိပေမယ့်လည်း၊ ကိုယ်တိုင်စားသုံးဖို့ကတော့ သိပ်မရှိလှတာမို့ မြင်ဖူးပေမယ့် ဘာဥလဲလို့ မေးရတဲ့အထိ မသိသူများလှပါတယ်။
သိသူဖော်စား မသိသူကျော်သွားဆိုတာလိုပဲ သိတဲ့သူအများအပြားကတော့ ကင်ဆာဆဲလ်တွေသေစေပြီး ကျောက်ကပ်လို ရောဂါဆိုးသာမက ခန္ဓာကိုယ်ထဲမှ အဆိပ်များကိုပါ ဖယ်ရှားပေးတယ်လို့ သိရပါတယ်။
ကတက်ဥဟာ ချက်စားလို့လည်းကောင်းပါတယ်။ ဥကို ရေစင်အောင်ဆေးကာ အမွှေးလေးတွေနဲ့ အခွံကို သင်လိုက်ပါ။အဲဒီနောက် ပါးပါးလှီးထည့် လုံးချက်ရုံလေးဖြင့် ချက်ကာ ပင်စိမ်းလေးအုပ်ပြီး၊ ပုစွန် အခပ်လေးနဲ့ဆို ပိုပြီး အဆင်ပြေကာ စားကောင်းစေပါတယ်။
ဒီလိုကတက်ဥကို စားပေးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကလည်း များပြားလှတာကို တွေ့ရမှာဖြစ်ပါတယ်။ တစ်နေကုန် အလုပ်လုပ်ပြီး မောပန်းနွမ်းနယ်၊ အားအင်ကုန်ခမ်းသမျှတွေကိုပြန် လည်မြှင့်တင်ပေးကြောင်းသိရပါတယ်။ ရင်ကျပ်ပန်းနာကိုလည်းသက်သာစေတဲ့အပြင် ချောင်းဆိုး၊ ချောင်းခြောက်ဆိုးခြင်းများ၊ သံကောင်၊ တုတ်ကောင်များကျစေခြင်းကိုလည်း ဖြစ်စေပါတယ်။
ဝမ်းတွင်းအပူအစပ်များကိုလည်း ဖယ်ရှားပေးကာ ဝိတ်ချချင်သူများအနေဖြင့်လည်း အဆင်ပြေစေပါတယ်။ ဆိးလည်းကောင်းစေကာ အရိုးပွခြင်း၊ သွေးဆုံးကိုင်ခြင်း၊ အဆစ်အမြစ်နာကျင်ကိုက်ခဲမှုဒဏ်ကိုလည်း သက်သာပျောက်ကင်းစေနိုင်ကြောင်းသိရပါတယ်။ အဲဒီကတက်ဥတွေကို တရုတ်လူမျိုးတွေအားလုံးက ဆေးများဖော်စပ် စားသောက်ကြတာကိုလည်း မှတ်သားရပါတယ်။