ေက်ာက္ကပ္နဲ႔ပတ္သက္လို႔ ခံစားေနရၿပီလား

0
1228

photo credit: VerywellHealth

ေက်ာက္ကပ္ေရာဂါျဖစ္ၿပီဆိုတာဘယ္လိုသိရမလဲ အရင္ဆံုးေလ့လာ ၾကည့္ၾကပါမယ္။ ဒီေရာဂါကိုခံစားလာရၿပီဆိုရင္ေတာ့ ေပးသူေရာ၊ ယူသူပါ အေနအထိုင္ အစားအေသာက္ အားလံုး ဂရုစိုက္ေနထိုင္ႏိုင္ပါမွ အဆင္ေျပႏိုင္မွာျဖစ္ပါတယ္။ ပ်က္စီးျခင္းအစ ေက်ာက္ကပ္ကလို႔ ေျပာရမလားဆိုရင္ေတာ့ ကိုယ့္ခႏၶာကိုယ္မွာ ဘာေတြေျပာင္းၿပီး၊ ဘာေတြထူးျခားေနလဲဂရုစိုက္ ေနထိုင္ရပါမယ္။ ေန႔စဥ္ မိုးလင္းမိုးခ်ဳပ္ တစ္ခ်ိန္လံုး မအားရေအာင္အလုပ္ေတြပိုမ်ားေနရတဲ့အထဲမွာေတာ့ဆီးသြားျခင္းဟာလည္း အလုပ္တစ္ခုဆိုမွားႏိုင္မယ္ မဟုတ္ပါဘူးလို႔ေျပာခ်င္ပါတယ္။

photo credit

အဲဒီလိုေသာက္လိုက္ေပါက္လိုက္အလုပ္ရႈပ္ေနေပမယ့္လည္း တတ္ႏိုင္သေလာက္ေတာ့ ကိုယ့္က်န္းမာေရးအတြက္ ဆီးနီ၊ ဆီးျဖဴ ဘယ္လိုျဖစ္ေနလဲ ဆိုတာသိထားဖို့လိုပါတယ္။ ဆီးအေျခအေနေျပာင္းလဲလာကာ၊ ဆီးထဲမွာေသြးပါလာတာတို႔၊ ဆီးသြားစဥ္မွာ နာက်င္စြာခံစားရတာတို႔ ျဖစ္လာတယ္ဆိုရင္ေတာ့ ေဆးရံုေဆးခန္း အျမန္ျပပါလို႔ေျပာခ်င္ပါတယ္။ ဆီးသြားေနစဥ္ ဆီးထဲမွာအျမွဳပ္ ထေနတာေတြ႕ရပါကလည္း ပ်က္စီးျခင္း အစျပဳတဲ့ လကၡဏာေတြျဖစဟ္လာတာမို႔ ေပါ့ေပါ့ဆဆ မေနဘဲ ဆရာ၀န္နဲ႔ အျမန္ဆံုးျပသသင့္ပါတယ္လို႔ ေျပာခ်င္ပါတယ္။ ေက်ာက္ကပ္ရဲ႕ တာ၀န္ဟာ ခႏၶာကိုယ္ထဲမွာရွိေနတာကို မလိုအပ္လို႔ ပိုလွ်ံေနတယ္ဆိုရင္ ဆီးအျဖစ္ထုတ္ေပးရျခင္းျဖစ္ပါတယ္။

ဒီလိုလုပ္ေပးေနရျခင္းေတြကို မက်န္းမာတဲ့ ေက်ာက္ကပ္က မလုပ္ႏိုင္ေတာ့တာေၾကာင့္ ပိုလွ်ံေနတဲ့ ဆီးနဲ႔အငန္ဓာတ္ေတြက ယူရစ္အက္ဆစ္အျဖစ္ ေဖာက္ျပန္လာကာ ေျခဖမိုး၊ အဆစ္အျမစ္၊ မ်က္ႏွာနဲ႔လက္ေခ်ာင္းမ်ားေဖာေယာင္လာေစကာ ေကြးႏိုင္ဆန္႔ႏိုင္ဖို႔ ခက္ခဲသြားေတာ့မွာျဖစ္ပါတယ္။

photo credit: Waismann Method

ေက်ာက္ကပ္မွာျပသနာရွိလို႔ ေဟာ္မုန္းမထုတ္လုပ္ႏိုင္ေတာ့ဘူးလို႔ဆိုပါက ေသြးနီဆဲလ္ေတြလည္း ေလ်ာ့က်လာကာ ေသြးအားနည္းေရာဂါမ်ားခံစားလာရေၾကာင္းသိရပါတယ္။ အလြန္အမင္းေမာပန္းႏြမ္းနယ္ၿပီး လူလည္း ေဖ်ာ့ေတာ့လာမွာျဖစ္ပါတယ္။ ဦးေႏွာက္ဆီကို ေအာက္စီဂ်င္ေရာက္ရွိမႈဟာ ေလ်ာ့နည္းျခင္းနဲ႔ တိုက္ရိုက္ပတ္သက္ေနတာေၾကာင့္ မူးေနာက္ေနာက္ျဖစ္လာၿပီး အာရံုစူးစိုက္ႏိုင္ျခင္းေတြလည္းေလ်ာ့နည္းလာပါတယ္လို႔သိရပါတယ္။

photo credit: reachmd.com

ခ်မ္းေအးတဲ့ရာသီဥတု ပတ္၀န္းက်င္မ်ိဳး မဟုတ္ဘဲနဲ႔  အရမ္းေမာပန္းႏြမ္းနယ္ေနၿပီး၊ ေျခလက္ေတြ ေရခဲတံုးလို ေအးေနတယ္ဆိုရင္ ေက်ာက္ကပ္ပ်က္စီးေနၿပီျဖစ္ေၾကာင္း သိရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ မေပါ့ဆပါနဲ႔လို႔ ေျပာခ်င္ပါတယ္။  ေက်ာက္ကပ္ ေကာင္းစြာ အလုပ္မလုပ္ေတာ့ပါက ခႏၶာကိုယ္ထဲမွာ အဆိပ္အေတာက္ေတြစုပံုက်လာတာေၾကာင့္ အေရျပားေတြဟာလည္းမသန္႔ေတာ့ဘဲ ယားယံျခင္းေတြျဖစ္လာတတ္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ေက်ာက္ကပ္ပ်က္စီးလာေလေလ၊urea ေပ်ာ္၀င္မႈမ်ားေလေလျဖစ္တာမို႔ အဲဒီဓာတ္ေပါင္းေတြက အမိုးနီးယား ဓာတ္ေငြ႔အနံ႔အျဖစ္ တံေတြးနဲ႔ခံတြင္းမွာ ပ်ံ႕ႏွံ႔ၿပီး အသက္ရႈတိုင္း အမိုးနီးယားနံ႔ကို ခံစားရျခင္းမ်ားျဖစ္လာပါတယ္လို႔ သိရပါတယ္။ ကိုယ္တိုင္လည္း ဘယ္လိုလကၡဏာေတြျပလို႔ ဘာျဖစ္ေနလဲဆိုတာကို စစ္ေဆးႏိုင္ေစဖို႔ တင္ျပရင္းနားလိုက္ပါဦးမယ္။

(Unicode Version)

ကျောက်ကပ်နဲ့ပတ်သက်လို့ ခံစားနေရပြီလား

ကျောက်ကပ်ရောဂါဖြစ်ပြီဆိုတာဘယ်လိုသိရမလဲ အရင်ဆုံးလေ့လာ ကြည့်ကြပါမယ်။ ဒီရောဂါကိုခံစားလာရပြီဆိုရင်တော့ ပေးသူရော၊ ယူသူပါ အနေအထိုင် အစားအသောက် အားလုံး ဂရုစိုက်နေထိုင်နိုင်ပါမှ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။ ပျက်စီးခြင်းအစ ကျောက်ကပ်ကလို့ ပြောရမလားဆိုရင်တော့ ကိုယ့်ခန္ဓာကိုယ်မှာ ဘာတွေပြောင်းပြီး၊ ဘာတွေထူးခြားနေလဲဂရုစိုက် နေထိုင်ရပါမယ်။ နေ့စဉ် မိုးလင်းမိုးချုပ် တစ်ချိန်လုံး မအားရအောင်အလုပ်တွေပိုများနေရတဲ့အထဲမှာတော့ဆီးသွားခြင်းဟာလည်း အလုပ်တစ်ခုဆိုမှားနိုင်မယ် မဟုတ်ပါဘူးလို့ပြောချင်ပါတယ်။

အဲဒီလိုသောက်လိုက်ပေါက်လိုက်အလုပ်ရှုပ်နေပေမယ့်လည်း တတ်နိုင်သလောက်တော့ ကိုယ့်ကျန်းမာရေးအတွက် ဆီးနီ၊ ဆီးဖြူ ဘယ်လိုဖြစ်နေလဲ ဆိုတာသိထားဖို့လိုပါတယ်။ ဆီးအခြေအနေပြောင်းလဲလာကာ၊ ဆီးထဲမှာသွေးပါလာတာတို့၊ ဆီးသွားစဉ်မှာ နာကျင်စွာခံစားရတာတို့ ဖြစ်လာတယ်ဆိုရင်တော့ ဆေးရုံဆေးခန်း အမြန်ပြပါလို့ပြောချင်ပါတယ်။ ဆီးသွားနေစဉ် ဆီးထဲမှာအမြှုပ် ထနေတာတွေ့ရပါကလည်း ပျက်စီးခြင်း အစပြုတဲ့ လက္ခဏာတွေဖြစဟ်လာတာမို့ ပေါ့ပေါ့ဆဆ မနေဘဲ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်လို့ ပြောချင်ပါတယ်။ ကျောက်ကပ်ရဲ့ တာဝန်ဟာ ခန္ဓာကိုယ်ထဲမှာရှိနေတာကို မလိုအပ်လို့ ပိုလျှံနေတယ်ဆိုရင် ဆီးအဖြစ်ထုတ်ပေးရခြင်းဖြစ်ပါတယ်။

ဒီလိုလုပ်ပေးနေရခြင်းတွေကို မကျန်းမာတဲ့ ကျောက်ကပ်က မလုပ်နိုင်တော့တာကြောင့် ပိုလျှံနေတဲ့ ဆီးနဲ့အငန်ဓာတ်တွေက ယူရစ်အက်ဆစ်အဖြစ် ဖောက်ပြန်လာကာ ခြေဖမိုး၊ အဆစ်အမြစ်၊ မျက်နှာနဲ့လက်ချောင်းများဖောယောင်လာစေကာ ကွေးနိုင်ဆန့်နိုင်ဖို့ ခက်ခဲသွားတော့မှာဖြစ်ပါတယ်။

ကျောက်ကပ်မှာပြသနာရှိလို့ ဟော်မုန်းမထုတ်လုပ်နိုင်တော့ဘူးလို့ဆိုပါက သွေးနီဆဲလ်တွေလည်း လျော့ကျလာကာ သွေးအားနည်းရောဂါများခံစားလာရကြောင်းသိရပါတယ်။ အလွန်အမင်းမောပန်းနွမ်းနယ်ပြီး လူလည်း ဖျော့တော့လာမှာဖြစ်ပါတယ်။ ဦးနှောက်ဆီကို အောက်စီဂျင်ရောက်ရှိမှုဟာ လျော့နည်းခြင်းနဲ့ တိုက်ရိုက်ပတ်သက်နေတာကြောင့် မူးနောက်နောက်ဖြစ်လာပြီး အာရုံစူးစိုက်နိုင်ခြင်းတွေလည်းလျော့နည်းလာပါတယ်လို့သိရပါတယ်။

ချမ်းအေးတဲ့ရာသီဥတု ပတ်ဝန်းကျင်မျိုး မဟုတ်ဘဲနဲ့  အရမ်းမောပန်းနွမ်းနယ်နေပြီး၊ ခြေလက်တွေ ရေခဲတုံးလို အေးနေတယ်ဆိုရင် ကျောက်ကပ်ပျက်စီးနေပြီဖြစ်ကြောင်း သိရမှာဖြစ်ပါတယ်။ ဒါကြောင့် မပေါ့ဆပါနဲ့လို့ ပြောချင်ပါတယ်။  ကျောက်ကပ် ကောင်းစွာ အလုပ်မလုပ်တော့ပါက ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေစုပုံကျလာတာကြောင့် အရေပြားတွေဟာလည်းမသန့်တော့ဘဲ ယားယံခြင်းတွေဖြစ်လာတတ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျောက်ကပ်ပျက်စီးလာလေလေ၊urea ပျော်ဝင်မှုများလေလေဖြစ်တာမို့ အဲဒီဓာတ်ပေါင်းတွေက အမိုးနီးယား ဓာတ်ငွေ့အနံ့အဖြစ် တံတွေးနဲ့ခံတွင်းမှာ ပျံ့နှံ့ပြီး အသက်ရှုတိုင်း အမိုးနီးယားနံ့ကို ခံစားရခြင်းများဖြစ်လာပါတယ်လို့ သိရပါတယ်။ ကိုယ်တိုင်လည်း ဘယ်လိုလက္ခဏာတွေပြလို့ ဘာဖြစ်နေလဲဆိုတာကို စစ်ဆေးနိုင်စေဖို့ တင်ပြရင်းနားလိုက်ပါဦးမယ်။